# Mandalay Free Press > အညာဒေသရဲ့ အသံတွေ ပိုမို ကြားသိရဖို့ သင့်ရဲ့အကူအညီက အရေးကြီးပါတယ် ## Posts - [မန္တလေးမှာ ရွေးကောက်ပွဲ ပထမပိုင်း အဆင်မပြေမှုတွေရှိလို့ သင်တန်းတက်ထားတဲ့ Non-CDM ပညာရေး ဝန်ထမ်းတွေ မဖြစ်မနေ ဝင်ကူဖို့ စစ်အုပ်စု ခိုင်းစေ၊](https://mfp-mm.com/news/4490/): ဖိုးချို/MFP၊ ဇန်နဝါရီ – ၈ မန္တလေးတိုင်း မြို့နယ်တချို့မှာ အာဏာသိမ်း စစ်အုပ်စုက လုပ်ခဲ့တဲ့ ရွေးကောက်ပွဲ ပထမပိုင်းအတွင်း မဲရေတွက်မှုနဲ့ မဲပေးစက် အဆင်မပြေမှုတွေ ရှိခဲ့တာကြောင့် သင်တန်းတက်ထားတဲ့ Non CDM ပညာရေး ဝန်ထမ်းတွေ အားလုံး မဲရုံတွေမှာ မဖြစ်မနေ ဝင်ရောက်ကူညီဖို့ စစ်အုပ်စုက စာထုတ် ခိုင်းစေထားတယ်လို့ ပညာရေးဝန်ထမ်းတွေက MFP ကို ပြောပါတယ်။ မန္တလေးမြို့ အောင်မြေသာစံနဲ့ ချမ်းအေးသာစံမြို့နယ်တွေ အပါအဝင် မန္တလေးတိုင်း ရှစ်မြို့နယ်မှာ ပြီးခဲ့တဲ့ ရက်ပိုင်းက စစ်အုပ်စုရဲ့ ရွေးကောက်ပွဲ လုပ်ခဲ့ပြီး မဟာအောင်မြေ၊ ပြည်ကြီးတံခွန်နဲ့ အမရပူရမြို့နယ်တွေ အပါအဝင် နောက်ထပ် မန္တလေးတိုင်း ကိုးမြို့နယ်မှာ လာမယ့် ရက်ပိုင်းအတွင်း ရွေးကောက်ပွဲ လုပ်မယ်လို့ စစ်အုပ်စုက ကြေညာထားပါတယ်။ မန္တလေးတိုင်းအတွင်း စစ်အုပ်စုက လုပ်ခဲ့တဲ့ ရွေးကောက်ပွဲ အပိုင်း(၁)ရှိ မဲရုံတချို့မှာ မဲရေတွက်ချိန် ပြဿနာတချို့ရှိခဲ့တာကြောင့် ရွေးကောက်ပွဲ အပိုင်း(၂)လုပ်ချိန် မဲရုံစက်ကိုင်သင်တန်း တက်‌ထားတဲ့ Non CDM ပညာရေး ဝန်ထမ်းတွေ အားလုံးက ကိုယ့်မြို့နယ် မဟုတ်ပေမယ့်လည်း မဲရုံတွေမှာ ဝင်ကူညီ လုပ်ကိုင်ဖို့ စစ်အုပ်စုက ခိုင်းစေတာလို့ Non CDM ပညာရေးဝန်ထမ်း မိသားစုဝင်တစ်ဦးက MFP ကို ပြောပါတယ်။ “တချို့မဲရုံတွေမှာ မဲရုံပိတ်ပြီးလို့ မဲပေးစက် ဆန္ဒမဲ အရေအတွက်ကို အတည်မပြုရသေးခင် စက်ကိုင်က Data (အချက်အလက်)ကို Clear (ဖျက်ပစ်)လိုက်တော့ မဲပုံးဖွင့်ပြီး မဲစာရွက်တွေ တစ်ရွက်ချင်း … - [မုံရွာ ချောင်းဦးမှာ စစ်အုပ်စုက လက်ဖက်ရည်ဆိုင်ကို ဗုံးကြဲလို့ ပြည်သူတစ်ဦး သေဆုံး၊ ငါဦး ဒဏ်ရာရ၊](https://mfp-mm.com/news/4485/): MN/MFP ၊ ဇန်နဝါရီ – ၈ စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ ချောင်းဦးမြို့နယ် အနောက်ခြမ်းရှိ တောကျောင်းလေးရွာ လက်ဖက်ရည်ဆိုင်ကို ဇန်နဝါရီ ၇ ရက်မှာ စစ်အုပ်စုက ဂျိုင်ရိုကော်ပတာ (Gyrocopter) နှစ်စင်းနဲ့ နှစ်ကြိမ် ဗုံးကြဲတာကြောင့် ဒေသခံပြည်သူ အမျိုးသား တစ်ဦး သေဆုံးကာ ငါးဦး ဒဏ်ရာရတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။ မုံရွာမြို့ရှိ စစ်အုပ်စုရဲ့ အနောက်မြောက်တိုင်း စစ်ဌာနချုပ် – နမခ ကနေ တက်လာတဲ့ ဂျိုင်ရိုကော်ပတာ နှစ်စင်းနဲ့ အသွားအပြန် နှစ်ကြိမ်၊ မနေ့က နေ့လယ် ၁ နာရီခွဲကနေ ၃ နာရီအထိ ချောင်းဦးမြို့နယ် အနောက်ခြမ်း၊ တောကျောင်းလေးရွာ လက်ဖက်ရည်ဆိုင်ကို ဗုံးကြဲခဲ့တာလို့ ချောင်းဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။ “မုံရွာ နမခကနေ တက်လာတဲ့ ဂျိုင်ရိုကော်ပတာ နှစ်စင်းက ချောင်းဦးနယ် အနောက်ခြမ်းမှာရှိတဲ့ ရွာတစ်ရွာက လက်ဖက်ရည်ဆိုင်ကို air strike လုပ်သွားတာ။ ဂျိုင်ရိုကော်ပတာ နှစ်စင်းနဲ့ နှစ်ကြိမ် လုပ်သွားတာ။ ပြီးတော့ နာရီဝက် အကြာမှာပဲ နှစ်ကြိမ် ပြန်လာပြီး (လေကြောင်းတိုက်) ထပ် လုပ်သွားတယ်။ တိုက်ပွဲ မရှိပါဘူးဗျ။ အကြောင်းမဲ့ လုပ်သွားတာပါ။ သေဆုံးတာကတော့ အမျိုးသား တစ်ဦးပါဗျ။ ဒဏ်ရာရတာကတော့ ငါးဦး ရှိပါတယ်” သေဆုံးသူဟာ အသက် ၂၀ ဝန်းကျင် ရွာခံ အမျိုးသား ဖြစ်ပြီး နောက်ထပ် … - [ဝက်လက် သစ်ဆိမ့်ရွာကို စစ်အုပ်စုက တစ်မနက်တည်း ဗုံး ၅၀ ကျော် ကြဲချ၊](https://mfp-mm.com/news/4481/): ဝက်လက်နဲ့ စဉ့်ကူးအစပ် မြစ်အတွင်းရှိ ရေယာဉ်တွေကိုလည်း စစ်အုပ်စုက ဒရုန်းနဲ့ ဗုံးလိုက်ကြဲနေ၊ နန်းယု / MFP၊ ဇန်နဝါရီ – ၈ စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်အရှေ့ခြမ်း၊ သစ်ဆိမ့်ကျေးရွာ အပါအဝင် ဧရာဝတီမြစ်ရိုး တလျှောက်ကို ဒီမနက်ပိုင်း စစ်အုပ်စုက လေယာဉ်နဲ့ ဗုံးအလုံး ၅၀ ကျော် ကြဲချတိုက်ခိုက်ရာ အိုးအိမ်တွေ မီးလောင်ပေါက်ကွဲနေတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။ စစ်အုပ်စုဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာကစလို့ ဝက်လက်နယ်၊ ဧရာဝတီမြစ်ရိုးတလျှောက်ကို နှစ်ဖွဲ့ခွဲကာ ရွာစဉ်ပတ်မွှေ စစ်ကြောင်းထိုးနေသလို ကျေးရွာတွေအပေါ် နေ့စဉ် ဗုံးကြဲနေတာ ဖြစ်ပါတယ်။ ဇန်နဝါရီ၈ရက် ဒီမနက်ပိုင်း ဝက်လက်နယ် အရှေ့ခြမ်း၊ သစ်ဆိမ့်ရွာအနီးမှာ ပစ်ခတ်သံတွေ ကြားရ ပြီးနောက် စစ်အုပ်စုက Y-12 အမျိုးအစား လေယာဉ်နဲ့ ၁၀ကြိမ်ကျော်၊ ဗုံးအလုံးရေ ၅၀ ကျော် ကြဲချခဲ့တာလို့ ဒေသခံတစ်ဦးက MFP ကို ပြောပါတယ်။ “ဗုံးတွေက သစ်ဆိပ်ရွာထဲ ကျပြီး မီးလောင်နေတယ်လို့ ကြားတယ် “ ဒီမနက်ပိုင်း စစ်အုပ်စုက သစ်ဆိမ့်ရွာပေါ် အကြိမ်ကြိမ် ဗုံးပတ်ကြဲနေတာ ဖြစ်ပြီး ရွာထဲ မီးလောင်နေတယ်လို့ ဒေသခံ မြေပြင်ကင်းထောက် Wetlet Informational Network တာဝန်ခံ ကိုနဂါးလေးက ပြောပါတယ်။ “အခုလေးတင်ပဲ ဗုံးကြဲသွားတာပါ၊ လေယာဉ်က တံတားဦးလေဆိပ်ဘက်ကို ဆင်းသွားနေဆဲ ဖြစ်ပါတယ်” ဝက်လက်နယ်ထဲ နှစ်ဖွဲ့ခွဲကာ စစ်ကြောင်းထိုးနေတဲ့ စစ်အုပ်စုထဲက ဝက်လက်မြို့နယ် … - [မုံရွာ ချောင်းဦးမှာ စစ်အုပ်စုက ရွာထဲ မိုင်းတွေ ထောင်လို့ ပြည်သူတချို့ မိုင်းထိဒဏ်ရာရ၊](https://mfp-mm.com/news/4472/): သုထက်/MFP၊ ဇန်နဝါရီ – ၈ စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ ချောင်းဦးမြို့နယ် ကျီကုန်းကျေးရွာကို တစ်လနီးပါးကြာ စီးနင်းကာ မီးရှို့၊ လူသတ်၊ လုယက်တဲ့ အာဏာသိမ်း စစ်အုပ်စုက နေအိမ်တွေမှာ မိုင်းတွေ ထောင်ခဲ့လို့ ပြည်သူတွေ ရွာထဲ ပြန်မဝင်ရဲကြသေးဘူးလို့ ဒေသခံ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။ စစ်အုပ်စုဟာ ကျီကုန်းရွာကို နိုဝင်ဘာ ၃၀ရက်ကနေ ဒီဇင်ဘာ ၂၇ရက်အထိ စီးနင်းခဲ့တာ ဖြစ်ပြီး အဘိဝံသ ဘွဲ့တော်ရ ဆရာတော် အပါအဝင် ဒေသခံ ငါးဦးကို သတ်ဖြတ်ကာ အိမ်ခြေ ၂၂၀ ကျော် ပြာကျတဲ့အထိ မီးရှို့ဖျက်ဆီးပြီးနောက် ရွာလုံးကျွတ် ဖောက်ထွင်း လုယက်ကာ တန်ဘိုးရှိ ပစ္စည်းတွေ ခိုးယူသယ်ထုတ်ခဲ့တာ ဖြစ်ပါတယ်။ စစ်အုပ်စု ကျေးရွာအတွင်းက ပြန်ထွက်သွားချိန် ရွာထဲ မြေမြုပ်မိုင်းတွေ၊ နင်းမိုင်းတွေ ထောင်ထားခဲ့တယ်လို့ ဒီကနေ့အချိန်ထိ ပြည်သူတွေ အိမ်မှာ ပြန်မနေရဲကြသေးဘူးလို့ ချောင်းဦးနယ်ထဲ စစ်ဘေးရှောင် ကူညီကယ်ဆယ်ရေး လုပ်ဆောင်နေသူ အမျိုးသမီးတစ်ဦးက MFP ကို ပြောပါတယ်။ “အိမ်တွေထဲရော အိမ်ပေါက်ဝတွေမှာ နင်းမိုင်းတွေ ထောင်ထားခဲ့တာ။ လက်ရှိအချိန်ထိ နင်းမိုင်းတွေ ဖြုတ်နိုင်တာက အလုံး အစိတ် (၂၅)ကျော်ပြီ” အရဲစွန့်ကာ ရွာထဲ ပြန်ဝင်ကြည့်တဲ့ ပြည်သူတွေထဲက မိုင်းနင်းမိသူ သုံးဦးထက်မနည်း ရှိကာ တစ်ဦးကတော့ ခြေထောက်ဖြတ်လိုက်ရတယ်လို့ ဆိုပါတယ်။ နင်းမိကာ မကွဲတဲ့ မိုင်းတွေလည်း တွေ့ရပြီး စစ်အုပ်စု အနေနဲ့ ကျီကုန်းရွာထဲ နင်းမိုင်း … - [မုံရွာမှာ လျှပ်စစ်မီးပြတ်နေတာ တပတ်ကျော်လာပြီး မြို့လုံးကျွတ် သောက်သုံးရေ ပြတ်လပ်၊](https://mfp-mm.com/news/4466/): ရွှေဥ/MFP၊ ဇန်နဝါရီ – ၇ စစ်ကိုင်းတိုင်းရဲ့ မြို့တော် မုံရွာမြို့မှာ လျှပ်စစ်မီး ပြတ်တောက်နေတာ တပတ်ကျော်ကြာမြင့်လာပြီး မြို့လုံးကျွတ် သောက်ရေ၊ သုံးရေ၊ ချိုးရေ အားလုံး ပြတ်လပ်နေတယ်လို့ မြို့ခံတွေနဲ့ ရေအကူအညီ ပေးနေသူတွေက MFP ကို ပြောပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၈ရက်က မုံရွာမြို့ပေါ် အာဏာသိမ်း စစ်အုပ်စုရဲ့ အယောင်ပြ ရွေးကောက်ပွဲ လုပ်ချိန် အုန်းတော-ညောင်ပင်ကြီး ကျေးရွာ အနီးမှာရှိတဲ့ ဓါတ်တိုင်နဲ့ လျှပ်စစ်မီးကြိုးတွေ ပြတ်တောက်ရာက မုံရွာမြို့လုံးကျွတ် လျှပ်စစ်မီးပြတ်တောက်နေတာ ဖြစ်ပြီး ဒီကနေ့အထိ မီးပြန်မရသေးဘူးလို့ ဆိုပါတယ်။ ရက်ကြာရှည် လျှပ်စစ်မီးပြတ်တောက်နေတာကြောင့် ရေတင်စက်၊ ရေပိုင်းလိုင်း၊ ရေမော်တာတွေ အပြင် လက်ကိုင်ဖုန်း၊ ဘထ္ထရီ၊ လျှပ်စစ်ထမင်းအိုး စတဲ့ အရာတွေ အသုံးပြုလို့မရတာ တစ်ပါတ်ကျော်ကြာ ရှိလာပြီး စစ်အုပ်စုက မီးရအောင် မလုပ်ပေးလို့ ပြည်သူတွေ ဒုက္ခပင်လယ် ဝေနေတယ်လို့ မုံရွာမြို့၊ မြိူ့သစ်ရပ်ကွက်မှာ နေထိုင်သူ တစ်ဦးက MFP ကို ပြောပါတယ်။ “မီးမရတာက ရှစ်ရက်ကျော် ရှိပြီ၊ ရေတင်လို့မရတော့ဘူး၊ လျှပ်စစ်မီးအိုးတွေက ချက်မရတော့ဘူး၊ မီးသွေးတွေ ဝယ်ကြရတယ်။ တစ်နာရီ ဖုန်းတစ်လုံး အားသွင်းရင် ၅၀၀ ပေးရတယ်။ ရေက လိုချင်တိုင်းကို ဝယ်လို့ မရတော့ဘူး၊ ရေမရှိတော့ အိမ်သာ ဘယ်လို တက်မလဲ၊ တော်တော်ကို ဒုက္ခရောက်ကြတာ။ ဆေးရုံတွေမှာဆိုလည်း အောက်ဆီဂျင် တပ်ရတဲ့သူတွေက တော်တော် ဒုက္ခရောက်တာ၊ မြို့သစ်မှာတော့ (စစ်အုပ်စု) … - [ရွှေဘိုမှာ စစ်ဘေးရှောင်တွေ ခိုလှုံရာ သရက်ခြံကို စစ်အုပ်စုက နေ့ရောညပါ ဗုံးကြဲလို့ လေးဦး သေဆုံး၊](https://mfp-mm.com/news/4462/): ညဘက် ဗုံးလာကြဲရာ လူမထိလို့ နေ့ခင်းဘက်မှာ တိုက်လေယာဉ် နှစ်စီးနဲ့ ထပ်မံ ဗုံးကြဲတာဖြစ်၊ မန္တလေးတိုင်းကနေ စစ်ကိုင်းတိုင်းဘက် စစ်ဘေးရှောင်တဲ့ ပြည်သူတွေကို စစ်အုပ်စု လိုက်လံ ဗုံးကြဲနေ၊ ထင်လင်း၊ဒေါ်လာ/MFP၊ ဇန်နဝါရီ – ၇ စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ရွာဆိုးကျေးရွာအနီးရှိ စစ်ဘေးရှောင်ပြည်သူ ရာနဲ့ချီကာ ခိုလှုံနေတဲ့ သရက်ခြံကို အာဏာသိမ်း စစ်အုပ်စုက တိုက်လေယာဉ်တွေနဲ့ နေ့ရောညပါ ဗုံးကြဲလို့ အမျိုးသမီး အပါအဝင် ပြည်သူ လေးဦး သေဆုံးကာ ဒဏ်ရာရသူလည်း ငါးဦးထက်မနည်း ရှိတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။ ရွှေဘိုနယ်၊ ရွာဆိုးရွာအနီးရှိ စစ်ဘေးရှောင်တွေ ခိုလှုံရာ သရက်ခြံကို စစ်အုပ်စုကို ဇန်နဝါရီ ၆ရက် ညပိုင်းမှာ တိုက်လေယာဉ် တစ်စီးနဲ့ နှစ်ကြိမ် ဗုံးပတ်ကြဲခဲ့ပြီး လူသူ ထိခိုက်သေဆုံးတာ မရှိတဲ့အတွက် ဒီကနေ့ ဇန်နဝါရီ ၇ရက် မွန်းလွဲပိုင်းမှာ တိုက်လေယာဉ် နှစ်စီးနဲ့ ထပ်မံ လာရောက် ဗုံးကြဲခဲ့တာလို့ ဆိုပါတယ်။ ဒီကနေ့ မွန်းလွဲပိုင်း အဲ့ဒီ စစ်ဘေးရှောင်တွေ ခိုလှုံနေတဲ့ သရက်ခြံကို စစ်အုပ်စုက တိုက်လေယာဉ် နှစ်စီးနဲ့ ထင်တိုင်းကျဲ ဗုံးပတ်ကြဲပြီးနောက် စက်သေနတ်နဲ့ပါ ပစ်ခတ်ခဲ့ရာ စစ်ရှောင်ပြည်သူ အမျိုးသမီးတစ်ဦး၊ အမျိုးသားတစ်ဦးနဲ့ အနီးအနား ကျေးရွာက ထွေလာဂျီမောင်းသူ အမျိုးသားနှစ်ဦး၊ စုစုပေါင်း လေးဦး သေဆုံးတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ “စစ်ဘေးရှောင်စခန်းကတော့ အကုန်လုံး ပြာကျသွားတာ၊ တစ်ခုမှ မကျန်ခဲ့ဘူး” … - [ငလျင်ကြောင့် မန္တလေး Sky Villa ကွန်ဒို ပြိုကျမှု တာဝန်ယူ ဖြေရှင်းတာ မရှိဘဲ ကုမ္ပဏီပိုင်ရှင်တွေ လူမြင်ကွင်းက ပျောက်ကွယ် ရှောင်တိမ်းနေ၊](https://mfp-mm.com/news/4459/): ဂျီဂျီ/ MFP၊ ဇန်နဝါရီ – ၇ ငလျင်လှုပ်ခတ်ချိန် ကွန်ဒိုပြိုကာ လူအသေအပျောက် အဆိုးရွားဆုံးနဲ့ ပျက်စီးဆုံးရှုံးမှု အများဆုံး ဖြစ်ခဲ့တဲ့ မန္တလေးမြို့ အောင်မြေသာစံမြို့နယ်ရှိ Sky Villa ကွန်ဒို ကုမ္ပဏီပိုင်ရှင်တွေ လူမြင်ကွင်းက ပျောက်ကွယ်ကာ ရှောင်တိမ်းနေကြတယ်လို့ တိုက်ခန်းဝယ်ယူထားသူနဲ့ ကွန်ဒိုမှာ နေထိုင်ခဲ့သူတွေက ပြောပါတယ်။ မတ်လ ၂၈ရက်က လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ ရေစစ်ကန်အနီးရှိ ၁၁ ထပ်အမြင့် Sky Villa ကွန်ဒို အဆောက်အဦး ပြိုကျကာ လူရာနဲ့ချီ သေဆုံးခဲ့ပါတယ်။ Sky Villa ကွန်ဒိုကို NTL Construction Co. Ltd က တည်ဆောက်ထားတာ ဖြစ်ပြီး ငလျင်ကြောင့် ပြိုကျ ပျက်စီးကာ ထိခိုက်ဆုံးရှုံးမှု များပြားခဲ့တဲ့အပေါ် တာဝန်ယူ၊ တာဝန်ခံ ဖြေရှင်းပေးဖို့ ကွန်ဒိုခန်း ဝယ်ယူ ထားသူတွေက တောင်းဆိုထားပေမယ့် ကိုးလကျော်အကြာ ယနေ့ထိ ဖြေရှင်းတာ မရှိသေးဘူးလို့ ဆိုပါတယ်။ ငလျင်ဒဏ်ကြောင့် အဆောက်အအုံ ပြိုကျ ပိမိကာ သေဆုံးသူတွေအတွက် ကရုဏာထောက်ပံ့ကြေး ပေးအပ်ခဲ့ပေမယ့် အခန်းပိုင်ရှင်တွေကို တွေ့ဆုံဖြေရှင်းတာ မရှိဘဲ လူမြင်ကွင်းကနေ ပျောက်ကွယ်နေတာလို့ မိသားစုဝင်တွေ ဆုံးရှုံးခဲ့ရသူ၊ Sky Villa ကွန်ဒို အခန်းပိုင်ရှင်တစ်ဦးက MFP ကို ပြောပါတယ်။ “(ကွန်ဒိုပိုင်ရှင်က) ဘာမှလည်း မပြောဘူး။ ဘာမှလည်း အကြောင်းမကြားဘူး။ ဘာဆို ဘာမှလည်း မသိရဘူး” ကွန်ဒိုပြိုကျမှုနဲ့ပတ်သက်ပြီး ဆုံးရှုံးနစ်နာသူတွေကို တွေ့ဆုံဖြေရှင်းပေးဖို့ … - [ငလျင်ကြောင့် အမောဆို့သွားတဲ့ စီးပွားရေးလုပ်ငန်းငယ်တွေ](https://mfp-mm.com/articles/4451/): ဂျီဂျီ/MFP၊ ဆောင်းပါး အလုပ်ရုံတည်ဆောက်လိုက်လို့ ငွေမော၊ လူမော ဖြစ်ခဲ့ရပြီး အမောမပြေခင်မှာဘဲ နောက်ထပ် အမောဆို့စရာ အဖြစ်အပျက်နဲ့ ရင်ဆိုင်ကြုံတွေ့ရတယ်လို့ စီးပွားရေး လုပ်ငန်းရှင် ကိုသက်(အမည်လွှဲ) က ပြောပါတယ်။ အကြောင်းရင်းကတော့ မတ်လ ၂၈ ရက်က လှုပ်ခတ်တဲ့ ပြင်းအား ၇ ဒဿမ ၇ ရစ်ခ်တာစကေး အဆင့်ရှိတဲ့ စစ်ကိုင်းငလျင်ကြီးကြောင့် ကိုသက်ရဲ့ အလုပ်ရုံသစ် ပြိုပျက်ခဲ့ရတာပါ။ အသေးစားနဲ့ အလတ်စား စီးပွားရေးလုပ်ငန်း – MSME လုပ်ငန်းရှင် ကိုသက်ဟာ စီးပွားရေးလောကမှာ ဆယ်စုနှစ်တစ်ခုအကြာ ကြိုးစားရုန်းကန်ခဲ့ပြီးတဲ့နောက် နေရာငှားပြီး အလုပ်ရုံတစ်ခုကို တည်ဆောက်ခဲ့ပါတယ်။ သူ့ရဲ့အလုပ်ရုံကနေ နိုင်ငံတကာစံချိန်စံညွှန်းမီတဲ့ ထုတ်ကုန်တွေ ထုတ်လုပ်နိုင်ကာ ထပ်မံပြီး အဆင့်မြှင့်တင် တိုးချဲ့ဖို့ စက်ပစ္စည်းတွေ အသစ်ဝယ်ထားပြီးဖြစ်သလို ကုန်ပစ္စည်းအသစ်တွေ ထပ်မံ ထုတ်လုပ်ဖို့ကိုလည်း ရည်ရွယ်ထားခဲ့တာပါ။ “ဝန်ထမ်းတွေ ထမင်းစားနားချိန်ဖြစ်တော့ ဝန်ထမ်းတွေက (အသက်ဘေးအန္တရာယ်) လွတ်တယ်။ စက်ရုံကတော့ အကုန်လုံးဆုံးရှုံးသွားတာ”လို့ ငလျင်ဘေး ကြုံခဲ့ရတဲ့ အခြေအနေကို ကိုသက်က ပြန်ပြောပြပါတယ်။ အနှစ် (၁၀၀) ဝန်းကျင်မှာ မကြုံစဖူးဆိုးရွားလှတဲ့ ငလျင်ဆိုးကြောင့် မြန်မာနိုင်ငံဟာ ပုံမှန်ခံစားဖူးနေကျ ရေနဲ့လေ  သဘာဝဘေးဒဏ်ထက် ပိုပြီးဆိုးဝါးလွန်းလှတဲ့ ထိခိုက်ပျက်စီးမှုတွေနဲ့ တွေ့ကြုံ ရင်ဆိုင် ခဲ့ရပါတယ်။ ငလျင်‌က အိုးအိမ်အဆောက်အအုံတွေကို ဖျက်ဆီးရုံမက လည်ပတ်နေတဲ့ စီးပွားရေး လုပ်ငန်းတွေကိုပါ ရပ်တန့်စေခဲ့တာပါ။ စစ်အုပ်စုရဲ့ မြေပြင်ကွင်းဆင်းစာရင်းကောက်ယူပြီး ထုတ်ပြန်ချက်အရ မတ်လ ၂၈ ရက်မှာ လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြီးကြောင့် ထုတ်လုပ်မှုကဏ္ဍဖြစ်တဲ့ လယ်ယာသီးနှံ၊ … - [ဝက်လက် ဗုံးကြဲခံရမှု လသား ကလေးငယ် အပါအဝင် သေဆုံးသူ လေးဦး ရှိလာ၊](https://mfp-mm.com/news/4444/): ဒီဇင်ဘာလကလည်း ဝက်လက်နယ်ခံ ပြည်သူ ၂၀ ကျော်ကို စစ်အုပ်စု ဗုံးကြဲသတ်ဖြတ်ခဲ့၊ ဒေါ်လာ၊ MN/MFP ၊ ဇန်နဝါရီ – ၇ စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်တောင်ခြမ်း၊ မန္တလေး – မြစ်ကြီးနား ရထားလမ်းပေါ်ရှိ ပေါက္ကံဘူတာရွာကို ဇန်နဝါရီ ၆ ရက် မနက်ပိုင်း စစ်အုပ်စုက အကြောင်းမဲ့ တိုက်လေယာဉ်နဲ့ ဗုံးကြဲခဲ့ရာ နှစ်လသားအရွယ် ကလေးငယ် အပါဝင် သေဆုံးသူ လေးဦး ရှိလာပြီး ဒဏ်ရာရသူလည်း အများအပြား ရှိတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။ ဝက်လက်မြို့နယ်၊ ပေါက်ကန်ဘူတာရွာနဲ့ ရေသောက်ကန်ရွာ စာသင်ကျောင်းကို မန္တလေးမြို့ တံတားဦးလေဆိပ်က တက်လာတဲ့ တိုက်လေယာဉ် နှစ်စီးနဲ့ ဗုံးသုံးကြိမ် ကြဲချခဲ့တာ ဖြစ်ပြီး နှစ်လသားအရွယ် ကလေးငယ်တစ်ဦး၊ အသက် ၆၀ နဲ့ ၇၀ အရွယ် အဖွားနှစ်ဦး၊ စုစုပေါင်း သုံးဦး ပွဲချင်းပြီး သေဆုံးကာ ဒဏ်ရာရသူတွေထဲက ဆေးကုသဖို့ ကြိုးစားရင်း အသက် ၄၀ အရွယ် အမျိုးသမီးတစ်ဦး ထပ်မံ သေဆုံးတာကြောင့် သေဆုံးသူ လေးဦးအထိ ရှိလာတာလို့ ဒေသခံ မြေပြင်ကင်းထောက် Wetlet Informational Network တာဝန်ရှိသူက MFP ကို ပြောပါတယ်။ “ဘာတိုက်ပွဲမှ မရှိဘူးဗျ။ ဒီတိုင်းလာကြဲတာ။ ခွေးလော်ဘီတွေကတော့ အဲ့ဒီ နေရာတွေမှာ PDF တွေ ရှိလို့ ဗုံးကြဲဖို့ဆိုပြီး တင်တာတွေ ရှိခဲ့တယ်” … - [ဖျက်အားပြင်း ငလျင်ကြီးအပြီး နောက်ဆက်တွဲ ငလျင်တွေ ဆက်တိုက်လှုပ်နေပေမယ့် ပြင်းအား လျော့လာ၊](https://mfp-mm.com/news/4437/): ဂျီဂျီ၊ MFP/ ဇန်နဝါရီ – ၆ ပြင်းအား ၇ ဒဿမ ၇ ရစ်(ခ်)တာစကေးအဆင့်ရှိတဲ့ ဖျက်အားပြင်း စစ်ကိုင်းငလျင်ကြီး လှုပ်ခတ် ပြီးနောက် နောက်ဆက်တွဲ ငလျင်ငယ်တွေ ဆက်တိုက်လှုပ်ခတ်နေပေမယ့် ပြင်းအား လျော့လာတယ်လို့ စစ်အုပ်စုရဲ့ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန မှတ်တမ်းတွေမှာ ဖော်ပြပါတယ်။ မတ်လ ၂၈ရက် ငလျင်ကြီးအပြီး ကိုးလကျော်အတွင်း မြန်မာနိုင်ငံတွင်း ဗဟိုပြုကာ နောက်ဆက်တွဲ ငလျင် အကြိမ် ၂၅၀ ကျော် လှုပ်ခတ်ခဲ့ပြီး မတ်လကနေ ဇွန်လအထိ ပြင်းအား ရစ်(ခ်)တာစကေး ၃ ကနေ ၆ အဆင့်ရှိတဲ့ ငလျင်တွေ လှုပ်ခတ်ခဲ့ပေမယ့် ဩဂုတ်လနောက်ပိုင်း လှုပ်ခတ်တဲ့ ငလျင်တွေဟာ ပြင်းအား ရစ်(ခ်)တာစကေး ၅ ကို မကျော်တော့ဘူးလို့ ဆိုပါတယ်။ ငလျင်ကြီးအပြီး နောက်ဆက်တွဲ ငလျင်ငယ်တွေ လှုပ်ခတ်တာက ဖြစ်ရိုးဖြစ်စဉ်ဖြစ်သလို အချိန်ကြာလာတာနဲ့အမျှ အကြိမ်ရေလျော့လာတတ်တယ်လို့ မိုးလေဝသပညာရှင် ဦးဝင်းနိုင်က လူမှုကွန်ယက်မှာ ရေးပါတယ်။ “အင်အားကြီး mainshock တစ်ခုဖြစ်ရင် နေ့စဉ်/အပတ်စဉ်/လစဉ်မက လများစွာ၊ နှစ်များစွာ တိုင်အောင် သေးငယ်တဲ့ aftershocks တွေ ဆက်ဖြစ်နိုင်တယ်လို့ USGS က ရှင်းပြထားပါတယ်” လို့ ဦးဝင်းနိုင်က ဆိုပါတယ်။ စစ်ကိုင်းငလျင်ကြီး လှုပ်တဲ့ မတ်လ ၂၈ ရက် တစ်ရက်တည်းမှာတင် ပြင်းအား ၂ ကနေ ၇ ရစ်(ခ်)တာစကေးကျော် အင်အားရှိ ငလျင် ၁၃ ကြိမ် လှုပ်ခတ်ခဲ့သလို … - [မန္တလေးက ငလျင်ဘေးသင့် ပြည်သူတွေ ကိုးလကြာချိန်အထိ ပြန်လည်ထူထောင်ရေး မလုပ်နိုင်သေး၊](https://mfp-mm.com/news/4432/): ဂျီဂျီ/MFP၊ ဇန်နဝါရီ – ၆ မန္တလေးမြို့က ငလျင်ဘေးသင့် ပြည်သူတွေ အနေနဲ့ ကိုးလကျော်ကြာချိန်အထိ ပြန်လည် ထူထောင်ရေး မလုပ်နိုင်သေးဘဲ တချို့က ပြိုပျက်တဲ့ အဆောက်အအုံတွေကို ဖျက်ဆီးရှင်းလင်းနေရဆဲ ဖြစ်တယ်လို့ မြို့ခံတွေက MFP ကို ပြောပါတယ်။ မတ်လ ၂၈ရက်က စစ်ကိုင်းမြို့အနီး ဗဟိုပြုကာ လှုပ်ခတ်ခဲ့တဲ့ ပြင်းအား ၇ဒဿမ၇ ရစ်ချ်တာစကေးရှိတဲ့ ငလျင်ကြောင့် စစ်ကိုင်းနဲ့ မန္တလေးမြို့မှာ ထိခိုက်ပျက်စီးမှု များပြားခဲ့ပြီး နိုင်ငံတဝန်း လူ ၄,၀၀၀ ကျော် သေဆုံးတယ်လို့ အာဏာသိမ်း စစ်အုပ်စုက ထုတ်ပြန်ထားပါတယ်။ လက်ရှိမှာ ငလျင်ကြောင့် ထိခိုက်ဆုံးရှုံးခဲ့တဲ့ မန္တလေးမြို့ခံပြည်သူတွေ အနေနဲ့ မိသားစု အခြေအကျ နေထိုင်နိုင်ရေးနဲ့ အပျက်အစီး ဖြိုဖျက်ရှင်းလင်းတာတွေပဲ အဓိကထား လုပ်ဆောင်နေရပြီး စီးပွားရေးနဲ့ ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေ မလုပ်နိုင်သေးဘူးလို့ မြို့ခံတွေက ပြောပါတယ်။ နောက်ဆက်တွဲ ငလျင်တွေ ဆက်တိုက် လှုပ်ခတ်နေတာ၊ ဆောက်လုပ်ရေး ပစ္စည်းတွေရဲ့ ဈေးနှုန်း မြင့်တက်တာ၊ လုပ်သား ရှားပါးတာတွေကြောင့် နေအိမ်ထိခိုက်တဲ့ ဒေသခံတွေအနေနဲ့ နေအိမ်ကို ပြန် မပြုပြင်နိုင်ကြသေးသလို အလုပ်ရုံထိခိုက်တဲ့ လုပ်ငန်းရှင်တွေအနေနဲ့လည်း ပြန်လည်တည်ဆောက် လုပ်ငန်း လည်ပတ်တာတွေ မလုပ်ဆောင်နိုင်ကြသေးတာ ဖြစ်တယ်လို့ မန္တလေးမြို့ခံ အလတ်စား စီးပွားရေးလုပ်ငန်းရှင် တစ်ဉီးက MFP ကို ပြောပါတယ်။ “ကျွန်တော်တို့ကျ ဆုံးရှုံးထားတာတွေက များတော့ ပြန်မလိုက်နိုင်သေးဘူး။ အဓိကကတော့ expense (ကုန်ကျစရိတ်)တွေ ကြောင့်ပေါ့။ ပိုက်ဆံပြန်ချိန်ရတဲ့ကိစ္စပေါ့။ မြေကွက်လပ်ကိုငှားပြီး ဆောက်မလား။ … - [ချောင်းဦးနယ်တိုက်ပွဲတွေမှာ စစ်ကူပြီးပြန်လာတဲ့ စစ်အုပ်စုအမြန်ရေယာဉ်ကို တော်လှန်ရေးတပ်တွေ ကြားဖြတ်တိုက်ခိုက်၊စစ်အုပ်စု နှစ်ယောက်သေပြီး အများအပြား ထိခိုက်ဒဏ်ရာရဟုဆို](https://mfp-mm.com/news/sagaing/4427/): MN/MFP ၊ ဇန်နဝါရီ – ၆ စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ ချောင်းဦးမြို့နယ်ထဲက တိုက်ပွဲတွေမှာ စစ်ကူပေးပြီး ချင်းတွင်းမြစ်အတိုင်း ပြန်ဆန်တက်လာတဲ့ စစ်အုပ်စု အမြန်ရေယာဉ်တစ်စင်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက ဇန်နဝါရီ ၆ ရက် မနက်ပိုင်းမှာ ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်အုပ်စု နှစ်ယောက်သေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာတွေ ရရှိသွားခဲ့တယ်လို့ Chindwin Dynamite Salingyi ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက MFP ကို ပြောပါတယ်။ ချောင်းဦးမြို့နယ်ထဲက တိုက်ပွဲတွေမှာ တစ်လကျော်ကြာ စစ်ကူပေးခဲ့ပြီးနောက် မုံရွာအခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ်ကို ချင်းတွင်းမြစ်အတိုင်း ဆန်တက်ပြီး ပြန်လာတဲ့ စစ်အုပ်စု အမြန်ရေယာဉ်တစ်စင်းကို ဆားလင်းကြီးမြို့နယ်တနေရာမှာ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ အမြန်ရေယာဉ်ပေါ်မှာ လိုက်ပါလာတဲ့ စစ်အုပ်စုတပ်တွေဟာ အမြင့်ရွာစစ်အုပ်စုအထိုင်စခန်းကနေ ချင်းတွင်းမြစ်အတိုင်း ဆန်တက်လာချိန်မှာ မြစ်အရှေ့ဘက်နဲ့ အနောက်ဘက်ကမ်းနေရာတွေကနေ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ကြားဖြတ်ဝိုင်းဝန်းတိုက်ခိုက်ခဲ့တာလို့ Chindwin Dynamite Salingyi တပ်ဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။ “ချောင်းဦးနယ်ထဲက ကျီကုန်းတိုက်ပွဲမှာ ဒီကောင်တွေ စစ်ကူလာပေးတာ တစ်လလောက်ရှိသွားပြီ။ ဒီနေ့မှ ပြန်ဆန်တက်လာတာ။ သူတို့(စစ်အုပ်စု) ချောင်းဦးဘက်ကနေ ဆန်တက်လာတာက မနက် ၅ နာရီကျော်လောက်ဖြစ်မယ်။ ကျွန်တော်တို့ဘက်က စတင်တိုက်ခိုက်တာကတော့ မနက် ၇ နာရီခွဲမှာပါ။ တိုက်ပွဲကြာချိန်ကတော့ အဖွဲ့တွေကလည်းများတယ် နေရာကလည်း အရှေ့ဘက်ကမ်းရော အနောက်ဘက်ကမ်းပါ တိုက်ကြတာဆိုတော့ ကျွန်တော်နေရာမှာတော့ နာရီဝက်လောက်ပဲကြာတာပါ။ (စခ) အသေအပျောက်စာရင်းကတော့ မုံရွာ အုန်းပင်ဆိပ်ကမ်းမှာ ဆိုက်မှ မျက်မြင်တွေ့ခဲ့သူတွေ ပြန်ပြောပြလို့ နှစ်ယောက်သေတယ်လို့ ပြန်သိရတာပါဗျ။ … - [စစ်ကိုင်းတိုင်းထဲ တိုက်လေယာဉ် လေးစီးနဲ့ ဗုံးကြဲသတ်မှု ပြည်သူ လေးဦး သေဆုံးကာ ၁၁ ဦး ဒဏ်ရာရ၊](https://mfp-mm.com/news/4419/): ခင်ဦးနဲ့ ကောလင်းနယ်ရှိ စာသင်ကျောင်းဆောင်နဲ့ အိုးအိမ်တွေ ပျက်စီး၊ ထင်လင်း/MFP၊ ဇန်နဝါရီ – ၅ စစ်ကိုင်းတိုင်းထဲက ကောလင်း၊ ကျွန်းလှနဲ့ ခင်ဦးမြို့နယ်တွေထဲကို ဇန်နဝါရီ ၅ရက် မနေ့က ညပိုင်းအချိန် အာဏာသိမ်း စစ်အုပ်စုက တိုက်လေယာဉ် လေးစီးနဲ့ ဗုံးပတ်ကြဲ သတ်ဖြတ်ခဲ့ရာ စစ်ဘေးရှောင် ပြည်သူတွေ အပါအဝင် အရပ်သားပြည်သူ လေးဦး သေဆုံးပြီး ဒဏ်ရာရသူ ၁၁ ဦး ရှိတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။ ဇန်နဝါရီ ၅ရက် ည၉နာရီဝန်းကျင်အချိန် မန္တလေးမြို့ တံတားဦးလေဆိပ်က တက်လာတဲ့ တိုက်လေယာဉ် နှစ်စီး၊ မိတ္ထီလာမြို့ ရှမ်းတဲလေတပ်က တက်လာတဲ့ တိုက်လေယာဉ် နှစ်စီး၊ စုစုပေါင်း တိုက်လေယာဉ် လေးစီးနဲ့ ခင်ဦး၊ ကျွန်းလှနဲ့ ကောလင်းနယ်ရှိ ကျေးရွာတွေ၊ စာသင်ကျောင်းတွေပေါ် ဗုံးပတ်ကြဲခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒီ တိုက်လေယာဉ် လေးစီးအနက် တစ်စီးက ခင်ဦးမြို့နယ် အရှေ့ခြမ်း၊ ကုန်းကြီးကျေးရွာရှိ စာသင်ကျောင်းကို ဗုံးကြဲရာ ကျောင်းဘေးတဲထိုးနေထိုင်တဲ့ စစ်ဘေးရှောင်ပြည်သူတွေထဲက အမျိုးသား နှစ်ဦးနဲ့ အမျိုးသမီးတစ်ဦး၊ စုစုပေါင်း သုံးဦး ပွဲချင်းပြီး သေဆုံးကာ ရှစ်ဦး ဒဏ်ရာရပြီး ဒဏ်ရာ ရသူတွေထဲက အမျိုးသား တစ်ဦးဟာလည်း ဆေးကုသဖို့ ကြိုးစားနေရင်း ထပ်မံ သေဆုံးခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။ “အဆိုပါ အကြမ်းဖက် စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုသည် စစ်ရေး ပစ်မှတ် (လုံးဝ) မဟုတ်သည့် … - [မိုးကုတ်မှာ ကျောက်ဆေးသမား ၁၀၀ နီးပါးကို စစ်အုပ်စုဖမ်းဆီးပြီးနောက် ခြိမ်းခြောက်ငွေတောင်းယူပြီး ပြန်လွှတ်၊](https://mfp-mm.com/news/4416/): နန်းယု/MFP၊ ဇန်နဝါရီ – ၅ မန္တလေးတိုင်း၊ မိုးကုတ်မြို့ရဲ့အကျဉ်းထောင်အနောက်ဘက်မှာရှိတဲ့ ချောင်းအတွင်းမှာ ကျောက်(ခနဲ)ဆေးလုပ်ငန်း လုပ်ကိုင်နေကြတဲ့ အရပ်သား ၁၀၀ နီးပါးကို ဇန်နဝါရီ ၅ ရက် မနက်ပိုင်းမှာ စစ်အုပ်စုတပ်က ဖမ်းဆီးပြီးနောက် ကျပ်သိန်းချီ ခြိမ်းခြောက်ငွေတောင်းယူကာ နာရီပိုင်းအကြာမှာ ပြန်လွှတ်ပေးခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။ ဖမ်းဆီးခံရသူတွေဆီကနေ တစ်ဦးကို ငွေကျပ်သိန်းပိုင်းစီ တောင်းယူပြီးနောက် နေ့လယ်ပိုင်းမှာ ပြန်လွှတ်ပေးခဲ့သလို ကျောက်ဆေးလုပ်ငန်းကို ထပ်မံလုပ်ကိုင်ခွင့်ကိုပါ ပိတ်ပစ်ခဲ့တယ်လို့ ဆိုပါတယ်။ဒါ့အပြင် စစ်အုပ်စုတပ်က ကျောက်ဆေးလုပ်ငန်းလုပ်ကိုင်သူတွေကို ဖမ်းဆီးရာမှာ လုပ်ငန်းပိုင်းဆိုင်ရာ စက်ပစ္စည်းတွေကိုပါ သိမ်းဆည်းသွားခဲ့တယ်လို့ ဆိုပါတယ်။ “မနေ့က နေ့လယ် ၃ နာရီလောက်မှာ ပြန်လွှတ်လာတယ်။ တစ်ယောက်ကို သိန်းပိုင်းစီ ငွေညစ်ပြီးမှ လွှတ်တာ။ နောက်ထပ် မလုပ်ဖို့ သတိပေးပြီး စက်တွေ ပစ္စည်းတွေကို သိမ်းသွားတယ်” ဟု မြို့ခံတစ်ဦးက ပြောပါတယ်။ အလုပ်အကိုင်ရှားပါးနေတဲ့ မိုးကုတ်မြို့မှာ စစ်အုပ်စုတပ်က ဒေသခံတွေ တစ်ပိုင်တစ်နိုင်လုပ်ကိုင်နေတဲ့ ကျောက်ဆေးလုပ်ငန်းတွေကိုပါ ဆက်လက်လုပ်ကိုင်ခွင့် မပြုတော့တာကြောင့် စားဝတ်ရေရေး ပိုခက်ခဲသွားတယ်လို့ သူကဆိုပါတယ်။ စစ်အုပ်စုတပ်ဟာ မိုးကုတ်မြို့ကို ပြန်ဝင်ရောက်ပြီးနောက် မြို့အတွင်းလုံခြုံရေးကို တင်းကြပ်ထားသလို ဇန်နဝါရီ ၆ ရက်ကလည်း မြို့အနောက်ပိုင်း ကျပ်ပြင်ဆေးရုံမှ ထွက်ခွာလာတဲ့ စစ်အုပ်စုရဲ့ ခြေမြန်တပ်ရင်း ခမရ–၅၅ရဲ့ အင်အား ၃၀ ပါစစ်ကြောင်းဟာ ကျောက်ဖားဂိတ်အနီးက စွမ်းပန့်ဓာတ်ဆီဆိုင်မှာ အထိုင်ချပြီးနောက် လမ်းသွားလမ်းလာဒေသခံတွေကို စစ်ဆေးပြီးနောက် ဖုန်းတွေကို သိမ်းဆည်းခဲ့တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် စစ်အုပ်စုတပ်ဟာ လုံခြုံရေးအကြောင်းပြချက်နဲ့ လမ်းသွားလမ်းလာတွေကို ဖမ်းဆီးတာ … - [ဝက်လက်နယ်မှာ စစ်အုပ်စု လေကြောင်းကဗုံးကြဲလို့ မွေးကင်းစအရွယ် ကလေးငယ်အပါဝင် သုံးဦးသေဆုံး၊](https://mfp-mm.com/news/sagaing/4410/): MN/MFP ၊ ဇန်နဝါရီ – ၆ စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်တောင်ခြမ်းက ပေါက္ကံဘူတာရွာပေါ်ကို ဇန်နဝါရီ ၆ ရက် ဒီနေ့မနက် ၁၀ နာရီဝန်းကျင်မှာ တိုက်ပွဲမဖြစ်ဘဲ စစ်အုပ်စုလေကြောင်းက ဗုံးကြဲခဲ့တာကြောင့် နှစ်လသားအရွယ် မွေးကင်းစကလေးငယ်တစ်ဦးအပါဝင် ဒေသခံသုံးဦး သေဆုံးသွားတယ်လို့ Wetlet Information Network က သတင်းထုတ်ပြန်ပါတယ်။ မန္တလေး-ရွှေဘို-မြစ်ကြီးနား ရထားလမ်းဘေးမှာရှိတဲ့ ပေါက္ကံဘူတာရွာကို တံတားဦးလေတပ်ကနေ တက်လာတဲ့ ဂျက်ဖိုက်တာနှစ်စင်းနဲ့ ပေါင် ၃၀၀ ဗုံးသီးသုံးလုံးချ ကြဲချတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ စစ်အုပ်စုတပ်ရဲ့ဗုံးကြဲတိုက်ခိုက်မှုကြောင့် နှစ်လသားအရွယ် မွေးကင်းစကလေးငယ်တစ်ဦး၊ အသက် ၇၀ အရွယ် ဒေါ်မြနဲ့ အသက် ၆၀အရွယ်ဒေါ်တင်ဌေးတို့ သုံးဦး သေဆုံးခဲ့ကာ အသက် ၄၀ အရွယ် အမျိုးသမီးတစ်ဦး ဦးခေါင်းထိမှန် ဒဏ်ရာရရှိခဲ့တယ်လို့ Wetlet Information Network က ထုတ်ပြန်ထားပါတယ်။ ဝက်လက်နယ် ဒေသခံတစ်ဦးကလည်း တိုက်ပွဲဖြစ်ပွားနေတာမရှိဘဲ လေကြောင်းကနေ ဗုံးကြဲခဲ့တာ ဖြစ်ပြီး ရှောင်တိမ်းချိန်မရလိုက်တာကြောင့် အရပ်သားတွေ သေဆုံးကုန်တာလို့ ပြောပါတယ်။ “ဘာတိုက်ပွဲမှ မရှိပါဘူး။ ဒီနေ့ဗုံးလာကြဲတာက ရှောင်တိမ်းချိန်မရလိုက်တော့ ဆုံးကြတာ၊ အသံကြားလို့ ပြေးတုန်းမှာပဲ ကြဲချသွားတာပါ” စစ်အုပ်စု လေကြောင်းက ဗုံးကြဲခဲ့တဲ့ ပေါက္ကံဘူတာရွာနေရာဟာ တိုက်ပွဲဖြစ်ပွားတာမရှိသလို အရပ်သားပြည်သူတွေ နေထိုင်တဲ့နေရာကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့တာဖြစ်ပြီး နေအိမ်အချို့နဲ့ ကားတွေပါ မီးလောင်ပျက်စီးသွားခဲ့တယ်လို့ သူက ဆိုပါတယ်။ စစ်အုပ်စုက ဝက်လက်မြို့နယ်ထဲမှာ တိုက်ပွဲဖြစ်စဉ်မရှိဘဲ လေကြောင်းကနေ မကြာခဏ ဗုံးကြဲပစ်ခတ်နေတာဖြစ်ပြီး ၂၀၂၅ ခုနှစ် … - [သောက်သုံးရေ‌ရှားပါး ပြတ်လပ်နေတာကြောင့် ပေါက်နယ်က စစ်ဘေးရှောင်တွေ အရေပြားရောဂါခံစားနေရ၊](https://mfp-mm.com/news/magway/4400/): အီသာရမ်/MFP ၊ ဇန်နဝါရီ-၆ မကွေးတိုင်း‌ ပေါက်မြို့နယ်က ရက်ရှည်စစ်ရှောင်နေကြရတဲ့ စစ်ဘေးရှောင်ကလေးတွေမှာ သောက်သုံးရေရှားပါးတာကြောင့် အရေးပြားရောဂါဝေဒနာတွေ ခံစားနေရပြီး စားနပ်ရိက္ခာ၊အမိုးအကာနဲ့ဆေးဝါးလိုအပ်ချက်တွေရှိနေတယ်လို့ ပေါက်မြို့နယ် လူသားစာနာက ဒီနေ့ သတင်းထုတ်ပြန်ပါတယ်။ ပေါက်မြို့နယ် အနောက်ခြမ်းမှာရှိတဲ့ စစ်အုပ်စုရဲ့ကာကွယ်ရေးပစ္စည်းစက်ရုံကနေ လက်နက်ကြီးနဲ့ရမ်းသမ်းပစ်ခတ်တာနဲ့ စစ်ကြောင်းထိုးလာတာတွေကြောင့် ကျောက်တံခါးရွာကျောက်မဲတောင်ရွာ၊ မျှားပိုင်းရွာ၊ ခင်အေးရွာ၊ အုံးမှင်ရွာ၊ မကျီးကုန်းရွာ၊ ယောကုန်းရွာ၊ နန်းစဥ်ကုန်းရွာ၊ တယ်ပင်ရွာ၊ ထန်းပင်ချောင်းရွာနဲ့ ပလောင်းရွာမှာနေထိုင်တဲ့ ဒေသခံ ငါးထောင်ခန့်ဟာ ပြီးခဲ့တဲ့နှစ် ဇွန်လကတည်းက နေရပ်စွန့်ခွာထွက်ပြေးနေကြရတာ ဖြစ်ပါတယ်။ ကာလကြာရှည် ထွက်ပြေးနေရတဲ့ စစ်ဘေးရှောင်ပြည်သူတွေဟာ တောတိုက်တွေအနီးမှာ ပုန်းခိုနေကြရပြီး သုံးရေးရှားပါးပြီး မသန့်ရှင်းတာကြောင့် ကလေးငယ်အများစုနဲ့ လူကြီးတွေမှာ အရေပြား‌ရောဂါတွေ ဖြစ်ပွားနေတယ်လို့ ပေါက်မြို့နယ် လူသားစာနာတာဝန်ခံတစ်ဦးက ပြောပါတယ်။ “လူကြီးတွေ အနည်းစုမှာလည်းဖြစ်တယ်။ ကလေးတွေအများစုဖြစ်တာပေါ့၊သောက်သုံးရေမှာ သုံးရေ‌ကြောင့် ဖြစ်နေတာ၊ ပေါက်မြို့နယ်ထဲက စစ်ရှိန်မြှင့်လာတာလည်းရှိတော့ စစ်ရှောင်တွေ အရမ်းများလာတော့ ကျွန်တော်တို့မြို့နယ်မှာလည်း ရှိတဲ့အားနဲ့ရုန်းတဲ့အချိန်မှာ ကူညီထောက်ပံ့မှုတွေ လိုအပ်နေတာပေါ့နော် နေထိုင်ရေး အမိုးအကာ အကုန်လုံးပါဘဲ၊ကျွန်တော်တို့် မြို့နယ်ဘက်ကလည်း သွားနိုင်သလောက်သွားထားတယ် လိုအပ်ချက်တွေက များလွန်းတော့ မနိုင်ဖြစ်နေတာပေါ့‌ဗျာ” စစ်ဘေးရှောင်အများစုဟာ တောတိုက်တွေအနီးက မသန့်ရှင်းတဲ့ စိမ့်စမ်းရေတွေကို အသုံးပြုနေကြရပြီး စစ်ရှောင်လူဦးရေများတာကြောင့် သောက်သုံးရေမလောက်ဘဲ ဝေဌသုံးစွဲနေရတယ်လို့ သူကဆိုပါတယ်။ စစ်အုပ်စုက ပေါက်မြို့နယ်ကို စစ်ရေးအရှိန်မြှင့်ကာ စစ်ကြောင်းထိုးတာတွေနဲ့လေကြောင်းတိုက်ခိုက်တာတွေ ဆက်တိုက်ပြုလုပ်နေတာကြောင့် စစ်ဘေးရှောင် ပြည်သူတွေဟာ ခြောက်လနီးပါးအကြာ နေရပ်စွန့်ခွာ‌ထွက်ပြေးနေကြရတာ ဖြစ်ပါတယ်။ ဒါ့အပြင် ကပစ -၂၄ ကို ပခုက္ကူတပ်မ -၁၀၁ ကနေ စစ်အုပ်စုတပ်အင်အားနဲ့ ရိက္ခာခဲယမ်းတွေ ပို့ဆောင်ပြီးနောက်ပိုင်း … - [ခင်ဦးနယ် စစ်ရှောင်တွေခိုလှုံနေတဲ့ ကုန်းကြီးရွာစာကျောင်းကို စစ်အုပ်စု ဗုံးကြဲတာကြောင့် ငါးဦးသေဆုံး၊](https://mfp-mm.com/news/sagaing/4394/): နွေဦး/MFP ၊ ဇန်နဝါရီ – ၆ စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်အရှေ့ဘက်မှာရှိတဲ့ စစ်ရှောင်တွေ ယာယီခိုလှုံနေတဲ့ ကုန်းကြီးရွာစာသင်ကျောင်းကို ဇန်နဝါရီလ ၅ ရက်ည၈နာရီကျော်မှာ လေကြောင်းကနေ စစ်အုပ်စုဗုံးကြဲတာကြောင့် ငါးဦးသေဆုံးကာ ဆယ်ဦးထက်မနည်းထိခိုက်ဒဏ်ရာရခဲ့တယ်လို့  စစ်အုပ်စုဗုံးကြဲပစ်ခတ်ခဲ့တဲ့ စာသင်ကျောင်းဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလက မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်နဲ့ စဉ့်ကူးမြို့တို့က ထွက်ပြေးတိမ်းရှောင်လာကြတဲ့ စစ်ဘေးရှောင်တွေ နေထိုင်နေတာ ဖြစ်ပါတယ်။ စစ်အုပ်စုတပ်ဟာ တိုက်ပွဲဖြစ်ပွားနေတာမရှိတဲ့ ကုန်းကြီးရွာကို စစ်ရေးသတင်းအရင်းအမြစ်တွေက ဆိုပါတယ်။မိတ္ထီလာရှမ်းတဲလေတပ်ကနေ ဂျက်ဖိုက်တာ-နှစ်စင်း၊ တံတားဦးကနေ ဂျက်ဖိုက်တာတစ်စီးစုစုပေါင်း ဂျက်ဖိုက်တာသုံးစီးနဲ့ ပေါင်ငါးရာဗုံးသီးတစ်လုံးအပြင် ရော့ကဒ်ဗုံးသီးတွေ ပစ်ခတ်ခဲ့တာဖြစ်ပါတယ်။ ပစ်ခတ်မှုကြောင့် စစ်ဘေးရှောင်တွေ နေရာမှာတင် သေဆုံးခဲ့တယ်လို့ အဲဒီအခြေအနေကိုသိတဲ့ ရေဦးဒေသခံတစ်ဦးက ပြောပါတယ်။ “ဖုန်းတွေက ဆက်မရဘူးဗျ၊ အမျိုးသမီးသုံးဦးနဲ့အမျိုးသားနှစ်ဦး ဆုံးတယ်။ ကျန်စစ်ဘေးရှောင်တွေလည်း ညကတည်းက တခြားနေရာကိုရွှေ့ကြတယ်။ သူတို့ကြောက်ကြတာပေါ့ဗျာ၊ နောက်ထပ်လာကြဲမလားဆိုပြီး။ ဒဏ်ရာရတဲ့အထဲမှာတော့ ကလေးနှစ်ဦးပါတယ်လို့ သိထားပါတယ်” ဒဏ်ရာရသူတွေကိုတော့ လိုအပ်တဲ့ ဆေးကုသမှုတွေ လုပ်ပေးနေပြီး သေဆုံးသူတွေကိုတော့ ဒီနေ့မှာပဲ သဂြိုဟ်သွားမယ်လို့ ဆိုပါတယ်။ အလားတူ မနေ့ကတစ်ရက်ထဲမှာပဲ စစ်အုပ်စုတပ်ဟာ စစ်ကိုင်းတိုင်းအတွင်းက ကောလင်း၊ ခင်ဦး၊ ကျွန်းလှနဲ့ကသာမြို့နယ်တို့ကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။ မင်းအောင်လှိုင် ဦးဆောင်တဲ့ အာဏာသိမ်း စစ်အုပ်စုဟာ နိုင်ငံတဝန်း အရပ်သားပြည်သူကို ပစ်မှတ်ထားကာ ထင်တိုင်းကျဲ ဗုံးကြဲသတ်ဖြတ်နေတာ ဖြစ်ပြီး ဒီဇင်ဘာလအတွင်းမှာပဲ စစ်ကိုင်း၊ မကွေး၊ မန္တလေး၊ ကချင်နဲ့ ရခိုင်စတဲ့ နိုင်ငံတဝန်း တိုင်းနဲ့ပြည်နယ်အနှံ့က မြို့၊ရွာတွေကို ၁၁၉ ကြိမ် လေကြောင်းဗုံးကြဲခဲ့ရာ ကလေးသူငယ်၊ အမျိုးသမီးနဲ့ … - [ဆားလင်းကြီးမှာ စစ်အုပ်စုက ဆေးရုံကို ဗုံးကြဲသတ်ပြီးနောက် ဆရာဝန်ရဲ့ နာရေးကိုပါ ထပ်မံ ဗုံးကြဲလို့ သုသာန် ပျက်စီး၊](https://mfp-mm.com/news/4390/): သုထက်/MFP၊ ဇန်နဝါရီ – ၅ စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့နယ်၊ မတောင့်တရွာ တိုက်နယ်ဆေးရုံကို အာဏာသိမ်း စစ်အုပ်စုက ဂျိုင်အိုကော်ပရာ (Gyrocopter) နဲ့ ဗုံးကြဲ သတ်ဖြတ်တာကြောင့် ဆရာဝန် တစ်ဦး အပါအဝင် အရပ်သား ပြည်သူ သုံးဦး သေဆုံးခဲ့ပြီး ဆရာဝန်ရဲ့ နာရေးကျင်းပနေချိန် စစ်အုပ်စုက ထပ်မံ ဗုံးလာကြဲတာကြောင့် သုသာန်ဇရပ်ပျက်စီးခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။ ဇန်နဝါရီ ၄ ရက် လွတ်လပ်ရေးနေ့က ဆားလင်းကြီးနယ်၊ မတောင့်တရွာ ဆေးရုံကို စစ်အုပ်စုက ဗုံးကြဲ သတ်ဖြတ်ပြီးနောက် ဒီကနေ့ ဇန်နဝါရီ ၅ရက် မွန်းလွဲပိုင်းအချိန် ဆရာဝန်ရဲ့ နာရေးကျင်းပနေတဲ့ ကျေးရွာ သုသာန်ကိုပါ ဂျိုင်အိုကော်ပရာတွေနဲ့ ထပ်မံ လာရောက် ဗုံးကြဲခဲ့တာလို့ ဆိုပါတယ်။ “နမခကနေ တက်လာတဲ့ ဂျိုင်အို သုံးစီးနဲ့လာပြီး ၁၂၀ မမတွေ လာချသွားတာ။ …။ သုဿန်ဇရပ်တော့ ပျက်စီးသွားတယ်” လို နာရေးလိုက်ပါပို့ဆောင်ရင်း ဗုံးကြဲခံရသူတစ်ဦက MFP ကို ပြောပါတယ်။ မုံရွာမြို့ အနောက်မြောက်တိုင်း စစ်ဌာနချုပ် – နမခ ကနေ ဂျိုင်အိုကော်ပရာတွေ တက်လာပြီဆိုတဲ့ သတင်းကြားရကာ နာရေးပို့သူတွေ အချိန်မီ တိမ်းရှောင်နိုင်လိုက်တာကြောင့် လူထိခိုက်တာတော့ မရှိဘူးလို့ ဆိုပါတယ်။ စစ်အုပ်စုဟာ လွတ်လပ်ရေးနေ့ကလည်း တိုက်နယ်ဆေးရုံကို ဂျိုင်အိုကော်ပရာ သုံးစီးနဲ့ ဗုံးကြဲခဲ့တာဖြစ်ပြီး သေဆုံးသူ ဆရာဝန်ဟာ ဒေသခံပြည်သူတွေကို ဆေးဝါး ကုသမှု ပေးနေတဲ့ … - [စစ်ကိုင်းတိုင်း ကောလင်း၊ ကျွန်းလှနဲ့ ခင်ဦးနယ်ထဲ တိုက်လေယာဉ် လေးစီးနဲ့ ဗုံးပတ်ကြဲနေ၊](https://mfp-mm.com/news/4386/): ထင်လင်း/MFP၊ ဇန်နဝါရီ – ၅ စစ်ကိုင်းတိုင်းထဲက ကောလင်း၊ ကျွန်းလှနဲ့ ခင်ဦးမြို့နယ်တွေထဲက အာဏာသိမ်း စစ်အုပ်စုက တိုက်လေယာဉ် လေးစီးနဲ့ ဗုံးပတ်ကြဲ သတ်ဖြတ်နေတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။ ဇန်နဝါရီ ၅ရက် ဒီကနေ့ ည၉နာရီဝန်းကျင်အချိန် မန္တလေးမြို့ တံတားဦးလေဆိပ်က တက်လာတဲ့ တိုက်လေယာဉ်နှစ်စီး၊ မိတ္ထီလာမြို့ ရှမ်းတဲလေတပ်က တက်လာတဲ့ တိုက်လေယာဉ် နှစ်စီး၊ စုစုပေါင်း တိုက်လေယာဉ် လေးစီးနဲ့ မြို့၊ရွာတွေပေါ် ဗုံးပတ်ကြဲနေတာလို့ ဆိုပါတယ်။ “ကောလင်း တစ်စီး၊ ခင်ဦး တစ်စီး၊ ကျွန်းလှ နှစ်စီးနဲ့ ပတ်ကြဲတာ။ အထိအခိုက်၊ နေရာတွေ မသိရသေးပါ” လို့ ခင်ဦးနယ်ခံ တစ်ဦးက ပြောပါတယ်။ ကာလင်းနယ် အနောက်ခြမ်းနဲ့ ခင်ဦးနယ်က စစ်ဘေးရှောင်ပြည်သူတွေ ခိုလှုံနေတဲ့ စာသင်ကျောင်းတွေ ဗုံးကြဲခံရတယ်လို့ သတင်းကြားရပြီး အသေးစိတ်ကိုတော့ မသိရသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။ မင်းအောင်လှိုင် ဦးဆောင်တဲ့ အာဏာသိမ်း စစ်အုပ်စုဟာ နိုင်ငံတဝန်း အရပ်သားပြည်သူကို ပစ်မှတ်ထားကာ ထင်တိုင်းကျဲ ဗုံးကြဲသတ်ဖြတ်နေတာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာလအတွင်း စစ်ကိုင်း၊ မကွေး၊ မန္တလေး၊ ကချင်နဲ့ ရခိုင်စတဲ့ နိုင်ငံတဝန်း တိုင်းနဲ့ပြည်နယ် အနှံ့က မြို့၊ရွာတွေကို ၁၁၉ ကြိမ် လေကြောင်းဗုံးကြဲခဲ့ရာ ကလေးသူငယ်၊ အမျိုးသမီးနဲ့ ရဟန်းသံဃာတွေ အပါအဝင် ၁၇၆ဦး သေဆုံးပြီး ၃၂၀ ကျော် ဒဏ်ရာရခဲ့တယ်လို့ မြန်မာ့ စစ်ဘက်ရေးရာနဲ့ လုံခြုံရေးဆိုင်ရာ … - [ဝန်းသိုမြို့ရှိ စစ်အုပ်စုကို တိုက်ခိုက်မှာမို့ ပြည်သူတွေ ဇန်နဝါရီ ၉ရက် နောက်ဆုံးထားကာ မြို့က ထွက်ခွာဖို့ PDF သတိပေး၊](https://mfp-mm.com/news/4380/): ဒေါ်လာ/MFP၊ ဇန်နဝါရီ – ၅ စစ်ကိုင်းတိုင်း၊ ကောလင်းခရိုင်၊ ဝန်းသိုမြို့အား ထိုးစစ်ဆင် တိုက်ခိုက်တော့မှာမို့ ပြည်သူတွေ အနေနဲ့ ဇန်နဝါရီ ၉ရက် နောက်ဆုံးထားကာ မြို့ကနေ ထွက်ခွာကြဖို့ အမှတ်(၁)စစ်ဒေသ၊ ကောလင်းခရိုင် PDF အမှတ်(၄)တပ်ရင်း – Wuntho People Defense Force – WPDF က သတင်း ထုတ်ပြန်ပါတယ်။ “ဝန်းသိုမြို့အတွင်း နေထိုင်လျှက်ရှိသော မိဘပြည်သူများအား အမှတ်(၁)စစ်ဒေသ ကောလင်းရိုင် အမှတ်(၄)တပ်ရင်းမှ ဇန်နဝါရီ ၉ရက် နောက်ဆုံးထား၍ မြို့အတွင်းမှ ထွက်ခွာပေးနိုင်ပါရန် အသိပေး ပြန်ကြားအပ်ပါသည်။ မိဘပြည်သူများ အနေဖြင့် အခြား‌သော မြို့များနည်းတူ စစ်ကော်မရှင်၏ လူသားဒိုင်းအဖြစ် အသုံးပြု မခံရစေရန် ရည်ရွယ် ထုတ်ပြန်အပ်ပါသည်” တိုက်ပွဲဖြစ်ပွားချိန်တိုင်း စစ်အုပ်စုက ပြည်သူကို လူသားဒိုင်းကာအဖြစ် အသုံးချလေ့ရှိတာကြောင့် ဝန်းသိုမြို့က ပြည်သူတွေ လူသားဒိုင်းမဖြစ်စေရေး အခုလို သတိပေးတာလို့ ကောလင်းခရိုင် အမှတ်(၄) တပ်ရင်း ပြောရေးဆိုခွင့်ရှိသူက MFP ကို ပြောပါတယ်။ “ကျွန်တော်တို့ကတော့ အခြားမြို့တွေလို ပြည်သူကို အဖြစ်မခံနိုင်ပါဘူး။ ပြီးတော့ (ဝန်းသိုမှာ စစ်အုပ်စု) တပ်ရင်း နှစ်ရင်း၊ ခမရ ၁၂၀ နဲ့ ခမရ ၁၁၁ ရှိနေတဲ့အတွက် ကျွန်တော်တို့ တော်တော် ကြိုးစားကြရမှာ ဖြစ်လို့ ပြည်သူကို ငဲ့ကွက်တဲ့အနေနဲ့ ထုတ်ပြန်ပေးရတာပါခင်ဗျ” ဝန်းသိုမြို့မှာ စစ်အုပ်စုရဲ့ တပ်ရင်တွေ ဖြစ်တဲ့ ခြေမြန်တပ်ရင်း (ခမရ) ၁၂၀ နဲ့ … - [“ကသာ မှသည် ဗန်းမော်ဆီသို့” ကသာမြို့သိမ်းတိုက်ပွဲ ဘယ်ဆီဦးတည်နေလဲ](https://mfp-mm.com/articles/4372/): ဆောင်းနွေဦး၊Reddy Simon/ MFP – ဇန်နဝါရီ – ၅ စစ်ကိုင်းတိုင်းအထက်ပိုင်းရဲ့ နာမည်ကျော် (က)သုံးလုံးခရိုင်၊ ကသာမြို့နယ်မှာ စစ်အုပ်စုတပ်နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေအကြား ဒီဇင်ဘာလ ၂၈ ရက်ကနေ ဒီနေ့အထိ တိုက်ပွဲတွေ ပြင်းထန် နေပါတယ်။ စစ်အုပ်စုရွေးကောက်ပွဲနေ့ ကစလို့ သေနတ်သံတဖန်ညံခဲ့တဲ့ ကသာမြို့နယ်ဟာ မြို့သိမ်းတိုက်ပွဲ အသွင် ဆောင်ကြောင်းတော်လှန်ရေးတပ်ဖွဲ့တွေက ကြုံးဝါးထားပါတယ်။ ဒီတိုက်ပွဲမှာ ကချင်လွတ် မြောက်ရေးတပ်မတော်(KIA)၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ ကွန်မြူနစ်ပါတီရဲ့တပ် (PLA)တို့အပြင် မကြာသေးခင်မှစုစည်းခဲ့တဲ့ SRA အဖွဲ့တို့ ပါဝင်ကြတာဟာထူးခြားချက်ပါ။  စစ်အုပ်စုကလည်း ကသာမြို့ ရဲ့အနောက်တောင်ဘက်မှာရှိတဲ့ ခမရ–၃၀၉ တပ်ရင်းအပါအဝင် အထိုင်စခန်းတွေကို လက်မလွှတ်ရဖို့အတွက် လေကြောင်းနဲ့လက်နက်ကြီးတွေ ဆက်တိုက်ပစ်ခတ်ကာ အပြင်းအထန်ခုခံနေဆဲဖြစ်ပါတယ်။  ကသာမြို့ ရဲ့ နောက်ဆုံးရ တိုက်ပွဲတွေအခြေအနေနဲ့ ဒီဒေသဟာ စစ်ရေးအရ ဘယ်လောက် အရေးပါ သလဲစတဲ့ အခြေအနေတွေကို MFP က စုစည်းဖော်ပြလိုက်ပါတယ်။ ကသာမြို့နယ်ဟာ စစ်ကိုင်းတိုင်းအထက်ပိုင်းရဲ့ ခရိုင် ရုံးစိုက်ရာ မြို့တစ်ခုလည်းဖြစ်သလို စစ်ကိုင်း တိုင်းကနေကချင်ပြည်နယ်ကို ဝင်ရောက်နိုင်တဲ့ တစ်ခုတည်းသောရေလမ်းကြောင်း ဝင်ပေါက် ရှိနေပါတယ်။  ဒီရေကြောင်းခရီးဟာ စစ်ရေးအရ အင်မတန်အရေးကြီးကြောင်း ၂၀၂၄ နဲ့ ၂၀၂၅ ခုနှစ်အတွင်း ကသာမြို့နဲ့ ထီးချိုင့်အနီးတဝိုက် ဧရာဝတီမြစ်တွင်း ရေကြောင်းတိုက်ပွဲတွေက သက်သေပါပဲ။ ။ လွန်ခဲ့တဲ့ နှစ်နှစ်အတွင်း စစ်အုပ်စုတပ်ဟာစစ်ကိုင်းတိုင်းအထက်ပိုင်းကနေ ကချင်ပြည်နယ်အထိကို လူ၊လက်နက်၊ရိက္ခာစတဲ့ ထောက်ပို့ရေးတွေမျာ ရေလမ်းကြောင်းကိုအဓိကအားကိုးအသုံးပြု နေခဲ့တာပါ။  စစ်ကောင်စီက ၂၀၂၄ ခုနှစ်အတွင်း ဒီဒေသတဝိုက် ဧရာဝတီမြစ်ဘေးကမ်းကျေးရွာတွေကို လေယာဉ်၊ စစ်သင်္ဘောတွေ ဘက်စုံ အသုံးပြုပြီး တိုက်ခိုက်မှုပြုလေ့ရှိခဲ့ရာကနေ ၂၀၂၅ မှာမြေပြင် ထိုးစစ်ဆင်နိုင်မှု လျော့နည်းလာခဲ့ပါတယ်။ လက်ရှိအချိန်မှာ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေ ကသာမြို့ကို သိမ်းယူနိုင်ပြီးရင် အခြေအနေကို ပြောင်းပြန်လှန်ပစ်ဖို့အခွင့်အရေးတစ်ရပ်ပါ။ ကချင်လွတ်မြောက်ရေးတပ်(KIA)ရဲ့ ပြောခွင့်ရ ဗိုလ်မှူးကြီးနော်ဘူကတော့ ဒီတိုက်ပွဲကို “ကသာ ကနေ ဗန်းမော်ဆီသို့” လို့ ညွှန်းဆိုပြီးပြောပါတယ်။   “ တပ်စခန်းတချို့ သိမ်း ရတယ်ဆိုတဲ့ သတင်းတွေကတော့ မကြားရသေးပါဘူး။ ဒါပေမဲ့ စခန်းငယ်လေးတွေတော့ သိမ်းရတာရှိပါတယ်။ ပင်မစခန်းတွေသိမ်းရတယ်ဆိုတာတော့ မကြားရသေးပါဘူး” လို့ ဗိူလ်မှူးကြီးနော်ဘူက MFP ကို အခုလိုဆက်ပြီး ပြောပါတယ်။  “ ကသာတို့ ရွှေကူတို့ ဗန်းမော်တို့က ရေလမ်းကြောင်းအရ တော်တော်အရေးပါတဲ့ မြို့ကြီးတွေဖြစ်ပါတယ်။ သိမ်းနိုင်လို့ရှိရင်တော့ ကျွန်တော်တို့ကချင်ပြည်နယ်နဲ့ လက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေ PDFတွေအတွက် ထိရောက်တဲ့အောင်ပွဲတွေဖြစ်လာမယ်လို့ မျှော်မှန်းပါတယ်” လို့ ဗိုလ်မှူးကြီးနော်ဘူကမှတ်ချက်ပေးပါတယ်။  ကသာမြို့နယ်မှာ မြို့ပေါ်ရပ်ကွက် ၁၀ရပ်ကွက်နဲ့ ကျေးရွာအုပ်စု ၃၂ စုနဲ့ လူဦးရေတစ်သိန်းခွဲ ကျော် နေထိုင်ပြီး အဲဒီအထဲက မြို့ခံတစ်သိန်းကျော် တိုက်ပွဲပြင်းထန်နေတဲ့ ကသာမြို့ကနေ စွန့်ခွာလာပေမယ့် သက်ကြီးရွယ်အိုတွေ၊ မသန်စွမ်းတွေနဲ့ မရွှေ့ပြောင်းနိုင်သူတွေ ကျန်နေခဲ့တယ်လို့ မြို့ခံတွေက ဆိုပါတယ်။ လူမှုကွန်ရက်မှာ တွေ့မြင်ရတဲ့ ရုပ်သံတွေအရ ကသာမြို့နေ လူတန်းရှည်ကြီးဟာ ကား၊ဆိုင်ကယ်တွေ အမျိုးမျိုးနဲ့ မြို့ကိုစွန့်ခွာနေကြလို့ တစ်ဖက်မှာလည်း သက်ကြီးရွယ်အိုတွေနဲ့ ကလေးသူငယ် တွေ ရွှေ့ပြောင်းဖို့ ခက်ခဲနေကြပုံနဲ့ မြို့ခံအချင်းချင်းရိုင်းပင်းကူညီမှုတွေကို  မြင်တွေ့နေရပါတယ်။ “ဒီပုံစံအတိုင်းဆို ကသာကို မပြန်နိုင်လောက်တော့ဘူးထင်ပါတယ်ဗျာ” လို့ ကသာဒေသခံတစ်ဦးက အခုလိုဆိုပါတယ်။ ကသာမြို့ရဲ့ အရှေ့ပိုင်းကလွဲရင် ကျန်တဲ့နေရာသုံးခုမှာ တိုက်ပွဲဖြစ်နေတာကြောင့် ပြည်သူတွေဟာ မြို့တွင်းလမ်းမကြီးတွေကိုအသုံးမပြုတော့ဘဲ ပစ်ခတ်ခတ်သံတွေကို ရှောင်နိုင်ဖို့ ခပ်ဝေးဝေးက နေရာတွေကို ရွေးချယ်သွားလာနေကြကြောင်းသူကပြောပါတယ်။  မန္တလေး-ကသာလမ်းမကြီးကနေတဆင့် ကာကွယ်ရေးတပ်တွေရဲ့ အကူအညီနဲ့ ထွက်ပြေးလာရခဲ့တဲ့ လုံခြုံရေးအရ နာမည်လွှဲထားသူ ကိုကင်းကလည်း  “စတိုက်တာက မန္တလေး-ကသာ လမ်းကိုတိုက်တယ်။ မြို့မြောက်ခြမ်းက စေတီကုန်းကတိုက်တယ်။မြို့တောင်ဘက်ခြမ်းဆို ကျန်တောက တိုက်တယ်။ မြစ်ကြောင်းဘက်က တိုက်တယ်။ မြို့လေးဖက်လေးလံက တိုက်နေတာပါ” လို့MFP ကိုပြောပါတယ်။ “ ကျွန်တော်တို့က တစ်မြန်မနှစ်က (၂၀၂၃ခုနှစ်)က ဒီလိုသတင်းတွေကြားလို့ ပြေးခဲ့ပြီးပြီဗျ၊ ဘာမှမဖြစ်ဘဲ မြို့ကိုအေးအေးဆေးဆေးပြန်နေရတာရှိတော့။ ဒီတစ်ခေါက်လည်း အေးဆေးနေနေကြတာ။ အဲဒါနဲ့ ရွေးကောက်ပွဲရက်ကြတော့ မရတော့ဘူးဆိုတာ သိလိုက်တယ်။ အဲဒါကြောင့် ကျွန်တော်တို့လည်း ပစ္စည်းတွေထုတ်ပြီး ၃၁ ရက်နေ့ မြို့က ထွက်ခွာကြတာ” လို့သူက ရှင်းပြပါတယ်။ ကသာမြို့အတွင်းက ပြည်သာယာ၊ ကျန်တော၊ လယ်ပြင်စု၊ တပ်ဦးကျောင်း၊ သဖန်းဆိုင်း၊ ပတ္တမြား၊ လျှပ်စစ်ကုန်း၊ ပိန္နဲကုန်းနဲ့ကျန်တောစတဲ့ ကျေးရွာရပ်ကွက်တွေမှာ နေထိုင်တဲ့ မြို့ခံတစ်ဝက်လောက်ဟာ ဒီဇင်ဘာလ ၂၉ ရက်ညပိုင်းကတည်းက စစ်ဘေးရှောင်ထွက်ပြေးနေကြတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် နေအိမ်တွေမှာ ဆက်လက်မနေထိုင်ရဲတော့တဲ့ မြို့ခံတွေကလည်းဘုန်းကြီးကျောင်းတွေနဲ့ ခရစ်ယာန်ဘုရားကျောင်းတွေစတဲ့ သာသနိကအဆောက်အဦးလိုနေရာတွေမှာ စုပေါင်းနေထိုင်နေကြတယ်လို့ မြို့ခံတွေကပြောပါတယ်။ စစ်ကောင်စီတပ်တွေဘက်က အခြေအနေကို CDM ဗိုလ်ကြီးဇင်ယော်ကတော့ အခုလိုဆိုပါတယ်။ “ခမရ -၃၀၉ မကျရင် ဗန်းမော်မကျဘူး”  ကသာမြို့စောင့်တပ်ဖြစ်တဲ့ ခမရ-၃၀၉ ဟာ အင်အား ၅၀၀ ကျော်အထက်ရှိနေပြီး စစ်လက်နက်ရိက္ခာလည်း တောင့် တင်းတယ်လို့ CDM ဗိုလ်ကြီးဇင်ယော်က MFP ကိုပြောပါတယ်။ လက်ရှိအခြေအနေမှာ စစ်အုပ်စုရဲ့ ခမရ -၃၀၉ တပ်ဟာအထိအခိုက်အဆုံးရှုံးတွေရှိနေပေမယ့် လေကြောင်းက အင်အားဖြည့်တင်းမှုတွေနဲ့ အတူအပြင်းအထန်ခုခံနေကြောင်း စစ်လော်ဘီသတင်းတွေက ဖြန့်ဝေနေကြပါတယ်။ အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) လက်အောက်ခံ ကသာအခြေစိုက် ခမရ (၃၀၉) တပ်ကို ဗျူဟာမှူးအဆင့်ရှိသူကကွပ်ကဲနေပြီး တပ်ဝင်းထဲက ဦးဆောင် အရာရှိအချို့ Drop Bombထိမှန်ထား ကြောင်းသတင်းတွေထွက်ပေါ်နေပေမယ့် မှန်ကန်ကြောင်း အတည်မပြုနိုင်ပါဘူး။ ခမရ-၃၀၉ တပ်ဟာ အခုနောက်ပိုင်းဖွဲ့စည်းထားတဲ့ တပ်မဟုတ်ဘဲ ဗြိတိသျှလက်ထက်အလွန် လွတ်လပ်ရေးရပြီးနောက် မြို့တမြို့လုံးကို လွှမ်းခြုံကြည့်နိုင်သော ဗျူဟာကျတဲ့နေရာကို သေချာ ရွေးချယ်ထားခဲ့တာလို့ ဆိုပါတယ်။  ဒါကြောင့် ခမရ-၃၀၉ တပ် ကျမကျဟာ ကသာတိုက်ပွဲမှာ စစ်ရေးအရ အရေးပါနေ တယ်လို့ဗိုလ်ကြီးဇင်ယော်ကအခုလို ပြောပါတယ်။ “ခမရ-၃၀၉ မကျရင် ဗန်းမော်မကျဘူး။ ဘာလို့ဆိုတော့ ကသာက ၃၀၉ ကိုအရင်မတိုက်နိုင်ရင် လွိုင်ကော်တို့ အခုရင်ဆိုင်နေရတဲ့ ဗန်းမော်တို့လို့ ပုံစံအတိုင်း ဖြစ်သွားမယ်။ ကသာမြို့ရဲ့ တိုက်ပွဲ အဆုံးအဖြတ်က ခမရ-၃၀၉ပဲ။ ၃၀၉ သာ ပြန်ဆုတ်မယ်ဆိုရင်ကသာကို လွတ်လွတ်ကျွတ်ကျွတ်ရပြီ”  လက်ရှိ ခမရ-၃၀၉မှာ လက်ကျန်တပ်အင်အားနဲ့ တပ်မ -၇၇ (အင်းတော်မှတပ်)လက်ကျန်များစုပေါင်း အင်အား ၃၀၀ နဲ့ ၅၀၀ကြားရှိတယ်လို့ သူက ခန့်မှန်းထားပါတယ်။ စစ်ကိုင်းတိုင်းအထက်ပိုင်းမှာခြေကုတ်ယူထားတဲ့ KIA နဲ့ PDF ပူးပေါင်းတပ်တွေဟာ ကောလင်းမြို့ကို ၂၀၂၃ ခုနှစ် နိုဝင်ဘာ မှာသိမ်းယူခဲ့ပြီးနောက် ၂၀၂၅ ခုနှစ်အတွင်း ဗန်းမောက်နဲ့ အင်းတော် စတဲ့ မြို့များကိုလည်းသိမ်းပိုက်ခဲ့ပြီးနောက် ကသာမြို့ဟာပိတ်ဆို့ခံထားရခြင်းဖြစ်ပါတယ်။ ဒါ့အပြင် ကသာမြို့ကို သိမ်းပိုက်နိုင်ပါက ကချင်ပြည်နယ် ဗန်းမော်မြို့ကို ခါးဆက်ဖြတ်နိုင်ပြီဖြစ်ပြီး စစ်ကောင်စီရဲ့ စစ်ရေယာဉ်တွေ တထောက်နားပြီးအင်အားဖြည့်တင်းစရာမရှိနိုင်တော့ဘူးလို့ ကိုဇင်ယော်က ဆိုပါတယ်။ ခမရ -၃၀၉ တပ်တွေ ဆုတ်ခွာသွားမလား တော်လှန်ရေးတပ်ဖွဲ့ဝင်တွေရဲ့ ချေမှုန်းခြင်းကို ခံရမလား ဆိုတဲ့ အပေါ်မှာ စစ်ပွဲရဲ့အတိုင်းအထွာကမူတည်နေပါတယ်။ “သူတို့ပြေးစရာလမ်းကြောင်းကလည်း အခုအချိန်မှာ ရေလမ်းကြောင်းတစ်ပေါက်ရှိနေသေးတယ်” လို့ဆိုပါတယ်။ လတ်တလောမှာ ခမရ -၃၀၉ အတွင်းမှာ ကသာမြို့က စစ်အုပ်စုတပ်လက်အောက်ခံ Non-CDM ဝန်ထမ်းတွေ သွားရောက်ခိုလှုံနေတာတွေရှိနေပြီး ကသာထောင်အနီးအထိတော်လှန်ရေးတပ်တွေက ထိုးဖောက်ထားနိုင်တယ်လို့ နောက်ဆုံးသတင်းရရှိထားပါတယ်။ - [ယင်းမာပင်နယ် စစ်အုပ်စု ဝင်မွှေမီးရှို့တဲ့ ရွာမှာ လက်နက် အကြွင်းအကျန် ပေါက်ကွဲလို့ ကလေးတစ်ဦး သေဆုံး၊](https://mfp-mm.com/news/4364/): မုံရွာ ချောင်းဦးမှာလည်း စစ်အုပ်စုက ရွာထဲ မိုင်းတွေ ထောင်ခဲ့လို့ ပြည်သူတွေ အိမ်ပြန်မနေရဲ၊ သုထက်/MFP၊ ဇန်နဝါရီ – ၅ စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ ကျောက်မှော်ကျေးရွာကို စစ်အုပ်စု စီးနင်းကာ နေအိမ်တွေ ဖောက်ထွင်းလုယက်၊ မီးရှို့ပြီး ပြန်ထွက်သွားချိန် စွန့်ပစ်ခဲ့တဲ့ ၄၀ မမ ကျည်ဖူးကို ဆော့ကစားမိရာက ပေါက်ကွဲလို့ အသက်ကိုးနှစ်အရွယ် ကလေးငယ်တစ်ဦး သေဆုံးတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။ ဇန်နဝါရီ ၂ရက် နေ့လည်ပိုင်းက ယင်းမာပင်နယ်၊ ကျောက်မှော်ရွာရဲ့ မြောက်ဖက် လယ်ကွင်းအစပ်မှာ ကလေး လေးယောက် ဆော့ကစားရင်း ပေါက်ကွဲမှုဖြစ်လို့ တစ်ယောက် ထိခိုက် သေဆုံးတာလို့ ဆိုပါတယ်။ “ကလေးတွေ ကစားတာက အတူတူပဲ၊ အခြားကလေးတွေက အိမ်ပြန်မယ်ဆိုပြီးအပြန် အေးမင်းမောင်ဆိုတဲ့ ကလေးက တုတ်နဲ့ရိုက်ပြီး ဆော့ကစားနေရစ်ပြီး ပေါက်ကွဲမှု ဖြစ်တာ”လို ဒေသခံ ပရဟိတလုပ်ဆောင်နေတဲ့ လူငယ်တစ်ဦးက MFP ကို ပြောပါတယ်။ အဲ့ဒီ ကျောက်မှော်ရွာကို စစ်အုပ်စုက ဒီဇင်ဘာလ ၁၆ ရက်ကနေ ၁၉ ရက်အထိ လေးရက်ကြာ စီးနင်း တပ်စွဲခဲ့ကာ ဒေသတွင်း အိမ်မီးရှို့၊ လူသတ်၊ လုယက်၊ နေအိမ်ဖောက်ထွင်းခိုးယူတာတွေ ကျူးလွန်ခဲ့တာ ဖြစ်ပါတယ်။ ကျောက်မျှော်ရွာဟာ ယင်းမာပင်နယ် အရှေ့မြောက်ခြမ်း၊ ကနီနယ်အစပ်၊ ချင်းတွင်းမြစ်ရိုးမှာ တည်ရှိတာ ဖြစ်ပြီး စစ်အုပ်စုဟာ ဒီဇင်ဘာ တတိယပတ်အတွင်း ကျောက်မှော်ရွာ အပါအဝင် ကျောက်ကုန်း၊ ကျွန်းပေါ်၊ နှောပင်၊ … - [စဉ့်ကူးမြို့နယ် ကြက်တူရွေးကျေးရွာကို စစ်အုပ်စု လေးကြိမ်မြောက် မီးရှို့ဖျက်ဆီးနေ၊](https://mfp-mm.com/news/4361/): MN/MFP ၊ ဇန်နဝါရီ – ၅ မန္တလေးတိုင်း၊ သပိတ်ကျင်းခရိုင်၊ စဉ့်ကူးမြို့နယ်က ကြက်တူရွေးရွာကို စစ်အုပ်စုတပ်က ဇန်နဝါရီ ၅ ရက် ဒီနေ့မှာ ဝင်ရောက်စီးနင်းပြီးနောက် နေအိမ်တွေကို လေးကြိမ်မြောက် မီးရှို့ဖျက်ဆီးနေတယ်လို့ Wetlet Information Network တာဝန်ရှိသူတွေက MFP ကို ပြောပါတယ်။ အင်အား ၁၀၀ ကျော်ပါတဲ့ စစ်အုပ်စုတပ်ဟာ မတ္တရာမြို့နယ် အနောက်ခြမ်းက ကျေးရွာတွေကို ပြီးခဲ့တဲ့ ၂၀၂၅ ဒီဇင်ဘာလအတွင်းက စီးနင်းလုယက်မီးရှို့ဖျက်ဆီးခဲ့ပြီးနောက် အခုနှစ်ဇန်နဝါရီလ ၂ ရက်မှာ နယ်မြေချင်းထိစပ်နေတဲ့ စဉ့်ကူးမြို့နယ်ထဲကို စတင်ဝက်ရောက်ခဲ့ပြီး ကျေးရွာတွေကို ဆက်လက်မီးရှို့နေတာဖြစ်ပါတယ်။ ဇန်နဝါရီ ၃ ရက်နေ့လယ်ပိုင်းက စဉ့်ကူးနယ်အနောက်တောင်ခြမ်း ဧရာဝတီမြစ်ကမ်းဘေးရှိ ကျွန်းကြီးရွာကို စီးနင်းဝင်ရောက်နေတဲ့ စစ်အုပ်စုတွေဟာ ပြည်သူပိုင်နေအိမ်တွေကို စီးနင်းလုယက်မီးရှို့ခဲ့ပြီးနောက် ဒီကနေ့ ဇန်နဝါရီ ၅ ရက်မှာ ကြက်တူရွေးရွာထဲကို ဝင်ရောက်ပြီး နေအိမ်တွေကို မီးရှို့ဖျက်ဆီးနေတယ်လို့ Wetlet Information Network ရဲ့တာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။ “လက်ရှိ စစ်ကြောင်းကတော့ မီးရှို့ပြီးတော့မှ ကျွန်းကြီး၊ ကျွန်းတော်၊ ကြက်တူရွေး အဲဒီရွာတွေမှာ စစ်ကော်မရှင်က ဥက္ကဌတွေဖွဲ့ပေးပြီးတော့ မဲပေးဖို့စေခိုင်းတာတွေရှိနေတယ်လို့ ကြားရတယ်။ လက်ရှိ ပြည်သူတွေကတော့ ပြေးနေရတယ်။ မီးရှို့ခံရတဲ့ အရေအတွက် အသေးစိတ်ကိုတော့ မသိရသေးပါဘူး” ၂၀၁၄ သန်းခေါင်စာရင်းအရ ကြက်တူရွေးကျေးရွာဟာ လူဦးရေ သုံးထောင်နီးပါးနေထိုင်ပြီး ပြီးခဲ့တဲ ၂၀၂၃ ခုနှစ် မေလတစ်လအထဲမှာပဲ စစ်အုပ်စုတပ်က သုံးကြိမ်ဝင်ရောက် မီးရှို့ခဲ့တာကြောင့် နေအိမ် တစ်ရာကျော် မီးလောင်ပျက်စီးခဲ့တယ်လို့ … - [ကသာမှာ တိုက်ပွဲငြိမ်သက်နေပေမဲ့ စစ်အုပ်စုလေကြောင်းကနေ လူနေရပ်ကွက်တွေကို ဆက်တိုက်ဗုံးကြဲနေ၊](https://mfp-mm.com/news/4358/): ဆောင်းနွေဦး/MFP၊ ဇန်နဝါရီ – ၅ စစ်ကိုင်းတိုင်း၊ ကသာခရိုင်၊ ကသာမြို့နယ်မှာ တော်လှန်ရေးပူးပေါင်းတပ်တွေနဲ့ စစ်အုပ်စုတပ်တို့အကြား ဇန်နဝါရီလ ၃ ရက်ကနေ ဒီနေ့အထိ သုံးရက်ဆက်တိုက် တိုက်ပွဲငြိမ်သက်နေပေမဲ့ လေကြောင်းကနေ လူနေရပ်ကွက်တွေကို ဗုံးကြဲတိုက်ခိုက်နေတယ်လို့ မြို့ခံတွေက ပြောပါတယ်။ စစ်အုပ်စုတပ် ဦးဆောင်ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲနေ့ဖြစ်တဲ့ ဒီဇင်ဘာလ ၂၈ ရက်ညပိုင်းကတည်းက မြို့တောင်ဘက်ကလွဲရင် စေတီကုန်း၊ ခမရ-၃၀၉ တပ်ရင်းနဲ့ မန္တလေး-ကသာလမ်းမတွေမှာ တိုက်ပွဲတွေ စတင်ခဲ့တာဖြစ်ပါတယ်။ တစ်ပတ်နီးပါးအကြာ တိုက်ပွဲပြင်းထန်ခဲ့ပြီးနောက် နှစ်ဖက်ပစ်ခတ်မှုတွေမရှိတော့ဘဲ စစ်အုပ်စုတပ်က လေကြောင်းကနေ မြို့ပတ်ပတ်လည်မှာရှိတဲ့ဘူနေရပ်ကွက်တွေကို လေကြောင်းကနေ ဗုံးကြဲနေတာလို့ ဆိုပါတယ်။ ဇန်နဝါရီ ၄ ရက်နေ့မှာတော့ ကသာ-ဗန်းမော်ကားလမ်းမဘေး၊ ရက်ကွက်-၉ အနီးက ကားကြီးကွင်းကို လေကြောင်းကနေ စစ်အုပ်စုတပ် ဗုံးကြဲခဲ့သလို ဒီနေ့ နေ့လယ် ၂နာရီမှာတော့ ရပ်ကွက် -၈ ကိုဗုံးကြဲတိုက်ခိုက်ရာမှာ နေအိမ်တွေမီးလောင် နေတယ်လို့ လုံခြုံရေးကြောင့် အမည်မဖော်လိုတဲ့ ကသာမြို့ခံတစ်ဦးက ပြောပါတယ်။ “ရက်ကွက်-၈ က မီးလောင်နေတာတော့ မြင်ရတယ်။ အခုထိ မငြိမ်းနိုင်သေးပါဘူး။ အကျဉ်းထောင်တို့ ရဲစခန်းတို့က မရသေးပါဘူး။ မြို့တွင်းက အိမ်တွေ ထိတာ၊ မိီးလောင်တာတွေတော့ ရှိပါတယ်။ ဒီနေ့မနက်ပိုင်းတော့ အပစ်အခတ်မရှိကြတော့ မြို့က လူပြန်ထွက်လာတယ်။ ဈေးလေးတွေလည်း ပြန်ရောင်းလာကြတယ်။ ဘယ်လိုပဲဖြစ်ဖြစ် နားစွင့်ပြီး သွားလာနေကြရတာပါ။ မြို့ကတော့ လုံးဝပိတ်ထားပါတယ်။ အပြင်ကလူလည်း အထဲပြန်ဝင်လို့မရသလို အထဲကလည်း ပေးမထွက်ပါဘူး”ကသာမြို့သိမ်းတိုက်ပွဲ အခြေအနေနဲ့ပတ်သက်ပြီး ဒေသအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့တွေဘက်က တစ်စုံတစ်ရာထုတ်ပြန်တာမျိုး အခုအချိန်အထိ မတွေ့ရသေးပါဘူး။ အာဏာသိမ်းပြီးနောက်ပိုင်း … - [မြောင်နယ် နဘက်ကျေးရွာကို စစ်အုပ်စု ဂျိုင်ရိုကော်ပတာသုံးစီးနဲ့ ဗုံးကြဲတာကြောင့် နှစ်ဦးသေဆုံး ငါးဦးဒဏ်ရာရ၊](https://mfp-mm.com/news/sagaing/4352/): MN/MFP ၊ ဇန်နဝါရီ – ၅ စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်ထဲက နဘက်ကျေးရွာကို ဇန်နဝါရီ ၅ ရက် ဒီကနေ့မနက် ၁၀နာရီဝန်းကျင်မှာ စစ်အုပ်စုတပ်က ဂျိုင်ရိုကော်ပတာသုံးစီးနဲ့ လေကြောင်းဗုံးကြဲခဲ့တာကြောင့် အမျိုးသမီးတစ်ဦးနဲ့ အမျိုးသား တစ်ဦး ထိမှန်သေဆုံးကာ ငါးဦးထိခိုက်ဒဏ်ရာရတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။ စစ်အုပ်စု ဗုံးသီးချပစ်ခတ်မှုကြောင့် အသက် ၃၀ အရွယ် ဒေါ်ဒေလီကျော်နဲ့ လူလတ်ပိုင်းအရွယ် ကိုအေးကိုတို့နှစ်ဦးဟာ နေရာမှာတင်သေဆုံးခဲ့ပြီး ငါးဦးခန့် ထိခိုက်ဒဏ်ရာရကာ နေအိမ်သုံးလုံးလည်း ဗုံးအစထိမှန် ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။ မြောင်မြို့နယ် အနောက်ခြမ်း မြောင်-ပရိမ္မ ကားလမ်းနံဘေးက အိမ်ခြေ ၁၀၀၀ ကျော်ရှိတဲ့ နဘက်ကျေးရွာကို တိုက်ပွဲမရှိဘဲ စစ်အုပ်စုက ဂျိုင်ရိုကော်ပတာနဲ့ ပေါင် ၁၂၀ ဗုံးသီးသုံးလုံး ကြဲချတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ရွာခံတစ်ယောက်က ပြောပါတယ်။ “ဗုံးသီးချတာက မြသိန်းတန်ဘုရားထဲမှာ စာသင်နေတာကို ချတာ။ ဂျိုင်ရိုကော်ပတာနဲ့ ၁၂၀ ဗုံးသီး သုံးလုံးချတာမှာ တစ်လုံးပဲ ကွဲတာ။ တစ်လုံးက မြသိန်းတန်ဘုရားနားက မန်ကျည်းပင်ပေါ်မှာ တင်နေတာ။ တစ်လုံးက တခြားနေရာမှာ ကျတာ။ သေဆုံးတာကတော့ နှစ်ဦးပါ။ အမျိုးသမီးတစ်ဦးနဲ့ အမျိုးသား တစ်ဦးပါ။ အမျိုးသမီးကတော့ ထက်ပိုင်းပြတ်ပြီးတော့ ဆုံးသွားတာ။ အမျိုးသားကတော့ ဦးခေါင်းထိ ဆုံးသွားတာပါ” စစ်အုပ်စုတပ်က လေကြောင်းကနေ ဗုံးသီးချတိုက်ခိုက်ရာမှာ မပေါက်ကွဲဘဲ ကျန်နေခဲ့တဲ့ ဗုံးသီးနှစ်လုံးကို တော်လှန်ရေးတပ်ဖွဲ့တွေက ရှင်းလင်းလုပ်ဆောင် ပေးခဲ့တယ်လို့လည်း သူကဆိုပါတယ်။ လက်ရှိမှာ ရေစကြိုနယ်ဘက်ကနေ မြောင်နယ် ကျောက်ရစ်ရွာပျူစခန်းကို … - [နိုင်ငံတစ်ဝန်း စစ်အုပ်စုလေကြောင်းတိုက်ခိုက်မှုကြောင့် တစ်လအတွင်း ၁၇၆ ဦးသေဆုံး၊ ၃၀၀ ကျော်ဒဏ်ရာရကြောင်း MDIS ထုတ်ပြန်၊စစ်ကိုင်းတိုင်းဟာ တစ်လအတွင်း အကြိမ်ရေ ၅၀ အထိ လေကြောင်းတိုက်ခိုက်ခံခဲ့ရ၊](https://mfp-mm.com/news/sagaing/4349/): ဆောင်းနွေဦး/MFP၊ ဇန်နဝါရီ – ၅ စစ်ကိုင်း၊ မကွေး၊ မန္တလေး၊ ကချင်နဲ့ ရခိုင်ပြည်နယ်စတဲ့ နိုင်ငံတစ်ဝန်းက မြို့နယ်တွေမှာ ဒီဇင်ဘာလ တစ်လအတွင်း လေကြောင်းတိုက်ခိုက်မှု အကြိမ်ရေ ၁၁၉ ကြိမ်ရှိခဲ့ပြီး လူပေါင်း ၁၇၆ဦး သေဆုံးကာ၊ ၃၀၀ ကျော်ဒဏ်ရာရခဲ့တယ်လို့ မြန်မာ့စစ်ဘက်ရေးရာနဲ့လုံခြုံရေးဆိုင်ရာ လေ့လာရေးအဖွဲ့(MDIS) က ဒီနေ့ ထုတ်ပြန်ပါတယ်။ စစ်အုပ်စုရဲ့ အချိန်မရွေးလေကြောင်းတိုက်ခိုက်မှုတွေကြောင့် အသက်မပြည့်သေးတဲ့ ကလေးသူငယ်နဲသက်ကြီးရွယ်အိုအပါအဝင် လူပေါင်း ၁၇၆ဦးထိ သေဆုံးခဲ့ရပြီး ၃၂၅ ဦးခန့်ဒဏ်ရာရရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ လေကြောင်းတိုက်ခိုက်မှုတွေ အနေနဲ့ စစ်ကိုင်းတိုင်းမှာ အကြိမ် ၅၀၊ မကွေးတိုင်းမှာ ၂၂ ကြိမ်၊ ကချင်ပြည်နယ်မှာ နှစ်ကြိမ်၊ မန္တလေးမှာ ၁၀ကြိမ်၊ ရှမ်းပြည်နယ်မှာ နှစ်ကြိမ်၊ ကယားပြည်နယ်မှာတစ်ကြိမ်၊ ရခိုင်ပြည်နယ်မှာ ၁၁ ကြိမ်၊ ပဲခူးတိုင်းမှာ ၁၁ ကြိမ်၊ ဧရာဝတီတိုင်းမှာ လေးကြိမ်နဲ့ ကရင်ပြည်နယ်မှာ တစ်ကြိမ်စီတို့ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာလမှာ လေကြောင်းတိုက်ခိုက်မှု ၆၆ ကြိမ်ရှိခဲ့ပြီး ဒီဇင်ဘာလမှာတော့ ၁၁၉ကြိမ်အထိ သိသိသာသာတိုးမြှင့်လာသလို စစ်ကိုင်း၊ မကွေး၊ ရခိုင်ပြည်နယ်နဲ့ ပဲခူးတိုင်းတို့ဟာ တိုက်ခိုက်ခံရမှု အများဆုံးအနေနဲ့တွေ့ရပါတယ်။ ဒါ့အပြင် လေကြောင်းတိုက်ခိုက်မှုတွေဟာ အရပ်သားတွေ အိပ်မောကျချိန်ဖြစ်တဲ့ ညပိုင်းအချိန်ကို ပိုဦးတည်ပစ်ခတ်လာသလို စစ်ရေးပစ်မှတ်မဟုတ်တဲ့ စာသင်ကျောင်း၊ ဘုန်းကြီးကျောင်း၊ စစ်ဘေးရှောင်စခန်း၊ ဆေးရုံတွေအပြင် သဘာဝသံယံဇာတာထွက်ရှိတဲ့ ရေနံမှော်နဲ့ ရွှေတူးဖော်ရေးလုပ်ငန်းတွေကို စစ်ရေးအရ ဖိအားပေးတိုက်ခိုက်နေတာ တွေ့ရတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ စစ်အုပ်စုတပ်ဟာ အရပ်သားတွေကို ပစ်မှတ်ထားတိုက်နေတဲ့ … - [ဟားခါးက ရွာနှစ်ရွာကို စစ်အုပ်စုဗုံးကြဲတာကြောင့် မိသားစုဝင် သုံးဦးသေဆုံး၊](https://mfp-mm.com/news/4346/): ဆောင်းနွေဦး/MFP၊ ဇန်နဝါရီ – ၅ ချင်းပြည်နယ်၊ ဟားခါးမြို့နယ်က ဟောတာရွာနဲ့ဟိုင်ဖိုင်ရွာကို ဒီဇင်ဘာလ ၄ ရက် ည ၁၂ နာရီဝန်းကျင်မှာ စစ်အုပ်စုလေကြောင်းကနေ ဗုံးကြဲခဲ့တာကြောင့် မိသားစုဝင်သုံးဦး သေဆုံးကာ ဖခင်ဖြစ်သူ အပြင်းအထန် ဒဏ်ရာရခဲ့တယ်လို့ သတင်းရင်းမြစ်တွေက ပြောပါတယ်။ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အသက်မပြည့်သေးတဲ့ ကလေးငယ်နှစ်ဦးနဲ့ အသက် ၄၀ အရွယ် မိခင်ဖြစ်သူတို့ နေရာမှာတင် သေဆုံးခဲ့ပြီး ဖခင်ဖြစ်သူကတော့ လည်ပင်းရိုးနဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတချို့မှာ ဗုံးစစိုက်ဝင်ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။ စစ်အုပ်စုတပ်ဟာ တိုက်ပွဲဖြစ်ပွားနေတာမရှိတဲ့ ဟောတောရွာနဲ့ဟိုင်ဖိုင်ရွာကို လေကြောင်းက ပစ်ခတ်ရာမှာ ဟောတာရွာမှာရှိတဲ့ နေအိမ်တစ်အိမ်ဘေးကို ပေါင် ၃၀၀ဗုံးတစ်လုံး ကျရောက်ပေါက်ကွဲခဲ့တာလို့ အမည်မဖော်လိုတဲ့ စစ်ရေးသတင်းအရင်းအမြစ်တစ်ဦးက ပြောပါတယ်။ “ဟောတာရွာက နေအိမ်ဘေးကိုကျတာလို့ သိထားတယ်။ ဒါတောင် တော်တော်ဝေးဝေးကိုကျတာလို့ ပြောတယ်။ အိမ်ကတော့ လုံးဝကိုစုတ်ပြတ်သွားတာပေါ့။ ညအိပ်မောကျချိန်ဆိုတော့ အသံပဲကြားကြတာ။ အဖြစ်အပျက်ကိုတော့ မမြင်လိုက်ကြရဘူး။ နောက်မှလူထိမှန်းသိကြတာ၊ ဗူံးအစထိမှန်ပြီး ဆုံးသွားတဲ့ ကလေးတွေကတော့ ယောက်ကျာ်းလေးတစ်ဦး၊ မိန်းကလေးတစ်ဦးပါ။ မိခင်ကတော့ အသက် ၄၀ ကျော်လို့ သိထားပါတယ်” သေဆုံးသူတွေရဲ့ နာမည်နဲ့ အသေးစိတ်အချက်အလက်ကိုတော့ MFP အနေနဲ့ အတိအကျသိရဖို့ စုံစမ်းနေဆဲဖြစ်ပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ရဲ့လူအခွင့်အရေးဝန်ကြီးဌာနက ဒီဇင်ဘာလ ၃ ရက်ထုတ်ပြန်ချက်မှာတော့ စစ်အုပ်စုအာဏာသိမ်းတဲ့ ငါးနှစ်အတွင်းမှာ လေကြောင်းတိုက်ခိုက်မှု အကြိမ်ရေ ၄,၂၀၀ ရှိခဲ့ပြီး ပြည်သူ ၄,၄၇၀ သေဆုံးခဲ့ကြောင်း ဖော်ပြထားပါတယ်။ MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း … - [ဆားလင်းကြီးနယ် တိုက်နယ်ဆေးရုံကို စစ်အုပ်စုက ဗုံးကြဲသတ်ဖြတ်လို့ ဆရာဝန်တစ်ဦး အပါအဝင် အရပ်သားပြည်သူ သုံးဦး သေဆုံး၊](https://mfp-mm.com/news/4338/): သုထက်/MFP၊ ဇန်နဝါရီ – ၄ စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့နယ်ရှိ မတောင့်တရွာ တိုက်နယ်ဆေးရုံကို ဇန်နဝါရီ ၄ ရက် ဒီကနေ့ မွန်းလွဲ ၂နာရီခွဲအချိန် အာဏာသိမ်း စစ်အုပ်စုက ဂျိုင်အိုကော်ပရာ (Gyrocopter) နဲ့ ဗုံးကြဲ သတ်ဖြတ်တာကြောင့် ဆရာဝန် တစ်ဦး အပါအဝင် အရပ်သားပြည်သူ သုံးဦး နေရာတင် ပွဲချင်းပြီး သေဆုံးတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။ မုံရွာမြို့ အနောက်​မြောက်တိုင်းစစ်ဌာနချုပ် – နမခ က တက်လာတဲ့ ဂျိုင်အိုကော်ပရာနဲ့ တိုက်နယ်ဆေးရုံကို အကြောင်းမဲ့ လာရောက် ဗုံးကြဲသတ်ဖြတ်တာလို့ ဆိုပါတယ်။ ဗုံးထိမှန်လို့ ဆေးရုံအတွင်းရှိနေတဲ့ ဆရာဝန်နဲ့ ဆေးရုံထမင်းချက်အကူ အမျိုးသားနှစ်ဦးတို့ သေဆုံးတာလို့ ဒေသခံအမျိုးသားတစ်ဦးက MFP ကို ပြောပါတယ်။ “ဆေးရုံကို ချမယ် မထင်ဘူး။ ပေါက်နယ် သွားမယ်ထင်တာ။ နမခက လာတာက ဂျိုင်အို သုံးစီး၊ နှစ်စီးက ပေါက်နယ်သွားပြီး တစ်စီးက ဆေးရုံကို ချသွားတာ” စစ်အုပ်စုက ဗုံးကြဲသတ်လို့ သေဆုံးသူ ဆရာဝန်ဟာ အသက်၄၀ ဝန်းကျင်အရွယ် ဖြစ်ပြီး စစ်အာဏာသိမ်းပြီးနောက် ကျန်းမာရေးစောင့်ရှောက်မှု မရရှိတဲ့ ဒေသခံပြည်သူတွေကို ဆေးဝါး ကုသမှု ပေးနေတဲ့ ဆရာဝန်ဖြစ်ကာ ဒေသတွင်း လူချစ်လူခင်ပေါများသူ ဖြစ်တယ်လို့ ဆိုပါတယ်။ စစ်အုပ်စုဟာ ဆေးရုံကို အဓိကပစ်မှတ်ထားပြီး ၁၂၀ မမ လက်နက်ကြီးနှစ်လုံး ကြဲချခဲ့ရာ ဆေးရုံးအတွင်း စားဖိုဆောင်အနီး တစ်လုံး၊ … - [မန္တလေး ကျောက်ဝိုင်းမှာ တရုတ်နိုင်ငံသားတစ်ဦးက ကျပ်သိန်းသောင်းချီ တန်ဘိုးရှိ ကျောက်စိမ်းတွေ လိမ်ပြေး၊](https://mfp-mm.com/news/4331/): ဖိုးချို/MFP၊ ဇန်နဝါရီ – ၄ မန္တလေးမြို့ မဟာအောင်မြေ ကျောက်မျက်ရောင်းဝယ်ရေးစခန်း ခေါ် မန္တလေးကျောက်ဝိုင်းအတွင်း တရုတ်နိုင်ငံသား တစ်ဦးက   ငွေကျပ်သိန်း‌ သောင်းနဲ့ချီ တန်ဖိုးရှိတဲ့ ကျောက်စိမ်း‌တွေကို လိမ်လည် ရယူကာ ထွက်‌ပြေးသွားတယ်လို့ မြို့ခံ ကျောက်မျက်အရောင်းအဝယ် လုပ်ကိုင်သူတွေက MFP ကို ပြောပါတယ်။ တရုတ်နိုင်ငံသားတစ်ဦးက ကျောက်အဝယ်ကုန်သည် ဟန်ဆောင်ကာ ကျောက်ဝိုင်းအတွင်း ဆိုင်ခန်းဖွင့်ကာ ဇန်နဝါရီ ၁ ရက်မှာ အရည်အသွေးမြင့် ကျောက်စိမ်းတွေကို ဝယ်ယူခဲ့ပြီးနောက် ဇန်နဝါရီ ၃ရက် ငွေပေးချေရမယ့်အချိန်မှာ ရောက်မလာတော့ဘဲ ထွက်ပြေးသွားတာလို့ ဆိုပါတယ်။ ကျောက်မျက်လာရောက် ရောင်းချတဲ့ ကျောက်ပွဲစားတွေကို ဝိုင်းဖွင့်တဲ့ရက် (ဇန်နဝါရီ ၃)မှာ ငွေပေးချေပါ့မယ့်အကြောင့် အိမ်ခံအဝယ် စလစ်စာရွက် (ငွေပေးချေမယ့် တန်ဖိုးနဲ့ ပေးမယ့်ရက် သတ်မှတ်ထားတဲ့ စာရွက်) ပေးပြီးနောက် ပစ္စည်းရယူ ထွက်ပြေးသွားခဲ့တာ ဖြစ်တယ်လို့ ကျောက်စိမ်း ကုန်သည်တစ်ဦးက MFP ကို ပြောပါတယ်။ “ကျောက်ဝိုင်းထဲက အခန်းကို အပြတ်ငှားပြီး လင်မယားပုံစံနဲ့ ကျောက်ဝယ်သွားတာလို့ ကြားတယ်၊  အဝယ်လည်းသူ၊ အိမ်ခံလည်း သူဆိုတော့ ပွဲစားတွေ‌တော့ တကယ့်ဒုက္ခပါပဲ၊ စိုက်လျော်ရတော့မှာ၊ ကျောက်အရောင်းအဝယ်ဆိုတာ ပွဲစားက ကိုယ်တိုင် အာမခံရောင်းပေး၊ ဝယ်‌ပေးရတာ‌လေ၊ ကျောက်တန်ဖိုး ကျပ်သိန်း ငါးသောင်း ကျော်ဖိုး‌လောက် ပါသွားတယ်ဆိုပြီး ကြားရတယ်၊ ကျပ်သိန်းရာ‌ထောင်ချီ တန်တဲ့ ကျောက်တွေပါသွားတာဆို‌တော့ ဖြစ်နိုင်ပါတယ်၊ အခုဖြစ်သွားတာက တစ်ဦး တစ်ယောက်တည်း ပါသွားတာ မဟုတ်ဘူး၊ ပွဲစား အများကြီး အလိမ်ခံလိုက်ရတာ၊ ကျောက်စိမ်း … - [မိုးကုတ်မှာ လက်နက်ကြီး ကျရောက်ပေါက်ကွဲလို့ သံဃာတစ်ပါးနဲ့ ပြည်သူ အမျိုးသမီးတစ်ဦး သေဆုံး၊](https://mfp-mm.com/news/4326/): PDF တွေကို ပုံဖျက်ဖို့ စစ်အုပ်စုက လုပ်တာလို့ဆို၊ ဒေါ်လာ/MFP၊ ဇန်နဝါရီ – ၄ မန္တလေးတိုင်း၊ မိုးကုတ်မြို့ အရှေ့ပိုင်း၊ လယ်ဦးရပ်ကွက်၊ ရတနာသီရိဘုန်းကြီးကျောင်းပေါ် ဇန်နဝါရီ ၄ရက် ဒီမနက်ပိုင်း လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲလို့ ကျောင်းတိုက်မှာ သီတင်းသုံးတဲ့ သံဃာတစ်ပါးနဲ့ ကျောင်းအနီး လမ်းပေါ်မှာ ရှိနေတဲ့ ပြည်သူတွေထဲက အမျိုးသမီးတစ်ဦးတို့ သေဆုံးတယ်လို့ ဒေသခံတွေက ပြောပါတယ်။ အဲ့ဒီ ဘုန်းကြီးကျောင်းမှာ ပြီးခဲ့တဲ့ ရက်ပိုင်းက စစ်အုပ်စု အထိုင်ချတပ်စွဲနေရာယူခဲ့ပြီး လက်ရှိမှာ စစ်အုပ်စု မရှိတော့ချိန်မှ ပေါက်ကွဲမှုဖြစ်တာမို့ PDF တွေကို နာမည်ဖျက်နိုင်ရေး စစ်အုပ်စုက ဒရုန်းနဲ့ ဗုံးလာကြဲတာ ဖြစ်မယ်လို့ ဒေသခံတွေက ဆိုပါတယ်။ “ဒီနေ့မနက် ၈နာရီခန့်က လယ်ဦး ရတနာသီရိကျောင်းကို ရှော့တိုက်ဒုံးနဲ့ တိုက်ခိုက်ခံရတယ်လို့ ပြောကြပေမယ့် အဆင့်မြင့်ဒရုန်းနဲ့ တိုက်ခိုက်ခြင်းခံရတာ ဖြစ်နိုင်တယ်လို့ အနီးအနားမှာ နေထိုင်သူများက ပြောပါတယ်။ လေယာဥ်လာသလိုမျိုး အသံကြားရပြီး၊ ကြဲပြီးတော့လည်း လေယာဥ်ပျံတက်သွားတဲ့ အသံမျိုးလို ကြားရတာလို့ ပြောကြပါတယ်။ ရပ်ကွက်ထဲမှာ နေထိုင်သူတွေ ပြောကြတာတော့ အဲ့ဒီဘုန်းကြီးကျောင်းမှာ စခတွေ မရှိတော့တာ သိနေကြပြီးသားမို့ တလရ အဖွဲ့တွေက လာကြဲတာ မဖြစ်နိုင်ဘူးလို့ သုံးသပ်ကြပါတယ်။ ရတနာသီရိကျောင်းမှာ သွားအိပ် စောင့်ပေးတဲ့ အောင်တော်မူကျောင်းမှ ဦးဇင်းတစ်ပါးနဲ့ ကျောင်းအနီးမှာ လမ်းကြားထဲ ကလေးနဲ့ နေပူစာထွက်လှုံနေတဲ့ ဂေါ်ရခါးအမျိုးသမီးတစ်ဦး သေဆုံးရပါတယ်” လို့ မိုးကုတ်မြို့ခံတစ်ဦးက ဆိုပါတယ်။ မိုးကုတ်မြို့၊ လယ်ဦးရပ်ကွက် အထက်တန်းကျောင်းအနီးရှိ ရတနာသီရိ … - [ဝက်လက်မှာ စစ်အုပ်စုက ဒေသခံတွေကို ဖမ်းပြီး အိမ်ထောင်ရှင်တွေ အပါအဝင် အမျိုးသမီးတွေကို အုပ်စုဖွဲ့ အဓမ္မကျင့်၊](https://mfp-mm.com/news/4321/): အဓမ္မကျင့်ထားတဲ့ အမျိုးသမီးတွေကို သန္ဓေတားဆေး ထိုးပေးကာ ပြန်လွှတ်ခဲ့ပြီး အမျိုးသားတွေကို စစ်အုပ်စုက ဆက်လက် ဖမ်းခေါ်သွား၊ တေဇ/MFP၊ ဇန်နဝါရီ – ၄ စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ဧရာဝတီမြစ်ရိုးတလျှောက် ကျေးရွာတွေကို ရွာစဉ်ပတ် စစ်ကြောင်းထိုးတဲ့ စစ်အုပ်စုက တွေ့သမျှ ဒေသခံ ပြည်သူတွေကို ဓားစာခံ လူသားဒိုင်းကာအဖြစ် ဖမ်းဆီးပြီးနောက် အမျိုးသမီးတွေကို အုပ်စုဖွဲ့ အဓမ္မပြုကျင့်ကာ စစ်ကြောင်းပြန်ထွက်ချိန် သန္ဓေ တားဆေးတွေ ထိုးနှံပြီး ပြန်လွှတ်ပေးခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။ ဒီဇင်ဘာလကုန်ပိုင်းက စတင်ကာ ဝက်လက်နယ် ရှိမ်းမကားရွာထဲက ထွက်လာပြီး ရွာစဉ်ပတ်မွှေ စစ်ကြောင်းထိုးတဲ့ အင်အား ၁၅၀ ခန့်ပါ စစ်အုပ်စုဟာ ရွာသစ်၊ အင်ဒေါင်းနဲ့ မင်းရွာတောင် စတဲ့ ကျေးရွာတွေက ဆယ်နဲ့ချီတဲ့ ဒေသခံ ပြည်သူတွေကို ဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။ စစ်အုပ်စုဟာ ဇန်နဝါရီ ၁ရက်ကနေ ၃ရက်အထိ ဝက်လက်နယ်အရှေ့ခြမ်း ရွာသစ်ရွာထဲ ယာယီ စခန်းချ ခဲ့ပြီး ဖမ်းမိထားသူတွေထဲက အမျိုးသမီး ငါးဦးကို အုပ်စုဖွဲ့ အဓမ္မပြုကျင့်ခဲ့တာ ဖြစ်တယ်လို့ အမည်မဖော်လိုတဲ့ ဒေသခံ အမျိုးသားတစ်ဦးက MFP ကို ပြောပါတယ်။ “ရွာသစ်ရွာမှာ ခွေးတွေက နှစ်ညအိပ်၊ သုံးရက်နားတယ်။ အဲ့ဒီမှာ ပြည်သူတချို့ ဖမ်းမိသွားတယ်။ ဖမ်းမိတဲ့ ပြည်သူတွေထဲက အမျိုးသမီးတွေကို မုဒိန်းကျင့်တယ်။ ပြီးတော့ လိင်ပိုင်းဆိုင်ရာ အဓမ္မ ကျင့်ပြီးတော့ သူတို့ပြန်ထွက်တဲ့အချိန် ကာကွယ်ဆေးတွေ ထိုးပေးခဲ့တယ်။ သူတို့ … - [အစွမ်းကုန် ခုခံခဲ့ပေမယ့် နယ်မြေတွေ လက်လွှတ်ရလို့ ပြည်သူလူထုကို တောင်းပန်ကြောင်း MDY-PDF ထုတ်ပြန်၊](https://mfp-mm.com/news/4315/): ဆုံးရှုံးနယ်မြေတွေ ပြန်သိမ်းပိုက်နိုင်ရေးနဲ့ စစ်အာဏာရှင် ချုပ်ငြိမ်းရေး ဆက်လက် တိုက်ပွဲဝင်မယ်လို့ ကတိပြု၊ တေဇ/MFP၊ ဇန်နဝါရီ – ၃ မန္တလေးမြို့နဲ့ ၁၀မိုင်ကျော်အကွာရှိ စစ်စခန်းတွေ အပါအဝင် မန္တလေးဒေသအတွင်းရှိ မတ္တရာမြို့နယ် အရှေ့ခြမ်း၊ စဉ့်ကူးမြို့နယ်နဲ့ သပိတ်ကျင်းမြို့နယ် ဒေသအချို့တို့ကို အာဏာသိမ်း စစ်အုပ်စုက ပြန်လည် တိုက်ခိုက်သိမ်းယူသွားတာနဲ့ ပတ်သက်ပြီး ပြည်သူလူထုကို တောင်းပန်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) MDY-PDF က သတင်း ထုတ်ပြန်ပါတယ်။ ၁၀၂၇ စစ်ဆင်ရေးနဲ့အတူ ဟန်ချက်ညီဆင်နွှဲတဲ့ ရှမ်း-မန်းစစ်ဆင်ရေးအတွင်း ၂၀၂၄ နှစ်လယ်ပိုင်းမှာ စဉ့်ကူးမြို့နယ်လုံးကျွတ် အပါအဝင် မတ္တရာမြို့နယ် အရှေ့ခြမ်းနဲ့ သပိတ်ကျင်းမြို့နယ် ဒေသအချို့၊ မန္တလေး – သပိတ်ကျင်း ကားလမ်းတို့ကို MDY-PDF ဦးဆောင်တဲ့ တော်လှန်ရေးတပ်တွေက တိုက်ခိုက် သိမ်းပိုက်ပြီးနောက် တစ်နှစ်ကျော်ကြာ ထိန်းချုပ်နိုင်ခဲ့ကာ ပြီးခဲ့တဲ့ ဒီဇင်ဘာလကုန်ပိုင်းမှာ သိမ်းပိုက်နယ်မြေတွေ ပြန်လက်လွှတ်ခဲ့ရတာ ဖြစ်ပါတယ်။ “အထွေထွေ သာလွန်အင်အားသုံး တန်ပြန်ထိုးစစ်များကြောင့် အဆိုပါ နယ်မြေများကို အကြမ်းဖက် စစ်အုပ်စုက ပြန်လည် ထိန်းချုပ်နိုင်သွားသည့်အတွက် ဒေသခံများ အပါအဝင် ပြည်သူလူထု အပေါင်းကို ကျွန်ုပ်တို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) က အနူးအညွတ် တောင်းပန်အပ်ပါသည်” လို့ MDY-PDF က ဖော်ပြပါတယ်။ လက်ရှိမှာ ယာယီ ဆုတ်ခွါပေးထားခြင်းသာ ဖြစ်ပြီး နယ်မြေတွေ ပြန်ရရေးနဲ့ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးအတွက် မဟာမိတ်တွေနဲ့ ပူးပေါင်းကာ ဆက်လက် တိုက်ပွဲဝင်မယ်လို့လည်း MDY-PDF က ဆိုပါတယ်။ … - [တရုတ်နှင့်အမေရိကန်သိပ္ပံပညာအားပြိုင်ပွဲ - အသံထက်မြန်တဲ့ငလျင်ဆိုတာဘာလဲ?](https://mfp-mm.com/articles/4308/): Reddy Simon/MFP – ဇန်နဝါရီ – ၃  ၂၀၂၅ မြန်မာငလျင်ကြီးကိုစူပါပါဝါနှစ်နိုင်ငံက သုတေသီတွေ အပြိုင်အဆိုင် လေ့လာခဲ့ကြကြောင်း Science မဂ္ဂဇင်းကိုကိုးကားပြီး စုစည်းတင်ပြခဲ့ပါတယ်။ နောက်ဆုံး သုတေသနမှာ မတ်လ ၂၈ ရက်နေ့ ငလျင်ကြီးဟာ အသံထက် လျင်မြန်တဲ့ Supershear Rupture ဖြစ်စဉ်ဆိုတာကို နှစ်ဖက်လုံး ချွင်းချက်မရှိ သဘောတူခဲ့ကြကြောင်း ဖော်ပြခဲ့ပြီးပါပြီ။ မြန်မာနိုင်ငံ မြေငလျင်ကော်မတီရဲ့ ပညာရှင် ဒေါက်တာမျိုးသန့်က Supershear ဖြစ်စဉ်ဆိုတာကို အခုလို ရှင်းပြပါတယ်။ရှင်းလင်းစွာ နားလည်ဖို့အတွက် ငလျင်လှိုင်း (Seismic Wave) နဲ့ မြေလွှာချပ် ပြတ်ရွေ့မှု (Rupture) ကို ခွဲခြားပြောထားပါတယ်။ “ပုံမှန်ငလျင်မှာ ပြတ်ရွေ့နှစ်ခု ဟိုဘက်ဒီဘက် တွန်းနေတဲ့အတွက် ငလျင်လှိုင်း (Seismic Wave) တွေကို ထုတ်လွှတ်ပေးတယ်။ ရေထဲကို ခဲပစ်ချသလို လှိုင်းတွေပေါ့။ ဒီလှိုင်းတွေမှာ အလျင် (Velocity) ရှိတယ်” “Rupture ကကျတော့ ဒီပြတ်ရွေ့နှစ်ခု ဟိုဘက်ဒီဘက် ပြတ်ထွက်သွားတာပေါ့။ ဦးတည်ချက် (Direction) နှစ်ခုပဲ ရှိမယ်။ ဒီပြတ်ထွက်မှုမှာလည်း အလျင် (Velocity) ရှိတယ်” လို့ ဒေါက်တာမျိုးသန့်က ပြောပါတယ်။ သာမန်ငလျင်တွေမှာ ငလျင်လှိုင်းတွေက တိုင်းတာရေးစခန်းဆီ အရင်ရောက်လာတတ်ပါတယ်။ ဒါပေမဲ့ စစ်ကိုင်းပြတ်ရွေ့ရဲ့ငလျင်မှာ ငလျင်လှိုင်းရဲ့ အလျင် (Velocity) ထက် မြေလွှာပြတ်ရွေ့မှုရဲ့ အလျင် (Velocity) က အရင်ရောက်လာတာကြောင့်ဒီဖြစ်စဉ်ကို Supershear (အသံထက်မြန်သော ငလျင်) လို့ ခေါ်ဆိုတာ ဖြစ်ကြောင်း ဒေါက်တာမျိုးသန့်က MFP ကို ရှင်းပြပါတယ်။ “နေပြည်တော်မှာ ငလျင်တိုင်းစက်စခန်း ရှိတယ်။ ထိုနည်းတူစွာပဲ မန္တလေးမှာလည်း စခန်းရှိတယ်။ အဲဒီ နေပြည်တော်စခန်းသည် စစ်ကိုင်းပြတ်ရွေ့ပေါ်မှာ ရှိနေတယ်။ အဲဒီစခန်းတွေကို ငလျင်လှိုင်း (Seismic Wave) ကလည်း လာတယ်။ Rupture ကလည်း ‘” ဗြောင်း”ဆို ကျိုးပြီးတော့ ပြတ်သွားတဲ့ Velocity ရောက်လာတယ်။ Rupture ရောက်လာတဲ့ အချိန်က ငလျင်လှိုင်း မရောက်ခင် အရင်ရောက်သွားတယ်။ ဒါကို Supershear လို့ ကျွန်တော်တို့က ခေါ်တယ်” လို့ သူက ရှင်းပြပါတယ်။ ကမ္ဘာပေါ်မှာ Supershear ဖြစ်နိုင်တဲ့ ပြတ်ရွေ့ကြီး ၁၀ ခု ရှိကြောင်း နိုင်ငံတကာ ပညာရှင်တွေ သတ်မှတ်ခဲ့ရာမှာ စစ်ကိုင်းပြတ်ရွေ့ဟာ နံပါတ် (၃) နေရာမှာ ရှိတယ်လို့ ဒေါက်တာမျိုးသန့်က ရှင်းပြပါတယ်။ ဒါပေမဲ့ ဂရုစိုက်သူ နည်းခဲ့ကြောင်းထပ်လောင်းပြောပါတယ်။ (၂) တရုတ်နဲ့ အမေရိကန် ပညာရှင်တွေ တွေ့ရှိမှု ယမန်နေ့က ဖော်ပြခဲ့တဲ့ စူပါပါဝါနှစ်နိုင်ငံရဲ့ ၂၀၂၅ မြန်မာ့ငလျင်အပေါ် သုတေသန အားပြိုင်ပွဲဟာ ဒီပြတ်ရွေ့မှုနှစ်ခုရဲ့ အလျင်(Speed) ကို တွက်ချက်မှုအပေါ်မှာ အငြင်းပွားစရာတွေ ဖြစ်ပေါ်ခဲ့ကြပါတယ်။ ကနဦး လေ့လာမှုတွေမှာ အမေရိကန်ပညာရှင်(USGS) ရော တရုတ်သုတေသီ အဖွဲ့တွေကပါ ပြတ်ရွေ့နှစ်ခုရဲ့ အချိန်နဲ့ အရှိန်အတိအကျကို မှားယွင်းတွက်ချက်ခဲ့ကြပါတယ်။ ဒါပေမဲ့ နောက်ဆုံး သုတေသနတွေအရ ငလျင်ဗဟိုချက်ရဲ့ မြောက်ဘက်ခြမ်းကို ပြတ်ရွေ့မှုနှုန်းဟာ တစ်စက္ကန့်ကို ၀.၉ကီလိုမီတာ (0.9 km/s) လောက်ပဲ ရှိခဲ့ပြီး အလွန်နှေးကွေးနေခဲ့ပေမဲ့ တောင်ဘက်ခြမ်းကတော့ တောင်ဘက်ကို ၅.၀ km/s နဲ့(Supershear speed) ရှိတယ်လို့ တွေ့ရှိခဲ့ရပါတယ်။ ဥပမာအားဖြင့် မြောက်ဘက်ခြမ်းကို ပြိုင်ကားတစ်စီးရဲ့ အရှိန်နဲ့ ရွေ့သွားပြီး တောင်ဘက်မှာတော့ Hypersonic ဂျက်လေယာဉ်ရဲ့ အမြန်နှုန်းနဲ့ ပြတ်ထွက်သွားခဲ့တာပဲ ဖြစ်ပါတယ်။ ဒါကြောင့်အသံထက်မြန်တဲ့ ငလျင်လို့ ခေါ်ကြောင်း ဒေါက်တာမျိုးသန့်က ရှင်းပြပါတယ်။ တစ်ဖက်က အလွန်မြန်ပြီး တစ်ဖက်က အလွန်နှေးနေတဲ့ ဒီလို Bilateral asymmetric rupture (နှစ်ဖက်မမျှတဲ့ ပြတ်ထွက်မှု) ဖြစ်စဉ်ဟာ ကမ္ဘာပေါ်မှာ အလွန်ရှားပါးတဲ့ ဖြစ်စဉ်တစ်ခု ဖြစ်တယ်လို့ Science မဂ္ဂဇင်းမှာ ပညာရှင်တွေက ဆိုပါတယ်။ ဒီလို အရှိန်အလွန်မြန်တဲ့အတွက် “Mach Cone Effect” လို့ခေါ်တဲ့ အသံထက်မြန်တဲ့ လေယာဉ်တွေမှာ ဖြစ်တတ်တဲ့ Sonic boom လိုမျိုး ငလျင်လှိုင်းတွေ တစ်ခုနဲ့တစ်ခု ပေါင်းစပ်ပြီး ပြင်းထန်တဲ့ စွမ်းအင်လှိုင်းကြီးတွေကို ငလျင်သွားရာလမ်းကြောင်းတစ်လျှောက် ထုတ်လွှတ်ခဲ့ပါတယ်။ ဒါကြောင့်ပဲ ငလျင်ဗဟိုချက်နဲ့ ဝေးတဲ့နေရာတွေမှာတောင် ပျက်စီးမှုတွေကထင်ထားတာထက် ပိုပြင်းထန်ခဲ့ရတာလို့ Science မဂ္ဂဇင်းရဲ့ ပူးပေါင်းသုတေသနက ကောက်ချက်ပြုပါတယ်။ အထူးသဖြင့်တောင်ဘက်ကို ပြတ်ထွက်သွားတဲ့ လမ်းကြောင်းတစ်လျှောက်မှာ ရှိတဲ့ မြို့တွေဟာ ဒီ Mach wave တွေရဲ့ တိုက်ရိုက်သက်ရောက်မှုကို ခံခဲ့ရတာပါလို့ တရုတ်သုတေသန ပညာရှင်တွေက ဆိုထားပါတယ်။ (၃) ဘာကြောင့် အရှိန်ချင်း ကွဲပြားသွားတာလဲ (Bimaterial Effect) မြောက်ဘက်ခြမ်း အရှိန်ဟာ ၀.၉ km/s လောက်ပဲ ရှိပြီး တောင်ဘက်ခြမ်းကတော့ ၅.၀ km/s အထိ မြန်တယ်ဆိုတာကိုအတည်ပြုနိုင်ခဲ့ပြီးနောက် ဒါဟာဘာကြောင့်ဆိုတာ ဆက်ကြည့်ရအောင်ပါ။ စစ်ကိုင်းပြတ်ရွေ့ဟာ မြန်မာနိုင်ငံရဲ့ ကျောရိုးတစ်လျှောက်မှာ တည်ရှိနေပြီး သူ့ရဲ့ အရှေ့ဘက်ခြမ်း (ရှမ်းကုန်းမြင့်ဒေသမှာ) Sunda Plate (ဆွန်းဒါး မြေလွှာချပ်) ရှိပြီး အနောက်ဘက်ခြမ်း (မြန်မာနိုင်ငံအလယ်ပိုင်း မြစ်ဝှမ်းဒေသမှာ) Burma Plate (ဘားမား မြေလွှာချပ်) ရှိပါတယ်။ ဒီပလိပ်နှစ်ခုဟာ အချင်းချင်း ပွတ်တိုက်နေကြပြီး ငလျင်ဖြစ်ပေါ်စေဖို့ အင်အားတွေကိုစုစည်းနေကြပါတယ်။ အရှေ့ဘက်ခြမ်း Sunda Plate ရဲ့ ကျောက်သားတွေဟာ အနောက်ဘက်ခြမ်း Burma Plate မှာ ရှိတဲ့ ကျောက်သားတွေထက်ပိုမိုသိပ်သည်းပြီး ငလျင်လှိုင်း ဖြတ်သန်းမှုနှုန်း ပိုမြန်ပါတယ်။ ကျောက်သား ဒြပ်သားချင်း မတူညီတဲ့ အနားသတ်နှစ်ခုပွတ်တိုက်တဲ့အခါ တောင်ဘက်ကို ပြတ်ထွက်တဲ့ အရှိန်က ပိုမြန်သွားစေဖို့ တွန်းအားပေးသလို ဖြစ်သွားခဲ့တာလို့ ဆိုပါတယ်။ Science သုတေသန စာတမ်းအရ “မတူညီတဲ့ ဒြပ်သားနှစ်ခု ပွတ်တိုက်မိနေတဲ့အခါ ငလျင်လှုပ်တဲ့အချိန်မှာ အရှိန်ဟာ ဒြပ်သားပိုမာတဲ့ဘက် (တောင်ဘက်) ကို ပိုပြီး မြန်မြန်သွားဖို့ အားပေးသလို ဖြစ်သွားပြီး စစ်ကိုင်းပြတ်ရွေ့ဟာ နှစ်ပေါင်းများစွာစွမ်းအင်တွေ စုစည်းထားခဲ့တာကြောင့် Supershear ဖြစ်စဉ် ဖြစ်ပေါ်ဖို့ အလွန်လွယ်ကူနေခဲ့တာလို့ ဆိုပါတယ်။ ၄။ ရင့်ကျက်တဲ့ ပြတ်ရွေ့ကြောင်း (Mature Fault) ရဲ့ ထူးခြားချက် နိုင်ငံတကာက ပညာရှင်တွေ အံ့သြခဲ့ရတဲ့ အချက်တစ်ခုကတော့ စစ်ကိုင်းပြတ်ရွေ့ရဲ့ “ရင့်ကျက်မှု” (Fault Maturity) ပါပဲ။ နယူးမက္ကဆီကို တက္ကသိုလ်က အမေရိကန် ငလျင်ပညာရှင် Eric O. Lindsey ဦးဆောင်တဲ့ အဖွဲ့က Nature Communications ဂျာနယ်မှာ ဖော်ပြခဲ့တာကတော့ ဒီငလျင်ဟာ “အလွန်ထိရောက်တဲ့ ပြတ်တောက်မှု” (Highly efficient rupture) ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ သာမန်ငလျင်တွေမှာဆိုရင် မြေအောက်အနက်ပိုင်းမှာ ရွေ့သလောက် မြေမျက်နှာပြင်ပေါ်မှာ အပြည့်အဝ မရွေ့တာမျိုး(Shallow Slip Deficit – SSD) ရှိတတ်ပါတယ်။ ဒါပေမဲ့ မန္တလေးငလျင်မှာတော့ မြေမျက်နှာပြင်ပေါ်မှာ ၆ မီတာ (ပေ ၂၀ ခန့်) အထိ တိုက်ရိုက် ပြတ်ထွက်သွားခဲ့ပြီး SSD ကွာဟချက်ဟာ သုည (Zero) နီးပါး ဖြစ်ခဲ့ပါတယ်။ ဘာကို ဆိုလိုတာလဲဆိုရင် စစ်ကိုင်းပြတ်ရွေ့ဟာ အလွန်ဖြောင့်စင်းပြီး ချောမွေ့နေတဲ့ “ငလျင်အမြန်လမ်းမကြီး” (Fault Superhighway) တစ်ခုလို ဖြစ်နေတာကြောင့် စွမ်းအင်တွေဟာ မြေမျက်နှာပြင်အထိ အဟန့်အတားမရှိ ထွက်လာနိုင်ခဲ့တာလို့သူက ဆိုထားပါတယ်။ စစ်ကိုင်းပြတ်ရွေ့ကြောင်းကြီးဟာ ကီလိုမီတာ ရာနဲ့ချီပြီး အလွန်ဖြောင့်စင်းနေသလို၊ ပြတ်ရွေ့ကြောင်း တစ်လျှောက်မှာလည်းအနှောင့်အယှက်တွေ သိပ်မရှိတော့ဘဲ စွမ်းအင်တွေကို အလွန်ထိရောက်စွာ (Efficiently) ထုတ်လွှတ်နိုင်တဲ့ အနေအထားကိုရောက်နေပြီဆိုတာပါ။ ဒါကြောင့်လည်း ငလျင်လှိုင်းတွေက အရှိန်အဟုန်ပြင်းပြင်းနဲ့ ကီလိုမီတာ ၅၀၀ နီးပါးအထိ တားမရ ဆီးမရ ပြတ်ထွက်သွားခဲ့တာ ဖြစ်ပါတယ်။ Lindsey ရဲ့ သုတေသနမှာ နောက်ထပ် ထူးခြားတဲ့ အချက်ကို တွေ့ရပါတယ်။ ဒီ ၂၀၂၅ ငလျင်ကြီးဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း၁၀၀ အတွင်းမှာ လှုပ်ခတ်ခဲ့ဖူးတဲ့ ၁၉၂၉၊ ၁၉၃၀ နဲ့ ၁၉၅၆ ငလျင်တွေရဲ့ နေရာဟောင်းတွေကို ပြန်ပြီး “နင်း” သွားခဲ့တာပါ။ သိပ္ပံနည်းကျ  “Slip-predictable model” အယူအဆအရ အရင်လှုပ်ခဲ့ဖူးတဲ့ နေရာတွေမှာ စွမ်းအင်တွေ အပြည့်အဝ ပြန်မစုမိသေးတာကြောင့် အဲဒီနေရာတွေရောက်ရင် ငလျင်ရဲ့ ရွေ့လျားမှု (Slip) က နည်းနည်း လျော့သွားတတ်ပါတယ်။ ဒါပေမဲ့မန္တလေးငလျင်ကတော့ အဲဒီနေရာဟောင်းတွေကိုပါ တစ်ဆက်တည်း ဖြတ်ကျော်ပြီး ကီလိုမီတာ ၅၀၀ နီးပါးအထိ ရှည်လျားစွာပြတ်ထွက်သွား (Rupture) တာဟာ ကမ္ဘာ့ငလျင်သမိုင်းမှာ အလွန်ရှားပါးတဲ့ ဖြစ်စဉ်ဖြစ်တယ်လို့ ပညာရှင်တွေက မှတ်တမ်းတင်ခဲ့ကြပါတယ်။ ၅။ သတိပေးချက် နိုင်ငံတကာ သုတေသနတွေ အားလုံး တညီတညွတ်တည်း ပေးတဲ့ သတိပေးချက်ကတော့ – “စစ်ကိုင်းပြတ်ရွေ့ဟာ အရင်ကထင်ထားတာထက် ပိုပြီး အန္တရာယ်ကြီးတယ်” ဆိုတာပါပဲ။ အထူးသဖြင့် Supershear rupture တွေဟာ ငလျင်ဗဟိုချက်ကနေဝေးတဲ့နေရာတွေအထိ အပြင်းအထန် ဖျက်ဆီးနိုင်စွမ်း ရှိတာကြောင့် အနာဂတ်မှာ ငလျင်ဒဏ်ခံ အဆောက်အဦတွေဆောက်လုပ်ရာမှာ ဒီအချက်ကို မဖြစ်မနေ ထည့်သွင်းစဉ်းစားဖို့ တိုက်တွန်းထားကြပါတယ်။  ဒါ့အပြင် စစ်ကိုင်းပြတ်ရွေ့ရဲ့ တောင်ဘက်အစွန်းနဲ့ မြောက်ဘက်အစွန်းများဟာ ငလျင်ဖြစ်ပေါ်လာလို့ အင်အားတွေစုနေကြောင်းသတိပေးထားပါတယ်။  နိဂုံးချုပ်အနေနဲ့  နိုင်ငံတကာ ပညာရှင်တွေရဲ့ လေ့လာမှုတွေအရ ၂၀၂၅ မတ်လ ငလျင်ဟာ ကမ္ဘာ့မြေအောက်မှာ ရှိတဲ့ ပြတ်ရွေ့ကြောင်းကြီးတွေ ဘယ်လောက်အထိ အင်အားကြီးမားနိုင်တယ်၊ ဘယ်လောက်အထိ ထူးခြားတဲ့ သိပ္ပံဖြစ်စဉ်တွေ ဖြစ်ပေါ်နိုင်တယ်ဆိုတာကို ပြသသွားခဲ့တဲ့ ပြယုဂ်တစ်ခု ဖြစ်ပါတယ်။  ဒီသုတေသနတွေဟာ မြန်မာနိုင်ငံအတွက်တင်မကဘဲ ကမ္ဘာတစ်ဝှမ်းက အခြားပြတ်ရွေ့ကြောင်းတွေ (ဥပမာ – San Andreas Fault) အနီးမှာ နေထိုင်ကြတဲ့ လူသားတွေအတွက်ပါ အလွန်တန်ဖိုးရှိတဲ့ အချက်အလက်တွေကိုပေးစွမ်းနိုင်ခဲ့တာဖြစ်ပေမယ့် မြန်မာနိုင်ငံသား တွေဟာ ဒီဖြစ်စဉ်ပေါ်က သင်ခန်းစာယူနိုင်ဖို့ အလှမ်းဝေနေဆဲလို့ ဒေါက်တာမျိုးသန့်က မှတ်ချက်ပြုပါတယ်။  “ဒီငလျင်ကြီး လှုပ်တာ ကျွန်တော်တို့က ကမ္ဘာမှာ ကြုံတောင့်ကြုံခဲတဲ့ ဟာဖြစ်သွားတဲ့အထဲက ကျွန်တော်တို့ တစ်ခုအပါအဝင် ဖြစ်သွားတယ်” လို့ သူက ဆိုပါတယ်။ အမှန်တကယ်ဆိုရင် အဲဒီလိုမျိုး သဘာဝဘေးတွေက လေ့လာဖို့ (Study လုပ်ဖို့) အတွက်အကောင်းဆုံးပါပဲ။ “အခု ၂၀၂၅ မြန်မာငလျင်သည် ရှားရှားပါးပါး တကယ့် Supershear ဖြစ်တယ်၊ တစ်ကမ္ဘာလုံးက ဒါကိုစိတ်ဝင်တစားနဲ့… ဘယ်နိုင်ငံမှာမှ လုပ်ခွင့်မကြုံလိုက်ဘူး” လို့ သူက ဆိုပါတယ်။ - [မန္တလေးမြို့ ရွေးကောက်ပွဲ ထပ်လုပ်မယ့် ရပ်ကွက်တွေမှာ မဲစာရင်းကြည့်ဖို့နဲ့ မဲစာရင်းကတ်တွေ လာထုတ်ယူဖို့ စစ်အုပ်စုက လိုက်လံ သတိပေးခိုင်းစေ၊](https://mfp-mm.com/news/4303/): ဖိုးချို/MFP၊ ဇန်နဝါရီ – ၃ မန္တလေးမြို့‌မှာ မကြာခင်ရက်ပိုင်း ရွေးကောက်ပွဲ ထပ်လုပ်မှာ ဖြစ်ပြီး အိမ်တိုင်းက မဖြစ်မနေ မဲစာရင်း စစ်ဆေးကြည့်ရှု့ဖို့နဲ့ မဲစာရင်းနံပတ်ပါ ကတ်ပြားတွေ လာရောက်ထုတ်ယူဖို့ စစ်အုပ်စုက ရပ်ကွက်ထဲ လော်စပီကာနဲ့ လိုက်အော်ကာ သတိပေး ခိုင်းစေနေတယ်လို့ မြို့ခံတွေက MFP ကို ပြောပါတယ်။ ဒီဇင်ဘာ ၂၈ရက်မှာ စစ်အုပ်စုက ပထမအကြိမ် ရွေးကောက်ပွဲ လုပ်ပြီးနောက် ဒီဇင်ဘာ ၂၉ရက်ကစလို့ အထက်ပါအတိုင်း မဲစာရင်းတွေ ကြည့်ရှု့စစ်ဆေးဖို့နဲ့ မဲစာရင်းနံပတ်စာရွက်တွေ လာရောက် ထုတ်ယူဖို့ ရပ်ကွက်ထဲ လိုက်လံသတိပေး အော်ဟစ်နေတာလို့ ဆိုပါတယ်။ ဇန်နဝါရီ ၃ ရက်က စလို့ သက်ဆိုင်ရာရပ်ကွက်ရုံးတွေမှာ မဲပေးခွင့်ကတ်တွေကို စတင် ထုတ်ပေးနေပြီလို့ စစ်အုပ်စုက ပြောပါတယ်။ “ဟုတ်တယ်၊ အခုပဲထုတ်ပြီးပြန်လာတာ၊ သွားမထုတ်ရင်လည်း ပြဿနာရှာခံရမှာစိုးလို့ ထုတ်ထားလိုက်တာ၊ ဒီကောင်တွေက လွယ်တာမဟုတ်ဘူး၊ ဘယ်သူလာမထုတ်ဘူးလဲဆိုတာ စာရင်း လိုက်စစ်ပြီး အိမ်ရှေ့ရောက်လာမှာ၊ ရွေးကောက်ပွဲ‌တွေမှာ အခုလို မဲပေးခွင့်ကတ် သွားထုတ်ရတာတော့ ပထမဆုံးပါပဲ၊ ဘာတွေ ကြံ‌နေလဲတော့မသိဘူး” လို့ မန္တလေးမြို့ခံတစ်ဦးက ပြောပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းက လုပ်တဲ့ ရွေးကောက်ပွဲမှာလည်း စစ်အုပ်စုက မြို့ပေါ်ရပ်ကွက်တချို့မှာ အိမ်တိုင်ရာရောက် မဲပေးခွင့်ကတ်တွေ လိုက်ဝေပြီး မဖြစ်မနေ မဲပေးခိုင်းတာမျိုး လုပ်ခဲ့တယ်လို့ မြို့ခံတွေက ဆိုပါတယ်။ ဒါ့အပြင် ယခုရက်ပိုင်း မန္တလေးမြို့တွင်း အုပ်စုဖွဲ့၊ လက်နက်ကိုင်ကာ လမ်းပေါ်တက်ပြီး လမ်းသွားလမ်းလာတွေကို တားဆီး စစ်ဆေးငွေညှစ်တဲ့ မော်တော်ပီကယ် အပါအဝင် … - [မန္တလေးမှာ နှစ်သစ်ကူးနေ့ တစ်ရက်တည်း သုံးကြိမ် ငလျင်လှုပ်၊](https://mfp-mm.com/news/4300/): ဖျက်အားပြင်း ငလျင်ကြီး လှုပ်ပြီးနောက် ကိုးလကျော်အတွင်း အကြိမ် ၂၅၀ ကျော် ထပ်မံ ငလျင် လှုပ်ခဲ့၊  ဂျီဂျီ/MFP၊ ဇန်နဝါရီ – ၃ မန္တလေးမြို့မှာ ဇန်နဝါရီ ၁ ရက် နှစ်သစ်ကူးနေ့ တစ်ရက်တည်း သုံးကြိမ် ငလျင် လှုပ်ခတ်ခဲ့ပြီး အင်အား အသင့်အတင့်ပြင်းထန်တဲ့ ငလျင်တစ်ကြိမ်ကြောင့် အိမ်ထဲနေသူတွေ လမ်းပေါ်ထွက်ပြေးခဲ့ရတယ်လို့ မြို့ခံတွေက MFP ကို ပြောပါတယ်။ ဇန်နဝါရီ ၁ရက် မနက် ၂ နာရီ ၃၆ မိနစ်ဝန်းကျင်ခန့်မှာ တစ်ကြိမ်၊ ည ၇ နာရီ ၄၈ မိနစ် ဝန်းကျင်ခန့်မှာ တစ်ကြိမ်နဲ့ ည ၈ နာရီ ၃၃ မိနစ်ဝန်းကျင်တွေမှာ တစ်ကြိမ် လှုပ်ခတ်ခဲ့တာလို့ စစ်အုပ်စုရဲ့ မိုးလေဝသနှင့် ဇလဗေဒဦးစီးဌာနက ထုတ်ပြန်ပါတယ်။ မနက် အစောဆုံး လှုပ်ခတ်ခဲ့တဲ့ ငလျင်ဟာ စဉ့်ကိုင်မြို့ရဲ့ အရှေ့မြောက်ဘက် ၁၃ မိုင် အကွာကို ဗဟိုပြုကာ အင်အား ၃ ဒဿမ ၁ ရစ်(ခ်)တာစကေး ရှိတယ်လို့ စစ်အုပ်စု မိုးလေဝသနှင့်ဇလဗေဒဦးစီးဌာန သတင်းထုတ်ပြန်ထားပါတယ်။ “အသံလည်းပါ တုန်ခါတာလည်း ကြမ်းပါတယ်။ သတိလေးရှိကြပါ”လို့ မနက် အစောပိုင်း ငလျင်လှုပ်ခတ်မှုနဲ့ ပတ်သက်ပြီး မန္တလေးမြို့ခံတစ်ဦးက ဆိုပါတယ်။ ည ၇နာရီကျော်အချိန် လှုပ်ခတ်ခဲ့တဲ့ ငလျင်ကတော့ သပိတ်ကျင်းမြို့ရဲ့ တောင်ဘက် ကိုးမိုင်ခန့်အကွာ ကို ဗဟိုပြုကာ အင်အား ၄ ဒဿမ ၉ … - [နတ်မောက် - ပျော်ဘွယ် လမ်းမှာ အစစ်အဆေးမခံဘဲ မောင်းပြေးတဲ့ စစ်အုပ်စုကားကို ပစ်ခတ်ရာ အရာရှိအဆင့် အပါအဝင် နှစ်ယောက် သုတ်သင်နိုင်၊](https://mfp-mm.com/news/4294/): စစ်အုပ်စု တစ်ယောက်က ပြည်သူကို သေနတ်ထောက်ပြီး ကားလုယက်ကာ မောင်းပြေးသွား၊ ဒေါ်လာ/MFP၊ ဇန်နဝါရီ – ၂ မကွေးတိုင်း နတ်မောက်မြို့နဲ့ မန္တလေးတိုင်း ပျော်ဘွယ်မြို့ကို ဆက်သွယ်ထားတဲ့ နတ်မောက် – ပျော်ဘွယ် လမ်းဟောင်းမှာ ဒေသခံတော်လှန်ရေးတပ်တွေက လမ်းပိုင်း စစ်ဆေးရေး ပြုလုပ်နေချိန် အစစ်အဆေးမခံဘဲ မောင်းပြေးတဲ့ စစ်အုပ်စု ကားတစ်စီးကို လိုက်လံပစ်ခတ်ခဲ့ရာ အရာရှိ အဆင့် အပါအဝင် နှစ်ယောက် သုတ်သင်နိုင်ပြီး ကားနဲ့ လက်နက်ခဲယမ်းတချို့ သိမ်းဆည်း ရရှိတယ်လို့ နတ်မောက်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ – ပကဖ က သတင်း ထုတ်ပြန်ပါတယ်။ ဇန်နဝါရီ ၂ရက် ဒီကနေ့ မနက် ၇နာရီအချိန် နတ်မောက် – ပျော်ဘွယ် လမ်းဟောင်းမှာ အစစ်အဆေး မခံဘဲ မောင်းပြေးတဲ့ စစ်အုပ်စု သုံးယောက်ပါ ကားကို လိုက်လံပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။ “ကျနော်တို့ နတ်မောက်ပကဖအနေနဲ့ နတ်မောက် – ပျော်ဘွယ်လမ်းဟောင်းပိုင်းမှာ လမ်းပိုင်း စစ်‌ဆေးရေးး ပြုလုပ်ခဲ့ပါတယ်။ ထိုသို့ စစ်ဆေးရေးပြုလုပ်နေစဉ် စိုင်ကောင်းဘက်မှ မောင်းလာသော စခ သုံးဦး လိုက်ပါလာသည့် TOYOTA HILUX SURF စခကားဟာ ကျနော်တို့ စစ်ဆေးနေတဲ့လမ်းအတိုင်း ရွာမွန်ဘက်ကို မောင်းနှင်လာရာ ကျနော်တို့ ရဲဘော်များမှ ကားကို တားဆီးစစ်ဆေးရာ အစစ်မခံဘဲ မောင်းနှင်ထွက်ပြေးခဲ့ပါတယ်။ အဆိုပါ‌ စခကားကို ကျနော်တို့ ရဲဘော်များမှ လိုက်လံ ပစ်ခတ်ရာ စခနှစ်ကောင် (အရာရှိတစ်ဦး၊ အခြားအဆင့်တစ်ဦး)‌ သေဆုံးပြီး … - [ဆိပ်ဖြူမြို့အနီး တိုက်ပွဲတွေမှာ စစ်အုပ်စု ၁၉ ယောက် သုတ်သင်နိုင်ပြီး သုံ့ပန်းနဲ့ လက်နက်တွေ ရ၊](https://mfp-mm.com/news/4286/): ဆင်ဖြူကျွန်းမြို့ ထွေအုပ်ရုံးကို စီးနင်းတိုက်ခိုက်ကာ မီးရှို့ဖျက်ဆီး၊ ဒေါ်လာ/MFP၊ ဇန်နဝါရီ – ၂ မကွေးတိုင်း၊ ဆိပ်ဖြူမြို့၊ သံဇလုံရွာ စစ်အုပ်စု ငွေညှစ်ဂိတ်နဲ့ ဆိပ်ဖြူမြို့အနီး သွားလာနေတဲ့ စစ်ကားတန်းကို ဒီဇင်ဘာ ၂၄ရက်နဲ့ ၃၀ရက်တွေက တိုက်ခိုက်ခဲ့ရာ စစ်အုပ်စု ၁၉ ယောက် သုတ်သင်နိုင်ပြီး တစ်ယောက် ဖမ်းမိကာ လက်နက်တွေလည်း သိမ်းဆည်း ရရှိခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ – NUG၊ ကာကွယ်ရေးဝန်ကြီးဌာန – MOD က သတင်း ထုတ်ပြန်ပါတယ်။ ဒီဇင်ဘာ ၂၄ရက်က ဆိပ်ဖြူမြို့နယ်၊ သံဇလုံကျေးရွာရှိ စစ်အုပ်စု စစ်ဆေးရေးဂိတ်ကို ပြည်သူ့ကာကွယ်ရေးတပ်မတော် – PDF၊ ပခုက္ကူခရိုင် စစ်ဌာနရဲ့ ကွပ်ကဲမှုနဲ့ တော်လှန်ရေးတပ်တွေက စီးနင်းတိုက်ခိုက်ရာ စစ်အုပ်စု သုံးယောက် သေပြီး ဂိတ်ကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။ ဒီဇင်ဘာ ၃၀ရက်မှာလည်း ဆိပ်ဖြူမြို့ထဲက ထွက်လာတဲ့ စစ်အုပ်စု အင်အား ၃၅ ဦးပါ ကားလေးစီးကို ပခုက္ကူခရိုင်စစ်ဌာနရဲ့ ကွပ်ကဲမှုနဲ့ တော်လှန်ရေးတပ်တွေက ကြားဖြတ်တိုက်ခိုက်ရာ စစ်အုပ်စု ၁၆ ယောက် စေပြီး တစ်ယောက် ဖမ်းမိတယ်လို့ ဆိုပါတယ်။ “ရန်သူ ၁၆ ဦး သေဆုံး၍ သုံ့ပန်း တစ်ဦးအား လက်ရဖမ်းဆီးနိုင်ခဲ့သည်။ အဆိုပါ တိုက်ပွဲအတွင်း ရန်သူ့ စစ်ယာဉ်တန်းမှ မော်တော်ယာဉ် နှစ်စင်း ပျက်စီးသွားပြီး လက်နက် ရှစ်လက်နှင့်အတူ ခဲယမ်းများကို သိမ်းပိုက် ရရှိခဲ့သည်” လို့ MOD က … - [မန္တလေးငလျင်ကြီး အပေါ် တရုတ်နှင့်အမေရိကန် သိပ္ပံပညာအားပြိုင်ပွဲ](https://mfp-mm.com/articles/4279/): Reddy Simon၊ MFP – ဇန်နဝါရီ – ၂ ၂၀၂၅ မန္တလေးငလျင်ကြီး လှုပ်ခတ်ပြီးချိန်ကစလို့ တရုတ်နိုင်ငံနဲ့ အမေရိကန်နိုင်ငံ သုတေသနပညာရှင်များဟာ အဆင့်မြင့် နည်းပညာတွေကိုယ်စီ အသုံးပြုပြီး ပူးပေါင်းဆောင်ရွက်မှုရော၊ အပြိုင်အဆိုင် လေ့လာမှုတွေပါပြုလုပ်ခဲ့ကြပါတယ်။ အထူးသဖြင့် တရုတ်နိုင်ငံရဲ့ AIRCAS (Aerospace Information Research Institute) နဲ့ အမေရိကန်နိုင်ငံ UCLA (University of California, Los Angeles) တို့ ပူးပေါင်းပြီး Science မဂ္ဂဇင်းရဲ့ မျက်နှာဖုံးဆောင်းပါးအဖြစ် ဖော်ပြခံရတဲ့အထိ နက်နက်နဲနဲ သုတေသနပြုနိုင်ခဲ့တာကို တွေ့မြင်ရပါတယ်။ ဒါဟာ ကမ္ဘာ့ရှားပါးဖြစ်စဉ်ဖြစ်တဲ့ (Supershear Rupture) အသံထက်မြန်တဲ့ငလျင်ကို အပြည့်စုံဆုံး လေ့လာနိုင်ခြင်းအဖြစ် ခေတ်သစ်ငလျင်သိပ္ပံပညာမှာ သမိုင်းစိုက်ထူနိုင်ခဲ့တာပါ။ သူတို့နှစ်ဖွဲ့ရဲ့ တွေ့ရှိချက်တွေကို ကဏ္ဍအလိုက် အပိုင်းခွဲပြီး MFP က စုစည်းတင်ပြပေးပါ့မယ်။ မြန်မာနိုင်ငံက ငလျင်ပညာရှင် ဒေါက်တာမျိုးသန့်ရဲ့ မှတ်ချက်တွေလည်း ထည့်သွင်းဖော်ပြလိုက်ပါတယ်။ ဒီလေ့လာချက်တွေကို ကြည့်ရှုခြင်းအားဖြင့် အာဏာရှင်စနစ်နဲ့ လုံးပန်းနေရတဲ့ မြန်မာနိုင်ငံဟာ သိပ္ပံနည်းပညာနယ်ပယ်နဲ့ လွန်စွာဝေးကွာကျန်ခဲ့တာ အတိုင်းသား သိမြင်နိုင်မှာပါ။ ၁။ တရုတ်နိုင်ငံ၏ တွေ့ရှိချက်နှင့် နည်းပညာများ (AIRCAS နှင့် Yunnan Array) တရုတ်နိုင်ငံဟာ သူတို့ရဲ့ ကိုယ်ပိုင်ဂြိုဟ်တုနဲ့ မြေပြင်တိုင်းတာရေးစခန်းတွေကို အဓိကထား အသုံးပြုခဲ့ပါတယ်။ အဆင့်မြင့်ဂြိုဟ်တုနည်းပညာဖြစ်တဲ့ LuTan-1 (L-band SAR) ဂြိုဟ်တုအပြင် Jilin-1 နဲ့ Gaofen စီးရီး ဂြိုဟ်တုပုံရိပ်တွေကို အသုံးပြုပြီး မြေပြင်ပျက်စီးမှုကို စံချိန်တင်တိကျစွာ … - [NUGနဲ့ မန္တလေးဒေသကြားကာလ အုပ်ချုပ်ရေးကောင်စီတို့ တွေ့ဆုံ၊](https://mfp-mm.com/news/4274/): ဆောင်းနွေဦး/MFP၊ ဇန်နဝါရီ – ၂ အမျိုးသားညီညွတ်ရေး အစိုးရ(NUG)နဲ့ မန္တလေးကြားကာလအုပ်ချုပ်ရေးကောင်စီတို့ ဒီဇင်ဘာလ ၂၈ ရက်မှာ လွတ်မြောက်နယ်မြေတစ်နေရာမှာ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ မန္တလေးကြားကာလအုပ်ချုပ်ရေးကောင်စီက ဒီနေ့ ထုတ်ပြန်ပါတယ်။ အဲဒီ အစည်းအဝေးမှာ လုပ်ပိုင်ခွင့်အာဏာခွဲဝေရေးနဲ့ပတ်သက်ပြီး ဆွေးနွေးခဲ့ကြသလို NUGအစိုးရရဲ့ ဝန်ကြီးချုပ်ရုံး ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုး၊ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်၊ ပြည်ထဲရေးနဲ့လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန ဒုတိယပြည်ထောင်စုဝန်ကြီး ဦးကျော်နီ အပါအဝင် တာဝန်ရှိသူတွေတက်ရောက်ခဲ့ကြပြီး မန္တလေးဒေသကြားကာလ အုပ်ချုပ်ရေးကောင်စီဘက်ကတော့ ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ အပါအဝင် ကောင်စီဝင်တွေ တက်ရောက်ခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။ အစည်းအဝေးမှာ နှစ်ဖက်တာဝန်ရှိသူတွေက လုပ်ပိုင်ခွင့်အာဏာခွဲဝေရေး (Division of Competency) ကိစ္စတွေနဲ့ ပတ်သက်ပြီး ဆွေးနွေးရာမှာ သဘောတူညီချက်တချို့ရခဲ့ပြီး အဲဒီသဘောတူညီချက်တွေကို NUG အစိုးရအဖွဲ့ကို တင်ပြသွားမယ်လို့လည်း ဆိုပါတယ်။ ဒါ့အပြင် မန္တလေးဒေသက လွတ်မြောက်နယ်မြေတွေမှာ သယံဇာတလုပ်ငန်းတွေနဲ့ ပတ်သက်ပြီး အခွန်အကောက် မှန်မှန်ကန်ကန်ရရှိဖို့နဲ့ တော်လှန်ရေးအတွက် ရှေ့ဆက်ရမဲ့ လုပ်ငန်းစဉ်တွေကို ဆွေးနွေးတိုင်ပင်ခဲ့ကြတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ Photo – မန္တလေးကြားကာလ အုပ်ချုပ်ရေးကောင်စီMFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။ - [နိုင်ငံတစ်ဝန်းက မြို့ ၃၇ မြို့ကို သိမ်းပိုက်ထားပြီး ၄၁ မြို့ကို PDFနဲ့မဟာမိတ်တပ်တွေ ဝိုင်းဝန်းပိတ်ဆို့ထားကြောင်း NUG ထုတ်ပြန်၊](https://mfp-mm.com/news/4269/): နန်းယု / MFP၊ဇန်နဝါရီ -၂ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)နဲ့ မဟာမိတ်တော်လှန်ရေးတပ်ဖွဲ့တွေက ၂၀၂၅ ခုနှစ် ဒီဇင်ဘာလကုန်အထိ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ မြို့ပေါင်း ၃၇ မြို့နယ်ကို အပြည့်အဝ သိမ်းပိုက်ထားပြီး နောက်ထပ် ၄၁ မြို့နယ်ကိုလည်း ဆက်လက် ဝိုင်းဝန်းပိတ်ဆို့ ထိန်းချုပ်ထားကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်တဲ့ ၂၀၂၅ ခုနှစ် စစ်ရေးတိုးတက်ဖြစ်ပေါ်မှု အခြေအနေအစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ ကချင်၊ ကယား(ကရင်နီ)، ကရင်၊ ချင်း၊ ရခိုင်၊ စစ်ကိုင်း၊ မန္တလေးနဲ့ ရှမ်းမြောက်ဒေသတွေအပြင် မကွေး၊ တင်္နသာရီဒေသတွေထိ မြို့သိမ်း၊ စခန်းသိမ်း တိုက်ပွဲတွေကို ထိထိရောက်ရောက် ဆောင်ရွက်ခဲ့နိုင်ပြီး မံစီ၊ ဖလမ်း၊ အင်းတော်၊ ဗန်းမောက်၊ မောတောင်မြို့တွေကို အပြည့်အဝ သိမ်းပိုက်ထားနိုင်ပြီဖြစ်ကြောင်း ထုတ်ပြန်ချက်မှာ ဆိုထားပါတယ်။ ဒါအပြင် ဗန်းမော်၊ ကျောက်ဖြူ၊ ဖာပွန်၊ ကသာ၊ ဆင်ဖြူကျွန်းမြို့တွေကိုလည်း မဟာမိတ်တော်လှန်ရေးအင်အားစုတွေက ရန်သူဘက် စစ်ရေးအင်အားတွေကို ဆက်လက် ပြင်းထန်စွာ ဖိအားပေးတိုက်ခိုက်နေတယ်လို့ ပြောပါတယ်။ “ လက်ရှိအချိန်မှာလည်း တော်လှန်ရေးအောင်နိုင်ရေးအတွက် မဟာဗျူဟာကျတဲ့ အရေးကြီးနယ်မြေတွေကို ထိုးစစ်ဆင်တိုက်ခိုက်သိမ်းပိုက် နိုင်ရေးကိုလည်း စုစည်းမှုအင်အားနဲ့ အားထုတ်ကြိုးပမ်းလျက်ရှိကြောင်း ပြည်သူလူထုကို အသိပေးပြောကြားလိုပါတယ်”လို့ NUG ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက နှစ်သစ်ကူးမိန့်ခွန်းမှာ ထည့်သွင်း ပြောကြားခဲ့တာဖြစ်ပါတယ်။ နွေဦးတော်လှန်ရေးရဲ့ အင်အားစုတွေအားလုံးဟာ အထူးသဖြင့် စစ်ရေးကဏ္ဍဘက်မှာ ဗဟိုကွပ်ကဲမှု တခုတည်းအောက်မှာ စုစည်းနိုင်မယ်ဆိုရင် အကြမ်းဖက်စစ်အုပ်စုကို အမြစ်ဖြတ် ချေမှုန်းနိုင်ဖို့ အကောင်းဆုံး အင်အားတခုဖြစ်ကြောင်း ဝန်ကြီးချုပ်က ဆိုပါတယ်။ တော်လှန်ရေးအင်အားစုတွေအနေနဲ့ စစ်တောင်းမြစ်ဝှမ်းဒေသ၊ … - [အင်းတော်စာသင်ကျောင်းကို စစ်အုပ်စုလေကြောင်း ဗုံးကြဲတာကြောင့် ကျောင်းသူတစ်ဦးသေဆုံး နှစ်ဦးထိခိုက်ဒဏ်ရာရ၊](https://mfp-mm.com/news/sagaing/4264/): MN/MFP ၊ ဇန်နဝါရီ – ၂ စစ်ကိုင်းတိုင်း၊ ကသာခရိုင်၊ အင်းတော်မြို့နယ်၊ မော်လူးဒေသမှာရှိတဲ့ စာသင်ကျောင်းကို ဒီကနေ့ ဇန်နဝါရီ ၂ ရက် မနက်၁ နာရီကျော်မှာ စစ်အုပ်စု လေကြောင်းက ဗုံးကြဲခဲ့တာကြောင့် ကျောင်းသူတစ်ဦး ဗုံးစထိမှန် သေဆုံးခဲ့သလို နှစ်ဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်က MFP ကို ပြောပါတယ်။ တော်လှန်ရေးတပ်ဖွဲ့တွေ တိုက်ခိုက်သိမ်းပိုက်ထားတဲ့ အင်းတော်မြို့နယ် မော်လူး(မြို့)ဒေသထဲက ရွာရှည်ရွာ စာသင်ကျောင်းကို တိုက်ပွဲမရှိဘဲ ဒီကနေ့ ဇန်နဝါရီ ၂ ရက် မနက် ၁ နာရီခွဲဝန်းကျင်မှာ စစ်အုပ်စု ဂျက်ဖိုက်တာနဲ့ ဗုံးနှစ်လုံး ကြဲချတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ ဗုံးကြဲတိုက်ခိုက််မှုကြောင့် ကျောင်းသူတစ်ဦး သေဆုံးခဲ့ပြီး နှစ်ဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ မြေပြင်စစ်ရေးသတင်းအရင်းအမြစ်တစ်ဦးက ပြောပါတယ်။ “၁၆ နှစ်အရွယ် ကျောင်းသူ တစ်ဦးသေတယ်။ နောက်ထပ် ကျောင်းသူ တစ်ဦးက လက်ဖြတ်ရမှာ၊ တစ်ယောက်ကတော့ ပေါင်ဖြတ်ရမယ်လို့ပြောတယ်။ သေဆုံးသွားတဲ့ ကျောင်းသူကတော့ အခု ဗုံးကြဲခံရတဲ့ရွာကိုလာပြီးတော့ ကျောင်းအိပ်ကျောင်းစားအနေနဲ့ ကျောင်းလာတတ်နေတာပါ” စစ်အုပ်စု လေကြောင်းကဗုံးကြဲလို့ ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ ကျောင်းသူနှစ်ဦးကတော့ အရေးပေါ် ဆေးဝါးကုသမှုခံယူနေရပြီး လုံခြုံရေးအခြေအနေအရ နာမည်နဲ့အသေးစိတ် အချက်အလတ်တွေကိုတော့ မသိရသေးဘူးလို့ သူက ဆိုပါတယ်။ အင်းတော်မြို့နယ်ထဲက မော်လူး(မြို့)ဒေသကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက ၂၀၂၃ ခုနှစ် ဒီဇင်ဘာလမှာ တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးနောက် ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် ဧပြီလမှာ အင်းတော်မြို့ကို ဆက်လက်တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ်။ တော်လှန်ရေးတပ်ဖွဲ့တွေ တိုက်ခိုက်သိမ်းပိုက်ထားတဲ့ အင်းတော်မြို့နယ်ထဲမှာ လက်ရှိ တိုက်ပွဲပြင်းထန်နေတဲ့ ကသာမြို့နယ်ကနေ … - [ပခုက္ကူ ဆိပ်ဖြူမြို့မှာ စစ်ကားတန်းကို တိုက်ခိုက်ရာ စစ်အုပ်စု ၁၆ ယောက် သေပြီး လက်နက် ရှစ်လက် ရ၊](https://mfp-mm.com/news/4260/): တော်လှန်ရေး ရဲဘော်တစ်ဦး ကျဆုံး၊ ဒေါ်လာ/MFP၊ ဇန်နဝါရီ – ၁ မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်အတွင်း ဒီဇင်ဘာ ၃၀ရက်က စစ်ကားတန်းကို ကြားဖြတ် တိုက်ခိုက်ခဲ့ရာ စစ်အုပ်စု ၁၆ ယောက်ကို သုတ်သင်နိုင်ပြီး လက်နက် ရှစ်လက် သိမ်းဆည်း ရရှိတယ်လို့ ပြည်သူ့ကာကွယ်ရေး တပ်မတော် – PDF၊ ပခုက္ကူခရိုင်စစ်ဌာနက သတင်း ထုတ်ပြန်ပါတယ်။ ဆိပ်ဖြူမြို့က ထွက်လာတဲ့ ကား လေးစီးပါ စစ်ကားတန်းကို လာကြိုတဲ့ သံပြားကာကား တစ်စီနဲ့ အိမ်စီးကား တစ်စီးပေါ်ပါ စစ်အုပ်စုကို ပခုက္ကူခရိုင် စုဖွဲ့မှုစစ်ကြောင်း ၂ (PDF+ပကဖ+LDF)၊ ပခုက္ကူခရိုင် Commando တပ်ဖွဲ့၊ ပခုက္ကူခရိုင် အမှတ် (၄) ၊ (၁၁) ၊ (၁၉) တပ်ရင်းတွေ ပူးပေါင်း၍ ခြုံခိုတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ အဲ့ဒီ တိုက်ခိုက်မှုအတွင်း စစ်အုပ်စု ၁၆ ယောက်ကို သုတ်သင်နိုင်ကာ သုံးယောက် ဒဏ်ရာရသွားပြီး 79 တစ်လက်၊ MA-1 လေးလက်၊ MA-3 သုံးလက်၊ စုစုပေါင်း လက်နက် ရှစ်လက်နဲ့ ခဲယမ်းပစ္စည်းတွေ သိမ်းဆည်း ရရှိတယ်လို့ ဆိုပါတယ်။ တိုက်ပွဲအတွင်း ပခုက္ကူခရိုင်စစ်ကြောင်းက တော်လှန်ရေး ရဲဘော်တစ်ဦး မြင့်မြတ်စွာ ကျဆုံးခဲ့ရတယ်လို့ ပခုက္ကူခရိုင်စစ်ဌာနက ထုတ်ပြန်ပါတယ်။ လက်ရှိမှာ ဒေသခံ တော်လှန်ရေးတပ်တွေ အနေနဲ့ ဆိပ်ဖြူမြို့ အပါအဝင် မကွေးတိုင်းထဲက မြို့ခြောက်မြို့ကို သိမ်းပိုက်နိုင်ရေး ထိုးစစ်ဆင် တိုက်ခိုက်နေတာ ဖြစ်ပါတယ်။ … - [မြိုင်နယ် ညောင်ကုန်းရွာ ထမင်းဆိုင်ကို လေကြောင်းကနေဗုံးကြဲတာကြောင့် ပြည်သူတစ်ဦးသေဆုံးကာ နှစ်ဦးဒဏ်ရာပြင်းထန်၊](https://mfp-mm.com/news/4257/): အီသာရမ်/MFP ၊ ဇန်နဝါရီ -၁ မကွေးတိုင်း၊ မြိုင်မြို့နယ်က ညောင်ကုန်းရွာကို ဒီဇင်ဘာလ ၃၁ ရက် ညနေပိုင်းမှာ စစ်အုပ်စုက လေကြောင်း‌ကနေ ပေါင် ၅၀၀ ဗုံးနှစ်လုံး ကြဲချတိုက်ခိုက်ပြီး စက်လက်နဲ့ပါ ပစ်ခတ်ခဲ့တာကြောင့် ပြည်သူတစ်ဦးနေရာမှာတင် သေဆုံးခဲ့ပြီး နှစ်ဦးထိခိုက်ဒဏ်ရာ ပြင်းထန်တယ်လို့ ဒေသခံသတင်းရင်းမြစ်က MFP ကို ပြောပါတယ်။ မြိုင်မြို့နယ် ညောင်ကုန်းကျေးရွာက ထမင်းနဲ့ဟင်းရောင်းချနေတဲ့ ဝိုင်းလေးထမင်းဆိုင်ကို တံတားဦးကတက်လာတဲ့ ဂျက်ဖိုက်တာအမျိုးအစားလေယာဉ်နဲ့ ပေါင် ၅၀၀ ဗုံးသီးနှစ်လုံး ကြဲချတိုက်ခိုက်ခဲ့တဲ့အပြင် စက်လက်နဲ့ပစ်ခတ်တာကြောင့် ပြည်သူတစ်ဦး နေရာမှာပဲ ပွဲချင်းပြီး သေဆုံးသွားတယ်လို့ မြိုင်ပကဖ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ “ပေါင်ဗုံးကြဲပြီးတော့ ပြန်ဝဲပြီး စက်လက်တွေနဲ့လည်း ဆွဲသေးတယ်ဗျ၊ညောင်ကုန်းဆိုင်းဘုတ်ရှေ့မှာပဲဗျ၊ဝိုင်းလေးဆိုတဲ့ ထမင်းဆိုင် အဲဒီဆိုင်ကိုကြဲတာ၊သေဆုံးတာက တစ်ယောက်သေဆုံးတယ်၊ဒဏ်ရာရတာက နှစ်ယောက်ကို သူတို့ နှစ်ယောက်ကလည်း စိုးရိမ်ရတယ်‌” စစ်အုပ်စုဗုံးကြဲတိုက်ခိုက်မှုကြောင့် ဝိုင်းလေးထမင်းဆိုင်က အဆောက်အဦးအားလုံး ပြန်လည်နေထိုင်လို့မရအောင် မီး​လောင်ပျက်စီးသွားတယ်လို့ သူကဆိုပါတယ်။ ညောင်ကုန်းကျေးရွာဟာ မြိုင်မြို့နဲ့ ၈ မိုင်ခန့်အကွာမှာရှိပြီး မြေပြင်တိုက်ပွဲလည်းမရှိသလို စစ်အုပ်စုစစ်ကြောင်းထိုးတာမျိုးလည်း မရှိဘဲ စစ်အုပ်စုက ဒေသခံပြည်သူတွေကို ဦးတည်ဗုံးကြဲသတ်ဖြတ်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ မြိုင်မြို့နယ်ကို စစ်အုပ်စုက လေကြောင်းကနေ ဆက်တိုက်ဗုံးကြဲတိုက်ခိုက်နေတာဖြစ်ပြီး ဒီဇင်ဘာလ ၂၁ရက်ကလည်း ဘုန်းကြီးကန်ကျေးရွာကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာကြောင့် ပြည်သူတစ်ဦးသေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။ MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။ - [နှစ်သစ်ကူးည တရုတ်ကြေးနီစက်ရုံထဲက လက်နက်ကြီး ထုလို့ ပြည်သူ သားအဖ သုံးဦး ဒဏ်ရာရ၊](https://mfp-mm.com/news/4254/): သုထက်/MFP၊ ဇန်နဝါရီ – ၁ စစ်ကိုင်းတိုင်း၊ ယင်းမာပင်နဲ့ ဆားလင်းကြီးမြို့နယ်ရှိ တရုတ်ပိုင် ယန်စီကြေးနီစက်ရုံထဲကနေ မနေ့က ညဦးပိုင်း ကျေးရွာတွေကို လက်နက်ကြီးနဲ့ ပစ်ခတ်လို့ တယ်ပင်ကန်ကျေးရွာထဲ ကျရောက် ပေါက်ကွဲကာ ပြည်သူ သားအဖသုံးဦး ဒဏ်ရာအပြင်းအထန် ရတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။ ဒီဇင်ဘာ ၃၁ရက် ည ၈နာရီခွဲ ဝန်းကျင်မှာ တရုတ်ပိုင် ယန်စီ ကုမ္မဏီကနေ အနီးဝန်းကျင် ကျေးရွာတွေကို လက်နက်ကြီးတွေနဲ့ ရမ်းကားပစ်ခတ်ခဲ့တာဖြစ်ပြီး ယင်းမာပင်မြို့နယ်၊ တယ်ပင်ကန်ရွာရှိ နေအိမ်တစ်လုံးပေါ် လက်နက်ကြီးကျည် တည့်တည့်ကျလို့ အိမ်ထဲမှာ ရှိနေတဲ့ အသက် ၇၀ ကျော်အရွယ် ဖခင်၊ အသက် ၂၀ ကျော်အရွယ် သားနဲ့သမီးတို့ မိသားစု သုံးဦး ဒဏ်ရာရတာလို့ ဆိုပါတယ်။ ဖခင်နဲ့ မီးဖြစ်သူဟာ ဒဏ်ရာ သိပ်ပြီး မပြင်းထန်ပေမယ့် သားဖြစ်သူမှာ ဒဏ်ရာပြင်းထန်ပြီး အသက်အန္တရာယ် စိုးရိမ်ရတယ်လို့ ဒေသခံ အမျိုးသားတစ်ဦးက MFP ကို ပြောပါတယ်။ “စစ်ရှောင်ရာက ပြန်တာမှ တစ်ရက်ရှိသေး၊ လက်နက်ကြီးထုတော့ ထွက်ပြေးရသေးတယ်၊ ယန်စီက လက်နက်ကြီး ခဏခဏ ထုတယ်၊ ရွာထဲကို အခုမှကျတာ၊ အရင်ကထုတာတွေတော့ ရွာရဲ့ အနောက်မြောက်ဘက်တွေပဲ ကျတာ” အဲ့ဒီ တရုတ်ပိုင်ယန်စီ ကြေးနီကုမ္မဏီကို ဂိတ်စောင့် လုံခြုံရေးယူပေးနေတဲ့ စစ်အုပ်စုဟာ ဒီဇင်ဘာ ၂၆ရက်က စလို့ တယ်ပင်ကန်ကျေးရွာကို စီးနင်းကာ အထိုင်ချ တပ်စွဲလို့ ရွာခံပြည်သူတွေ … - [နွေဦးတော်လှန်ရေး အင်အားစုအားလုံး တပ်ပေါင်းစုအနေနဲ့ ဗဟိုကွပ်ကဲမှုအောက်မှာစုစည်းဖို့ ယာယီသမ္မတဒူဝါလရှီးလ တိုက်တွန်း၊](https://mfp-mm.com/news/4251/): နန်းယု/ MFP ၊ ဇန်နဝါရီ – ၁ နွေဦးတော်လှန်ရေး ၅ နှစ်ကာလအတွင်း နိုင်ငံတစ်ဝန်းမှာရှိနေတဲ့ လက်နက်ကိုင်တော်လှန်ရေးအင်အားစုတွေအနေနဲ့ တပ်ပေါင်းစုအဖြစ် ထူထောင်ကာ တစ်ခုတည်းသော ဗဟိုအမိန့်ကွပ်ကဲမှုအောက်မှာ စုစည်းဖို့အတွက် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ယာယီသမ္မတ ဒူဝါလရှီးလက နှစ်သစ်ကူးမိန့်ခွန်းပြောကြားရာမှာ တိုက်တွန်းပြောကြားခဲ့တာ ဖြစ်ပါတယ်။ “လက်နက်ကိုင်လမ်းစဉ်ကို လျှောက်ကြတဲ့ နွေဦးတော်လှန်ရေးအင်အားစုအားလုံးဟာ ဗဟိုကွပ်ကဲမှု တစ်ခုတည်းအောက်မှာ စုစည်းနိုင်လေလေ၊ စစ်အာဏာရှင်အမြစ်ပြတ် ချုပ်ငြိမ်းရေးကို အမြန်ဆုံး လုပ်ဆောင်နိုင်လေလေဆိုတာ မမေ့ကြဖို့ အထူးလိုအပ်ပါတယ်။ ဒါ့ကြောင့် ပြည်သူလူထုတစ်ရပ်လုံး အနေနဲ့လည်း စစ်ရေးတပ်ပေါင်းစုတွေ စုဖွဲ့မှုကို လေးနက်စွာ ဂုဏ်ပြုကြိုဆိုကြဖို့ လိုသလို၊ ပြည်သူ့ဝန်းရံမှု အစဉ်အမြဲ ရှိနေစေဖို့လည်း တိုက်တွန်းနှိုးဆော်ချင်ပါတယ်။ စစ်ရေးကဏ္ဍမှာ စုဖွဲ့မှု ပိုမိုအားကောင်းလာဖို့၊ ကျွန်တော်တို့အစိုးရအနေနဲ့လည်း ဆက်လက် လုပ်ဆောင်နေမှာ ဖြစ်ပါတယ်။ လက်ရှိမှာ စစ်ရေးအတွက် C3C လို စုဖွဲ့ထားမှုတွေ ရှိထားပြီး ဖြစ်သလို ယခုထက်လည်း ပိုမို အားကောင်းအောင် ဆောင်ရွက်ဖို့ လိုအပ်ကြောင်း၊ ပြည်သူတစ်ရပ်လုံးကို လေးနက်စွာ တင်ပြ လိုပါတယ်” လို့ ယာယီသမ္မတ ဒူဝါလရှီးလ ကပြောပါတယ်။ ၂၀၂၅ ခုနှစ် နှစ်ကုန်ပိုင်းမှာပေါ်ပေါက်လာတဲ့ နွေဦးတော်လှန်ရေးတပ်ပေါင်းစု (SRA) စုဖွဲ့မှုဟာ ပြည်သူတို့အတွက် ဝမ်းမြောက်စရာ အဖြစ်သာမက တော်လှန်ရေးအင်အားစုတွေ အတွက်လည်း အားထုတ်စရာ အင်အားတစ်ရပ် ဖြစ်လာတယ်လို့ ဆိုပါတယ်။ နွေဦးတော်လှန်ရေးတပ်ပေါင်းစုအပေါ် NUGအစိုးရအနေနဲ့လည်း ချိတ်ဆက်မှုလုပ်ငန်းတွေ၊ ပူးပေါင်းရေးလှုပ်ရှားမှုတွေမှာ ဝန်းရံခဲ့ကြောင်းနဲ့ နွေဦးတော်လှန်ရေးအတွင်း ပေါ်ပေါက်လာတဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေနဲ့ တော်လှန်ရေးအင်အားစုအားလုံးကို တစ်ခုတည်းသော ဗဟိုကွပ်ကဲရေးအောက် … - [ဘုတလင်မှာ စစ်အုပ်စု ဆက်လက် စစ်ကြောင်းထိုး၊ ဗုံးကြဲနေလို့ မြို့ပေါ်နဲ့ ကျေးရွာ ၂၀ ထွက်ပြေးနေရ၊](https://mfp-mm.com/news/4245/): စစ်ဘေးဒုက္ခသည်တွေ အမိုးအကာနဲ့ စားနပ်ရိက္ခာ အရေးပေါ် လိုအပ်၊ သုထက်/MFP၊ ဇန်နဝါရီ – ၁ စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ ဘုတလင်မြို့နယ်ထဲက စစ်အုပ်စုက ဆက်လက် ရွာစဉ်ပတ်မွှေ စစ်ကြောင်းထိုးကာ လူသတ်၊ လုယက်၊ ဖမ်းဆီးနေသလို ဘုတလင်မြို့ပေါ် ရပ်ကွက်တွေကိုပါ လေကြောင်းကနေ ဗုံးပတ်ကြဲနေလို့ သောင်းနဲ့ချီတဲ့ ပြည်သူတွေ စစ်ဘေးရှောင်နေရတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။ စစ်အုပ်စု ရန်ကြောင့် ဘုတလင်မြို့ပေါ် ရပ်ကွက်တွေနဲ့ ဘုတလင်နယ် ကျေးရွာ ၂၀ လောက်က သောင်းချီတဲ့ ပြည်သူတွေ စစ်ဘေးရှောင် ထွက်ပြေးနေရတာ ဖြစ်ပြီး အမိုးအကာနဲ့ စားနပ်ရိက္ခာတွေ အရေးပေါ် လိုအပ်နေတယ်လို့  ကိုယ်တိုင်စစ်ဘေးရှောင်နေရတဲ့ အမျိုးသားတစ်ဦးက ပြောပါတယ်။ “မြေပြင်ရော ဝေဟင်ပါ မတရားလုပ်နေတာ”လို့ ဘုတလင်နယ်ထဲ စစ်အုပ်စုက ရွာစဉ်ပတ်မွှေ စစ်ကြောင်းထိုးကာ လေကြောင်းကနေလည်း ဗုံးပတ်ကြဲနေကြောင်း အထက်ပါ စစ်ရှောင်ပြည်သူက ပြောပါတယ်။ မုံရွာနဲ့ ဘုတလင်မြို့ကြားရှိ အနောက်မြောက်တိုင်းစစ်ဌာနချုပ် – နမခ ထဲက ထွက်လာတဲ့ စစ်အုပ်စုဟာ ဒီဇင်ဘာ ၂၆ရက်က စလို့ ဘုတလင်နယ် ဇီးတောရွာကို စစ်ကြောင်းထိုး စီးနင်းခဲ့တာ ဖြစ်ပြီး ဒီဇင်ဘာ ၂၈ရက်က ဘုတလင်မြို့ပေါ် တိုက်ပွဲဖြစ်ပြီးနောက် အဲ့ဒီ ဇီးတောရွာထဲက စစ်အုပ်စု အပါအဝင် ဘုတလင်မြို့ပေါ်က စစ်အုပ်စုပါ ဒေသတွင်း ရွာစဉ်ပတ်မွှေ စစ်ကြောင်းထိုးကာ လူသတ်၊ လုယက်၊ ဖမ်းဆီးတာတွေ ကျူးလွန်နေသလို ကျေးရွာတွေကိုသာမက မြို့ပေါ်ရပ်ကွက်တွေကိုပါ လေကြောင်း ဗုံးကြဲနေတာလို့ … - [ဝက်လက်မှာ စစ်အုပ်စု ဗုံးကြဲသတ်ဖြတ်မှုကြောင့် ရဟန်းသံဃာတွေအပါအဝင် တစ်လအတွင်း အရပ်သား ၃၀နီးပါး သေဆုံး၊](https://mfp-mm.com/news/4238/): နန်းယု/MFP၊ ဇန်နဝါရီ – ၁ စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်အရှေ့ခြမ်းကို ဒီဇင်ဘာလ ၂ ရက်ကနေ ၃၁ ရက်နေ့အထိ စစ်အုပ်စုတပ်လေကြောင်းကနေ ဗုံးကြဲသတ်ဖြတ်ခဲ့တာကြောင့် သံဃာတော်တွေ အပါအဝင် ဒေသခံ ၃၀ နီးပါးသေဆုံးကာ နောက်ထပ်ပြည်သူ ၃၀ ကျော်လည်း ဒဏ်ရာရရှိခဲ့တယ်လို့ Wetlet Informational Networkက ထုတ်ပြန်ပါတယ်။ ဝက်လက်မြို့နယ်ကို တစ်လအတွင်း စစ်အုပ်စုရဲ့ တံတားဦးနဲ့ မိတ္ထီလာလေတပ်ကနေ တက်လာတဲ့ ဂျက်ဖိုက်တာ၊ Mi -35ရဟတ်ယာဉ်တွေနဲ့ ကျောက်မြောင်း အခြေစိုက် ခြေမြန်တပ်ရင်း ခမရ-၁၂ က တက်လာတဲ့ အသေခံဒရုန်းတွေနဲ့ လေကြာင်းကနေ ၁၄ ကြိမ် ဗုံးကြဲသတ်ဖြတ်ခဲ့တာ ဖြစ်ပါတယ်။ ဒီဇင်ဘာလ ၂ ရက်မှာ မြို့အရှေ့ နတ်မှော်ဦးရွာကို တံတားဦးလေတပ်ကနေ တက်လာတဲ့ ဂျက်ဖိုက်တာနဲ့ လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ပြ‌ည်သူငါးဦးသေဆုံး၊ ငါးဦးဒဏ်ရာရရှိခဲ့ပြီး နေအိမ်ငါးလုံးပျက်စီးခဲ့သလို ဒီဇင်ဘာလ ၁၃ ရက်မှာတော့ ထုံးဘိုရွာတောင်ဘက် သန်းကုန်းတောတိုက်အနီးကို ဂျက်ဖိုက်တာနှစ်စီးနဲ့ ပစ်ခတ်ရာမှာ ပြည်သူ လေးဦးသေဆုံးကာ ၁၀ ဦးဒဏ်ရာရခဲ့ပြီး နေအိမ် ရှစ်လုံးမီးလောင်ပျက်စီးခဲ့ပါတယ်။ ဒီဇင်ဘာလ ၁၆ ရက်မှာတော့ ဝက်လက်နယ်နဲ့ ရွှေဘိုနယ်အစပ်နေရာကို ဂျက်ဖိုက်တာနဲ့ဗုံးကြဲရာမှာ သံဃာတော်တစ်ပါးနဲ့ ပြည်သူသုံးဦးသေဆုံးခဲ့ပြီး ဒီဇင်ဘာလ ၁၇ ရက်မှာတော့ ဆည်တောရွာ လေကြောင်းတိုက်ခိုက်မှုမှာ ပြည်သူလေးဦး ထပ်မံသေဆုံးကာ၊ ငါးဦးထိခိုက်ဒဏ်ရာ ရခဲ့ပါတယ်။ အလားတူ ဒီဇင်ဘာလ ၁၈ ရက်မှာလည်း သစ်ဆိပ်ရွာကို အသေခံဒရုန်းနှစ်စီးနဲ့ ဗုံးကြဲခဲ့တာကြောင့် သံဃာတစ်ပါးပျံလွန်တော်မှုကာ အသက်မပြည့်သေးတဲ့ ကလေးသူငယ်တစ်ဦး ဒဏ်ရာရရှိခဲ့သလို … - [နိုင်ငံတစ်ဝန်းက အကျဉ်းထောင်တွေမှာ ဖမ်းဆီးထားတဲ့ အကျဉ်းသား ၁၀၀ ကျော်ကို နှစ်သစ်မှာ NUG လွတ်ငြိမ်းခွင့်ပေး၊](https://mfp-mm.com/news/4234/): နန်းယု/MFP၊ ဇန်နဝါရီ – ၁ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က နှစ်သစ်ကူးနေ့ ဖြစ်တဲ့ ၂၀၂၆ခုနှစ် ဇန်နဝါရီ ၁ ရက်နေ့မှာ အကျဉ်းသား ၁၁၀ ဦးကို လွတ်ငြိမ်းခွင့်ပေးလိုက်ကြောင်းကို NUGသမ္မတရုံးက ဒီနေ့ ထုတ်ပြန်ပါတယ်။ ရာဇဝတ်ကျင့်ထုံး ဥပဒေ ပုဒ်မ – ၄၀၁၊ ပုဒ်မခွဲ-၁ အရ NUG ရဲ့ နိုင်ငံတစ်ဝန်းက အကျဉ်းထောင်နဲ့အကျဉ်းစခန်းတွေမှာရှိတဲ့ အကျဉ်းသားတွေအထဲက ၁၁၀ ဦးကို စည်းကမ်းသတ်မှတ်ချက်မထားဘဲ လွတ်ငြိမ်းခွင့် ပြုလိုက်တာဖြစ်ကြောင်း NUGရဲ့ယာယီသမ္မတဒူဝါလရှီးလ လက်မှတ်ထိုး ထုတ်ပြန်ထားပါတယ်။ ဒါအပြင် ကျန်ရှိတဲ့ အကျဉ်းကျခံနေရတဲ့ အကျဉ်းသား၊အကျဉ်းသူတွေအနေနဲ့လည်း လက်ရှိကျခံနေရတဲ့ ထောင်ဒဏ်ရဲ့ သုံးပုံတစ်ပုံကို လျှော့ကျခွင့်ပေးထားကြောင်း ဖော်ပြထားပါတယ်။ NUGရဲ့ ဝန်ကြီးချုပ်ရုံးပြောခွင့်ရသူ ကိုနေဘုန်းလတ်ကတော့ ခြောက်လအထက် နေစားအချုပ် ခြောက်လအထက် ကျနေသူတွေကို ပြန်လွှတ်ပေးခဲ့တာလို့ MFPကို ပြောပါတယ်။ “ ဘယ်သူတွေ ပါလဲဆိုရင် လူသတ်မုဒိန်းလိုမျိုး အမှုကြီးတွေ မဟုတ်တဲ့ အမှုတွေထဲကနေမှ ကူးစက်ရောဂါ ခံစားနေရတဲ့ သူတွေ ၊ အသက် ၇၀ အထက်ရှိတဲ့ သူတွေ ဒီလူတွေဆိုရင် ကျွန်တော်တို့ အမှုကနေ အပြီးအပြတ် လွှတ်တာ ရှိပါတယ်။ ပြီးတော့ Non – CDMတို့ ၊ ယာဉ်တိုက်မှု၊ နာကျင်စေမှု စတဲ့ အမှုတွေက လေး ၊ ငါး၊ ခြောက်လ ကျခံပြီးပြီဆိုရင် ဒီလူတွေကိုလည်း ပြစ်ဒဏ် နှစ်နှစ် လျှော့ပေးတာရှိတယ်။ ထောင်ဒဏ် ခြောက်လ … - [မန္တလေး - သပိတ်ကျင်း - မိုးကုတ် ကားလမ်းပိုင်း စစ်အုပ်စု ပြန်ထိန်းချုပ်၊](https://mfp-mm.com/news/4227/): ထင်လင်း/MFP၊ ဇန်နဝါရီ – ၁ မန္တလေးမြို့ကနေ မိုးကုတ်နဲ့ သပိတ်ကျင်းမြို့တွေဆီ ဆက်သွယ်ထားတဲ့ မန္တလေး – မတ္တရာ – စဉ့်ကူး – သပိတ်ကျင်း – မိုးကုတ် ကားလမ်းပိုင်းကို အာဏာသိမ်း စစ်အုပ်စုက ၂၀၂၅ နှစ်ကုန်ရက်မှာ ပြန်လည် ထိန်းချုပ်နိုင်ပြီး အများပြည်သူ ဖြတ်သန်းသွားလာလို့ရအောင် မကြာခင် လမ်းပိုင်းကို ပြန်ဖွင့်ပေးတော့မယ်လို့ စစ်လော်ဘီတွေက အောင်ပွဲခံ သတင်းဖြန့်ပါတယ်။ ၂၀၂၄ နှစ်လယ်ပိုင်းကတည်းက စစ်ရှုံးကာ မန္တလေး – မိုးကုတ် ကားလမ်းပေါ် ခြေချခွင့်မရတဲ့ စစ်အုပ်စုဟာ တော်လှန်ရေးတပ်တွေက ငလျင်ပြန်လည်ထူထောင်ရေးအတွက် အပစ်အခတ် ရပ်စဲတာကို အခွင့်ကောင်းယူပြီး တရုတ်အားကိုး၊ လေကြောင်းအားကိုးနဲ့ ပြီးခဲ့တဲ့ ဇွန်လမှာ ပြန်လည် ထိုးစစ်ဆင်တာ ဖြစ်ပါတယ်။ စစ်အုပ်စုဟာ မန္တလေး – မိုးကုတ်လမ်း ပြန်လည် ထိန်းချုပ်နိုင်ရေးအတွက် မန္တလေးကနေ မတ္တရာနဲ့ စဉ့်ကူးဘက် ဦးတည်ကာ စစ်ကြောင်းထိုးသလို သပိတ်ကျင်းနယ်ရှိ နောက်ဆုံးလက်ကျန် စစ်စခန်းတွေကနေ စဉ့်ကူးနယ်ဆီ ဦးတည်ကာ နှစ်ဖက်ညှပ် စစ်ကြောင်းထိုးခဲ့တာ ဖြစ်ပါတယ်။ ဒီဇင်ဘာ ၃၀ရက်က စဉ့်ကူးနဲ့ သပိတ်ကျင်းမြို့နယ်အစပ်ရှိ လိပ်ကျနဲ့ ချောင်းကြီးကျေးရွာတွေကို စစ်အုပ်စု ပြန်ရသွားပြီးနောက် အဲ့ဒီ နှစ်ဖက်ညှပ် စစ်ကြောင်းထိုးလာတဲ့ စစ်အုပ်စု ပေါင်းဆုံသွားကာ ဒီဇင်ဘာ ၃၁ရက်မှာ လမ်းပိုင်းတစ်ခုလုံးကို ပြန်လည် စိုးမိုးထိန်းချုပ်နိုင်တာ ဖြစ်မယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။ မန္တလေး – မိုးကုတ်လမ်းနဲ့ မတ္တရာ၊ စဉ့်ကူး၊ သပိတ်ကျင်းနဲ့ … - [တိုက်ပွဲပြင်းထန်နေတဲ့ ဘုတလင်မြို့ကို စစ်အုပ်စုတပ် အဝင်အထွက်ပိတ်ထားတာကြောင့် မြို့ခံတွေပိတ်မိ၊တိုက်ပွဲအတွင်း စစ်အုပ်စု ၁၅ ဦးထက်မနည်းသေဆုံးကာ တော်လှန်ရေး ရဲဘော် ခြောက်ဦးကျဆုံး၊](https://mfp-mm.com/news/sagaing/4223/): MN/MFP ၊ ဒီဇင်ဘာ – ၃၁ အတုအယောင် ရွေးကောက်ပွဲပြုလုပ်နေတဲ့ ဒီဇင်ဘာ ၂၈ ရက်က ဘုတလင်မြို့ပေါ်က စစ်အုပ်စု ရွေးကောက်ပွဲလုပ်ဖို့စီစဉ်ထားတဲ့နေရာအပါဝင် အထိုင်စခန်း လေးခုကို တော်လှန်ရေးတပ်ဖွဲ့တွေက တပြိုင်နက်တည်း ဝင်ရောက်စီးနင်းတိုက်ခိုက်ရာမှာ စစ်အုပ်စုတပ်ဖွဲ့ဝင် ၁၅ ဦးထက်မနည်းသေဆုံးကာ တော်လှန်ရေးရဲဘော် ခြောက်ဦးကျဆုံးခဲ့ပြီး မြို့ကိုယာယီထိန်းချုပ်နိုင်ခဲ့တယ်လို့ တိုက်ပွဲမှာပါဝင်တဲ့ တော်လှန်ရေးတပ်ဖွဲ့တွေက ဒီဇင်ဘာ ၃၁ ရက် ဒီကနေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။ ဘုတလင်မြို့ကို တော်လှန်ရေးတပ်ဖွဲ့တွေက တစ်ရက်ကြာ ယာယီထိန်းချုပ်နိုင်ခဲ့ပေမဲ့ စစ်အုပ်စု မြေပြင်စစ်ကူနဲ့ လေကြောင်းကဗုံးကြဲတာ ခဲယမ်းလိုအပ်ချက်ရှိလာတာတွေကြောင့် ပြန်လည်ဆုတ်ခွာထားရတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ လက်ရှိမှာ ဘုတလင်မြို့ပေါ်မှာရှိနေတဲ့ စစ်အုပ်စုတပ်တွေနဲ့ စစ်ကူလာတဲ့ စစ်အုပ်စုတွေ ပူးပေါင်းပြီး မြို့အနီးဝန်းကျင်က ကျေးရွာတွေကို စစ်ကြောင်းထိုးနေသလို ဘုတလင်မြို့ကိုပါ စစ်အုပ်စုက အဝင်အထွက်ပိတ်ဆို့ထားတာကြောင့် မြို့ခံပြည်သူတွေ ပိတ်မိနေတယ်လို့ ဒေသခံ သတင်းရင်းမြစ်က MFP ကို ပြောပါတယ်။ “တော်လှန်ရေးတပ်ဖွဲ့တွေကတော့ မြို့ပြင်မှာ သိပ်မရှိတော့ပါဘူး။ အခု မြို့ထဲမှာရှိတဲ့ စစ်ကြောင်းနဲ့ မြို့ပြင်မှာရှိတဲ့ စစ်ကြောင်းပေါင်းပြီးတော့ မြို့အရှေ့ဘက်က သပြေပင်ရွာဘက်ကို စစ်ကြောင်းထိုးနေတယ်။ တိုက်ပွဲအတွင်းမှာ မြို့ထဲက ပြည်သူအချို့လည်း ထိခိုက်သေဆုံးတယ်လို့တော့ ကြားရတယ်။ အရေအတွက်တော့ မသိရသေးဘူး။ အခုလည်း စကစဘက်က မြို့ထဲက ပြည်သူတွေကို အပြင်ထွက်ခွင့်မပေးဘူး။ မြို့အဝင်အထွက် ပိတ်ထားတော့ မြို့ထဲမှာက ပြည်သူတွေ ဒီနေ့ထိ ပိတ်မိနေတာ။ စစ်ကြောင်းအတွင်းမှာ ဖမ်းဆီးခံထားရတဲ့ ဒေသခံတွေလည်းရှိသေးတယ်” လက်ရှိမှာ စစ်အုပ်စုက ဘုတလင်မြို့အနီးက ကျေးရွာတွေကို စစ်ကြောင်းထိုးနေပြီး ဒေသခံအချို့ ဖမ်းဆီးသတ်ဖြတ်ခံရတာရှိပေမဲ့ … - [ငလျင်အပြီး ရုန်းကန်နေရဆဲကလေးတို့ ပညာရေး](https://mfp-mm.com/news/4216/): ဂျီဂျီ/MFP၊ ဒီဇင်ဘာ ၃၁ အခြေခံပညာမူလတန်းကျောင်းလို့ ဆိုင်းဘုတ်တပ်ထားတဲ့ ခြံဝင်းအတွင်း ပေ ၂၀ × ပေ ၃၀ ခန့် အကျယ်အဝန်းရှိ အဆောင်တစ်ခုမှာ စာသင်သံ၊ စာအံသံတွေနဲ့ ဆူညံပွက်လောရိုက်လို့နေပါတယ်။ Hall type (ခန်းမကျယ်) ပုံစံစာသင်ဆောင်ကိုမှ အတန်းတစ်တန်းနဲ့တစ်တန်းကို နံရံနဲ့ အခန်းဖွဲ့တည်ဆောက်တာမဟုတ်ဘဲ ခုံကလေးနဲ့သာ ခြားထားတာကြောင့်လည်း အသံတွေက ပိုပြီးလုံးထွေးနေပါတော့တယ်။ အခြေခံပညာမူလတန်းကျောင်းတစ်ကျောင်းမှာဆိုရင် ကျောင်းသားဦးရေ ၉၀ ကနေ ၄၀၀ နီးပါးရှိပါတယ်။ ကျောင်းဖွင့်ရက်တွေမှာ အဲ့ဒီကျောင်းသားရာကျော်ရဲ့ အသံတွေကို လွှမ်းခြုံနိုင်အောင် အော်ဟစ်သင်ရတဲ့ ဆရာ၊ ဆရာမတွေဟာလည်းသောကြာညနေလိုမျိုးမှာ အသံတွေဝင်ပြီး ပြာနေကြပါပြီ။ “ ရင်နာစရာကောင်းတယ်။ ငါတို့နိုင်ငံမှာ စာသင်နေရတာ။ ရှိတဲ့အဆောင်လေးတွေမှာ ကလေးတွေ (ပြွတ်သိပ်) ညပ်ပြီး ပုံထပ်နေတာပဲ” လို့ ငလျင်ဒဏ်သင့်စာသင်ကျောင်းတွေနဲ့ပတ်သက်ပြီး စိတ်ဝင်တကား လေ့လာ ကူညီနေတဲ့ မန္တလေးမြို့ ဒေသခံတစ်ဦးက MFP ကို ပြောပါတယ်။ စာသင်ဆောင် မပြည့်စုံလို့ နေရာထိုင်ခင်း ကြပ်ကြပ်ညပ်ညပ်၊ ဆရာမစာသင်သံနဲ့ ကလေးတွေ စာအံသံ ရောရောထွေးထွေး၊အဲဒီလိုမြင်ကွင်းဟာ ဝေးလံခေါင်ဖျားပြီး အစွန်အဖျားဒေသတွေမဟုတ်ပါဘူး။ မြန်မာနိုင်ငံအလယ်ပိုင်း မန္တလေးမြို့နဲ့ အနီးဝန်းကျင်ဒေသတွေမှာပဲ တွေ့မြင်နိုင်ပါတယ်။ အခြေခံပညာကျောင်းတွေမှာ စာသင်ဆောင်တွေလိုအပ်နေတာဟာ ၂၀၂၅ ခုနှစ် ငလျင်ကြီးမတိုင်မီကတည်းကပါ။ အဲဒီလိုအပ်မှုတွေဟာ ငလျင်ကြီးအပြီးမှာတော့ ပိုပြီး မြင်သာထင်သာရှိလာတယ်လို့ ဆိုရမှာဖြစ်ပါတယ်။ မတ်လ ၂၈ ရက်က စစ်ကိုင်းငလျင်ကြီးလှုပ်ခတ်မှုကြောင့် ဘေးသင့်ဒေသရှိ စာသင်ကျောင်းပေါင်း ၂,၅၁၄ ကျောင်း ပျက်စီးခဲ့ရတယ်လို့ စစ်အုပ်စုထုတ်ပြန်ချက်တွေအရ သိရပါတယ်။ ဘယ်ဒေသက ဘယ်လိုပျက်စီးတယ်ဆိုတဲ့ အသေးစိတ်စာရင်း မသိရှိရပေမဲ့ ငလျင်ဗဟိုချက်အနီးမှာရှိတဲ့ အမရပူရ၊ အင်းဝ၊ တံတားဦး၊ စဉ့်ကိုင်နဲ့ ပလိပ်ဒေသမှာ စာသင်ကျောင်းတချို့ ပြိုကျ၊ပျက်စီးတာတွေရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ စာသင်ဆောင်နှစ်ခုရှိတဲ့အနက် တစ်ခုက လုံးဝပြိုကျသွားတာ၊ တစ်ခုက တစ်ခြမ်းစောင်းသွားတာ၊ နံရံတွေ အက်ကွဲသွားတာ၊မျက်နှာကျက်ပြိုကျတာ၊ မြင့်မိုရ်ပြိုကျတာ၊ ကျောင်းအုတ်တံတိုင်းတွေ ပြိုကျတာ စတဲ့ ပုံစံမျိုးစုံပျက်စီးနေတာပါ။ ဒီလိုပျက်စီးနေတာတွေကို ပြုပြင်ဖို့အတွက် ပြင်ဆင်ခွင့်ကို သက်ဆိုင်ရာကျောင်းအုပ်တွေက ဌာနတွင်း အဆင့်ဆင့် စာတင်ထားပေမဲ့ စာသင်နှစ်တစ်နှစ် ပြီးဆုံးတော့မယ့် လက်ရှိအချိန်အထိ ကျမလာသေးဘူးလို့ ကျောင်းအခြေအနေကို သိရှိသူတစ်ဦးက MFP ကို ပြောပါတယ်။ ထိခိုက်၊ ပျက်စီးခဲ့တဲ့ စာသင်ကျောင်းတွေအနက် အထက်တန်းကျောင်းတွေဆိုရင် အပြိုအပျက်တွေကို စစ်အုပ်စုလက်အောက်ခံတွေက ရှင်းလင်းပေးကြပါတယ်။ လုံးဝပြိုကျသွားတဲ့ ကျောင်းအတွက်လည်း စစ်အုပ်စုက ဖျက်သိမ်းစရိတ်ကျပ်သိန်း (၃၀) ပေးထားတယ်လို့ စုံစမ်းသိရပါတယ်။ မြို့ပေါ်မှာရှိတဲ့ စာသင်ကျောင်းတွေဆိုရင်လည်း ရှင်းလင်း၊ ပြင်ဆင်၊ ကူညီပေးတဲ့ အဖွဲ့အစည်းတွေများပေမဲ့ မြို့နဲ့မလှမ်းမကမ်းက မူလတန်းကျောင်းလေးတွေကတော့ အကူအညီရရှိတာ နည်းပါးကြပါတယ်။ ငလျင်ကြီး လှုပ်ပြီး နှစ်လကျော်အကြာ ကျောင်းဖွင့်ရာသီမှာတော့ အခြေခံပညာကျောင်းအားလုံးကို ဖွင့်လှစ်သင်ကြားပေးနိုင်ခဲ့တယ်လို့ စစ်အုပ်စုက သြဂုတ်လမှာ သတင်းထုတ်ပြန်ပါတယ်။ ထိခိုက်၊ ပျက်စီး ကျောင်းဆောင်တွေကို ပြုပြင်ပြီးစီးတာမဟုတ်ဘဲ အချိန်နှစ်ချိန်ခွဲပြီး နှစ်သုတ်တက်စနစ်နဲ့ သင်ကြားဖို့ စစ်အုပ်စုက စီစဉ်ထားတာဖြစ်ပါတယ်။ စစ်အုပ်စုအမိန့်အရ မဖြစ်မနေ ဖွင့်လှစ်ခဲ့ရတဲ့ ငလျင်ဘေးသင့် စာသင်ကျောင်းတွေဟာ မပြုပြင်နိုင်သေးတဲ့ ထိခိုက်၊ ပျက်စီးမှုတွေကြောင့် အဆင်ပြေရာနည်းလမ်းကိုသုံးခဲ့ရပါတယ်။ ကျောင်းဝင်းအတွင်း မပြုပြင်ရသေးတဲ့ ကျောင်းဆောင်တွေအနီးသစ်ပင်ရိပ်အောက်မှာ စာသင်ခုံကလေးတွေချပြီး ပညာသင်ရတဲ့ ကျောင်းသား၊ ကျောင်းသူတွေရှိသလို ကျောင်းဝင်းအတွင်းနေရာလွတ်မရှိတဲ့ တချို့ကျောင်းတွေက ရပ်ရွာခန်းမမှာ၊ တချို့က ဘုရားပေါ်မှာ ရွှေ့ပြောင်းပြီး ပညာသင်ကြားကြရပါတယ်။ စာသင်ဆောင် (၂) ခုရှိပြီး (၁) ခုက လုံးဝပြိုကျသွားတာကြောင့် ကျောင်းဆောင် (၁) ခုတည်းနဲ့ပဲ ဖြစ်သလို ရပ်တည်နေရတဲ့အမရပူရမြို့နယ်အတွင်းရှိ အခြေခံပညာမူလတန်းကျောင်းတစ်ခုကတော့ မနက်ပိုင်း၊ ညနေပိုင်း အချိန်နှစ်ချိန်ခွဲကာ နှစ်သုတ်တက်စနစ်နဲ့ ပညာသင်ယူနေရပါတယ်။ စစ်အုပ်စုအနေနဲ့ ပျက်စီး၊ ထိခိုက်တဲ့ စာသင်ကျောင်းတွေကို အသစ်တည်ဆောက်ပေးတာ၊ ပြုပြင်ပေးတာတွေကို သတင်းထုတ်ပြန်တဲ့အရေအတွက်ကိုတော့ MFP အနေနဲ့ မတွေ့ရှိရသေးပါဘူး။ ယာယီ Prefabricated စာသင်ကျောင်းဆောင် ၂၀ ဖြန့်ခွဲဆောင်ရွက်ပေးထားတယ်လို့ စစ်အုပ်စုက ဆိုပါတယ်။ ပေ ၉၀ × ပေ ၃၀ ရှိတဲ့ ကွန်တိန်နာအဆောက်အအုံ ယာယီစာသင်ဆောင်တွေကို ပြည်ပအလှူရှင်တွေက လှူဒါန်းတာဖြစ်ပြီးနေပြည်တော်၊ စစ်ကိုင်း၊ မန္တလေးနဲ့ ရှမ်းပြည်နယ်တွေမှာ (၅) ဆောင်စီ ခွဲဝေပေးတာဖြစ်တယ်လို့ စစ်အုပ်စု လက်အောက်ခံလူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနရဲ့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။ ဒီပမာဏဟာ ပြိုကျပျက်စီးတဲ့ ကျောင်းဆောင်အရေအတွက်နဲ့ နှိုင်းယှဉ်ရင် ၁ ရာခိုင်နှုန်းခန့်တောင် မဖွင့်လှစ်ပေးနိုင်ခဲ့ပါဘူး။ ကျောင်းဖွင့်ရာသီမှာ အဆင်ပြေရာနည်းလမ်းတွေသုံးပြီး ဖွင့်လှစ်ခဲ့ကြတဲ့ မူလတန်းကျောင်းတွေဟာ ပြုပြင်လို့ရတဲ့ ပျက်စီးကျောင်းဆောင်တွေကို မိဘဆရာအသင်းရဲ့ ရန်ပုံငွေ၊ ကျောင်းရဲ့ရန်ပုံငွေနဲ့ ဖာထေးပြုပြင်ထားပြီးပါပြီ။ အကြီးစားပြင်ဆင်တာတွေ မလုပ်နိုင်သေးပေမဲ့ စာသင်ကြားရာမှာ အဆင်ပြေအောင် အသေးစားပြင်ဆင်မှုတွေ လုပ်ကာ ကလေးတွေရဲ့ပညာရေးအတွက် ကြိုးစားလုပ်ဆောင်ထားကြပါတယ်။ ငလျင်ကြောင့် ထိခိုက်ပျက်စီးခဲ့ရတဲ့ မူလတန်းကျောင်းကလေးတွေဟာ ၂၀၂၅ ခုနှစ်၊ နှစ်ကုန်ပိုင်းမှာတော့ အသေးစားပြုပြင်ထားတဲ့ စာသင်ဆောင်ကလေးတွေနဲ့ ယာယီစာသင်ဆောင်ကလေးတွေထဲမှာ ပညာသင်နေကြပါပြီ။ စာသင်ကျောင်းဆောင်အသစ်တည်ဆောက်ဖို့ဆိုရင် အချိန်နဲ့ ငွေကြေးကုန်ကျမှု အများကြီး ရှိနိုင်တာကြောင့် ပုဂ္ဂလိကအလှူရှင်တွေ၊ အဖွဲ့အစည်းတွေက ယာယီစာသင်ဆောင်လေးတွေ ဆောက်လုပ်ပေးကြပါတယ်။ သစ်နဲ့ ဝါးကိုအသုံးပြုပြီး မိုးကာအုပ်အဆောင်၊ ထရံအဆောင်လေးတွေ ဖြစ်ပါတယ်။ ငလျင်ဒဏ်သင့် ကျောင်းတွေထဲကမှ တချို့ကျောင်းတွေအတွက် ပုဂ္ဂလိက အဖွဲ့အစည်းတွေ၊ ပုဂ္ဂလိက အလှူရှင်တွေ၊ ပြည်ပအလှူရှင်တွေနဲ့ ကုမ္ပဏီတွေကတော့ စာသင်ဆောင်အသစ်တွေကို အခု ၂၀၂၅-၂၀၂၆ စာသင်နှစ်မှာ တည်ဆောက်ပေးနေပါတယ်။ ပြီးစီးသွားတာတွေရှိသလို နောက်စာသင်နှစ်ဖြစ်တဲ့ ၂၀၂၆-၂၀၂၇ အမီ ပြီးစီးအောင် တည်ဆောက်ပေးဖို့ စီစဉ်နေတာတွေလည်း ရှိပါတယ်။ စစ်အုပ်စုအနေနဲ့ကတော့ ငလျင်ဒဏ်သင့် စာသင်ကျောင်းတွေ ဖြိုဖျက်ပြီးသွားရင် အသစ်ပြန်လည် တည်ဆောက်ဖို့အတွက်ကုန်ကျစရိတ်နဲ့ ပြင်ဆင်စရိတ်တော့ အခု (၂၀၂၅ ခုနှစ် နှစ်ကုန်ပိုင်းအထိ) မချပေးသေးပါဘူး။ နောက်စာသင်နှစ်အမီလုပ်ဆောင်ဖို့ စစ်အုပ်စုအနေနဲ့ ပြင်ဆင်ထား၊ မထားဆိုတာ မသိရပေမဲ့ စာသင်ကျောင်းတွေအတွက်ကတော့ လိုအပ်ချက်တွေရှိနေပါသေးတယ်။ စစ်ကိုင်းငလျင်ကြီး လှုပ်ခတ်လိုက်မှုဟာ လူနေအိမ်၊ အဆောက်အအုံတွေသာမက စီးပွားရေးလုပ်ငန်း၊ စက်ရုံ၊ အလုပ်ရုံလုပ်ငန်းတွေကိုပါ ထိခိုက်ခဲ့ရပါတယ်။ လူတွေရဲ့ စီးပွားရေးကိုပါ ရိုက်ခတ်ခံခဲ့ရတာကြောင့် လူကြီးတွေရဲ့ ဝန်ထုပ်ဝန်ပိုးကိုလျော့ပါးသက်သာစေဖို့ ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ငလျင်ဘေးသင့်ခဲ့ရတဲ့ဒေသမှာရှိတဲ့ အခြေခံပညာမူလတန်းကျောင်းတွေမှာစာအုပ်၊ ခဲတံနဲ့ ဘောပင်တွေကိုလှူဒါန်းပေးတဲ့ အဖွဲ့အစည်းတစ်ခုရှိပါတယ်။ ငလျင်ဘေးသင့်ဒေသက စာသင်ကျောင်းတွေမှာ ပညာသင်ကြားနေရတဲ့ ကလေးငယ်တွေ အဆင်ပြေစေဖို့အတွက် ရည်ရွယ်ပြီး စာသင်ကျောင်းဆောင် ပြုပြင်ဖို့၊ အသစ်တည်ဆောက်ဖို့အတွက် လှူဒါန်းချင်တဲ့ အလှူရှင်တွေနဲ့ စာသင်ကျောင်းတွေကိုသဘာဝစိမ်းဆိုတဲ့ အဖွဲ့အစည်းက ချိတ်ဆက်ပေးနေပါတယ်။ အဲဒီအဖွဲ့အစည်းဟာ မန္တလေးနဲ့အနီးတစ်ဝိုက်ဒေသရှိ လက်လှမ်းမီပြီး ငလျင်ဒဏ်သင့်တဲ့ အခြေခံပညာမူလတန်း ကျောင်းတွေထဲကမှ နွမ်းပါးကလေးငယ်တွေ တက်ရောက်ပညာသင်ကြတဲ့ စာသင်ကျောင်းဆောင်လေးတွေရဲ့ တည်နေရာ၊ ပျက်စီးသွားတဲ့မှတ်တမ်းဓာတ်ပုံ၊ ဖြစ်စဉ်၊ ကျောင်းသားအရေအတွက်တွေကို ကွင်းဆင်းပြီး စာရင်းပြုစုထားတာဖြစ်ပါတယ်။ လက်ရှိမှာတော့ ကျောင်းဝင်းကလေးထဲက စာသင်ဆောင်မှာ ပညာသင်ကြားရတယ်ဆိုပေမဲ့ ရှိတဲ့စာသင်ဆောင်လေးမှာ ပြုံခဲပြီးပညာသင်ယူနေရတဲ့ အခြေအနေတွေ၊ ဝမ်းလျားထိုးပြီး စာရေးနေတဲ့ ကျောင်းသား၊ ကျောင်းသူတွေ၊ KG ကနေ Grade 4 အထိ အတန်း ၅ တန်းကို ဆရာ၊ ဆရာမ သုံးယောက်လောက်က ထိန်းကျောင်းပြီး ပညာသင်ပေးနေရတာတွေ စတဲ့ စာသင်ဆောင်၊ စာသင်ခုံနဲ့ ဆရာ၊ ဆရာမလိုအပ်ချက်ကတော့ ရှိနေဆဲပါပဲ။ ယာယီစာသင်ဆောင်တွေကနေ စာသင်ကျောင်းဆောင်အသစ်တွေ ဖြစ်ဖို့လည်း လိုအပ်နေပါသေးတယ်။ စာသင်ဆောင်တစ်ခု အသစ်တည်ဆောက်မယ်ဆိုရင် ခန့်မှန်းကုန်ကျစရိတ် ကျပ်သိန်း (၃,၅၀၀) ဝန်းကျင်ခန့်ရှိတာဖြစ်ပြီးအကြီးစားပြင်ဆင်မယ်ဆိုရင် ကျပ်သိန်း (၅၀၀) ခန့်ကုန်ကျနိုင်တာဖြစ်တယ်လို့ တည်ဆောက်ပြီးစီးတဲ့ စာရင်းတွေအရ သိရပါတယ်။ စာသင်ကျောင်းပေါင်း ၂,၅၀၀ ကျော် ထိခိုက်ပျက်စီးခဲ့တဲ့ ငလျင်ဘေးသင့်ဒေသတွေမှာ စစ်အုပ်စုသာမက သက်ဆိုင်ရာတာဝန်ရှိသူတွေ၊ ကောင်းကောင်းစီမံခန့်ခွဲနိုင်မယ့် ပြည်သူတွေကပါ တစ်သွေးတည်း တစ်သားတည်း ရှိနေမယ်ဆိုရင် ဒီအခက်အခဲကို ဖြေရှင်းနိုင်မှာဖြစ်ပါတယ်။ “ပညာရေးဖြင့် ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ကြီးတည်ဆောက်အံ့” လို့ ဆောင်ပုဒ်တော့ရှိပါရဲ့။ ပညာရေးအတွက်ထည့်သွင်းမစဉ်းစားဘဲ မျက်နှာလွှဲ၊ ခဲပစ်လုပ်ထားမယ်ဆိုရင် ဒီအခင်းအကျင်းဟာ ရေရှည်မှာ ရင်လေးစရာပါ။ လူမှုရေးအသင်းအဖွဲ့တစ်ခုကို ဦးဆောင်လုပ်နေသူကတော့ ကလေးတို့ပညာရေးနဲ့ပတ်သက်ပြီး အခုလို ဆိုပါတယ်။ “အခုကို ငါတို့နိုင်ငံက ဖွတ်တက်သွားပြီ။ ဒီလိုပုံစံသာဖြစ်နေမယ်ဆိုရင် ဘာကို မျှော်လင့်ကြမှာလဲ။ ဘာလုပ်ကြမှာလဲလို့ မေးခွန်းတွေ မေးချင်လာတယ်” ဓာတ်ပုံ/ မြို့ခံတစ်ဦး မန္တလေးမြို့နဲ့အနီးတဝိုက် ငလျင်ကြောင့် ပျက်စီးထိခိုက်ခဲ့သည့် စာသင်ကျောင်းများ။ - [ကသာမြို့သိမ်းတိုက်ပွဲမှာ စစ်အုပ်စုလေကြောင်း၊ လက်နက်ကြီးနဲ့ အပြင်းအထန် ခုခံတိုက်ခိုက်နေ၊](https://mfp-mm.com/news/sagaing/4212/): နွေဦး/MFP ၊ ဒီဇင်ဘာ-၃၁ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ကသာခရိုင်မှာ စစ်အုပ်စုတပ်နဲ့တော်လှန်ရေးတပ်ဖွဲ့တွေကြား တိုက်ပွဲဆက်ပြင်းထန်နေပြီး ဒီဇင်ဘာလ ၂၉ ရက်ညကနေ ဒီနေ့မနက်ပိုင်းအထိ မြို့အပြင်ပတ်ပတ်လည်ကို လေကြောင်းကနေ ဗုံးကြဲနေတယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၈ ရက် ညကတကည်းက ကသာမြို့ပြင်မှာရှိတဲ့ စစ်အုပ်စုတပ်ရဲ့ ခမရ-၃၀၉ တပ်ရင်းကို တော်လှန်ရေးတပ်တွေက ဝင်ရောက်တိုက်ခိုက်ရာမှာ စခန်းကုန်းတွေကို လတ်မလွှတ်ရဖို့အတွက် စစ်အုပ်စုတပ်က လေကြောင်းနဲ့လက်နက်ကြီးတွေ ဆက်တိုက်ပစ်ခတ်ကာ အပြင်းအထန်ခုခံနေတယ်လို့ ဆိုပါတယ်။ စစ်အုပ်စုရဲ့လေကြောင်းဗုံးကြဲမှုကြောင့် ကသာမြို့ပြင်က ကျေးရွာတွေမှာနေထိုင်တဲ့ ဒေသခံတွေလည်း မြို့တွင်းကို ဝင်ရောက်လာပြီးနောက် စစ်အုပ်စုတပ်က မြို့အဝင်အထွက်ကို ပိတ်လိုက်တာကြောင့် ပိတ်မိနေကြတယ်လို့ အဲဒီအခြေအနေကိုသိတဲ့ ကသာဒေသခံတစ်ဦးက ပြောပါတယ်။ “မနေ့ညကတစ်ညလုံးကြဲနေတာပြောတယ်။ အကြိမ် လေးဆယ်ကျော်တယ်တဲ့။ မြို့အခြေအနေကတော့ တချို့ထွက်ရဲတဲ့ သူတွေကြတော့ စစ်တပ်နဲ့PDFတွေကို ပြောပြီးထွက်ကြတယ်။ ထွက်လို့ရတာလည်း ရှိသလို ပြန်လှည့်လာရတာလည်း ရှိတယ်တဲ့။ ရပ်ကွက် ၅ ကတော့ လူလုံး၀မနေတော့ဘူးပြောတယ်။ အဲဒီမှာ စစ်အုပ်စုက အထိုင်ချထားတော့လေ ကြောက်ပြီး အကုန်ရွှေ့ကုန်ကြတာတဲ့။ တချို့တွေလည်း အင်းရွာဘက်ကထွက်ကြတယ်။ ကသာအရှေ့ဘက်ကမ်း အင်းရွာကနေ- မန္တလေးကို တိုက်ရိုက်သွားကြတာ။ တိုက်ပွဲဖြစ်နေတာ လေးရက်လောက်ရှိလာတော့ စားသောက်ကုန်တွေတော့ စပြတ်လာတာတွေရှိနေတယ်။ မြို့တွင်းကတော့ မနေ့ကတည်းက ငြိမ်နေတာ အခုထိပဲ” ခမရ-၃၀၉ တပ်ရင်းနဲ့ တစ်မိုင်နီးပါး ဝေးတဲ့ ကျန်တောရွာမှာတော့ စစ်အုပ်စုတပ် လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် နေအိမ်ဆယ်လုံးထက်မနည်း မီးလောင်ပျက်စီးသွားပြီး ဒေသခံတွေလည်း ရွာလုံးကျွတ်စစ်ရှောင်နေရတယ်လို့ သူကဆိုပါတယ်။ ကချင်ပြည်နယ်နဲ့ ထိစပ်နေတဲ့ စစ်ကိုင်းတိုင်း ကသာမြို့သိမ်းတိုက်ပွဲမှာတော့ ကချင်လွတ်မြောက်ရေးတပ်မတော်(KIA)လည်း ပါဝင်နေပေမဲ့ … - [အတိတ်မှာမစုစည်းနိုင်ခဲ့တဲ့ အတွေ့အကြုံတွေကို ယူကာ တစ်ဖွဲ့နဲ့တစ်ဖွဲ့ နားလည်မှုအပြည့်နဲ့ စုစည်းဖို့ ဗိုလ်ချုပ်ဂွမ်မော်ပြော၊](https://mfp-mm.com/news/4209/): ရွှေဥ/MFP ၊ ဒီဇင်ဘာ-၃၁ ဒီဇင်ဘာလ ၃၀ ရက်မှာ ကျင်းပခဲ့တဲ့ ချင်းညီနောင်(Chin Brotherhood) ဖွဲ့စည်းတည်ထောင်တဲ့ နှစ်နှစ်ပြည့်အခမ်းအနားမှာ အတိတ်မှာမစုစည်းနိုင်ခဲ့တဲ့ အတွေ့အကြုံတွေကို ယူကာ တဖွဲ့နဲ့တဖွဲ့ နားလည်မှုအပြည့်နဲ့ စုစည်းဖို့လိုကြောင်း ကချင်လွတ်မြောက်ရေးကောင်စီ (KIO ၊KIA)ဒုတိယဥက္ကဌ- ၁ ဒုဗိုလ်ချုပ်ကြီး ဂွမ်မော်ကပြောပါတယ်။ ကချင်လွတ်မြောက်ရေးကောင်စီ (KIO ၊KIA)ရဲ့ပန်းတိုင်ဟာ တကယ်စစ်မှန်တဲ့ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်မယ်ဆိုတဲ့ပန်းတိုင်ဖြစ်ပြီးတော တော်လှန်ရေးလုပ်ကိုင်နေကြသူအားလုံးအနေနဲ့ ဘယ်ကဘယ်ကနေစပြီး ဘယ်မှာအဆုံးသတ်မလဲဆိုတာ ပန်းတိုင်အတိအကျရှိတယ်လို့ယုံကြည်ကြောင်း ဆိုပါတယ်။ “ကျနော်တို့ တိုက်ပွဲတွေအချိန်တော်တော်များများဆင်နွှဲခဲ့ကြပါပြီ။စခန်းသိမ်းတာတို့  ကိုယ်ဘက်ကအနိုင်ရတာတို့ ၊ကိုယ်ဘက် အရေးနိမ့်တာတို့အများကြီးရှိပါတယ်။အောင်ပွဲဆိုတာ နောက်ဆုံးအဆုံးအဖြတ်မှာ ထွက်ပေါ်လာတဲ့ အဖြေဟာအောင်ပွဲဖြစ်ပါတယ်။ကျ‌နော်တို့ဟာတူညီတဲ့ပန်းတိုင်ရှိပြီးသားဖြစ်မယ်လို့ယုံကြည်ပါတယ်။တော်လှန်တယ်၊မတရားမှုကိုတော်လှန်တယ်။ဒါကျနော်တို့ရဲ့အစဖြစ်ပါတယ်။ကျ‌နော်တို့ရဲ့ပန်းတိုင်ကတော့ တကယ်စစ်မှန်တဲ့ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်မယ်ဆိုတဲ့ပန်းတိုင်ဖြစ်တယ်။အဲ့ဒီတော့ ကျနော်တို့ ဘယ်ကနေစပြီး ဘယ်မှာအဆုံးသတ်မလဲဆိုတာ အတိအကျရှိတယ်လို့ယုံကြည်ပါတယ်” ဒီလို ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပန်းတိုင်ကိုသွားရာမှာတော့  အတိတ်မှာ မစုစည်းနိုင်ခဲ့တဲ့ အတွေ့အကြုံတွေကိုရယူကာ တစ်ယောက်နဲ့တစ်ယောက်၊ တစ်ဖွဲ့နဲ့တစ်ဖွဲ့ နားလည်မှုအပြည့်နဲ့ စုစည်းနိုင်ဖို့လိုအပ်ပြီး စစ်ရေး၊နိုင်ငံရေး၊အုပ်ချုပ်ရေး ပိုင်းတွေမှာ စီမံကိန်းတွေရေးဆွဲဟာ ပွင့်ပွင်းလင်းလင်းဆွေးနွေးကြဖို့လိုတယ်လို့ သူက ပြောပါတယ်။ “မြန်မာနိုင်ငံရယ်လို့ပေါ်ထွန်းလာတဲ့အချိန်ကတည်းက ကျ‌နော်တို့ဟာတစုတစည်းတည်း ကျ‌နော်တို့နိုင်ငံကိုမတည်ဆောက်နိုင်ခဲ့တဲ့ အတွက်ကြောင့်မို့ ဒီနေ့ အထိ ဖရိုဖရဲ ဖြစ်နေရတာ ကျနော်တို့ရဲ့အတွေ့အကြုံဖြစ်ပါတယ်။အဲ့ဒီတော့ ဒီတစ်ကြိမ် နွေဦးတော်လှန်ရေးဟာ အစီအစဉ်တကျ တော်လှန်ပြီး ၊အစီအစဉ်တကျ ကျနော်တို့ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကို တည်ဆောက်ဖို့အတွက် အခွင်းရေးတစ်ခုဖြစ်ပါတယ်။အခင်းအကျင်းအသစ်ဖြစ်ပါတယ်။ဒီလို အခင်းအကျင်းအသစ်မှာ ကျနော်တို့ဟာ ကျနော်တို့ရဲ့စိတ်ဓါတ်ခွန်အား၊ကာယခွန်အားအားလုံးကိုအရင်းအမြစ်ပြုပြီးတော့တော်လှန်ရေးနေတဲ့တချိန်တည်းမှာပဲ ကျ‌နော်တို့ဘာတွေလိုချင်သလဲ ၊ဘာတွေတဖက်နဲ့တဖက်ပေးရမလဲဆိုတဲ့နားလည်မှုအပိုင်းတွေနဲ့ ပွင့်ပွင်းလင်းလင်း‌ဆွေးနွေးဖို့အပိုင်းတွေ ဖြစ်ပါတယ်” ဒါ့အပြင် တော်လှန်ရေးမှာ မတရားမှုကို တွန်းလှန်နေခြင်းဟာ အင်အားစုစည်းရာမှာ အလွန်အရေးကြီးတဲ့အပြင် စုစည်းမှုအင်အားဟာလည်း ခွန်အားအစစ်ဖြစ်ကြောင်း ဒုတိယဗိုလ်ချုပ်ကြီး ဂွမ်မော်ကဆက်ပြောပါတယ်။ တစ်ဆက်ထဲမှာပဲ စစ်ရေး ၊နိုင်ငံရေး၊အုပ်ချုပ်ရေး … - [တောတောင်ထဲ ခိုလှုံနေရတဲ့ မတ္တရာ၊ စဉ့်ကူးနဲ့ သပိတ်ကျင်းက စစ်ဘေးဒုက္ခသည်တွေ (Photo News)](https://mfp-mm.com/news/4198/): ထင်လင်း/MFP၊ ဒီဇင်ဘာ – ၃၁ မန္တလေးတိုင်း၊ မတ္တရာ၊ စဉ့်ကူးနဲ့ သပိတ်ကျင်းနယ်ထဲ စစ်အုပ်စုက စစ်ကြောင်းထိုး၊ ဗုံးကြဲနေလို့ သောင်းနဲ့ချီတဲ့ ဒေသခံ ပြည်သူတွေ စစ်ဘေးရှောင် ထွက်ပြေးနေရကာ တောတောင်ထဲ ခိုလှုံနေကြရပါတယ်။ တော်လှန်ရေးတပ်တွေ တစ်နှစ်ကျော်ကြာ သိမ်းပိုက်ထိမ်းချုပ်ထားတဲ့ မတ္တရာ၊ စဉ့်ကူးနဲ့ သပိတ်ကျင်းဒေသရှိ စစ်ရှုံးနယ်မြေတွေ ပြန်ရရေး စစ်အုပ်စုက ဇွန်လက စတင်ကာ လေကြောင်းအားကိုးနဲ့ ပြန်လည် ထိုးစစ်ဆင်နေတာ ဖြစ်ပါတယ်။ စစ်အုပ်စုဟာ မြေပြင်စစ်ကြောင်းမရောက်မီ မြို့၊ရွာတွေကို လေကြောင်းဗုံးကြဲတာ၊ လက်နက်ကြီး ထုတာ၊ မြေပြင်စစ်ကြောင်းကလည်း တွေ့သမျှပြည်သူကို ဖမ်းဆီး၊ ပေါ်တာဆွဲ၊ သတ်ဖြတ်၊ အိမ်မီးရှို့နေတာကြောင့် မတ္တရာ၊ စဉ့်ကူးနဲ့ သပိတ်ကျင်းနယ်ထဲ သောင်းနဲ့ချီတဲ့ ဒေသခံတွေ စစ်ဘေးရှောင် ထွက်ပြေးနေရတာ ဖြစ်ပြီး စားသောက်နေထိုင်ရေး အကူအညီ လိုအပ်နေတယ်လို့ ကိုယ်တိုင် စစ်ဘေးဒုက္ခကြုံတွေ့နေရသူတွေက MFP ကို ပြောပါတယ်။ စစ်ဘေးဒုက္ခသည်တွေမှာ ငှက်ဖျားရောဂါတွေ ဖြစ်ပွါးနေပြီး ဆေးဝါးကအစ ခက်ခဲကာ အကူအညီတွေ လိုအပ်နေတယ်လို့ လွန်ခဲ့တဲ့ တစ်နှစ်ကျော်ကတည်းက ရွာလုံးကျွတ် စစ်ဘေးရှောင်နေရတဲ့ သပိတ်ကျင်းနယ် တွင်းငယ်ရွာခံ စစ်ဘေးရှောင်ပြည်သူ အမျိုးသမီးတစ်ဦးက ပြောပါတယ်။ ”အခုကတော့ ဆေးဝါးပေါ့၊ အခုကတော့ အိမ်လုံးကျွတ်တွေလို ဝမ်းလျှော ဝမ်းပျက်ကလည်း ခနခဏ ဖြစ်တယ်၊ အိမ်လုံးကျွတ်တွေ ဖျားတာ၊ တစ်ယောက်က ပျောက်သွားရင် နောက်တစ်ယောက် ဖျား၊ အဲ့တစ်ယောက်ကပျောက်သွားရင် နောက်တစ်ယောက်ကဖျားနဲ့ အိမ်လုံးကျွတ်တွေ ဖျားကြတာ၊ မဖျားဘဲနဲ့ အဲ့လို ဝမ်းလျှောတာ၊ ဝမ်းလျှော ပျောက်သွားတော့ … - [မန္တလေးမြို့ ရွေးကောက်ပွဲ ထပ်လုပ်မယ့် ရပ်ကွက်တွေမှာ မဲစာရင်းကြည့်ဖို့ စစ်အုပ်စု လိုက်အော်၊](https://mfp-mm.com/news/4193/): လမ်းသွားလမ်းလာတွေကို စစ်အုပ်စုက ငွေညှစ်ရာမှာ မဲစာရင်းကြည့်၊မကြည့်ကိုပါ စစ်ဆေးငွေညှစ်နေ၊ ဖိုးချို/MFP၊ ဒီဇင်ဘာ – ၃၁ မန္တလေးမြို့‌ရှိ ရွေးကောက်ပွဲ မလုပ်ရသေးတဲ့ မြို့နယ်တွေမှာ မကြာခင်ရက်ပိုင်း ရွေးကောက်ပွဲ ထပ် လုပ်မှာမို့ အိမ်တိုင်းက မဖြစ်မနေ မဲစာရင်းစစ်ဆေးကြည့်ရှု့ဖို့ စစ်အုပ်စုက ရပ်ကွက်တွေထဲ လော်စပီကာနဲ့ လိုက်အော်နေတယ်လို့ မြို့ခံတွေက MFP ကို ပြောပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းက လုပ်ခဲ့တဲ့ ရွေးကောက်ပွဲပြီးကတည်းက စစ်အုပ်စုက ရပ်ကွက်ထဲ လော်နဲ့ လိုက်အော်နေတာလို့ ဆိုပါတယ်။ “ကြားသာ ကြားရတာ ဘာအော်သွားမှန်း မသိပါဘူး၊ မဲစာရင်းကြည့်ဖို့ အော်နေတာ” လို့ မြို့ခံတစ်ဦးက ပြောပါတယ်။ တချိန်တည်းမှာပဲ မန္တလေးမြို့တွင်း အုပ်စုဖွဲ့၊ လက်နက်ကိုင်ကာ လမ်းပေါ်တက်ပြီး လမ်းသွားလမ်းလာတွေကို တားဆီးငွေညှစ်၊ လက်နက်ပြ မိုက်ကြေးခွဲနေတဲ့ မော်တော်ပီကယ် အပါအဝင် စစ်အုပ်စု လက်နက်ကိုင်တွေကလည်း မဲစာရင်းနံပတ်မေးကာ မသိသူတွေကို ငွေညှစ်တာမျိုးတွေလည်း လုပ်နေတယ်လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းက လုပ်တဲ့ ရွေးကောက်ပွဲ မတိုင်မီကတည်းက မန္တလေးမှာ အုပ်စုဖွဲ့ လက်နက်ကိုင်ကာ လမ်းပေါ်တက် ငွေညှစ်တဲ့ စစ်အုပ်စုက မဲစာရင်းနံပတ် သိ၊မသိ မေးမြန်းကာ မသိသူတွေကို ရိုက်နှက်ငွေညှစ်တာတွေ လုပ်ခဲ့တယ်လို့ ကိုယ်တိုင်ကြုံရတဲ့ မြို့ခံတချို့က ပြောပါတယ်။ မန္တလေးမြို့ပေါ် ငါးမြို့နယ်အနက် စစ်အုပ်စုဟာ ဒီဇင်ဘာ ၂၈ရက်က အောင်မြေသာစံနဲ့ ချမ်းအေးသာစံမြို့နယ်မှာ အယောင်ပြ ရွေးကောက်ပွဲ လုပ်ခဲ့ပြီး လာမယ့် ဇန်နဝါရီ ဒုတိယပတ်မှာ မဟာအောင်မြေ၊ ပြည်ကြီးတံခွန်နဲ့ အမရပူရမြို့နယ်တွေမှာ … - [စဉ့်ကူးနဲ့ သပိတ်ကျင်းအစပ် ချောင်းကြီးရွာ စစ်အုပ်စု ပြန်ရသွား၊](https://mfp-mm.com/news/4184/): မန္တလေး-မိုးကုတ် ကားလမ်းပိုင်းတစ်ခုလုံးနီးပါးကို စစ်အုပ်စု ပြန်ထိမ်းချုပ်၊ ထင်လင်း/MFP၊ ဒီဇင်ဘာ – ၃၁ မန္တလေးတိုင်း၊ စဉ့်ကူးနဲ့ သပိတ်ကျင်းမြို့နယ်အစပ်ရှိ ချောင်းကြီးကျေးရွာတွေကို ဒီဇင်ဘာ ၃၀ရက်မှာ စစ်အုပ်စုက ပြန်လည် သိမ်းပိုက်ထိန်းချုပ်သွားတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။ မတ္တရာ၊ စဉ့်ကူးနဲ့ သပိတ်ကျင်းမြို့နယ် သုံးခုလုံးကို ပြန်ရရေး ဇွန်လကတည်းက တန်ပြန် ထိုးစစ်ဆင်တဲ့ စစ်အုပ်စုဟာ လက်ရှိမှာ အဲ့ဒီ သုံးမြို့နယ်လုံးကို ပြန်ရသွားတာဖြစ်ပြီး မန္တလေး – မတ္တရာ – စဉ့်ကူး – သပိတ်ကျင်း လမ်းကို အပြည့်အဝ ထိန်းချုပ် စိုးမိုးခွင့်ပြန်ရသွားတာ ဖြစ်တယ်လို့ ဆိုပါတယ်။ တော်လှန်ရေးတပ်တွေ တစ်နှစ်ကျော်ကြာ တိုက်ခိုက်သိမ်းပိုက်ထားတဲ့ မန္တလေးမြို့နဲ့ ၁၀မိုင်ကျော်အကွာရှိ စစ်စခန်းတွေ အပါအဝင် မတ္တရာ၊ စဉ့်ကူးနဲ့ သပိတ်ကျင်းနယ်ရှိ စစ်ရှုံးနယ်မြေတွေ ပြန်ရရေးနဲ့ မန္တလေး – မိုးကုတ်ကားလမ်းပေါ် ပြန်လည် ခြေချကာ လမ်းပိုင်းကို စိုးမိုး ထိန်းချုပ်နိုင်ရေးအတွက် စစ်အုပ်စုက ဇွန်လမှာ ပြန်လည် ထိုးစစ်ဆင်ခဲ့တာ ဖြစ်ပါတယ်။ ငလျင်ကာလအတွင်း တော်လှန်ရေးတပ်တွေရဲ့ ထိုးစစ်ရပ်နားတာကို အခွင့်ကောင်းယူကာ စစ်အုပ်စုက လေကြောင်းအားကိုး၊ တရုတ်နဲ့ ရှရှားက ထောက်ပံ့တဲ့ ဒရုန်းအားကိုး၊ ပေါ်တာဆွဲ စစ်သားသစ်တွေကို အသေခံတိုက်ခိုင်းကာ တရစပ် ထိုးစစ်ဆင်တာလို့ ဒေသခံ တော်လှန်ရေး အင်အားစုတွေက ပြောပါတယ်။ စစ်အုပ်စုက လေကြောင်းကို အဓိက အားပြုကာ မြေပြင်ကနေလည်း သာလွန်အင်အားနဲ့ ထိုးစစ်ဆင်တာကြောင့် တော်လှန်ရေး … - [ကလေးမြို့မှာ ပျူစောထီးအဖွဲ့ ဖမ်းဆီးနှိပ်စက်ခံရတဲ့ အမျိုးသားတစ်ဦး လက်လွန်သေဆုံး၊](https://mfp-mm.com/news/sagaing/4180/): ရွှေဥ/MFP ၊ ဒီဇင်ဘာ – ၃၀ စစ်ကိုင်းတိုင်း၊ ကလေးမြို့မှာ အောင်ဇေယျရပ်ကွက်မှာနေထိုင်တဲ့ အမျိုးသားတစ်ဦးကို ဒီဇင်ဘာ ၂၈ ရက်မှာ စစ်အုပ်စု လက်အောက်ခံပျူစောထီးလက်နက်ကိုင်တွေ ဖမ်းဆီးနှိပ်စက်ရာမှာ သွေးထွက်လွန်သေဆုံးခဲ့တယ်လို့  ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။ ပျုစောထီးတွေလက်ချက်နဲ့ သေဆုံးခဲ့သူကတော့ အောင်ဇေယျရပ်ကွက်မှာနေထိုင်တဲ့ အသက် ၄၃ နှစ်အရွယ် ဦးမောင်ကြီးဖြစ်ပြီး ဒီဇင်ဘာလ ၂၈ ရက်ညပိုင်းမှာ သူနေထိုင်ရာ အောင်ဇေယျရပ်ကွက်ကနေ မိခင်ဖြစ်သူနေထိုင်တဲ့ မြို့လှရပ်ကွက်ကိုသွားရာမှာ ကင်းလှည့်နေတဲ့ ပျုစောထီးတွေနဲ့တိုးပြီး ဖမ်းဆီးခံလိုက်ရတာ ဖြစ်ပါတယ်။ ဒီဇင်ဘာလ ၂၈ ရက်ညပိုင်းမှာ ဖမ်းဆီးခံရပြီးနောက် ၂၉ ရက်နေ့မှာတော့ ညှဉ်းပန်းနှိပ်စက်ခံရတဲ့ ဒဏ်ရာတွေနဲ့ သေဆုံးသွားတာဖြစ်တယ်လို့ မိသားစုဝင်တွေနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။ “ရွေးကောက်ပွဲ ညမှာဖြစ်တာ၊မြို့သာရပ်ကွက်မှာ ဖမ်းခံရတာ ၊ဖမ်းခံရတော့ ပျူစောထီးတွေက လက်ပြန်ကြိုးတုပ်ဖမ်းတာ ။သူက ထွက်ပြေးတော့ သေနတ်နဲ့ ပစ်ခံရတယ်။၊ချက်ချင်းမသေဘူး။နောက်တော့ ပျူစောထီးတွေက ခေါင်းကို ‌သေနတ်ဒင်နဲ့ဆောင့်ထာတာ ခေါင်းမှာလဲ ဒဏ်ရာတွေနဲ့ သေနတ်လဲမှန်ထားတော့ အဲ့ဒီမနက်မှာပဲ သွေးထွက်လွန်ပြီး ဆုံးသွားတာ”  သေဆုံးသူ ဦးမောင်ကြီးဟာ ကျန်းမာရေးကောင်းမွန်သူတစ်ဦး ဖြစ်ပြီးတော့ ဘယ်အဖွဲ့အစည်းနဲ့မှ ဆက်နွယ်မှုမရှိဘဲ တောင်သူလုပ်ငန်းနဲ့ အသက်မွေးဝမ်းကျောင်း ပြုသူဖြစ်တယ်လို့ဒေသခံတွေကပြောပါတယ်။ ဒါ့အပြင် သေဆုံးသွားတဲ့ ဦးမောင်ကြိးရဲ့ရုပ်အလောင်းကို ပျူစောထီးတွေက အလောင်းဖျောက်ဖျက်ဖို့ ကြိုးစားခဲ့ပြီးတော့ မိသားစုဝင်တွေလဲ ချိန်းခြောက်တာတွေရှိတယ်လို့ အောင်ဇေယျရပ်ကွက်ဒေသခံတစ်ဦးက ပြောပါတယ်။ “ဘာ ရောဂါမရှိဘူး။အကောင်းကြီး ၊သန်သန်မာမာပဲ၊သူ့အလောင်းကို ပျူစောထီးတွေက ဖျောက်ဖို့ ကြိုးစားသေးတယ်။နောက်မှ အလောင်းပြန်ပေးတာ ၊နာရေးမှာ သွားကြည့်တော့ ရင်ဘတ်မှာ ဒဏ်ရာ တွေ့တယ်၊ခေါင်းကတော့ အိနေတယ်၊သေနတ်ဒဏ်ရာကတော့ ကျောကုန်းကနေ … - [ငလျင်ကြီးကဖွင့်ဟခဲ့သည့် ဆောက်လုပ်ရေးလောက ကမောက်ကမ](https://mfp-mm.com/articles/4174/): ဂျီဂျီ/MFP၊ ဒီဇင်ဘာ ၁၇ အောက်ခြေမရှိတော့သည့် တိုက်တာများ၊ ပုံပုံလဲပြိုနေသည့် အဆောက်အအုံ၊ ကျိုးပြတ်သွားသည့် တံတား၊ မြေလွှာအက်ကွဲပြီးမြေကြီးရွေ့လျားသွားသည့် ဒေသ၊ ထက်ပိုင်းပြတ်သွားသည့် ဘုရားစေတီ၊ ခေါင်းမရှိတော့သည့် ရုပ်ပွားတော်…. ဒါတွေအားလုံးဟာ မန္တလေးငလျင်ကြီး လှုပ်ခတ်နေချိန် မိနစ်ပိုင်းလေးအတွင်းမှာ ဖြစ်ပျက်သွားခဲ့သလို ငလျင်ကြီးလှုပ်ခတ်ပြီး (၉) လနီးပါးကြာမြင့်သည့် ကာလတိုင်အောင် မြင်တွေ့နေရသည့် မြင်ကွင်းတွေပါ။ မတ်လ ၂၈ ရက် မန္တလေးငလျင်ကြောင့် ဘုန်းတော်ကြီးနှင့် သီလရှင်ကျောင်း ၄,၃၁၇ ကျောင်း၊ ဘုရားစေတီ ၆,၀၂၇ ဆူ၊ဆေးရုံ/ဆေးခန်း ၃၅၀ ခု၊ စာသင်ကျောင်း ၂,၅၁၄ ကျောင်း၊ ရထားလမ်း ၃၈ ခု၊ လမ်း ၂၆၉ ခု၊ အမြန်လမ်း (လမ်းပိုင်း) ၂၀၃ခု၊ ဆည်/တမံ ၅၈၆ ခု၊ တံတား ၁၇၀ စင်းနှင့် နေအိမ်/အဆောက်အအုံ ၆၅,၀၉၆ လုံး ထိခိုက်ပျက်စီးခဲ့ရတယ်လို့ စစ်အုပ်စု၏သတင်းထုတ်ပြန်ချက်များအရ သိရပါတယ်။ “ကျွန်တော်တို့က ပေါ့ပေါ့တန်တန်ပဲ ငလျင်နဲ့ပတ်သက်ပြီးတော့ လျှော့တွက်တဲ့အခါမှာ ၇ ရစ်ခ်တာစကေးနဲ့ ဆောက်တော့အဆောက်အအုံတွေ ပြိုကျခဲ့တာ သွားတွေ့ပါတယ်။ ဒီလိုပဲ နေပြည်‌တော်မှာ ဆောက်တဲ့ အဆောက်အအုံတွေ ကံကောင်းလို့ ဒီဟိုတယ် (မင်္ဂလာသီရိဟိုတယ်) ကျန်တာပါ။ တော်တော်များများ ပျက်ပါတယ်။ ခန်းမတွေ ဘယ်မှာမှ မရှိပါဘူး။ ရှားရှားပါးပါးဒီတစ်ခုပဲ ရတယ်။ ဆိုတော့ ဒီလိုမျိုး အင်ဂျင်နီယာဘက်က လျှော့ပြီးစဉ်းစားတဲ့အတွက်ကြောင့် အကျိုးဆက်က ဘာလဲဆိုရင်ထိခိုက်ဆုံးရှုံးမှုတွေ ကြီးမားခဲ့တာ ဖြစ်ပါတယ်” လို့ အာဏာသိမ်းစစ်အုပ်စုခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကသူစီစဉ်ပြီး လုပ်ခိုင်းသည့် ငလျင်‌ဘေးအလွန် မြန်မာ့စီးပွားရေး ပြန်လည်ကုစားခြင်းနှင့် ပြန်လည်ထူထောင်ခြင်း သုံးသပ်ဆွေးနွေးပွဲမှာ သူ့လက်အောက်ခံများကို ထောက်ပြပြောဆိုခဲ့ပါတယ်။ မန္တလေးငလျင်ကြောင့် လူနေအိမ်ခြေ ပျက်စီးဆုံးရှုံးမှုဟာ အရင်ဖြစ်ဖူးခဲ့သည့် သဘာဝဘေးများမှာ ဆုံးရှုံးခဲ့တာထက် နှစ်ဆနီးပါးရှိသလို၊ လူနေအိမ်မဟုတ်သည့် အခြေခံအဆောက်အအုံ၊ အစိုးရဌာနဆိုင်ရာရုံးနှင့် ဝန်ထမ်းအဆောက်အအုံတွေလည်းထိခိုက်ဆုံးရှုံးခဲ့ရပြီး ပျက်စီးဆုံးရှုံးမှုတန်ဖိုး ကျပ်ဘီလီယံ ၃၆၂၉.၂၈၈ ရှိတယ်လို့ စစ်အုပ်စုအဖွဲ့ဝင်များက ပြောပါတယ်။ ကမ္ဘာ့ဘဏ်၏ လေ့လာဆန်းစစ်ချက်အရမူ အမေရိကန်ဒေါ်လာ ၁၁ ဘီလီယံခန့် ဆုံးရှုံးတယ်လို့ သိရပါတယ်။ “ဘယ်လိုပဲဖြစ်ဖြစ် ဆုံးရှုံးမှုတန်ဖိုးက တော်တော်ကို ကြီးကြီးမားမား ရှိနေတာကို တွေ့ရပါတယ်။ ဒီနေရာမှာလည်းပျက်စီးဆုံးရှုံးမှုတန်ဖိုးက economic damage ရဲ့ တန်ဖိုးကိုပဲ indicate လုပ်ပြီး ဖော်ပြထားနိုင်တဲ့ အနေအထားဖြစ်ပြီးတော့ဒါနဲ့ဆက်စပ်ပြီး ကျွန်တော်တို့နိုင်ငံမှာ စီးပွားရေးအရ ဆုံးရှုံးမှု losses ကို ထည့်သွင်းတွက်ချက်ဖို့ လိုတာအများကြီး တွေ့ရပါတယ်။ ဒီဟာတွေကို ပြန်တည်ဆောက်မယ်ဆိုရင် နိုင်ငံတကာ အတွေ့အကြုံအရ တည်‌ဆောက်ရမယ့်တန်ဖိုးက အနည်းဆုံး နှစ်ဆ၊ သုံးဆလောက်အထိ ကုန်မယ့်အနေအထား ဖြစ်တဲ့အခါကျတော့ လက်ရှိ ကျွန်တော်တို့နိုင်ငံရဲ့ အနေအထားနဲ့ ပြန်လည်တည်‌ဆောက်ရေးကို အများကြီး အားစိုက်လုပ်ရမယ်” လို့ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်(UMFCCI) ဥက္ကဋ္ဌ ဦးအေးဝင်းက ပြောပါတယ်။ မန္တလေးငလျင်ကြောင့် နေပြည်တော်၊ မန္တလေးနှင့် စစ်ကိုင်းမှာ အများဆုံး ထိခိုက်ပျက်စီးခဲ့တာဖြစ်ပြီး မန္တလေးမြို့မှာ ပြိုလဲပျက်စီးသည့် အထပ်မြင့်လူနေအိမ်၊ အဆောက်အအုံ အများစုမှာဆိုရင် Building Code (မြန်မာနိုင်ငံ အဆောက်အအုံဆိုင်ရာစံချိန်စံညွှန်း လမ်းညွှန်ချက်များ) အရ တည်ဆောက်တာ မရှိကြသလို Building Code အရ တည်ဆောက်ထားခဲ့လျှင်တောင်မှသေသေချာချာ စစ်ဆေးကြပ်မတ်သည့် အဖွဲ့အစည်း မရှိဘူးလို့ ဆောက်လုပ်ရေး အသိုင်းအဝိုင်းက ထောက်ပြကြပါတယ်။ “Permit တင်တုန်းက ငါးထပ်ပဲ ဖြစ်ချင်ဖြစ်မယ်။ အဲ့ဒါပြီးတော့မှ တစ်ထပ်၊ နှစ်ထပ် တင်လိုက်တာတို့ ဘာတို့ဆိုတော့ မူလဆောက်ထားတဲ့ဟာက အစကတည်းက ရှစ်ထပ်ကို ရည်ရွယ်ပြီး ဒီဇိုင်းလုပ်ထားပြီးမှ ငါးထပ်နဲ့ တင်တယ်ဆိုရင် ပြဿနာ သိပ်မရှိဘူး‌ပေါ့။ ဒါပေမဲ့ တင်တုန်းကတည်းက ငါးထပ်ပဲ တင်ထားတယ်။ ဆောက်တဲ့အချိန်ကျမှ ရှစ်ထပ်တို့ ဘာတို့ ဖြစ်သွားတယ်ဆိုရင် မလိုလားအပ်တဲ့ဟာမျိုးတွေ တွေ့ရတာပေါ့။ အများစု ပြိုလဲသွားတဲ့ဟာတွေမှာ ကျွန်တော့်အမြင်က အဲ့ဒါမျိုးပဲ မြင်ပါတယ်” လို့ မြန်မာနိုင်ငံ ငလျင်ကော်မတီ ဒုဥက္ကဋ္ဌ ဦးစောထွေး‌ဇော်က ပြောပါတယ်။ အဆောက်အအုံတစ်ခု ဆောက်လုပ်မယ်ဆိုလျှင် ဆောက်လုပ်ခွင့်ကို သက်ဆိုင်ရာဌာနထံ တင်ပြတောင်းခံရတာပါ။ အထပ်မြင့်အတွက် ဆောက်လုပ်ခွင့်တောင်းခံရာမှာ အချိန်ကြန့်ကြာတတ်တာကြောင့် အဆောက်အအုံ ဆောက်လုပ်သူဘက်ကလည်းဆောက်လုပ်မည့် အထပ်အရေအတွက်ကို လျှော့ချပြီး ဆောက်လုပ်ခွင့် တောင်းခံကြတာဖြစ်တယ်လို့ ဆောက်လုပ်ရေးနယ်ပယ်က သိရပါတယ်။ အဆိုပါ ခွင့်ပြုမိန့်များအပြင် တည်ဆောက်ရေးလုပ်ငန်းခွင်များတွင် အသုံးပြုသည့် ဆောက်လုပ်ရေးပစ္စည်းများကလည်းအရည်အသွေးနှင့် စံချိန်စံညွှန်း မပြည့်မီတာ၊ အရည်အသွေးမီ ပစ္စည်းကို ဝယ်ယူချင်သော်လည်း ဈေးကွက်ထဲမှာ မရှိတာ၊ ရှိလျှင်လည်း အလွယ်တကူ ဝယ်ယူလို့မရတာတွေက အခက်အခဲ ဖြစ်နေပါတယ်။ ပြည်တွင်းဖြစ် ပစ္စည်းများက စံချိန်စံညွှန်း မပြည့်မီသလို နိုင်ငံခြားက တင်သွင်းလာသည့် ပစ္စည်းများကိုလည်း အရည်အသွေး စစ်ဆေးမှု မရှိတာတွေကလည်းဆောက်လုပ်ရေးနယ်ပယ်မှာ လုပ်ချင်သလိုလုပ်ဖို့ တွန်းအားပေးသလို ဖြစ်နေတယ်လို့ ဆိုကြပါတယ်။ “Material (ဆောက်လုပ်ရေးပစ္စည်း) တွေရဲ့ Standard (အရည်အသွေးနဲ့ စံချိန်စံညွှန်း) မမှန်မှုကြောင့် ကျွန်တော်တို့ဆီမှာ မလိုအပ်ဘဲနဲ့ Cost (ကုန်ကျစရိတ်) တွေက အလဟဿ Waste (ဖြုန်းတီးတာ) တွေ ဖြစ်တာ အများကြီးပါ” လို့ ဦးစောထွေး‌ဇော်က ဆက်လက်ပြောဆိုပါတယ်။ ငလျင်ကြောင့် ထိခိုက်ခဲ့သည်များကို ပြန်လည်ထူထောင်ရေး လုပ်ကြမယ်ဆိုလျှင် ငလျင်အလွန်ကာလ ဆောက်လုပ်ရေးကဏ္ဍမှာ ပြောင်းလဲရမှာတွေ အများကြီး ရှိနေပါတယ်။ ဆောက်လုပ်ရေးနယ်ပယ်ဟု ဆိုလိုက်လျှင် ကန်ထရိုက်တာ၊ Developer၊Designer၊ အင်ဂျင်နီယာနှင့် လုပ်သားများကိုသာ ပြေးမြင်တတ်ကြသော်လည်း တကယ်တမ်းတွင် အုတ်၊ သဲ၊ ကျောက်၊ဘိလပ်မြေ ထုတ်လုပ်ဖြန့်ချိရေး၊ အိမ်အလှဆင်လုပ်ငန်း၊ လျှပ်စစ်၊ သံနှင့် သံမဏိ၊ အိမ်မိုးသွပ်၊ ဂျပ်ဆင်ဘုတ်နှင့် ဆေးလုပ်ငန်း စသည့် ဆက်စပ်လုပ်ငန်းများစွာ ပါဝင်နေတာပါ။ ထို့အပြင် စစ်ဆေးကြီးကြပ်ရမည့် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ အင်ဂျင်နီယာကောင်စီ၊ အင်ဂျင်နီယာအသင်းချုပ်၊ ဗိသုကာကောင်စီ၊ ငလျင်ကော်မတီ၊ ဘူမိသိပ္ပံအသင်း၊ အထပ်မြင့်ကြီးကြပ်ရေးအဖွဲ့နှင့် လုပ်ငန်းရှင်အသင်းများ စသည့် ကဏ္ဍအသီးသီးမှ ပညာရှင်များလည်း ပါဝင်ကြပါတယ်။ ဆောက်လုပ်‌ရေးနယ်ပယ်ဟာ နိုင်ငံ့ GDP ၏ ၁၀ ရာခိုင်နှုန်းကျော်ခန့် ရှိတယ်လို့လည်း သိရပါတယ်။ နိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့ အခြေခံဖြစ်သည့် ဆောက်လုပ်‌ရေးနယ်ပယ်ကြီးဟာ ငလျင်အလွန် ပြန်လည်ထူထောင်ရေးမှာ အရေးပါတဲ့ အစိတ်အပိုင်း ဖြစ်လာပါတယ်။ ပျက်စီးသွားသည့် အဆောက်အအုံများကို ပြန်လည်တည်ဆောက်ရာတွင် ငွေကြေး၊ ပစ္စည်းနှင့် လူ့စွမ်းအားအရင်းအမြစ် အမြောက်အမြား သုံးစွဲရမှာ ဖြစ်လို့ပါ။ တည်ဆောက်ရေးလုပ်ငန်းခွင်များတွင် စံချိန်စံညွှန်းမီ ပစ္စည်းများ အသုံးပြုဖို့ လိုအပ်သလို ဈေးကွက်ထဲမှာလည်း ထိုပစ္စည်းများကို အလွယ်တကူ ဝယ်ယူရရှိဖို့ အရေးကြီးတယ်လို့ လုပ်ငန်းရှင်တွေက ထောက်ပြကြပါတယ်။ ပြည်ပက တင်သွင်းတာကိုပဲအားမကိုးဘဲ ပြည်တွင်းမှာ ပိုမိုထုတ်လုပ်နိုင်ဖို့ ကုန်ကြမ်းပစ္စည်းများကို အလွယ်တကူ ဝယ်ယူနိုင်ရန် စီစဉ်ပေးဖို့လည်း စစ်အုပ်စုကို တောင်းဆိုထားကြပါတယ်။ နောက်ပြီး မြန်မာနိုင်ငံ အဆောက်အအုံဆိုင်ရာ စံချိန်စံညွှန်းလမ်းညွှန်ချက် (MNBC 2025) ကို မဖြစ်မနေ လိုက်နာဆောင်ရွက်ဖို့ လိုသလို၊ အဆောက်အအုံများကိုလည်း ငလျင်ဒဏ် ၈ ရစ်ခ်တာစကေးအထိ ခနိုင်ရည်ရှိအောင် တည်ဆောက်ဖို့ လိုအပ်တယ်လို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ခိုင်းစေထားပါတယ်။ အဆောက်အအုံတစ်ခု တည်‌ဆောက်ရာမှာ ကုန်ကျစရိတ်နှင့် ဘေးကင်းလုံခြုံရေးကို မျှတအောင် လုပ်ဆောင်ဖို့ လိုအပ်ကြောင်းအင်ဂျင်နီယာကောင်စီက ဆိုပါတယ်။ ဘေးကင်းရေးကို ဦးစားပေးလျှင် ကုန်ကျစရိတ် များနိုင်ပြီး ကုန်ကျစရိတ် လျှော့ချလျှင်ဘေးကင်းရေး ထိခိုက်နိုင်လို့ပါ။ “ပုံမှန်ဆိုရင် ဘယ်ဟာက ကုန်ကျစရိတ် သက်သာမလဲဆိုတာ အရင်စဉ်းစားကြပါတယ်။ အခုချိန်မှာတော့ Safe ဖြစ်တာကိုဦးစားပေးရမယ်ဆိုတဲ့ အသိတစ်ခု ရသွားမယ်လို့ ယုံကြည်ပါတယ်။ ဆောက်တဲ့အခါမှာလည်း ဘယ်လောက်အထိ ခံနိုင်ရည်ရှိအောင် ‌ဆောက်ကြမလဲဆိုတာ စဉ်းစားလာမယ်လို့ ယုံကြည်ပါတယ်” လို့ ဆောက်လုပ်‌ရေးလိုင်စင်ရ ကန်ထရိုက်တာများအသင်း အထွေထွေအတွင်းရေးမှူးချုပ် ဦးသဲကိုကိုက ပြောပါတယ်။ အဆောက်အအုံဆောက်လုပ်ခွင့် တောင်းခံရာမှာလည်း လွယ်ကူမြန်ဆန်သည့် နည်းလမ်းများ ဖြေလျှော့ပေးရန် လိုအပ်သလို၊စည်းမျဉ်းဥပဒေများဖြင့်လည်း ကြပ်မတ်ဖို့ လိုအပ်တယ်လို့ ပညာရှင်များက ထောက်ပြပါတယ်။ လုပ်ငန်းရှင်များကလည်းငွေကြေးထောက်ပံ့မှု၊ ချေးငွေစီစဉ်ပေးမှုနှင့် သွင်းကုန်လိုင်စင် ခွဲဝေခွင့်ပြုပေးမှုများကို မျှော်လင့်နေကြပါတယ်။ နောက်ထပ် စိန်ခေါ်ချက်တစ်ခုကတော့ ကျွမ်းကျင်လုပ်သား ရှားပါးမှုပြဿနာပါ။ “ဘယ်လောက်ပဲ အင်ဂျင်နီယာကြီးကြပ်မှုကောင်းကောင်း အောက်ခြေက တကယ်လုပ်တဲ့ Labour (လုပ်သား) တွေရဲ့ ကျွမ်းကျင်မှုကလည်း အရေးကြီးပါတယ်” လို့ ဦးသဲကိုကိုက ထပ်လောင်းပြောဆိုပါတယ်။ ဆောက်လုပ်‌ရေးကဏ္ဍ၏ လိုအပ်ချက်များ၊ ကြပ်မတ်မှု အားနည်းချက်များနှင့် အဖွဲ့အစည်းများကြား အဂတိလိုက်စားမှုများဟာ မန္တလေးငလျင်ကြီးက စစ်လိုက်သည့် စာမေးပွဲမှာ ဖုံးမရအောင် ပေါ်ထွက်လာခဲ့ပါပြီ။ အပြိုပြိုအလဲလဲ ပျက်စီးခဲ့သည့်အဆောက်အအုံများနှင့် အသက်ဆုံးရှုံးခဲ့ရသူများက သက်သေခံနေပါတယ်။ ပြန်လည်ထူထောင်ရေးအတွက် ပညာရှင်များနှင့် အဖြေရှာကြဖို့ စစ်အုပ်စုခေါင်းဆောင်က တိုက်တွန်းနေသော်လည်း တစ်ဖက်မှာတော့ ငလျင်ဘေးသင့်ဒေသများကို လေကြောင်းမှ တိုက်ခိုက်ပြီး လူအစုလိုက်အပြုံလိုက် သေကျေအောင် သတ်ဖြတ်ခိုင်းနေသူကလည်း ထိုသူကိုယ်တိုင်ပင် ဖြစ်ကြောင်း လေကြောင်းရန်သင့် ရုပ်အလောင်းများက သက်သေပြနေပါတော့တယ်။ - [ဝက်လက်နယ်မှာ မြေပြင်စစ်ကြောင်းနှစ်ကြောင်းအပြင် လေကြောင်းတိုက်ခိုက်မှုတွေကြောင့် သောင်းနဲ့ချီတဲ့ အရပ်သားတွေ စစ်ရှောင်နေရ၊](https://mfp-mm.com/news/sagaing/4168/): MN/MFP ၊ ဒီဇင်ဘာ – ၃၀ စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင် ဝက်လက်မြို့နယ်အရှေ့ခြမ်း ဧရာဝတီမြစ်ကမ်းဘေးက ကျေးရွာတွေကို ဒီဇင်ဘာ ၂၆ ရက်ကစပြီး စစ်အုပ်စုတပ်က အင်အား ၂၀၀ ဝန်းကျင်နဲ့ စစ်ကြောင်းထိုး စီးနင်းလုယက်နေတာကြောင့် သောင်းနဲ့ချီတဲ့ ပြည်သူတွေ ဒီနေ့အထိနေရပ်မပြန်နိုင်သေးဘဲ ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ Wetlet Information Network တာဝန်ရှိသူက MFP ကို ပြောပါတယ်။  ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၄ ရက်က ဝက်လက်မြို့နယ်နဲ့ထိစပ်နေတဲ့ ရွှေဘိုနယ် ကျောက်မြောင်းမြို့မှာရှိတဲ့ စစ်အုပ်စုရဲ့ အမှတ် – ၁၂ ခြေမြန်တပ်ရင်းကနေ အင်အား ၂၀၀ ဝန်းကျင်ပါ စစ်ကြောင်းဟာ  ဒီဇင်ဘာ ၂၆ ရက်မှာ ဝက်လက်နယ်အရှေ့မြောက်ခြမ်းက ထုံးဘိုရွာကို ဝင်ရောက်စီးနင်းအထိုင်ချပြီး အနီးဝန်းကျင်က ကျေးရွာတွေကို စစ်ကြောင်းထိုးဝင်ရောက်နေတာဖြစ်ပါတယ်။ ဒီဇင်ဘာ ၃၀ ရက် ဒီကနေ့မှာတော့ စစ်အုပ်စုအထိုင်ချထားတဲ့ ထုံးဘိုရွာအနီးက သစ်စိမ့်ကြီး၊ လှေပို့ဆိပ်၊ ရွာသစ်စတဲ့ ကျေးရွာတွေရဲ့အနောက်ဖက်ကို ဂျက်ဖိုက်တာနဲ့ Mi-35 ရဟတ်ယာဉ် တို့နဲ့ လေကြောင်းကနေ ဗုံးကြဲပစ်ခတ်ခဲ့ပြီး ပြည်သူထိခိုက်မှုမရှိခဲ့ဘူးလို့ Wetlet Information Network တာဝန်ရှိသူက ပြောပါတယ်။ “ဒီကနေ့ တံတားဦးတက် ဂျက်ဖိုက်တာတစ်စင်းနဲ့ Mi-35 တစ်စင်းနဲ့ လေကြောင်းတိုက်ခိုက်မှုလုပ်သွားတာက လက်ရှိ စစ်ကြောင်းထိုးနေတဲ့ရွာရဲ့ မြောက်ဘက် ဝက်လက်နယ်အရှေ့မြောက်ခြမ်း သစ်စိမ့်၊ လှေပို့ဆိပ်၊ ရွာသစ် အဲဒီရွာတွေရဲ့အနောက်ဖက်က တောထဲတွေကို ရမ်းသန်းပစ်သွားတာ။ ထိခိုက်မှုမရှိဘူးလို့တော့ သိရတယ်ဗျ။ လက်ရှိမှာ ကျောက်မြောင်းဘက်ကထိုးလာတဲ့ စစ်ကြောင်းက ရေကမိုးရွာနဲ့ ရွာသစ်ရွာထဲကို … - [YawLand Opperation အတွင်း ဂန့်ဂေါနယ်က စစ်အုပ်စုပျူစောထီးစခန်းနှစ်ခုကို တော်လှန်ရေးတပ်တွေ သိမ်းပိုက်၊](https://mfp-mm.com/news/magway/4163/): အီသာရမ်/MFP ၊ ဒီဇင်ဘာ-၃၀ မကွေးတိုင်း ဂန့်ဂေါမြို့နယ်က စစ်အုပ်စုပျူစောထီးစခန်းတွေကို တော်လှန်ရေးတပ်ဖွဲ့တွေက ထိုးစစ်ဆင်တိုက်ခိုက်နေတာကြောင့် တိုက်ပွဲပြင်းထန်နေသလို ပျူစောထီးတွေရဲ့ ကျေးရွာအထိုင်စခန်းနှစ်ခုကိုလည်း သိမ်းပိုက်ထားနိုင်တယ်လို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်က MFP ကို ဒီနေ့ပြောပါတယ်။ စစ်အုပ်စုတပ်လက်အောက်ခံ ပျူစောထီးစခန်းတွေကို YawLand Opperation အမည်နဲ့ ဂန့်ဂေါခရိုင်စစ်ဌာနနဲ့ ဒေသတွင်းတော်လှန်ရေးတပ်တွေက ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်‌မတော် ဂန့်ဂေါခရိုင်စစ်ဌာနကလည်း မကြာခင်က ထုတ်ပြန်ထားပါတယ်။ ဒီဇင်ဘာလ ၂၇ ရက် မနက်ကစတင်ပြီး ဂန့်ဂေါနယ်မြောက်ခြမ်းက ပျူစောထီးအထိုင်စခန်းတွေရှိတဲ့ ကျေးရွာ ၁၂ ရွာကို ဂန့်ဂေါခရိုင်စစ်ဌာနအောက်က တပ်ရင်းတွေနဲ့တော်လှန်ရေးတပ်တွေ ပူးပေါင်းတိုက်ခိုက်နေတာဖြစ်ပြီး စစ်ဆင်ရေးစတင်တဲ့နေ့မှာပဲ ပျူစောထီးအထိုင်စခန်းနှစ်ခုကို သိမ်းပိုက်နိုင်ခဲ့တာလို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။ “(ပျူစောထီးကျေးရွာနှစ်ခု)တိုက်ပွဲချိန်လေးနာရီအကြာမှာပဲရရှိခဲ့တာ၊ဒီနေ့လည်း မနက်ပိုင်းမှာ အပြန်အလှန်လက်နက်ကြီးတွေ လက်နက်ငယ်တွေနဲ့နေ့တပိုင်းလောက်ထိ တိုက်ပွဲက တော်တော်ပြင်းထန်နေတယ်ဗျ၊ နောက်ပြီးတော့ ကျွန်တော်တို့ရဲဘော်တွေဘက်ကလည်း ဘယ်လိုအနေအထားဖြစ်ဖြစ် ပြန်ဆုတ်မယ့် အနေအထားမရှိဘူး၊ ယတိပြတ်ကြိုးကြိုးစားစားတိုက်နေကြတယ်ဗျ” ဂန့်ဂေါနယ်မှာ ပျူစောထီးကျေးရွာ ၁၂ ရွာရှိတဲ့အထဲက တော်လှန်ရေးတပ်ဖွဲ့တွေကို နှစ်ရွာကို သိမ်းပိုက်နိုင်ထားတာဖြစ်ပြီး တိုက်ပွဲအတွင်းမှာ နှစ်ဖက်အကျအဆုံးတွေလည်း ရှိနေတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် တိုက်ပွဲအတွင်းမှာ ဂန့်ဂေါခရိုင်တပ်ရင်း-၃ က တပ်စိတ်မှူး မိုးထက်အောင် ကျဆုံးခဲ့ပြီး တပ်ဓလေ့ထုံးတမ်းတွေနဲ့အညီ သေနတ်ပစ်ဖောက်ကာ အခမ်းအနားနဲ့သင်္ဂြိုလ်ပေးခဲ့တယ်လို့ ဂန့်ဂေါခရိုင်တပ်ရင်း-၃က ထုတ်ပြန်ထားပါတယ်။ ဂန့်ဂေါနယ်က စစ်အုပ်စုပျူစောထီးအထိုင်တွေမှာ မြောက်ခရန်းပျူစောထီးစခန်း၊ ဟံသာဝတီပျူစောထီးစခန်းတွေနဲ့ အနီးအနားက လက်အောက်ခံ ပျူစောထီးကျေးရွာတွေမှာ နေထိုင်နေသူတွေလည်း တိုက်ပွဲစတင်ကတည်းက ထွက်ပြေးတိမ်းရှောင်နေကြသလို ဒီဇင်ဘာလ ၂၇ ရက်တစ်ရက်ထဲမှာပဲ လေကြောင်းတိုက်ခိုက်မှု ဆယ်ကြိမ်ကျော်ရှိခဲ့ပြီး အရပ်သားတွေထိခိုက်ဒဏ်ရာရတာမျိုးတော့ မရှိဘူးလို့ဆိုပါတယ်။ မကွေးတိုင်းအတွင်းက ဆင်ဖြူကျွန်းမြို့၊စလင်းမြို့တို့မှာလည်းတော်လှန်ရေးတပ်တွေက စစ်အုပ်စုအထိုင်စခန်းတွေကို … - [ဘုတလင်တိုက်ပွဲမှာ KLG PDF တပ်ခွဲမှူးအပါအဝင် တော်လှန်ရေးရဲဘော် ၆ ဦးကျဆုံး၊](https://mfp-mm.com/news/sagaing/4158/): ကိုသူ/MFP ၊ ဒီဇင်ဘာ-၃၀ စစ်ကိုင်းတိုင်း ၊ဘုတလင်မြို့နယ်မှာ ရွေးကောက်ပွဲကျင်းပနေတဲ့ ဒီဇင်ဘာ ၂၈ ရက်က စစ်အုပ်တပ်စခန်းတွေအနီးမှာ စစ်အုပ်စုနဲ့တော်လှန်ရေးအင်အားစုတွေဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း တပ်ခွဲမှူးအပါအဝင် တော်လှန်ရေးရဲဘော်ခြောက်ဦး ကျဆုံးခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။ ကျဆုံးရဲဘော်တွေဟာ ကနီမြို့နယ်အခြေစိုက် ကျောက်လုံးကြီး(KLG PDF) တပ်ဖွဲ့မှာ တာဝန်ထမ်းဆောင်နေတဲ့ တပ်ခွဲမှူးကိုသက်(ခ)သက်နိုင်ထွန်းနဲ့ ရဲဘော်ငါးဦး ဖြစ်တယ်လို့ ဆိုပါတယ်။ ရွေးကောက်ပွဲကျင်းပနေတဲ့ ဘုတလင်မြို့ပေါ်က အထွေထွေ အုပ်ချုပ်ရေးမှုးရုံး ၊ရဲစခန်းတွေနဲ့ စစ်အုပ်စုစခန်းတွေကို တစ်ပြိုက်နည်ထဲ တိုက်ခိုက်သိမ်းပိုက်ချိန်မှာ စစ်အုပ်စုလေကြောင်းရန်ကြောင့် ကျဆုံးခဲ့တာဖြစ်တယ်လို့ ဘုတလင် PDF တပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။ “လေကြောင်းတိုက်ခိုက်လို့ ကျတာက သုံးယောက်၊ဘုတလင်မြို့ သိမ်းတိုက်ပွဲမှာ ကျတာကသုံးယောက် ။တပ်ခွဲမှုးကတော့ ကျောက်လုံးကြီးက ၊သူတို့ တပ်ရင်းက နှစ်ယောက်ကျတယ်။ကျန်တာတွေကတော့ လေးယောက်ကျတယ်” အဲ့ဒီကျဆုံးသွားသူတွေရဲ့ရုပ်အလောင်းတွေကိုတော့ ဒီဇင်ဘာလ ၃၀ ရက် ဒီနေ့ မှာပဲ နာရေးအခမ်းအနားပြုလုပ်ပြီး တပ်ဓလေ့ထုံးစံနဲ့အညီ သဂြိုဟ်သွားမယ်လို့ သူကဆိုပါတယ်။ တစ်ဆက်ထဲမှာပဲ တော်လှန်ရေးရဲဘော်တွေ ကျဆုံးမှုနဲ့ပတ်သက်ပြီး ယင်းမာပင်ခရိုင် ပြည်သူ့ကာကွယ်ရေး တပ်မတော် အမှတ်(၂၃)တပ်ရင်း ကျောက်လုံးကြီးတပ်ဖွဲ့ကလဲ “တပ်ခွဲမှူး ကိုသက်(ခ)သက်နိင်ထွန်းသိစေရန် ၊သင်သည် စစ်အာဏာရှင်စနစ် ဆန့်ကျင်တိုက်ဖျက်ရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးအတွက် ရွပ်ရွပ်ချွံချွံ တိုက်ပွဲဝင်ရင်း 2025ခုနှစ် ဒီဇင်ဘာလ 28ရက်နေ့က မြင့်မြတ်စွာကျဆုံးခဲ့သည်။ပေးအပ်သော တာဝန်များကို ကျေပွန်စွာ ထမ်းဆောင်ရင်း မိမိအသက်ကို ပေးလှူသွားခဲ့သော သင့်အား ပြည်သူ့ကာကွယ်ရေးတပ်မတော်မှ ဦးညွှတ်ဂုဏ်ပြုလိုက်ပါသည်။တပ်ခွဲမှူး ကိုသက် (ခ) သက်နိင်ထွန်း၏ ရဲစွမ်းသတ္တိနှင့် စွန့်လွှတ် စွန့်စားမှုတို့ကို သင်၏ ရဲဘော် … - [ဘုတလင်နယ်ထဲ ရွာစဉ်ပတ်မွှေတဲ့ စစ်အုပ်စုက ပြည်သူ အမျိုးသမီး နှစ်ဦးကို သတ်ဖြတ်၊](https://mfp-mm.com/news/4150/): စစ်အုပ်စုက လူသတ်၊ ဖမ်းဆီး၊ ဗုံးကြဲနေလို့ ကျေးရွာ ၁၅ရွာ ထွက်ပြေးနေကြရ၊ သုထက်၊ MN/MFP၊ ဒီဇင်ဘာ – ၃၀ စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ ဘုတလင်မြို့နယ်ထဲ အာဏာသိမ်း စစ်အုပ်စုက ရွာစဉ်ပတ်မွှေ စစ်ကြောင်းထိုးကာ လူသတ်၊ လုယက်၊ လေကြောင်းဗုံးကြဲနေလို့ ကျေးရွာ ၁၅ ရွာက ပြည်သူတွေ စစ်ဘေးရှောင် ထွက်ပြေးနေရတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။ မုံရွာနဲ့ ဘုတလင်မြို့ကြားရှိ စစ်အုပ်စု အခြေပြုရာ အနောက်မြောက်တိုင်းစစ်ဌာနချုပ် – နမခ ထဲက ထွက်လာတဲ့ အင်အား ၁၅၀ ခန့်ပါ စစ်အုပ်စုဟာ ဒီဇင်ဘာ ၂၆ရက်ကစလို့ ဘုတလင်မြို့နယ်ထဲ ရွာစဉ်ပတ်မွှေ စစ်ကြာင်းထိုးနေတာ ဖြစ်ပါတယ်။ “စထိုးကတည်းက အင်အား ၁၅၀ နီးပါး ပါတယ်၊ ၂၈ ရက်က သံပြားကာ နှစ်စီးနဲ့ ၅၀ခန့် အင်အား ဖြည့်ထားတယ်၊ (ဒီဇင်ဘာ၂၉) ဒီမနက် အင်အား ၂၀၀ နဲ့ စပြီး စစ်ကြောင်းထိုးတော့ စစ်ရှောင်ရွာတွေ ထပ်တိုးလာတယ်” လို ဘုတလင်အခြေစိုက် ဒေါင်းရာဇာ စစ်ရှောင်ကူညီကယ်ဆယ်ရေး အဖွဲ့ဝင် တစ်ဦးက MFP ကို ပြောပါတယ်။ အဲ့ဒီ စစ်အုပ်စုဟာ ဘုတလင်နယ် ဇီးတောရွာထဲ အခြေပြုကာ အနီးဝန်းကျင် ကျေးရွာတွေကို စစ်ကြောင်းထိုးနေတာဖြစ်ပြီး ဒီကနေ့ ဒီဇင်ဘာ ၃၀ရက်အထိ ဆက်လက် စစ်ကြောင်းထိုးနေတာကြောင့် နမခ နဲ့ ဘုတလင်မြို့ကြားရှိ ကျေးရွာ ၁၅ရွာခန့်က … - [ပေါက်နယ်က ကျေးရွာတွေကို စစ်အုပ်စုစစ်ကြောင်းထိုးပြီးနောက် ပြည်သူငါးဦးကို ဖမ်းဆီးကာ နေအိမ်တွေကို မီးရှို့၊](https://mfp-mm.com/news/magway/4145/): အီသာရမ်/MFP ၊ ဒီဇင်ဘာ-၃၀ မကွေးတိုင်း၊ ပေါက်မြို့နယ်မှာ စစ်အုပ်စုစစ်ကြောင်းတွေက ဒီဇင်ဘာလ ၂၉ ရက်မှာ ကျေးရွာတွေကို ဝင်ရောက်စီးနင်ပြီးနောက် ဒေသခံငါးဦးကို ဖမ်းဆီးကာနေအိမ်တွေကို မီးရှို့ဖျက်ဆီးနေတာကြောင့် ဒေသခံရာနဲ့ချီ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက MFP ကိုပြောပါတယ်။ ကပစ-၂၄ ကနေ ထွက်လာတဲ့ အင်အား ၂၀၀ ကျော်ပါတဲ့ စစ်အုပ်စုတပ်ဟာ စစ်ကြောင်းစထွက်တဲ့ ဇင်ဘာလ ၂၉ ရက်မှာပဲ ကျောက်မဲတောင်ကျေးရွာက ပြည်သူသုံးဦးနဲ့ မန်းကျည်းကုန်းရွာက ပြည်သူနှစ်ဦး တို့ကိုဖမ်ဆီးသွားတာကြောင့် ဒေသခံပြည်သူတွေ ညတွင်းချင်း ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ မြို့ခံတစ်ဦးကပြောပါတယ်။ “ကျောက်မဲတောင်က သုံးဦးနဲ့ မန်းကျည်ကုန်းက နှစ်ဦးလို့ အရင်ဆုံးကြားရတယ်၊ပြည်သူတွေက ညကတည်းက ထွက်ပြေးနေကြရတာ” စစ်အုပ်စုစစ်ကြောင်းကြောင့် ကျောက်မဲတောင်၊ ကျောက်တံခါး၊ ခင်အေး‌နဲ့ မျှားပိုင်းစတဲ့ ကျေးရွာတွေအပါအဝင် ရွာပေါင်းဆယ်ရွာကျော်က ဒေသခံပြည်သူနှစ်ထောင်ကျော်ခန့် ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ပထမတစ်ပတ်စပြီး ပခုက္ကူအခြေစိုက် တပ်မ -၁၀၁ကနေ အင်အား ၂၂၀ခန့်ပါတဲ့ စစ်ကြောင်းတစ်ကြောင့် ဒီဇင်ဘာလ ၂၉ ရက်မှာတော့ ပေါက်မြို့နယ် အနောက်မြောက်ပိုင်း ကာကွယ်ရေးပစ္စည်းစက်ရုံ ကပစ-၂၄ ကနေထွက်လာတဲ့ အင်အားနှစ်ရာကျော်ပါတဲ့ စစ်အုပ်စုစစ်ကြောင်းနှစ်ကြောင်းနဲ့ ပေါက်နဲ့ပခုက္ကူအစပ်က ကျေးရွာတွေကို စစ်ကြောင်းထိုးနေတာ ဖြစ်ပါတယ်။ လက်ရှိမှာလည်း ပခုက္ကူမြို့နယ် ကမ္မမြို့အနီးမှာလည်း ကမ္မမြို့မရဲစခန်းကထွက်လာတဲ့ စစ်အုပ်စုခန့်မှန်းအင်အား ၂၀၀ ခန့်ပါစစ်ကြောင်းက ပခုက္ကူမြို့နယ် သရက်ကန်ကျေးရွာကို ဝင်ရောက်မီးရှို့နေပြီး ဒေသခံပြည်သူတွေ ထွက်ပြေးတိမ်းရှောင် နေကြရပါတယ်။ အဲဒီစစ်အုပ်စုစစ်ကြောင်းဟာ မြိုင်မြို့နယ် သရက်ကန်ပျူစောထီးစခန်းကို ကားသုံးစီးနဲ့ရိက္ခာပို့ပြန်လာခဲ့တဲ့ ဒီဇင်ဘာလ ၂၇ ရက်က နှမ်းဆီကန်ကျေးရွာအနီးမှာ … - [ကသာမြို့သိမ်းတိုက်ပွဲဆက်ပြင်းထန်နေပြီးစစ်အုပ်စုတပ်လေကြောင်းကနေဗုံးကြဲနေ၊ပြည်သူတချို့ရှောင်တိမ်းနေရ၊](https://mfp-mm.com/news/sagaing/4141/): နွေဦး/MFP ၊ ဒီဇင်ဘာ – ၃၀ ကချင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်းအစပ်က ကသာမြို့နယ်မှာ စစ်အုပ်စုတပ်နဲ့တော်လှန်ရေးတပ်ဖွဲ့တွေ မြို့သိမ်းတိုက်ပွဲ တွေ ဒီဇင်ဘာလ ၃၀ ရက်ဒီနေ့အထိ ဆက်ပြင်းထန်နေပြီး လေကြောင်းကနေလည်း ဗုံးဆက်တိုက်ကြဲနေတယ်လို့ မြေပြင်စစ်ရေးသတင်းအရင်းအမြစ်တွေက ပြောပါတယ်။ ကသာမြို့ပြင်က ခမရ-၃၀၉ တပ်ရင်း၊ မြို့ပေါ်ရပ်ကွက်တွေဖြစ်တဲ့ ရပ်ကွက် ၅ နဲ့၈ အနီးမှာ နှစ်ဖက်တိုက်ပွဲတွေ ဆက် ပြင်းထန်နေပြီး လက်နက်ကြီးပစ်ခတ်တာတွေကြောင့် မြို့ပေါ်ရပ်ကွက်တွေကို ကျရောက်ပေါက်ကွဲကာ နေအိမ်တွေမီးလောင်ပျက်စီးသွားတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ဒီဇင်ဘာလ ၂၉ ရက် ညပိုင်းကလည်း ကသာမြို့ပြင်က ပိန္ဒဲကုန်းရွာကို လေကြောက်းကနေ ဗုံးကြဲခဲ့တာကြောင့် အရပ်သားတွေ ထိခိုက်သေဆုံးမှုတွေရှိပေမဲ့ အတိအကျမသိရသေးဘူးလို့ အဲဒီအခြေအနေကိုသိတဲ့ အဝေးရောက်ကသာဒေသခံတစ်ဦးက MFPကို ပြောပါတယ်။ “မနေ့ညက ပြောတာတော့ စစ်တပ်ထိုင်ထားတဲ့ ရပ်ကွက် -၅ ကလူတွေတော့ ပြောင်းရွှေ့ကုန်တယ်ပြောတယ်။ ဖုန်းဆက်နေရင်းကို ပိန္နဲကုန်းဘက်ကို ကြဲနေတာ။ နှစ်ကြိမ်ကြဲသွားတာပြောတယ်။ ဒီမနက်တော့ မြို့ထဲလက်နက်ကြီးသံမကြားရဘဲ တိတ်ဆိတ်နေတယ်တဲ့ မြို့ပြင်မှာတော့ လေယာဉ်ပစ်နေတယ် သိထားပါတယ်။ အခုက ဖုန်းကခေါ်လို့မရတော့ဘူး ရိုးရိုးမက်ဆေ့တွေကနေပဲ ပို့ပြီးဆက်သွယ်ရတယ်။ ဖုန်းကခေါ်မရတော့ဘူး” ဒါ့အပြင် ကသာမြို့အတွင်းက ပြည်သာယာ၊ ကြံတော၊ လယ်ပြင်စု၊ တပ်ဦးကျောင်း၊ သဖန်းဆိုင်း၊ ပတ္တမြား၊ လျှပ်စစ်ကုန်း၊ ပိန္နဲကုန်းနဲ့ကျန်တောစတဲ့ ကျေးရွာရပ်ကွက်တွေမှာ နေထိုင်တဲ့ မြို့ခံတစ်ဝက်လောက်ဟာ မနေ့ညပိုင်းကတည်းက စစ်ဘေးရှောင်ထွက်ပြေးနေကြတယ်လို့ ဆိုပါတယ်။ စစ်အုပ်စုတပ်ဟာ မြို့အဝင်အထွက်လမ်းမကြီးတွေအပြင် တုံးပေါ၊ ကျောက်ပုံ၊ သဖန်းကိုင်းနဲ့အင်းစတဲ့ မြစ်ကူးဇတ်ဆိပ်တွေကိုပါ ပိတ်ပစ်လိုက်တာကြောင့် ဒေသခံရာနဲ့ချီလည်း အဲဒီဘက်တွေမှာ ပိတ်မိနေတယ်လို့ ပြောပါတယ်။ … - [ချောင်းဦး ကျီကုန်းရွာကို တစ်လကြာ စီးနင်းတဲ့ စစ်အုပ်စုက အိမ်ခြေ ၂၂၀ မီးရှို့ဖျက်ဆီး၊](https://mfp-mm.com/news/4129/): အဘိဝံသ ဘွဲ့တော်ရ ဆရာတော် အပါအဝင် ငါးဦးကို သတ်ကာ ရွာလုံးကျွတ် ဖောက်ထွင်းခိုးယူ၊ ရွာထဲ မြေမြှပ်မိုင်း၊ နင်းမိုင်းတွေ ထောင်ခဲ့လို့ ပြည်သူတွေ ရွာထဲ မပြန်နိုင်သေး သုထက်/MFP၊ ဒီဇင်ဘာ – ၂၉ စစ်ကိုင်းတိုင်း မုံရွာခရိုင် ချောင်းဦးမြို့နယ် ကျီကုန်းကျေးရွာကို တစ်လနီးပါးကြာ စီးနင်းခဲ့တဲ့ စစ်အုပ်စုက ကျေးရွာအတွင်းရှိ အိမ်ခြေ ၂၂၀ ကို ပြာကျသည်အထိ မီးရှို့ဖျက်ဆီးခဲ့ကာ ရွာလုံးကျွတ် ဖောက်ထွင်း လုယက်ပြီးနောက် တန်ဘိုးရှိ ပစ္စည်းတွေ ခိုးယူသယ်ထုတ်သွားတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။ ဒါ့အပြင် အဘိဝံသ ဘွဲ့တော်ရ ဆရာတော်တစ်ပါး အပါအဝင် ဒေသခံပြည်သူ ငါးဦးကို သတ်ဖြတ်ခဲ့ပြီး ကျေးရွာအတွင်းက ပြန်ထွက်သွားချိန်မှာလည်း မြေမြုပ်မိုင်းတွေ၊ နင်းမိုင်းတွေ ထောင်ထားခဲ့တယ်လို့ ဆိုပါတယ်။ နိုဝင်ဘာ ၃၀ရက်မှာ မုံရွာမြို့ အနောက်မြောက်တိုင်း စစ်ဌာနချုပ် – နမခက ထွက်လာတဲ့ စစ်အုပ်စုဟာ ကျီကုန်းရွာကို စီးနင်းပြီး ဒေသခံတချို့ကို သတ်ဖြတ်၊ တချို့ကို ဓားစာခံ လူသားဒိုင်း အဖြစ် ဖမ်းဆီးကာ ကျေးရွာအတွင်း တစ်လနီးပါးကြာ လူသတ်၊ လုယက်၊ မီးရှို့ပြီးနောက် ရွေးကောက်ပွဲမတိုင်မီ ဒီဇင်ဘာ ၂၇ရက်မှာ ရွာထဲက ပြန်ထွက်သွားတာ ဖြစ်ပါတယ်။ စစ်အုပ်စု ပြန်ထွက်သွားပေမယ့် ကျီကုန်းအရှေ့ရွာနဲ့ အနောက်ရွာတွေထဲမှာ နင်းမိုင်း၊ မြေမြှပ်မိုင်းတွေ ထောင်ခဲ့တာကြောင့် ရွာခံတွေ နေရပ်မပြန်နိုင်သေးဘဲ စစ်ဘေးရှောင်နေရသေးတယ်လို့ ဆိုပါတယ်။ “ရွာထဲမှာ နင်းမိုင်း၊ မြေမြှပ်မိုင်းတွေ၊ … - [မတ္တရာမှာ စပါးရိတ်လိုတဲ့ တောင်သူတွေကို စစ်အုပ်စုက ငွေညှစ်၊ ရွာဝင်ကြေးတောင်း၊](https://mfp-mm.com/news/4123/): စစ်ဘေးရှောင်ပြီး ရွာထဲပြန်ဝင်တဲ့ ပြည်သူတွေကို မသင်္ကာမူနဲ့ ဖမ်းဆီးကာ ညှဉ်းပန်း၊ သတ်ဖြတ်၊ ပေါ်တာဆွဲ၊ အဓမ္မကျင့်နေ၊ ထင်လင်း/MFP၊ ဒီဇင်ဘာ – ၂၉ မန္တလေးတိုင်း၊ မတ္တရာမြို့နယ်ထဲ စစ်အုပ်စုက မြေပြင်စစ်ကြောင်းထိုးကာ ကျေးရွာတွေအပေါ် လေကြောင်းဗုံးကြဲ၊ လက်နက်ကြီးနဲ့ ဒရုန်းတွေသုံးကာ ပစ်ခတ်တိုက်ခိုက်တာကြောင့် တောင်သူ လယ်သမားတွေ အပါအဝင် ဒေသခံပြည်သူတွေ စစ်ဘေးရှောင် ထွက်ပြေးနေရကာ သီးနှံစိုက်ခင်းတွေ မရိတ်သိမ်းနိုင်ဘဲ အရှုံးပေါ်နေတယ်လို့ မတ္တရာဒေသခံတွေက MFP ကို ပြောပါတယ်။ လက်ရှိမှာ မတ္တရာတနယ်လုံးနီးပါး စစ်အုပ်စုက ပြန်လည် သိမ်းပိုက် ထိန်းချုပ်နိုင်ပြီမို့ လေကြောင်းတိုက်ခိုက်မှု လျော့နည်းသွားချိန် ဒေသခံတွေက နေရပ်ပြန်ပြီး သီးနှံရိတ်သိမ်းလိုပေမယ့် စစ်အုပ်စုက ခွင့်မပြုဘဲ သူတို့တောင်းတဲ့ငွေ ပေးနိုင်သူကိုသာ သီးနှံရိတ်သိမ်းခွင့်ပြုတယ်လို့ ဆိုပါတယ်။ မတ္တရာနယ်ခံ ပြည်သူတွေ အနေနဲ့ ကိုယ့်စပါးခင်းကို ရိတ်သိမ်းလိုပါက တစ်ဧကကို ကျပ်သုံးသိန်းနှုန်း၊ စပါးရိတ်သိမ်းချိန် ရွာထဲပြန်ဝင်လိုပါက တစ်ဦးကို ရွာဝင်ကြေး ကျပ်တစ်သိန်းနှုန်း သတ်မှတ်ကာ စစ်အုပ်စုခန့် ရပ်ကျေး အုပ်ချုပ်ရေးမှူးတွေက ငွေညှစ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ သူတို့တောင်းတဲ့ငွေ မပေးနိုင်သူတွေကို စစ်အုပ်စုက ရွာထဲပြန်ဝင်ခွင့်မပေ၊ စပါးရိတ်ခွင့်မပေးဘဲ ရင့်မှည့်နေတဲ့ စပါးခင်းတွေကို စစ်အုပ်စုနဲ့ သူတို့နီးစပ်သူတွေက ရိပ်သိမ်းယူငင်နေတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။ “အဲ့ဒီ လယ်ကွင်းတွေက သူတို့ လက်ရှိ၊ အဲ့မှာ ရွာထဲမှာ အခု အရင်ဝင်ထားတဲ့ လူကြီးကို သူတို့ လူကြီးခန့်ထားတယ်ပေါ့နော်၊ သူက ရိတ်ခွင့်ပေးတဲ့ လူဆိုရင် ရိတ်ရတယ်တဲ့၊ သူက ရိတ်ခွင့်မပေးတဲ့ … - [မန္တလေးမှာ စစ်အုပ်စုက ရွေးကောက်ပွဲမတိုင်မီ လမ်းသွားလမ်းလာတွေကို တားဆီးပြီး မဲစာရင်းနံပတ် မေးကာ ရိုက်နှက်၊ ငွေညှစ်၊ မဲပေးဖို့ ခြိမ်းခြောက်၊](https://mfp-mm.com/news/4120/): ဖိုးချို/MFP၊ ဒီဇင်ဘာ – ၂၉ မန္တလေးမြို့မှာ အုပ်စုဖွဲ့ လက်နက်ကိုင်ပြီး လမ်းပေါ်တက်ကာ လမ်းသွားလမ်းလာတွေကို တားဆီးငွေညှစ်နေတဲ့ စစ်အုပ်စုက ရွေးကောက်ပွဲမတိုင်မီ ဒီဇင်ဘာ ၂၇ရက်မှာ မဲစာရင်းနံပတ်မေးကာ မသိသူတွေကို ပါးရိုက်၊ ငွေညှစ်တာတွေ လုပ်ခဲ့တယ်လို့ မန္တလေးမြို့ခံတွေက MFP ကို ပြောပါတယ်။ သာမန်နေ့တွေမှာ စစ်အုပ်စုက လမ်းသွားလမ်းလာတွေကို တားဆီးပြီး ဖုန်း၊ မှတ်ပုံတင်နဲ့ လိုင်စင်တွေ စစ်လေ့ရှိပေမယ့် ဒီဇင်ဘာ ၂၇ရက်ကတော့ မဲစာရင်းနံပတ် သိ၊မသိ မေးကာ ပါးရိုက်၊ငွေညှစ်ပြီး ရွေးကောက်ပွဲမှာ မဖြစ်မနေ မဲပေးဖို့လည်း ခြိမ်းခြောက်ခိုင်းစေခဲ့တယ်လို့ ဆိုပါတယ်။ ဒီဇင်ဘာ ၂၇ ရက် ညနေပိုင်းက မန္တလေးမြို့‌ ၈၄ လမ်း(စစ်ကိုင်းလမ်း)ပေါ်မှာ စစ်အုပ်စု၊ ရဲ၊ ပျုစောထီးနဲ့ အပြာယူနီဖောင်းဝတ်တွေက လမ်းသွားလမ်းလာတွေကို တားဆီးစစ်ဆေးပြီးနောက် မဲစာရင်းနံပါတ်‌ မသိသူတွေကို ပါးရိုက်ကာ ငွေညှစ်နေတာ ကြုံခဲ့ရတယ်လို့ ကိုယ်တိုင်ကြုံခဲ့ရသူတစ်ဦးက ပြောပါတယ်။ “စစ်ကိုင်းလမ်း ကပ်ကျော်ကွေ့နားမှာ ပျုလား၊ ရဲလား မသိဘူး၊ ဆိုင်ကယ်တူးဘောက် စစ်တယ်၊ ဆိုင်ကယ်က အကုန်အစုံပါတော့ မဲစာရင်း နံပါတ်သိလား မေးတယ်၊ ကောင်းကောင်းမွန်မွန်နဲ့ မသိဘူး‌လို့ ပြောတော့ အရေးယူမယ် ဘာညာပြောပြီး ငွေညှစ်တာ” စစ်အုပ်စုဟာ ရွေးကောက်ပွဲမတိုင်မီ မန္တလေးမြို့ပေါ် ညပိုင်းကင်းလှည့်ပြီး တွေ့သမျှပြည်သူကို တားဆီးစစ်ဆေးကာ မဲစာရင်းနံပတ်မေးတာ၊ ရပ်ကွက်တချို့ကို ဧည့်စာရင်းဝင်စစ်ကာ မဲစာရင်းနံပတ်မေးပြီး မဖြစ်မနေ မဲပေးဖို့ ခြိမ်းခြောက်တာတွေ လုပ်ခဲ့တယ်လို့ ဆိုပါတယ်။ “ကျနော့်အသိတစ်ယောက်ဆို အိမ်ရှေ့ခဏ ဂိမ်းထွက်ဆော့တာ သူတို့ဘာသာ ကင်းလိုက်ပတ်ရင်းနဲ့ … - [ဟားခါးနဲ့ ဖလမ်းတိုက်ပွဲမှာ စစ်အုပ်စုတပ်သား ၂၀ နီးပါးသေဆုံးကာ လက်နက်တချို့ သိမ်းဆည်းရရှိ၊](https://mfp-mm.com/news/4113/): ရွှေဥ/MFP ၊ ဒီဇင်ဘာ – ၂၉ ချင်းပြည်နယ်ရဲ့ မြို့တော်ဟားခါးနဲ့ ဖလမ်းမြို့နယ်မှာ စစ်အုပ်စုနဲ့ချင်းတော်လှန်ရေးတပ်တွေ နှစ်ရက်တာတိုက်ပွဲအတွင်း စစ်အုပ်စု ၂၀ နီးပါးသေဆုံးကာ လက်နက်ခဲယမ်းတချို့ သိမ်းဆည်းရရှိခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။ ချင်းတော်လှန်ရေးတပ်တွေက ဒီဇင်ဘာ၂၆ ရက်နဲ့၂၇ ရက်တို့မှာ ဟားခါးမြို့အခြေစိုက် စစ်အုပ်စုတပ်ရဲ့ ခလရ -၂၆၆ တပ်ရင်း၊ ဟားခါးမြို့မရဲစခန်းနဲ့ ဖလမ်းမြို့နယ် ခွန်းလီကျေးရွာမှာရှီတဲ့ စစ်အုပ်စုစစ်ကြောင်းကို စီးနင်းတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ ချင်းတော်လှန်ရေးတပ်တွေဟာ ခလရ -၂၆၆ တပ်ရင်းနဲ့ ဟားခါးရဲစခန်းစီးနင်းတိုက်ခိုက်ရာမှာ စစ်အုပ်စုတပ်သား ၁၅ ဦးသေဆုံးပြီး လက်နက်ကြီးအပါအဝင် သေနတ်ရှစ်လက် သိမ်းဆည်းရှိခဲ့တယ်လို့ ရန်ပုံငွေရှာဖွေရေးအစီအစဉ်မှာ CDF-ဟားခါးဥက္ကဌ ဦးဟရန်လျန်ကလည်း ထုတ်‌ဖော်ပြောဆိုထားပါတယ်။ အလားတူ ဒီဇင်ဘာ ၂၇ ရက်နေ့မှာတော့ ဖလမ်းမြို့နယ် ခွန်းလီကျေးရွာဘေးက တောင်ကြားမှာ စစ်အုပ်စုနဲ့ချင်းတော်လှန်ရေးတပ်တွေ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲမှာတော့ စစ်အုပ်စု တပ်ဖွဲ့ဝင်နှစ်ဦးသေဆုံးကာ သေနတ်နှစ်လက် သိမ်းဆည်းရရှိ့တယ်လို့ ချင်းညီနောင်တပ်ဖွဲ့ဝင် CNDF – စစ်ရေး သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။ “အလောင်းနှစ်လောင်းရတယ်။ သေနတ်နှစ်လက်ရတယ်” စစ်အုပ်စုတပ်နဲ့ တိုက်ပွဲတွေအတွင်း ဟားခါးမြို့နယ်က တော်လှန်ရေးရဲဘော်ငါးဦးနဲ့ ဖလမ်းမြို့နယ်က တော်လှန်ရေး ရဲဘော်တစ်ဦး ကျဆုံးခဲ့တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် စစ်အုပ်စုတပ်ကလည်း လေကြောင်းအသုံးပြုကာ ဗုံးကြဲတိုက်ခိုက်တာကြောင့် ဟားခါးမြို့နယ် Loklung ကျေးရွာနဲ့ ဖလမ်းမြို့နယ် Zathilr ကျေးရွာတို့ကို ကျရောက်ပေါက်ကွဲပြီး ဘုရားကျောင်းအပါအဝင် နေအိမ် ၁၀လုံးခန့် ထိခိုက် ပျက်စီးခဲ့တယ်လို့ နောက်ထပ် စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။ “ဘုရားကျောင်းတွေ ပျက်စီးတယ်။ဟားခါးက၊ ဖလမ်းဘက်ကတော့ … - [ဝက်လက်မှာ စစ်အုပ်စု လေကြောင်းက ဗုံးကြဲတာကြောင့် အမျိုးသမီးနှစ်ဦးသေဆုံး လေးဦးဒဏ်ရာရ၊](https://mfp-mm.com/news/sagaing/4108/): MN/MFP ၊ ဒီဇင်ဘာ – ၂၉ စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ် အနောက်တောင်ဘက်မှာရှိတဲ့ လိန်ပင်ရွာကို ဒီဇင်ဘာ ၂၉ ရက် ဒီကနေ့ မနက် ၁၁ နာရီခွဲဝန်းကျင်မှာ စစ်အုပ်စု ဂျက်ဖိုက်တာနဲ့ လေကြောင်းက ဗုံးကြဲခဲ့တာကြောင့် အမျိုးသမီးနှစ်ဦး သေဆုံးကာ လေးဦးထိခိုက်ဒဏ်ရာ ရသွားခဲ့တယ်လို့ Wetlet Information Network က သတင်းထုတ်ပြန်ပါတယ်။ တံတားဦးလေတပ်က တက်လာတဲ့ ဂျက်ဖိုက်တာတစ်စင်းနဲ့ လိန်ပင်ရွာကို လေကြောင်းတိုက်ခိုက်မှု လေးကြိမ်ပြုလုပ်ရာမှာ အရပ်သားတွေ ထိခိုက်သေဆုံး ခဲ့တာဖြစ်ပါတယ်။ စစ်အုပ်စုတပ်ဟာ လိန်ပင်ရွာအနောက်ခြမ်းကို လေကြောင်းကပစ်ခတ်တာကြောင့် အရပ်သားတွေနေထိုင်တဲ့ နေအိမ်တွေအပေါ် ဗုံးသီးကျရောက်ပေါက်ကွဲခဲ့ပြီး အမျိုးသမီးနှစ်ဦး နေရာမှာတင် သေဆုံးကာ နောက်ထပ် အမျိုးသမီးသုံးဦးနဲ့ အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ Wetlet Information Network က သတင်းထုတ်ပြန်ထားပါတယ်။ ဝက်လက်မြို့နယ်ထဲမှာ စစ်အုပ်စုက တိုက်ပွဲဖြစ်စဉ်မရှိဘဲ မကြာခဏ လေကြောင်းက ဗုံးကြဲပစ်ခတ်နေတာဖြစ်ပြီး ဒီဇင်ဘာ ၂၃ ရက်ကလည်း ဝက်လက်နယ်အရှေ့ခြမ်း ဧရာဝတီမြစ်ကမ်းဘေးက ငါးပတ်ချောင်းရွာထဲကို လေကြောင်းက ဗုံးကြဲခဲ့တာကြောင့် အသက် ခုနစ်နှစ်အရွယ်နဲ့ ၁၄ နှစ်အရွယ် ကလေးငယ်တွေအပါဝင် ဒေသခံခုနစ်ဦး သေဆုံးပြီး ခြောက်ဦးထိခိုက်ဒဏ်ရာတွေ ရရှိခဲ့ပါသေးတယ်။ စစ်အုပ်စုက ဝက်လက်မြို့နယ်ထဲမှာ တိုက်ပွဲမရှိဘဲ လေကြောင်းကနေ မကြာခဏ ဗုံးကြဲပစ်ခတ်နေတာကြောင့် အခု ဒီဇင်ဘာလ ၁ ရက်ကနေ ၂၉ ရက်ထိ တလအတွင်းမှာ စစ်အုပ်စု လေကြောင်းက ကိုးကြိမ်ထက်မနည်း ဗုံးကြဲခဲ့တာကြောင့် ကလေးငယ်တွေအပါဝင် ဒေသခံပြည်သူ စုစုပေါင်း … - [ရွေးကောက်ပွဲကျင်းပနေချိန် ဘုတလင်မြို့ပေါ်က စစ်အုပ်စုအထိုင်စခန်းတွေကို တော်လှန်ရေးတပ်ဖွဲ့တွေ တိုက်ခိုက်သိမ်းပိုက်၊](https://mfp-mm.com/news/sagaing/4105/): MN/MFP ၊ ဒီဇင်ဘာ – ၂၉ စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ ဘုတလင်မြို့ပေါ်ရှိ စစ်အုပ်စုအထိုင်စခန်းတွေကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေ ရွေးကောက်ပွဲကျင်းပနေတဲ့ ဒီဇင်ဘာ ၂၈ ရက် နေ့လယ်ပိုင်းမှာ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ တော်လှန်ရေး သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက ဘုတလင်မြို့ပေါ်မှာရှိတဲ့ စစ်အုပ်စု ရဲစခန်း၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး၊ အထက်တန်းကျောင်းစတဲ့ နေရာတွေမှာ အထိုင်ချတပ်စွဲထားတဲ့ စစ်စခန်းတွေကို တပြိုင်နက်တည်း တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ တိုက်ပွဲအတွင်းမှာ စစ်အုပ်စုက မြေပြင်စစ်ကူစစ်ကြောင်းအပါဝင် Y-12 ဘက်စုံသုံးလေယာဉ်၊ စက်တပ်လေထီး ပါရာမိုတာနဲ့ ဂျိုင်ရိုကော်ပတာ စတဲ့ လေကြောင်းကနေ ဆက်တိုက် ဗုံးကြဲပစ်ကူပေးခဲ့တာကြောင့် နှစ်ဘက်အကျအဆုံး ရှိခဲ့တယ်လို့ တိုက်ပွဲမှာပါဝင်ခဲ့တဲ့ တော်လှန်ရေးရဲဘော်တစ်ဦးက ပြောပါတယ်။ “ဘုတလင်တိုက်ပွဲက ရဲစခန်း၊ ထွေအုပ်၊ အထက အကုန်လုံးကို တပြိုင်နက် ဝင်ရောက်စီးနင်းတာ။ အကုန်လုံးကို ကျွန်တော်တို့ဘက်က ယာယီစိုးမိုးနိုင်ခဲ့တာပေါ့။ သူတိုဘက် လေကြောင်းကတော့ ပါရာမိုတာနဲ့ Y-12 နဲ့ တိုက်ခိုက်တာတွေ လုပ်တယ်။ ဂျိုင်ရိုကော်ပတာနဲ့ ကြဲလို့ PDF သုံးယောက် ကျတယ်။ မြို့သိမ်းတိုက်ပွဲမှာက သုံးယောက်ကျတယ်။ စစ်ကောင်စီဘက်ကတော့ ထနောင်းကိုရွာဘက်ကို မြေပြင်စစ်ကြောင်းလာတာက ၁၅ ယောက်လောက် သေတယ်” တိုက်ပွဲအခြေအနေနဲ့အသေးစိတ်ကိုတော့ တော်လှန်ရေးတပ်ဖွဲ့တွေက ထုတ်ပြန်ပေးမယ်သွားမယ်လို့ သူကဆိုပါတယ်။ မနေ့က ဘုတလင်မြို့သိမ်းတိုက်ပွဲမှာ မနက် ၅ နာရီကနေ နေ့လယ်၁၁ နာရီထိ ကြာမြင့်ခဲ့ပြီး စစ်အုပ်စုဘက်က စက်တပ်လေထီးပါရာမိုတာနဲ့ ရှစ်ကြိမ်၊ ဂျိုင်ရိုကော်ပတာနဲ့ ခြောက်ကြိမ်၊ Y-12 ဘက်စုံသုံးလေယာဉ်နဲ့ … - [ကသာမြို့ပေါ်နဲ့ခမရ-၃၀၈အနီးမှာစစ်အုပ်စုတပ်နဲ့တော်လှန်ရေးတပ်တွေတိုက်ပွဲဖြစ်နေ](https://mfp-mm.com/news/sagaing/4102/): နွေဦး/MFP ၊ ဒီဇင်ဘာ – ၂၉ ကချင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်းအစပ်က ကသာခရိုင် ကသာမြို့နယ်မှာ စစ်အုပ်စုတပ်နဲ့တော်လှန်ရေးတပ်ဖွဲ့တွေအကြား ရွေးကောက်ပွဲကျင်းပနေတဲ့ ဒီဇင်ဘာလ၂၈ ရက် ညပိုင်းကစပြိီး နှစ်ဖက်တိုက်ပွဲပြင်းထန်နေတယ်လို့ မြို့ခံတွေက ပြောပါတယ်။ ဒီဇင်ဘာလ ၂၈ ရက်မှာတော့ စစ်အုပ်စုတပ် အထိုင်ချတပ်စွဲထားတဲ့ ကျန်တောနဲ့ ပြည်သာယာကျေးရွာအနီးမှာ စစ်အုပ်စုတပ်နဲ့တော်လှန်ရေးတပ်ဖွဲ့တွေကြား နှစ်ဖက်တိုက်ပွဲ စတင်ခဲ့တာဖြစ်ပြီး ဒီဇင်ဘာလ ၂၈ ရက် ဒီနေ့မနက်ပိုင်းမှာတော့ မြို့ပေါ်ရပ်ကွက်တွေဖြစ်တဲ့ ရပ်ကွက် ၅ နဲ့ ၈ တို့အပြင် ခမရ-၃၀၉ တပ်ရင်းအနီးမှာ တိုက်ပွဲပြင်းထန်နေတာဖြစ်ပါတယ်။ စစ်အုပ်စုတပ်ဘက်က လက်နက်ကြီးတွေ ဆက်တိုက်ပစ်ခတ်နေတာကြောင့် ရပ်ကွက်-၅ အတွင်းကိုကျရောက်ပေါက်ကွဲပြီး နေအိမ်တချို့လည်း မီးလောင်ပျက်စီးနေတယ်လို့ အဲဒီအခြေအနေကို သိသူတစ်ဦးကပြောပါတယ်။ “၂၇ ရက်ညကစပြီး တိုက်ပွဲဖြစ်တော့မယ်လို့ သတင်းစကြားတယ်။ ၂၈ ရက်ည မြို့ပြင်ကျန်တောဘက်မှာ ပစ်ခတ်သံတွေကြားတယ်။ ဒီမနက် ၅ နာရီကျော်ကတည်းက မြို့တွင်းမှာ တိုက်ပွဲစသံကြားတာပဲ။ ဖုန်းလိုင်းတွေက မပိတ်သေးဘူး။ ဆက်လို့ရသေးတယ်။ အမေတို့က ရပ်ကွက်-၅ မှာနေတာ၊ မနက်ကလက်နက်ကြီးသံတွေ ကြားတော့ ကြောက်လို့ ငိုနေကြတယ်။ ကျမတို့အိမ် နောက်ကျောဖက်မှာ နှစ်အိမ်မီးလောင်နေတယ် ပြောတယ်။ ခမရ- ၃၀၉ တပ်ရင်းကိုလည်း ဝင်တိုက်နေတယ်တဲ့။ အကုန်လုံးပိတ်မိနေတဲ့ သဘောပေါ့။ ရှောင်ချိန်တိမ်းချိန်မရဘဲ ပိတ်မိနေကြတယ်။ ဘယ်အဖွဲ့က ပေးထွက်ထွက် လွတ်ကင်းရာကို ထွက်ဖို့ အထုပ်ပြင်ထားကြတယ်” တိုက်ပွဲဖြစ်ပွားနေတာကြောင့် မြို့ပေါ်မှာ လူသွားလူလာမရှိဘဲ တိတ်ဆိတ်နေပြီး ကျောင်းတွေလည်း ပိတ်ထားတယ်လို့ သူကဆိုပါတယ်။ တိုက်ပွဲအခြေအနေနဲ့ ပတ်သက်ပြီး ဒေသအခြေစိုက် တော်လှန်ရေးတပ် … - [မြင်းခြံမှာ ဖမ်းမိတဲ့ ပျူ အမျိုးသမီး သုံးယောက်ကို ဆေးဝါး ကုသပေးကာ ထိန်းသိမ်းထား၊](https://mfp-mm.com/news/4096/): MN/MFP၊ ဒီဇင်ဘာ – ၂၉ မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်မှာ ဒီဇင်ဘာ ၂၇ ရက်က တော်လှန်ရေးတပ်ဖွဲ့တွေ ဖမ်းဆီးရမိထားတဲ့ စစ်အုပ်စု လက်အောက်ခံ သီတယုမွန် ဦးဆောင်တဲ့ ပျူစောထီးအဖွဲ့ဝင် အမျိုးသမီး သုံးယောက်ကို ဆေးဝါး ကုသမှုတွေ ပြုလုပ်ပေးကာ ထိန်းသိမ်းထားတယ်လို့ ထနောင်းမြေ စစ်ကြောင်းက MFP ကို ပြောပါတယ်။ ဒီဇင်ဘာ ၂၇ရက်က မြင်းခြံမြို့အစွန်မှာ ထနောင်းမြေစစ်ကြာင်းနဲ့ မြင်းခြံခရိုင် PDF အမှတ်(၁) တပ်ရင်းတို့ ပူးပေါင်းကာ ကင်းပုန်းဝပ် စောင့်ဆိုင်းနေချိန် မြို့တွင်းက ထွက်လာတဲ့ ပျူစောထီး အမျိုးသမီးသုံးယောက်ကို ဖမ်းမိခဲ့တာလို့ ဆိုပါတယ်။ လက်ရှိမှာ ဖမ်းမိထားတဲ့ ပျူ သုံးယောက်ကို စစ်ဆေးမေးမြန်းတာတွေ လုပ်ဆောင်နေသလို ဖမ်းဆီးချိန်မှာ ရရှိတဲ့ ဒဏ်ရာတွေကို ဆေးဝါးကုသပေးနေတယ်လို့ ထနောင်းမြေ စစ်ကြောင်း တာဝန်ရှိသူက ပြောပါတယ်။ “သူတို့က မြို့ထဲကနေ ထွက်လာတာ။ ကျွန်တော်တို့က ကင်းပုန်းဝပ်စောင့်နေတာဗျ။ သူတို့က လက်နက်ကတော့ ပါမလားပါဘူး။ လက်ရှိကတော့ ကျွန်တော်တို့ မေးမြန်းနေဆဲ ဖြစ်သလို သူတို့ကို ဆေးဝါး ကုသပေးနေပါတယ်ဗျ” ဖမ်းမိထားတဲ့ ပျူ အမျိုးသမီးတွေနဲ့ပတ်သက်ပြီး အသေးစိတ်အချက်အလက်တွေကို ထပ်မံ ထုတ်ပြန်မယ်လို့လည်း ထနောင်းမြေ စစ်ကြောင်းက ဆိုပါတယ်။ မြင်းခြံနယ်အခြေပြု သီတာယုမွန် ဦးဆောင်တဲ့ ပျူအဖွဲ့ဟာ အခုနှစ် ဖေဖော်ဝါရီလမှာ အမျိုးသမီး ၄၀ ကျော်ကို ပျူအဖွဲ့ဝင်တွေအဖြစ် ပထမဆုံးအကြိမ် စစ်သင်တန်းပေးခဲ့တာ ဖြစ်ပါတယ်။ လက်ရှိ မြင်းခြံမြို့ပေါ်မှာ စစ်အုပ်စုက လူငယ် အမျိုးသားတွေကို … - [နာဂစ်ခြေဥ၊ ငလျင်ရွေးကောက်ပွဲ၊ နောက်ငါးနှစ်စာ ခန့်မှန်းနိုင်ပါပြီ](https://mfp-mm.com/articles/4092/): Reddy Simon /MFP – ဒီဇင်ဘာ ၂၈ လူပေါင်းများစွာ သေကြေဒုက္ခရောက်ခဲ့ကြတဲ့ မန္တလေးငလျင်ကြီး ၉ လပြည့်၊ဒီနေ့ ကို ရွေးကောက်ပွဲနေ့အဖြစ် ရွေးချယ်တာဟာ တော်ရုံတိုက်ဆိုင်မှုမျိုးတော့ ဟုတ်ဟန်မတူပါဘူး။ အာဏာရဲ့ ဦးစားပေးချက်က ဘာလဲဆိုတာ ပြသနေပါတယ်။ ငလျင်ဟာ သဘာဝဘေးတစ်ခုသာ မဟုတ်ပါဘူး။ လူထုရဲ့ collective trauma (စုပေါင်းစိတ်ဒဏ်ရာ) လည်း ဖြစ်ပါတယ်။ ဒီအမှတ်တရကို နိုင်ငံရေးဖြစ်ရပ်တစ်ခုနဲ့ ဖုံးသွားခြင်းက မတော်တဆမဟုတ်ပါဘူး။ ■ နာဂစ်သင်ခန်းစာနှင့် သမိုင်းတကျော့ပြန် ဒီနေ့အချိန်အခါဟာ နာဂစ်မုန်တိုင်းပြီးနောက် ၂၀၀၈ ခုနှစ်၊ မေ ၁၀ ရက်မှာ ကျင်းပခဲ့တဲ့ အခြေခံဥပဒေ ဆန္ဒခံယူပွဲ အချိန်ကာလကို ပြန်လည်သတိရစေပါတယ်။ မေလပထမအပတ်မှာ မုန်တိုင်းကြီးကြောင့် လူသိန်းနဲ့ချီသေဆုံးလို့ လူပေါင်းများစွာ ဒုက္ခရောက်ပြီး အစစအရာရာ ရှားပါးဈေးကြီးနေချိန်ပါ။ ရန်ကုန်မြို့မှာ သွပ်ပြားရိုက်ဖို့ သံတစ်ချောင်းကိုတောင် ဈေးကြီးပေးဝယ်နေရပါတယ်။ မြို့နယ်အုပ်ချုပ်ရေးရုံးက ထွက်လာတဲ့ ကားကြီးတစ်စီးဟာ အပျက်အစီးတွေ ပြန်မဆောက်နိုင်သေးတဲ့ ရန်ကုန်မြို့စွန် ရပ်ကွက်တစ်ခုထဲ မောင်းဝင်လာပြီး စာရွက်တွေကျဲချခဲ့ပါတယ်။ စာရွက်ထဲမှာ “မေ (၁၀) ရက်နေ့ ဒါပဲဟေ့” ဆိုပြီး အမှန်ခြစ်ပုံလေး ပါဝင်ပါတယ်။ အပျက်အစီးကြားက လူတွေအတွက် သတိပေးလာတဲ့ စစ်အစိုးရရဲ့ အဓ္ဓမအစီအစဉ်ပါ။ ယနေ့ရွေးကောက်ပွဲဟာလည်း ထိုနည်းတူပါပဲ။ ■ ၉ လပြည့် ငလျင်ဒဏ်နှင့် လျစ်လျူရှုခံရမှုများ ယခုရွေးကောက်ပွဲကို စစ်အုပ်စုက အပျက်အစီးများစွာနဲ့ အသက်ပေါင်းများ စွာကြားက တည်ဆောက်ခဲ့ပါတယ်။ မန္တလေးငလျင်ကြီးရဲ့ အပျက်အစီးပေါင်းများစွာနဲ့ အမှုအခင်းပေါင်းများစွာကို စစ်အုပ်စုက ကိုးလကြာတဲ့အထိ လျစ်လျူရှုထားပြီး … - [စစ်ကိုင်းတိုင်းက အီလက်ထရွန်နစ် မဲပေးစက်အသုံးပြုပြီး ရွေးကောက်ပွဲလုပ်နေတဲ့ မြို့လေးမြို့မှာ လျှပ်စစ်မီး ပြတ်တောက်နေ၊](https://mfp-mm.com/news/sagaing/4083/): MN/MFP ၊ ဒီဇင်ဘာ – ၂၈ စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်မှာ စစ်အုပ်စုတပ်က ဒီဇင်ဘာ ၂၈ ရက်ဒီနေ့မှာ အီလက်ထရွန်နစ် လျှပ်စစ်မဲပေးစက်တွေနဲ့ အတုအယောင်ရွေးကောက်ပွဲကျင်းပနေချိန်မှာပဲ လျှပ်စစ်မီးတွေ ပြတ်တောက်နေတယ်လို့ မြို့ခံတွေက MFP ကို ပြောပါတယ်။ အုန်းတော-ညောင်ပင်ကြီး မဟာဓာတ်အားလိုင်းကနေ ပေးဝေဖြန့်ဖြူးနေတဲ့ လျှပ်စစ်ဓာတ်အား ချိုင့်ယွင်းပြတ်တောက်နေတာကြောင့် စစ်ကိုင်းတိုင်းအထဲက စစ်ကိုင်း၊ ရွှေဘို၊ မုံရွာ၊ ယင်းမာပင်နဲ့ မကွေးတိုင်းအထဲက ပခုက္ကူခရိုင်ထဲက မြို့နယ်တွေမှာ ဒီနေ့မနက် ၁၀ နာရီကတည်းကစ မီးပြတ်တောက်နေတာ ဖြစ်ပါတယ်။ လျှပ်စစ်မီးပြတ်တောက်နေတဲ့ မုံရွာမြို့ပေါ်မှာ စစ်အုပ်စုက ဒီကနေ့ မနက် ၆ နာရီကစတင်ကာ လုံခြုံရေးအပြည့်နဲ့ မဲရုံတွေဖွင့်လှစ်ကာ မဲလာပေးကြဖို့ ခြိမ်းခြောက်ထားတာကြောင့် မနက် အစောပိုင်းကတည်းက မြို့ခံတချို့ မဲသွားပေးနေကြရတယ်လို့  မြို့ခံတချို့က ပြောပါတယ်။ “မုံရွာမြို့ပေါ်မှာ မီးပြတ်တာက မနက်အစောပိုင်းကတည်းက ပြတ်နေတာ ဟုတ်တယ်။ ဘာကြောင့် ပြတ်တာလဲ တနိုင်ငံလုံးပြတ်နေတာလားတော့ မသိဘူး။ မဲကတော့ တစ်ယောက်ချင်း နှစ်ယောက်ချင်းစီ ခွဲပြီးတော့ မဲသွားထည့်နေကြတာလည်း တွေ့ရတယ်။ တချို့ကတော့ ဘာဖြစ်မယ်၊ ညာဖြစ်မယ်ဆိုပြီး ခြိမ်းခြောက်ထားတော့ အများကြီးတော့ မဟုတ်ဘူး အချို့တွေမဲသွားထည့်ကြရတာပေါ့” စစ်အုပ်စုတပ်ဟာ နိုင်ငံတစ်ဝန်းမှာ မြန်မာအီလက်ထရွန်နစ် မဲပေးစက် (MEVM) အလုံးရေ ငါးသောင်းကျော်ထုတ်လုပ်ထားပြီး အဲဒီမဲပေးစက်တွေမှာ ဆန္ဒပြုတာ (Ballot Unit-BU)၊ ထိန်းချုပ် တာ(Control Unit -CU)နဲ့ မဲပေးဖော်ပြချက် (Verification Unit -VU) စနစ်သုံးမျိုး ပါရှိပါတယ်။ လက်ရှိအချိန်မှာတော့ လျှပ်စစ်မီးတွေ … - [ခင်ဦး ကားလမ်းဆုံနဲ့ စျေးဆိုင်တွေ ထပ်မံ ဗုံးကြဲခံရမှု ကားသမားနဲ့ ပြည်သူ ကိုးဦး သေဆုံး၊](https://mfp-mm.com/news/4068/): ထင်လင်း/MFP၊ ဒီဇင်ဘာ – ၂၈ စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်၊ မြေနီသျှိုလမ်းဆုံအနီးရှိ ခရီးသွားကားတွေ ခေတ္တရပ်နားရာ ထမင်းဆိုင်နဲ့ စတားလင့်အင်တာနက်ဆိုင်ကို ဒီဇင်ဘာ ၂၇ရက် မွန်းလွဲပိုင်း စစ်အုပ်စုက တိုက်လေယာဉ်၊ ရဟတ်ယာဉ်တွေနဲ့ ဗုံးကြဲခဲ့ရာ အရပ်သားပြည်သူ ကိုးဦး ထက်မနည်း သေဆုံးပြီး ဒဏ်ရာရသူ ၁၀ ဦးကျော် ရှိကာ ကားရှစ်စီး ပျက်စီးခဲ့ပါတယ်။ ခင်ဦးမြို့နယ် အရှေ့ဘက်ခြမ်း၊ မြေနီလျှိုကျေးရွာအနီးရှိ ခရီးသွားပြည်သူတွေ စုဝေးရာ လမ်းဆုံလမ်းမနေရာ၊ Star link အင်တာနက်ဆိုင်၊ ထမင်း၊စားဖွယ်စုံနဲ့ စျေးဆိုင်ခန်းတွေကို စစ်အုပ်စုက တိုက်လေယာဉ် တစ်စီး၊ MI-35 တိုက်ခိုက်ရေး ရဟတ်ယာဉ်တို့နဲ့ ဗုံးကြဲပစ်ခတ် သတ်ဖြတ်ခဲ့တာလို့ ခင်ဦးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ – ပအဖ က သတင်း ထုတ်ပြန်ပါတယ်။ အဲ့ဒီ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသူ အများစုဟာ ကားဆရာတွေနဲ့ သူတို့ရဲ့ ဇနီးသည်တွေ ဖြစ်ပြီး တချို့က မီးလောင်သေဆုံးတာလို့ ကိုယ်တိုင်မြင်တွေ့ခဲ့သူတွေက ပြောပါတယ်။ “သေတဲ့အထဲမှာ ကားဆရာတွေ၊ သူတို့အမျိုးသမီးတွေ ပါတယ်၊ တချို့ မီးလောင်ပြီး သေတယ်၊ အကုန် ပြည်သူတွေ ချည်းပဲ” လို့ မျက်မြင်တွေ့ခဲ့ရသူတစ်ဦးက MFP ကို ပြောပါတယ်။ စစ်အုပ်စုဟာ ဗုံးကြဲရုံမက ရော့ကတ်တွေ၊ စက်သေနတ်တွေနဲ့ပါ ပစ်ခတ်သတ်ဖြတ်ခဲ့တာ ဖြစ်တယ်လို့ ကိုယ်တိုင်မြင်တွေ့တဲ့ ဒေသခံတစ်ဦးက MFP ကို ပြောပါတယ်။ “သေတာက ကားပေါ်မှာတွေရော၊ လမ်းဘေးတွေရော၊ ငါးဦးခြောက်ဦး သေတယ်။ ကားတွေလည်း ဆီဘောက်ဆာ … - [ပခုက္ကူမှာ စစ်အုပ်စုတပ်က ရွေးကောက်ပွဲမဲ‌မပေးသူတွေကို ခရီးသွားထောက်ခံစာ ထုတ်မပေးဘဲ ခြိမ်းခြောက်မဲထည့်ခိုင်း၊](https://mfp-mm.com/news/4065/): အီသာရမ်/MFP ၊ ဒီဇင်ဘာ-၂၈ မကွေးတိုင်း၊ ပခုက္ကူမြို့မှာ စစ်အုပ်စုတပ်လက်အောက်ခံ အုပ်ချုပ်ရေးမှုးတွေက မဲမပေးတဲ့ ပြည်သူတွေကို ခရီးသွားထောက်ခံစာမထုတ်ပေးဘဲ ခြိမ်းခြောက်မဲပေးခိုင်းနေတယ်လို့ ပခုက္ကူမြိုခံတစ်ဦးက MFP ကို ပြောပါတယ်။ ဒီဇင်ဘာလ ၂၇ ရက်နေ့ကတည်းက စစ်အုပ်စုတပ်လက်အောက်ခံ အုပ်ချုပ်ရေးတာဝန်ရှိသူတွေက ပခုက္ကူမြို့ပေါ်က အဝေးပြေးကားဂိတ်က ယာဉ်လိုင်းတွေကို မဲစာရင်းနံပါတ်မသိတဲ့ ပြည်သူတွေကို ကားလတ်မှတ်မရောင်းဖို့ ပြောဆိုထားတယ်လို့ ဆိုပါတယ်။ ရွေးကောက်ပွဲကျက်းပနေဲ့ ပခုက္ကူမြို့ပေါ် ရပ်ကွက် ၁၅ ရပ်ကွက်မှာနေထိုင်တဲ့ ပြည်သူတွေကို မဲပေးဖို့ ဖိအားပေးခြိမ်းခြောက်နေတာဖြစ်ပြီး မဲမပေးထားပါက ခရီးသွားလာခွင့် ထောက်ခံစာမပေးဘူးလို့ အမည်မဖော်လိုတဲ့ ပခုက္ကူမြို့ခံတစ်ဦးက ပြောပါတယ်။ “အမှတ် ၁ ကနေ ၁၅ ထိ ရပ်ကွက်‌တွေကို မဲမပေးတဲ့သူ ခရီးသွားခွင့်လုံးဝမပေးရတဲ့ ကားဂိတ်တွေက ဂိတ်မှူးတွေကိုလည်းခေါ်ပြီးပြောထားတယ်” စစ်အုပ်စုတပ်ဟာ ပခုက္ကူမြို့က ပြည်သူတွေကို အတင်းအကြပ်မဲပေးခိုင်းနေပေမယ့် ရွေးကောက်ခံကိုယ်စားလှယ်နာမည်တွေကို ထုတ်ဖော်ကြောညာတာမျိုးမရှိဘဲ စည်းရုံးရေးဆင်းတာနဲ့ဆိုင်းဘုတ်ထောင်တာမျိုးတွေလည်း မရှိဘူးလို့ သူကဆိုပါတယ်။ စစ်အုပ်စုကတော့ သူဦးဆောင်ကျင်းပတဲ့ ရွေးကောက်ပွဲဟာ လွတ်လပ်ပြီးတရားမျှတမှုရှိကြောင်း ကြွေးကြော်ထားပေမယ့် လက်ရှိ‌ ရွေးကောက်ပွဲပြုလုပ်တဲ့မြို့နယ်တွေမှာတော့ ဧည့်စာရင်းစစ်ဆေးပြီး မဲစာရင်းနံပါတ်မသိသူတွေကို ရိုက်နှက်နှိပ်စက်တာတွေလည်း လုပ်ဆောင်နေတာ ဖြစ်ပါတယ်။ ပခုက္ကူမြို့မှာတော့ မဲရုံတွေကို စာသင်ကျောင်းတွေနဲ့ ရပ်ကွက်ဓမ္မာရုံတို့မှာ လုပ်ဆောင်ထားပြီး ဆန္ဒမဲပေးကြတဲ့ ပြည်သူအများစုဟာလည်း ဖိအားပေးခြိမ်းခြောက်မှုတွေကြောင့် အသက်အရွယ်ကြီးတဲ့သူတွေ အများဆုံးပေးကြတယ်လို့ဆိုပါတယ်။ ဒီဇင်ဘာလ ၂၈ ရက်နေ့ မှာ ပြုလုပ်မယ့် စစ်အုပ်စုရွေးကောက်ပွဲကို ပခုက္ကူ၊ ဆင်ဖြူကျွန်း၊စလင်း၊ပွင့်ဖြူ‌၊ချောက်မြို့၊ဆိပ်ဖြူနဲ့စလေမြို့စတဲ့ မြို့ကိုးမြိုမှာ ကျင်းပဖို့ စစ်အုပ်စုတပ် ပြင်ဆင်ထားတာဖြစ်ပြီး လတ်တလောမှာတော့ စလင်းနဲ့ဆင်ဖြူကျွန်းဟာ တိုက်ပွဲဖြစ်ပွား ပြင်းထန်နေတာဖြစ်ပါတယ်။ MFP … - [ရွေးကောက်ပွဲလုပ်နေတဲ့ မုံရွာမြို့အနီးက ဘုတလင်ကို လေကြောင်းနဲ့လက်နက်ကြီး ၁၀ ကြိမ်ကျော်ပစ်ခတ်၊](https://mfp-mm.com/news/sagaing/4061/): MN/MFP ၊ ဒီဇင်ဘာ – ၂၈ စစ်ကိုင်းတိုင်း၊ မြို့တော်မုံရွာမှာ ဒီဇင်ဘာ ၂၈ ရက် ဒီကနေ့မှာ စစ်အုပ်စုဦးဆောင်ကျင်းပတဲ့ ရွေးကောက်ပွဲလုပ်နေချိန်မှာပဲ နယ်မြေချင်းထိစပ်နေတဲ့ ဘုတလင်နယ်ကို လေကြောင်းတိုက်ခိုက်မှု ၁၀ ကြိမ်ထက်မနည်း လုပ်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။ စစ်အုပ်စုတပ်ဟာ ရွေးကောက်ပွဲမကျင်းပခင် တစ်ရက်အလိုထဲက မုံရွာ-ဘုတလင်လမ်းပိုင်းကို ဖြတ်သန်းသွားလာခွင့်ပိတ်ကာ မြို့ပေါ်မှာလည်း လုံခြုံရေးတင်းကြပ်ထားတယ်လို့ ဆိုပါတယ်။ အနောက်မြောက်တိုင်းစစ်ဌာနချုပ် အခြေစိုက်ထားတဲ့ မုံရွာမြို့နဲ့ ၁၁ မိုင်ကျော်အကွာမှာရှိနေတဲ့ ဘုတလင်မြို့နယ်ဟာ ရွေးကောက်ပွဲကျင်းပနိုင်ခြင်းမရှိသလို လတ်တလောမှာလည်း တိုက်ပွဲတွေဆက်ရှိနေတာ ဖြစ်ပါတယ်။ စစ်အုပ်စုက ဒီကနေ့ ဒီဇင်ဘာ ၂၈ ရက် မနက် ၇ နာရီ ဝန်းကျင်ကစပြီး နေ့လယ် ၁၂ နာရီအထိ Y-12 ဘက်စုံသုံးလေယာဉ်နဲ့ ခုနစ်ကြိမ်၊ ပါရာမိုတာနဲ့ ဂျိုင်ရိုကော်ပတာတွေနဲ့ ခြောက်ကြိမ် လေကြောင်းက ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ မြေပြင်သတင်းရင်းမြစ်ကဆိုပါတယ်။ “မနက်ကတည်းက လေကြောင်းကနေ ဗုံးသီးတွေ ချနေတာ။ Y-12 နဲ့က ခုနစ်ကြိမ် ပါရာမိုတာနဲ့က ခြောက်ကြိမ်ရှိသွားပြီ။ မနက်က တိုက်ပွဲလည်းဖြစ်လိုက်သေးတယ်။ လေကြောင်းဗုံးကြတာက ပြည်သူထိခိုက်တာတော့ မကြားရသေးဘူး။ တိုက်ပွဲရှိနေသေးတော့ အသေးစိတ်ဘာမှ ပြောလို့မရသေးဘူး” ဘုတလင်နယ်ထဲကို စစ်အုပ်စု လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နေသလို မနက်ပိုင်းကလည်း မုံရွာမြို့နယ် ကျောက်စစ်ပုံရွာအနီးက စစ်အုပ်စုရဲ့ အမှတ် – ၅၀၈ အမြောက်တပ်နဲ့ အရာတော်မြို့နယ်ထဲက စစ်အုပ်စုရဲ့ အမှတ် – ၁၀ စစ်အခြေခံလေ့ကျင်းရေးတပ်ကနေပါ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ … - [မန္တလေး ကုန်စည်ဒိုင်က စစ်အုပ်စု ရွေးကောက်ပွဲ မဲပေးဖို့အတွက် တစ်ရက်ပိတ်၊](https://mfp-mm.com/news/4057/): စျေးချိုတော် အပါအဝင် တခြား စျေးတွေ၊ ဆိုင်တွေ ပုံမှန်အတိုင်း ဖွင့်လှစ်၊ ဖိုးချို/MFP၊ ဒီဇင်ဘာ – ၂၈ မန္တလေး ပဲ၊နှမ်း ကုန်စည်ဒိုင်ခေါ် ပွဲစား၊ ကုန်သည်၊ စက်ပိုင်များ ကထိန်တော်အသင်းက အာဏာသိမ်း စစ်အုပ်စုက လုပ်မယ့် ရွေးကောက်ပွဲကို မဲပေးဖို့အတွက် ကုန်စည်ဒိုင် အရောင်းအဝယ် လုပ်ငန်းတွေကို တစ်ရက် ပိတ်သိမ်းတယ်လို့ ကြေညာပါတယ်။ “အသင်းသူ/အသင်းသားများ ဆန္ဒမဲပေးရန်အတွက် ၂၈.၁၂.၂၀၂၅-တနင်္ဂနွေနေ့  တွင် အသင်းတိုက်ကြီးအား ပိတ်ထားမည် ဖြစ်ပါသည်” လို့ မန္တလေး ကုန်စည်ဒိုင်က ဆိုင်းဘုတ်ထောင် ကြေညာထားပါတယ်။ မန္တလေးကုန်စည်ဒိုင်ဟာ ချမ်းအေးသာစံမြို့နယ်၊ ၈၆လမ်း၊ ၃၃လမ်းနဲ့ ၃၄လမ်းကြားမှာ တည်ရှိပါတယ်။ မန္တလေးဈေးချိုတော် အပါအဝင် တခြားသော စျေးတွေ၊ ဆိုင်တွေ ပုံမှန်အတိုင်း ဖွင့်လှစ်ထားပေမယ့် ကုန်စည်ဒိုင်က အခုလို ရွေးကောက်ပွဲအကြောင်းပြကာ ဒိုင်ပိတ်တာဟာ စစ်အုပ်စုကို အားပေးထောက်ခံကြောင်း ပြသတဲ့သဘောဖြစ်မယ်လို့ မြို့ခံတစ်ဦးက MFP ကို ပြောပါတယ်။ “ချမ်းအေးသာစံထဲမှာဆို တခြားဈေးတွေလည်း ဖွင့်တယ်၊ ဉပမာ ဈေးချိုလိုဟာမျိုးတောင် ဖွင့်တယ်၊ ဆန္ဒမဲပေးရန်အတွက် အသင်းတိုက် ကိုယ်တိုင်က “အတုအယောင်‌ရွေး​ကောက်ပွဲကို မဲပေးဖို့ တိုက်တွန်းနေသလို ဖြစ်နေတယ်၊ ဆန္ဒမဲ ဆိုတာ ကိုယ်ပေးချင်စိတ်ရှိမှ သွားပေမှာလေ၊ ပိတ်ဖို့အထိ မလိုပါဘူး၊ အသင်းမှာက ချမ်းအေးသာစံ ထဲကလူ‌တွေပဲ ပါတာမဟုတ်ဘူးလေ” မန္တလေးမြို့ အောင်မြေသာစံနဲ့ ချမ်းအေးသာစံမြို့နယ်ထဲမှာ စစ်အုပ်စုက အယောင်ပြ ရွေးကောက်ပွဲ လုပ်နေပြီး မဲပေူသူကတော့ အနည်းငယ်ရှိကာ မဲရုံတစ်ရုံချင်းစီမှာ လူ၂၀ ကနေ … - [မန္တလေးမြို့ပေါ် မဲရုံတွေမှာ မဲပေးသူ လူ ၂၀ ကနေ ၅၀ ဝန်းကျင်စီ ရှိ၊](https://mfp-mm.com/news/4051/): ဖိုးချို/MFP၊ ဒီဇင်ဘာ – ၂၈ မန္တလေးမြို့ပေါ်က မဲရုံတွေမှာ မဲပေးသူ နည်းပါးပြီး မဲရုံတစ်ခုချင်းစီအလိုက် မဲပေးသူ ၂၀ ကနေ ၅၀ ဝန်းကျင်ကြားသာ တွေ့ရတယ်လို့ မြို့ခံတွေက MFP ကို ပြောပါတယ်။ မန္တလေးမြို့ အောင်မြေသာစံနဲ့ ချမ်းအေးသာစံမြို့နယ်အတွင်း စစ်အုပ်စုက ရွေးကောက်ပွဲ လုပ်နေတာ ဖြစ်ပြီး မဲပေးဖို့အတွက် ဒီဇင်ဘာ ၂၈ရက် ဒီကနေ့ မနက် ၆နာရီကစလို့ မဲရုံတွေ စတင်ဖွင့်လှစ်ထားတာ ဖြစ်ပါတယ်။ “မဲရုံတွေမှာ မဲပေးသူက လူ ၂၀၊ ၃၀ လောက်တော့ ရှိတယ်။ တချို့ မဲရုံတွေကတော့ ၅၀ လောက်ရှိတယ်” လို့ မဲရုံတွေရဲ့ အခြေအနေကို စောင့်ကြည့်နေတဲ့ မြို့ခံတစ်ဦးက ပြောပါတယ်။ မနက်အစောပိုင်းမှာ မဲပေးဖို့ လာရောက်တန်းစီသူ တချို့ ရှိပေမယ့် တဖြည်းဖြည်း လူပါးသွားပြီး ထပ်မံ လာရောက်သူလည်း မတွေ့ရတော့ဘူးလို့ သူက ဆိုပါတယ်။ တချိန်တည်းမှာပဲ ချမ်းအေးသာစံမြို့နယ် အပါအဝင် မန္တလေး ကမ်းနားလမ်းနဲ့ မြို့ပတ်လမ်းတလျှောက်မှာ စစ်အုပ်စုက လက်နက်ကိုင်ကာ ကားနဲ့ လှည့်ပတ်နေတာလည်း တွေ့ရတယ်လို့ မြို့ခံတွေက ပြောပါတယ်။ “မနေ့ကတည်းက ပတ်နေတာ” လို့ မြို့ခံတစ်ဦးက ဆိုပါတယ်။ ကိုယ်တိုင်က ရွေးကောက်ပွဲ ဝင်ပြိုင်နေတဲ့ စစ်အုပ်စုခန့် မန္တလေးတိုင်း ဝန်ကြီးချုပ်ဆိုသူကလည်း လက်နက်ကိုင် အစောင့်အရှောက်တွေနဲ့အတူ မဲရုံတွေကို လိုက်ပတ်နေတာ တွေ့ရတယ်လို့ မြို့ခံတွေက ပြောပါတယ်။ အာဏာသိမ်း စစ်အုပ်စုရဲ့ အယောင်ပြ ရွေးကောက်ပွဲလုပ်ဖို့ နာရီပိုင်းအလို … - [တိုက်ပွဲဖြစ်ပွားနေတဲ့ ကလေးမြို့မှာ လက်နက်ကြီးတပ်ဆင်ထားတဲ့ ကားတွေနဲ့ မြို့တွင်းလှည့်လည်ကာ စစ်အုပ်စု ရွေးကောက်ပွဲလုံခြုံရေးယူနေ (PhotoNews)](https://mfp-mm.com/news/sagaing/4044/): ‌ရွေဥ/MFP ၊ ဒီဇင်ဘာ – ၂၈ စစ်အုပ်စုရဲ့ရွေးကောက်ပွဲ အပိုင်း-၁ ကျင်းပပြုလုပ်နေတဲ့ စစ်ကိုင်းတိုင်း၊ ကလေးမြို့မှာ လက်နက်ကြီးတပ်ဆင်ထားတဲ့ ကားနဲ့ မြို့ပေါ် လှည့်လည်သွားလာနေတာကြောင့် လမ်းမပေါ် လူသွားလူလာမရှိဘဲ မဲပေးသူ အနည်းငယ်သာရှိတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။ စစ်အုပ်စုတပ်တွေက ကလေးမြို့ပေါ်ရပ်ကွက်တွေဖြစ်တဲ့ အောင်သစ္စာရပ်ကွက် ၊အောင်မင်္ဂလာရပ်ကွက် ၊မင်္ဂလာဥယျာဉ်ရပ်ကွက် ၊အောင်မြေမာန်ရပ်ကွက်၊အောင်မတ္တာရပ်ကွက်၊ချမ်းမြေအောင်စည်ရပ်ကွက်၊တပ်ဦးသီတာရပ်ကွက်၊ပင်လုံရပ်ကွက်၊သဇင်ရပ်ကွက် ၊ညောင်ပင်သာရပ်ကွက်က စာသင်ကျောင်းတွေမှာ မဲရုံတွေ ပြင်ဆင်ထားတာ ဖြစ်ပါတယ်။ အဲဒီ မဲရုံတွေတွေအနီးမှာ စစ်အုပ်စုတပ်ရဲ့ လက်နက်ကိုင်တပ်သားတွေနဲ့ ပျူစောထီးတွေက လုံခြုံရေးယူထားပြီးတော့ လမ်းမကြီးတွေနဲ့ လမ်းကြို၊လမ်းကြားတွေမှာတော့ လက်နက်ကြီးတင်ဆင်ထားတဲ့ ကားတွေနဲ့ လှည့်ပတ်နေတယ်လို့ကလေးမြို့ခံတွေက ပြောပါတယ်။ “နှစ်ထပ်ပါတဲ့ ကားတွေနဲ့ ပတ်နေတာ၊ စတင်းဂန်းတွေ ပါတယ်၊ လက်နက်ကြီးတွေပါတယ်။ တစ်မြို့လုံးလမ်းကြိုလမ်းကြားမကျန် ပတ်နေတာ “ ဒီလို စစ်အုပ်စုကလှည့်ပတ်နေတာကြောင့် မြို့မစျေး ၊မိုးလင်းစျေး ၊ဆိပ်ကမ်းသာစျေးဆိုင်တွေနဲ့ လမ်းမကြီးဘေးဝဲယာမှာရှိတဲ့စျေးဆိုင်တွေအားလုံး ပိတ်သိမ်းထားကြပြီးတော့ လမ်းမပေါ်သွားလာသူမရှိသလို မဲရုံတွေမှာလဲ မဲထည့်သူအနည်းငယ်သာ ရှိတယ်လို့ မြို့မစျေးသည်တစ်ဦးက ပြောပါတယ်။ “ဆိုင်တွေက အားလုံးပိတ်တယ်။လူအသွားအလာ လုံးဝမရှိဘူး။အမှတ်(၁၀) ကျောင်းမှာဆို အဲ့နားက စျေးဆိုင်တွေအားလုံးပိတ်ခိုင်းတယ်။ဆိုင်တွေ အကုန်ပိတ်ခိုင်းတယ်။အဲ့ဒီမဲရုံမှာ စစ်သား (၁၀) ယောက်ကျော်လောက်ရှိတယ်။သေနတ်တွေနဲ့ စောင့်နေတာ “ ကလေးမြို့မှာတော့ အာဏာသိမ်းစစ်အုပ်စု ရွေးကောက်ပွဲမဲစာရင်းကို မဲပေးဖို့သုံးရက်အလို အချိန်နီးကပ်မှသာ ဒီဇင်ဘာ ၂၅ ရက်နေ့မှာ ခရိုင်ရဲစခန်းရဲ့ပင်လုံအထွေထွေ အုပ်ချုပ်ရေးရုံးမှာ မဲစာရင်းအမည်တွေ ကပ်ထားတာဖြစ်တာကြောင့် မဲပေးရမယ့် နေရာကိုမသိသလို ၊စိတ်ဝင်စားမှု မရှိကြဘူးလို့ မြို့ခံတစ်ဦးက ပြောပါတယ်။ “ပင်လုံရပ်ကွက်ရုံးနဲ့ ခရိုင်ရဲစခန်းရှေ့ကပ်တာ၊အဲ့နားက စစ်တပ်ကော ရဲကောရှိတယ်၊ဘယ်သူ သွားမကြည့်ရဲကြဘူး၊ကြည့်တဲ့လူက … - [မန္တလေးပေါက်ကွဲမှု လူနှစ်ဦး ဒဏ်ရာရတယ်လို့ စစ်အုပ်စု ပြော၊](https://mfp-mm.com/news/4041/): ဂျီဂျီ/MFP ၊ ဒီဇင်ဘာ – ၂၈ စစ်အုပ်စုရဲ့ ရွေးကောက်ပွဲ မလုပ်ခင် နာရီပိုင်းအလို ဒီဇင်ဘာ ၂၈ ရက် ဒီကနေ့ မနက် ၁ နာရီဝန်းကျင်အချိန် မန္တလေးမြို့ပေါ် ပေါက်ကွဲမှုတွေ ဖြစ်ပွားခဲ့ရာ လူနှစ်ဦး ဒဏ်ရာရတယ်လို့ စစ်အုပ်စုက သတင်းဖြန့်ပါတယ်။ စစ်ကိုင်းဘက်ကနေ မန္တလေးမြို့ထဲကို ရှော့တိုက်ဒုန်း လေးလုံးနဲ့ ပစ်ခတ်ခဲ့တာဖြစ်ပြီး သုံးလုံးက ကျုံးထဲကျကာ အထိအခိုက် မရှိခဲ့ဘဲ တစ်လုံးက လူနေအိမ်ထဲ ကျရောက် ပေါက်ကွဲခဲ့တာလို့ ဆိုပါတယ်။ “သုံးလုံးက ကျုံးထဲကျတာ။ အထိအခိုက် မရှိဘူး။ တစ်လုံးက အထဲမှာကျတယ်။ နှစ်ဦး ဒဏ်ရာရတယ်” လို့ စစ်အုပ်စု လက်အောက်ခံ အုပ်ချုပ်ရေးပိုင်း တာဝန်ယူထားသူတစ်ယောက်က ပြောပါတယ်။ မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ ၈၆လမ်းနဲ့ ၅လမ်းအနီးက နေအိမ်တစ်အိမ်ထဲကို ရှော့တိုက်ဒုန်း ကျရောက် ပေါက်ကွဲတာ ဖြစ်ပြီး အမျိုးသမီးတစ်ဦးနဲ့ အမျိုးသားတစ်ဦး ဒဏ်ရာရတယ်လို့ မန္တလေးနန်းတွင်း အခြေစိုက် အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် – လပခ က လက်သပ်မွေးထားတဲ့ စစ်ဘော်လီတွေကလည်း သတင်းဖြန့်ပါတယ်။ စစ်အုပ်စုရဲ့ ဟန်ပြရွေးကောက်ပွဲကို မန္တလေးတိုင်းအတွင်း မြို့နယ် ရှစ်ခုမှာ လုပ်ဆောင်နေတာပါ။ အဲ့ဒီ ရှစ်မြို့နယ်မှာ မဲရုံ ၁၂၀၀ကျော် ဖွင့်လှစ်ကာ မဲရုံမှူး၊ ဒုမဲရုံမှူးနဲ့ မဲရုံစောင့်အင်အား ၁၅,၀၀၀ ဝန်းကျင်နဲ့ လုပ်ဆောင်နေတယ်လို့ စစ်အုပ်စု လက်အောက်ခံ တိုင်းရွေးကော်ပွဲကော်မရှင်အဖွဲ့က ဆိုပါတယ်။ မန္တလေးမြို့မှာ စစ်အုပ်စုရဲ့ အယောင်ပြ ရွေးကောက်ပွဲမတိုင်မီ နာရီပိုင်းအလို ပေါက်ကွဲမှုဖြစ်လို့ … - [မန္တလေးမှာ ပေါက်ကွဲမှုတချို့ ရှိပေမယ့် စစ်အုပ်စု ရွေးကောက်ပွဲ ပုံမှန်အတိုင်း ဆက်လုပ်နေ၊](https://mfp-mm.com/news/4034/): မဲလာပေးသူ ရှိတယ်လို့ စစ်ဘော်လီတွေ အောင်ပွဲခံ သတင်းဖြန့်၊ ဒေါ်လာ/MFP၊ ဒီဇင်ဘာ – ၂၈ အာဏာသိမ်း စစ်အုပ်စုရဲ့ အယောင်ပြ ရွေးကောက်ပွဲလုပ်ဖို့ နာရီပိုင်းအလို မန္တလေးမြို့မှာ ပေါက်ကွဲမှုတချို့ ရှိခဲ့ပေမယ့် စစ်အုပ်စုက မဲရုံတွေကို ပုံမှန်အတိုင်း ဖွင့်လှစ်ကာ ရွေးကောက်ပွဲ လုပ်ငန်းစဉ်တွေ ဆက်လက် လုပ်ဆောင်နေတယ်လို့ မြို့ခံတွေက MFP ကို ပြောပါတယ်။ ဒီကနေ့ ဒီဇင်ဘာ ၂၈ရက် မနက်ပိုင်း မန္တလေးမြို့ပေါ် ရပ်ကွက်တချို့ရှိ ရွေးကောက်ပွဲ မဲရုံတွေ စတင်ဖွင့်လှစ်ခဲ့ရာ မဲလာပေးသူတွေ ရှိတယ်လို့ စစ်လော်ဘီတွေက အောင်ပွဲခံ သတင်းဖြန့်ပါတယ်။ မန္တလေးမြို့ပေါ် ငါးမြို့နယ်အနက် အောင်မြေသာစံနဲ့ ချမ်းအေးသာစံမြို့နယ်အတွင်း စစ်အုပ်စုက ရွေးကောက်ပွဲ လုပ်နေတာ ဖြစ်ပြီး ဒီဇင်ဘာ ၂၇ရက် မနေ့ကတည်းက မဲရုံလုပ်မယ့်နေရာတွေအနီး လမ်းတွေပိတ်ကာ မီးသတ်နဲ့ လက်နက်ကိုင်တွေကို အစောင့်ချထားသလို ညပိုင်းအထိ ရပ်ကွက်တွေထဲ လှည့်ကာ ရွေးကောက်ပွဲ မဲလာပေးကြဖို့ မိုက်နဲ့လိုက်အော်တယ်လို့ မြို့ခံတွေက ပြောပါတယ်။ စစ်အုပ်စုရဲ့ ရွေးကောက်ပွဲလုပ်ဖို့ နာရီပိုင်းအလို ဒီမနက် ၁နာရီကျော်မှာ မန္တလေးမြို့ပေါ် ပစ်ခတ် ပေါက်ကွဲသံတွေနဲ့ လူနာတင်ကားသံတွေ ကြားရတယ်လို့လည်း ဆိုပါတယ်။ “တအုံးအုံးနဲ့ လူနာတင်ကားတွေရော၊ ဆက်ပဲအိပ်ရမလို အထုပ်ပဲ ထပြင်ထားရမလိုနဲ့ ” လို့ မန္တလေးမြို့ခံ တစ်ဦးက ဆိုပါတယ်။ မနေ့က ည ၁နာရီကျော်အချိန် မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ ၈၆လမ်းနဲ့ ၅လမ်းအနီးက နေအိမ်တစ်အိမ်ထဲကို ရှော့တိုက်ဒုန်း ကျရောက်ပေါက်ကွဲလို့ အမျိုးသမီးတစ်ဦးနဲ့ အမျိုးသားတစ်ဦး ဒဏ်ရာရတယ်လို့ … - [စစ်ကိုင်းတိုင်းရဲ့ ရွေးကောက်ပွဲ : ကျည်ဆံကြားက မဲပြား](https://mfp-mm.com/articles/4013/): MFP အဖွဲ့၊ ဒီဇင်ဘာ ၂၇ တော်လှန်ရေးတပ်တွေ အားကောင်းရာ စစ်ကိုင်းတိုင်းရဲ့ ရွေးကောက်ပွဲမျက်နှာစာက အလွန်ရုပ်ပျက်ဆင်းပျက်ဖြစ်နေတဲ့ ကိန်းဂဏန်းအရေအတွက်ကို ပြနေပါတယ်။ တိုင်းတစ်ခုလုံးရဲ့ (၈၀) ရာခိုင်နှုန်းကျော် ရွေးကောက်ပွဲမလုပ်နိုင်ပေမဲ့ ဒါကိုပဲ ပြည်သူ့ဆန္ဒအဖြစ် နိုင့်ထက်စီးနင်း ခေါင်းစဉ်တပ်ခြင်းကို စစ်ကိုင်းတိုင်းမှာ အထင်းသား တွေ့ရပါတယ်။ စစ်ကိုင်းတိုင်းမှာ ရွေးကောက်ပွဲအပိုင်း (၁) ကို မြို့နယ် (၁၂) ခုမှာ ကျင်းပသွားမှာဖြစ်ပါတယ်။ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ (လေရှီး၊ လဟယ်၊ နန်းယွန်း) ကို ခေတ္တဖယ်ထားပြီး တွက်ကြည့်ရင် ကလေး၊ ကသာ၊ ကန့်ဘလူ၊ စစ်ကိုင်း၊ မုံရွာ၊ခန္တီး၊ ရွှေဘို၊ တမူး၊ ဟုမ္မလင်း စတဲ့ ဒီမြို့နယ်ကြီး ကိုးခုထဲမှာ ကျေးရွာအုပ်စုပေါင်း ၄၉၇ ခုရှိရာမှာ ၄၀၅ ခုမှာ ရွေးကောက်ပွဲကျင်းပနိုင်မှာ မဟုတ်ပါဘူး။ ဒါကြောင့် အပိုင်း (၁)မှာ စစ်ကိုင်းကရွေးကောက်ပွဲမြို့နယ်တွေရဲ့ ၈၆.၃ ရာခိုင်နှုန်းသော ဒေသမှာ လုံးဝမလုပ်နိုင်ပါဘူး။ ဒါက မြန်မာနိုင်ငံမှာ ကျေးလက်ဒေသ အားကောင်းမှုကိုပြသနေတာလည်း ဖြစ်ပါတယ်။ စစ်ကောင်စီဟာ ဒီလိုကျေးလက်ဒေသတွေကို လေကြောင်းကနေ ထိုးစစ်ဆင်ပြီး လူတွေနေရပ်စွန့်ခွာသွားအောင် ရွေးကောက်ပွဲမတိုင်ခင်ညအထိ စစ်ကိုင်းမြို့နယ်ထဲ (တအိမ်တည်း ကျေးရွာအုပ်စု)ကိုဗုံးကျဲခဲ့ပါတယ်။ စစ်ကောင်စီက သူတို့ထိန်းချုပ်ရာ မြို့ကြီးတွေမှာတော့ အတင်းအကျပ် ဖိအားပေးနေပါတယ်။ စစ်ကိုင်းရဲ့ ရွေးကောက်ပွဲသတင်းတွေမှာ လူထုရဲ့ ဥပေက္ခာ၊ စစ်အုပ်စုရဲ့ အနိုင်ကျင့်ဖိနှိပ်မှုနဲ့ လွဲမှားနေတဲ့ မဲစာရင်းတွေအကြောင်းက နေရာယူထားပါတယ်။ ■လူထုဥပေက္ခာ စံချိန်တင် “ဘယ်ပါတီပြိုင်မှာမသိဘူး။ ဘယ်ကိုယ်စားလှယ်လောင်းတွေ ပါတာလဲမသိဘူး။ ဘယ်နေ့ မဲထည့်ရမှာ မသိဘူး” လို့ … - [ခင်ဦးနယ် ကားလမ်းဆုံကို စစ်အုပ်စုက ထပ်မံ ဗုံးကြဲမှု ပြည်သူ ကိုးဦး သေဆုံး၊](https://mfp-mm.com/news/4014/): ဒေါ်လာ/MFP၊ ဒီဇင်ဘာ – ၂၇ စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်၊ မြေနီသျှိုလမ်းဆုံအနီးရှိ ခရီးသွားကားတွေကို ဒီဇင်ဘာ ၂၇ရက် မွန်းလွဲပိုင်း စစ်အုပ်စုက တိုက်လေယာဉ်၊ ရဟတ်ယာဉ်တွေနဲ့ ဗုံးကြဲသတ်ဖြတ်ခဲ့ရာ အရပ်သားပြည်သူ ကိုးဦး ထက်မနည်း သေဆုံးပြီး ဒဏ်ရာရသူ ၁၀ ဦးကျော် ရှိကာ ကားရှစ်စီး ပျက်စီးတယ်လို့ ခင်ဦးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ – ပအဖ က သတင်း ထုတ်ပြန်ပါတယ်။ ခင်ဦးမြို့နယ် အရှေ့ဘက်ခြမ်း၊ မြေနီလျှိုကျေးရွာအနီးရှိ ခရီးသွားပြည်သူတွေ စုဝေးရာ လမ်းဆုံလမ်းမနေရာ၊ Star link အင်တာနက်ဆိုင်၊ ထမင်း၊စားဖွယ်စုံနဲ့ စျေးဆိုင်ခန်းတွေကို စစ်အုပ်စုက တိုက်လေယာဉ် တစ်စီး၊ MI-35 တိုက်ခိုက်ရေး ရဟတ်ယာဉ်တို့နဲ့ ဗုံးကြဲပစ်ခတ် သတ်ဖြတ်ခဲ့တာလို့ ဆိုပါတယ်။ “အကြမ်းဖက် စစ်တပ် (စကမ) ဘက်မှ လမ်းကြော ပိတ်ဆို့မှုကြောင့် ရပ်နားထားသော ခရီးသွား ကုန်စည်ကား၊ ဆီသယ်ကားများနှင့် ဆီဘောက်ဆာ ကားတို့အား အကြောင်းမဲ့ ယုတ်မာစွာ လေကြောင်း တိုက်ခိုက်” လို့ ခင်ဦး ပအဖ က ဖော်ပြပါတယ်။ စစ်အုပ်စုဟာ ဗုံးကြဲရုံမက ရော့ကတ်တွေ၊ စက်သေနတ်တွေနဲ့ပါ ပစ်ခတ်သတ်ဖြတ်ခဲ့တာတယ်လို့ ဒေသခံတစ်ဦးက MFP ကို ပြောပါတယ်။ “သေတာက ကားပေါ်မှာတွေရော၊ လမ်းဘေးတွေရော၊ ငါးဦးခြောက်ဦး သေတယ်။ ကားတွေလည်း ဆီဘောက်ဆာ ကားကြီးတွေရော၊ ကားသေးတွေရော မီးလောင်နေတယ်” စစ်အုပ်စုဟာ ဒီဇင်ဘာ ၁၈ရက်ကလည်း အဲ့ဒီ ခင်ဦးမြို့နယ်၊ မြေနီသျှိုလမ်းဆုံအနီးရှိ ခရီးသွား … - [ဟားခါးနဲ့ တီးတိန်မှာ တိုက်ပွဲဖြစ်နေတဲ့ကြားက စစ်အုပ်စုက ရွေးကောက်ပွဲ ဆက်လုပ်၊](https://mfp-mm.com/news/4007/): ကြိုတင်မဲ ရေတွက်ရာ ကြံ့ဖွံ့ပါတီ အပြတ်သတ်အသာရ နေပြီး မဲပေးသူ ရာဂဏန်းရှိကာ အများစုက စစ်အုပ်စု ဝန်ထမ်းတွေ ဖြစ်၊ ရွှေဥ/MFP၊ ဒီဇင်ဘာ – ၂၇  ချင်းပြည်မြို့တော် ဟားခါးနဲ့ တီးတိန်မြို့နယ်တွေမှာ တိုက်ပွဲတွေ ဖြစ်နေကြားကပဲ အာဏာသိမ်း စစ်အုပ်စုက ရွေးကောက်ပွဲ လုပ်ငန်းစဉ်တွေ ဆက်လက် လုပ်ဆောင်နေပြီး ဒီဇင်ဘာ ၂၆ရက်က ကြိုတင်မဲတွေကို ရေတွက်ခဲ့တယ်လို့ သတင်းရရှိပါတယ်။ ဟားခါးနဲ့ တီးတိန်မြို့နယ်အတွင်း ဒီဇင်ဘာ ၁ရက်က စတင်ကာ ကောက်ယူထားတဲ့ ကြိုတင်မဲတွေကို ရေတွက်ခဲ့ရာ မြို့နယ်နှစ်ခုလုံးမှာ အာဏာသိမ်း စစ်အုပ်စုရဲ့ အပေါင်းအပါ ဖြစ်တဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့) က အပြတ်သတ်အနိူင်ရရှိခဲ့တယ်လို့ စစ်အုပ်စု ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်တဲ့ ဇိုးမီး အမျိုးသားပါတီ အထွေထွေ အတွင်းရေးမှုးက MFP ကို ပြောပါတယ်။ ကြိုတင်မဲတွေကို တီးတိန်မြို့ပေါ်နဲ့ ဟားခါးမြို့နယ်တွေမှာ ကောက်ယူခဲ့တာ ဖြစ်ပြီး မဲပေးသူ ရာဂဏန်းရှိကာ အများစုက စစ်အုပ်စု လက်အောက်ခံ Non CDM ဝန်ထမ်းတွေ ဖြစ်ပြီး စစ်ဘေးရှောင် လူအနည်းငယ်လည်း ကြိုတင်မဲ ပေးတာမျိုး ရှိခဲ့တယ်လို့ ဆိုပါတယ်။ “တီးတိန်က မဲကတော့ ပြည်ထောင်စု ကြံ့ခိုင်ရေးပါတီက မဲနှစ်ဆလောက် ပိုများတယ်။ ကျနော်တို့က မဲ ၆၀ ကျော်။ ၇၀ ဝန်းကျင် သူတို့ကတော့ ၁၀၀ ကျော် ဝန်းကျင် ရတာဆိုတော့ သူတို့က ပိုများပါတယ်။ ဟားခါးမှာတော့ … - [ရွေးကောက်ပွဲလုပ်ဖို့ နာရီပိုင်းအလို မုံရွာမြို့ပတ်လည် ရွာတချို့ကို စစ်အုပ်စု စီးနင်းကာ နေရာယူတပ်စွဲ၊](https://mfp-mm.com/news/4003/): သုထက်/MFP၊ ဒီဇင်ဘာ – ၂၇ စစ်အုပ်စုက လုပ်မယ့် အတုအယောင် ရွေးကောက်ပွဲမတိုင်မီ နာရီပိုင်းအလို မုံရွာမြို့ အနီးက ကျေးရွာတချို့ကို စစ်အုပ်စု စီးနင်းကာ တပ်စွဲနေရာယူနေတာ တွေ့ရပြီး ပြည်သူတွေလည်း ထွက်ပြေးနေရတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။ ဒီဇင်ဘာ ၂၈ ရက် မနက်ဖန်မှာ လုပ်မယ့် ရွေးကောက်ပွဲအတွက် မုံရွာမြို့နဲ့ အနောက်မြောက်တိုင်းစစ်ဌာနချုပ် – နမခ ကို လုံခြုံရေးတိုးမြှင့်တဲ့ အနေနဲ့ ကျေးရွာတချို့မှာ စီးနင်းတပ်စွဲတာ ဖြစ်မယ်လို ဒေသခံတွေက သုံးသပ်ပါတယ်။ ဒီဇင်ဘာ ၂၇ ရက် ဒီကနေ့ မနက် ၉နာရီအချိန် နမခ ကနေ တင့်ကား နှစ်စီး အပါအဝင် လက်နက်ကြီးတွေ တင်ဆောင်ထားတဲ့ သံပြားကာကားတွေနဲ့ ထွက်လာပြီး ဘုတလင်မြို့နယ်ဆီ ဦးတည်စစ်ကြောင်းထိုးကာ ဇီးတောရွာထဲ စီးနင်းအထိုင်ချ တပ်စွဲနေရာယူတာ တွေ့ရတယ်လို့ ဘုတလင်မြိုနယ်တွင်း စစ်ဘေးရှောင် ကူညီကယ်ဆယ်ရေး လုပ်ဆောင်နေတဲ့ ဒေါင်းရာဇာ သပိတ် အဖွဲဝင်တစ်ဦးက MFP ကို ပြောပါတယ်။ “နမခက အင်အား ၁၅၀ခန့်နဲ့ ဇီးတောရွာကို တပ်စွဲလိုက်ပြီ၊ နမခထဲကလည်း လက်နက်ကြီးတွေနဲ့ ဘုတလင်နယ်ထဲကို ပစ်တယ်၊ လောလောဆယ် ပြည်သူတွေကို သတိထားဖို အသိပေးထားရတယ်” ဒါ့အပြင် မုံရွာမြို့ ချင်းတွင်းမြစ်ကူးတံတားမှာလည်း စစ်အုက်စုက အင်အားတိုးကာ လုံခြုံရေး တိုးထားသလို ချင်းတွင်းတံတားအနီး၊ ယင်းမာပင်မြိုနယ်ရှိ အောင်ဇေယျ မြိုသစ်ကုန်းမှာလည်း တင့်ကား နှစ်စီးနဲ့ သံပြားကာကား လေးစီးနဲ့ … - [ရွေးကောက်ပွဲ လုပ်မယ့် စစ်ကိုင်းမှာ စစ်အုပ်စုက ဒရုန်းနဲ့ ဗုံးကြဲလို့ ပြည်သူ သုံးဦး သေဆုံး၊](https://mfp-mm.com/news/3999/): ဒေါ်လာ/MFP၊ ဒီဇင်ဘာ – ၂၇ စစ်ကိုင်းမြို့နယ်ထဲ ရွေးကောက်ပွဲလုပ်ဖို့ ပြင်ဆင်နေတဲ့ စစ်အုပ်စုက ဒီဇင်ဘာ ၂၇ရက် ဒီကနေ့ ညနေပိုင်း မြို့နဲ့ နှစ်မိုင်ကျော်အကွာရှိ ကျေးရွာ လက်ဖက်ရည်ဆိုင်ကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အမျိုးသမီးတစ်ဦး အပါအဝင် အရပ်သားပြည်သူ သုံးဦး သေဆုံးတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။ စစ်ကိုင်းမြို့နဲ့ နှစ်မိုင်ကျော်အကွာရှိ တအိမ်တည်းကျေးရွာကို စစ်ကိုင်းမြို့ ရဲတပ်ရင်း – ၁၆ ထဲနေ စစ်အုပ်စုက ဒရုန်းနဲ့ သုံးကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး လက်ဖက်ရည်ဆိုင်ထဲ ကျရောက် ပေါက်ကွဲတဲ့ ဗုံးကြောင့် အသက် ၆၀ ကျော်နဲ့ ၄၀ ကျော်အရွယ် အမျိုးသားနှစ်ဦး၊ အသက် ၃၀ ဝန်းကျင်အရွယ် အမျိုးသမီးတစ်ဦးတို့ သေဆုံးကာ နောက်ထပ် ဒဏ်ရာရသူလည်း နှစ်ဦး ရှိတယ်လို့ ဒေသခံ မြေပြင်ကင်းထောက် Wetlet Informational Network တာဝန်ခံ ကိုနဂါးလေးက ပြောပါတယ်။ “စစ်ကိုင်းမြို့နဲ့ နှစ်မိုင်ခွဲအကွာမှာ ရှိတဲ့ ရွာကို လေကြောင်းတိုက်ခိုက်သွားတာ။ ပြည်သူတွေကို ဒီအတိုင်း (တိုက်ပွဲမရှိဘဲ) လာလုပ်သွားတာ” ပန်ကာခြောက်လက်ပါ ဒရုန်းနဲ့ ကျေးရွာပေါ်ကို သုံးကြိမ် ဗုံးကြဲချခဲ့တာလို့ ဆိုပါတယ်။ အာဏာသိမ်း စစ်အုပ်စုဟာ မနက်ဖန် ဒီဇင်ဘာ ၂၈ရက်မှာ စစ်ကိုင်းမြို့နယ်ထဲ ရွေးကောက်ပွဲ လုပ်မှာ ဖြစ်ပြီး ရွေးကောက်ပွဲမတိုင် နာရီပိုင်းအလိုမှာ အခုလို ပြည်သူကို ပစ်မှတ်ထားကာ ဗုံးကြဲသတ်ဖြတ်တာ ဖြစ်ပါတယ်။ တအိမ်တည်းကျေးရွာဟာ စစ်ကိုင်း … - [ရွေးကောက်ပွဲ မဲမပေးတဲ့သူ ဖမ်းလို့ရသလား](https://mfp-mm.com/articles/3993/): ရေးသူ – ဖိုးချို (MFP)၊ အတွေးအမြင်ဆောင်းပါး၊ အာဏာသိမ်း စစ်အုပ်စုက လုပ်မယ့် ရွေးကောက်ပွဲမှာ မဲမပေးရင် ဘာဖြစ်မှာလဲ၊ အဖမ်းခံရမှာလား ဆိုတဲ့ စကားက ပြည်သူအချင်းချင်းကြား တိုးတိုးတိတ်တိတ် အမေးများနေတဲ့ မေးခွန်းပါ။ ရွေးကောက်ပွဲ မဲမပေးတာက ပြစ်မှုမြောက်သလား၊ မဲမပေးဘဲ နေခွင့်ရှိသလားဆိုတာ သင်ရော ဘယ်လို နားလည်ထားပါသလဲ။ စစ်အုပ်စု လက်ကိုင်ထား ကျင့်သုံးနေတဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ (တော်လှန်ရေး အင်အားစုတွေက ဖျက်သိမ်းပြီး) ပြဌာန်းချက်တွေနဲ့ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေတွေမှာတော့ ရွေးကောက်ပွဲကို မဲမပေးတာက ပြစ်မှုမမြောက်၊ ဖမ်းလို့ မရပါဘူး။ ၂၀၀၈ အခြေခံဉပ‌ဒေ အခန်း(၉)၊ ရွေးကောက်တင်‌မြောက်ခြင်း၊ ပုဒ်မ ၃၉၁။ (က) မှာ “ရွေးကောက်ပွဲကျင်းပသည့် နေ့ရက်၌ အသက်(၁၈)နှစ် ပြည့်၍ ဥပဒေအရ အရည်အချင်း ပျက်ယွင်းသူ မဟုတ်သည့်အပြင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသော နိုင်ငံသားနှင့် ဉပဒေအရ ဆန္ဒမဲပေးပိုင်ခွင့် ရှိသူတိုင်းသည် ဆန္ဒမဲပေးခွင့် ရှိသည်”လို့ပဲ ပြဌာန်းထားပြီး မဲပေးရမယ်၊ ဒါမှမဟုတ် မဖြစ်မနေ မဲပေးရမယ်ဆိုတဲ့ ပြဌာန်းချက်မျိုး ထည့်သွင်းထားတာ မရှိပါဘူး။ ရွေးကောက်ပွဲမှာ မဲပေးတာ၊ မပေးတာနဲ့ပတ်သက်ပြီး ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲ ဥပဒေ (၂၀၁၀)နဲ့ အမျိုးသားလွှတ်တော် ရွေးကောက်ပွဲ ဥပဒေ(၂၀၁၀) တို့မှာလည်း တိတိကျကျ ပြဌာန်းထားပါတယ်။ “ရွေးကောက်မှုဆိုင်ရာ အခွင့်အရေးဆိုသည်မှာ ‌ရွေးကောက်ပွဲ ကိုယ်စားလှယ်လောင်းအဖြစ် ပါဝင် ယှဉ်ပြိုင်နိုင်သော အခွင့်အရေး၊ ပါဝင်ယှဉ်ပြိုင်ခြင်း မပြုဘဲ နေနိုင်သော အခွင့်အရေး၊ လွှတ်တော် ကိုယ်စားလှယ်လောင်းစာရင်းမှ … - [မုံရွာမှာ သံချပ်ကာကားတွေနဲ့ လုံခြုံရေးလှည့်နေတဲ့ စစ်အုပ်စုက မဲမပေးရင်နေအိမ်တွေကို မီးရှို့ဖျက်ဆီးမယ်လို့ ခြိမ်းခြောက်နေ၊](https://mfp-mm.com/news/sagaing/3986/): MN/MFP ၊ ဒီဇင်ဘာ – ၂၆ စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်အရှေ့ခြမ်း မုံရွာစီးပွားရေးတက္ကသိုလ်အနီးက ရွှေဇလုပ်ရွာကို ဒီဇင်ဘာလ ၂၇ ရက် ဒီနေ့နေ့လယ်ပိုင်းမှာ စစ်အုပ်စုတွေ လက်နက်ခဲယမ်းအပြည့် တင်ဆောင်ထားတဲ့ သံချပ်ကာကားတွေနဲ့ ရောက်ရှိလာပြီး ရွေးကောက်ပွဲမှာ မဲလာမထည့်ရင် နေအိမ်တွေကို မီးရှို့ဖျက်ဆီးမယ်လို့ ခြိမ်းခြောက်သွားကြောင်း  မြို့ခံသတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။ “Eco ဘက်မှာ ဒီကောင်တွေ(စစ်အုပ်စု) စက်လက်တွေနဲ့ အမြောက်တင်ထားတဲ့ သံချပ်ကာကားတွေနဲ့ ရောက်လာပြီးတော့ ရွာကို မီးရှို့မယ်လို့ ခြိမ်းခြောက်သွားတာပေါ့။ ပြည်သူတွေကကြောက်ကြတော့ အခု ကြိုတင်မဲသွားပေးနေကြရတယ်။ အဲဒီ ရွှေဇလုပ်ရွာကလည်း မြို့နဲ့ကပ်နေတာဆိုတော့ မဲသွားပေးကြရတာပေါ့” စစ်အုပ်စုတပ်ဟာ သူအထိုင်ချတပ်စွဲထားတဲ့ မုံရွာစီးပွားရေးတက္ကသိုလ်ထဲမှာ မဲရုံဖွင့်လှစ်ထားပြီး အနီးဝန်းကျင်ကျေးရွာတွေမှာ နေထိုင်တဲ့ ဒေသခံတွေကို မဲပေးဖို့နဲ့ မဲမပေးရင် မီးရှို့မယ်ဆိုတဲ့ ခြိမ်းခြောက်မှုတွေလုပ်နေတာလို့ ဆိုပါတယ်။ တစ်ဆက်ထဲမှာပဲ စစ်အုပ်စုတပ်ဟာ ပြီးခဲ့တဲ့ ရက်ပိုင်းမှာပဲ လုပ်ငန်းရှင်တွေကို အလုပ်သမားတွေနဲ့အတူ ရွေးကောက်ပွဲနေ့မှာ မဲလာပေးကြဖို့ ဖိအားပေးတာတွေလည်း ရှိနေတယ်လို့ နောက်ထပ်အမည်မဖော်လိုတဲ့ မြို့ခံတစ်ဦးက ပြောပါတယ်။ “လုပ်ငန်းရှင်တွေကို ခေါ်ယူတွေ့ဆုံပြီးတော့ မဲလာပေးဖို့ ပြောတာပေါ့။ လုပ်ငန်းရှင်တွေကတော့ အစုံပါပဲ။ လုပ်ငန်းကြီးလုပ်သူတွေလည်း ပါတာပေါ့။ သူတို့ ဝန်ထမ်းတွေပါ ရွေးကောက်ပွဲနေ့မှာ ခေါ်လာပြီး မဲလာထည့်ကြဖို့ ပြောတာတွေရှိတယ်။ အဲဒီလို မဲလာမပေးရင် လုပ်ငန်းတွေ ဆက်လုပ်လို့မရအောင် လုပ်မယ်ဆိုပြီးတော့ ခြိမ်းခြောက်တာတွေရှိတယ်” နိုင်ငံရေးအကျပ်အတည်းကို ရင်ဆိုင်နေရတဲ့ စစ်အုပ်စုတပ်ဟာ ထွက်ပေါက်တစ်ခုအနေနဲ့ ရွေးကောက်ပွဲဖော်ဆောင်နိုင်ဖို့ ကြိုးစားနေပြီး စစ်ကိုင်းတိုင်းမှာဆိုရင် တမူးမြို့၊ကလေး ၊လေရှီး ၊လဟယ်၊နန်းယွန်း ၊ကသာ၊ကန့်ဘလူ … - [တမူးမှာ ကြိုတင်မဲကောက်ယူနေတဲ့ မိုးကောင်းဓမ္မာရုံ ဒရုန်းနဲ့ဗုံးကြဲခံရပြီးနောက် လုံခြုံရေးပိုတင်းကြပ်၊](https://mfp-mm.com/news/sagaing/3981/): နွေဦး/MFP ၊ ဒီဇင်ဘာ-၂၇ စစ်ကိုင်းတိုင်း၊ ကလေးခရိုင်၊ တမူးမြို့နယ် ဈေးတန်းရပ်ကွက်က ကြိုတင်မဲကောက်ယူနေတဲ့ မဲရုံတစ်ရုံဖြစ်တဲ့ မိုးကောင်းဓမ္မာရုံကို စစ်အုပ်စုတပ်တွေ လုံခြုံရေးတင်းကြပ်ထားတဲ့ ကြားကပဲ ဒီဇင်ဘာလ ၂၇ ရက်ဒီနေ့မနက်ပိုင်းမှာ တော်လှန်ရေးတပ်တွေက ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ တမူးမြို့ခံတွေက MFP ကို ပြောပါတယ်။ တမူးမြို့နယ်မှာ ရပ်ကွက်ကြီးလေးခုရှိတဲ့အထဲမှာ ဈေးတန်းရပ်ကွက်လည်း အပါအဝင်ဖြစ်ပြီး မိုးကောင်းဓမ္မာရုံကို မဲရုံအဖြစ်အသုံးချနေတဲ့ စစ်အုပ်စုတပ်တွေကို ဒရုန်းနဲ့ဗုံးကြဲခဲ့တာလို့ ဆိုပါတယ်။ ဗုံးကြဲတိုက်ခိုက်ချိန်ဟာ မနက်ပိုင်းဖြစ်တာကြောင့် အရပ်သားနဲ့မဲရုံဝန်ထမ်းတွေ ထိခိုက်ဒဏ်ရာရတာမျိုးမရှိဘူးလို့ အမည်မဖော်လိုတဲ့ တမူးမြို့ခံတစ်ဦးက ပြောပါတယ်။ “ဗုံးခွဲခံရပြီးတော့ စစ်သားတွေရောက်လာတော့ လမ်းပေါ်အကုန်လူရှင်းသွားတယ်။ မြို့မဈေးလဲ ဆိုင်တွေသိမ်းပြီး အကုန်ပြန်ကုန်ကြတာ။ သူတို့နဲ့ထိပ်တိုက်တွေ့ရင် အဖမ်းခံရမှာစိုးရိမ်ကြလို့ပါ။ ဗုံးခွဲခံရတာကတော့ ဒဏ်ရာရတယ် မကြားပါဘူး” လက်ရှိအချိန်မှာလည်း တမူးမြို့ပေါ်လမ်းမတွေ၊ ရပ်ကွက်တွေနဲ့ မြို့ရှောင်လမ်းတွေပါမကျန် စစ်အုပ်စုတပ်ဟာ ယခင်နေ့တွေကထက် လုံခြုံရေးတင်းတင်းကြပ်ကြပ်နဲ့ စစ်ဆေးမှုတွေရှိနေတယ်လို့ သူကဆိုပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၅ ရက်ကလည်း ပြည်ထောင်စုကြံ့ခိုင်ရေးရုံးနဲ့ မြို့အဝင်အထွက်ဆိုင်းဘုတ်အနီးမှာ မိုင်းခွဲခံရပြီးနောက် ခရစ်စမတ်ပွံတော်ကို လာရောက်လည်ပတ်ကြတဲ့ အရပ်သားတစ်ရာကျော်ကို ဖမ်းဆီးခဲ့ပါတယ်။ စစ်အုပ်စု ဦးဆောင်ကျင်းပမဲ့ ရွေးကောက်ပွဲကို တမူးမြို့နယ်က ရပ်ကွက်လေးခုနဲ့ကျေးရွာအုပ်စုတစ်အုပ်စုမှာ မဲရုံပေါင်း ၂၆ ရုံထားရှိထားပြီး မဲပေးခွင့်ရှိဦးရေ ၃၇,၂၅၃ ဦးရှိကြောင်း စစ်တပ်လက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားပါတယ်။ တမူးမြို့နယ်မှာတော့အာဏာသိမ်းစစ်အုပ်စုက မြို့သစ်မြို့ ရပ်ကွက်သုံးခု၊ ခါတ်းပတ်မြို့ရပ်ကွက်ငါးခုနဲ့ ကွန်းတောင်းကျေးရွာအုပ်စု ၊အင်ဒိုင်းကျေးရွာအုပ်စု၊ အလှော်ကျေးရွာ အုပ်စု၊ ခမိတ်ကျေးရွာအုပ်စု၊ ဝိတုတ်ကျေးရွာအုပ်စု အပါအဝင် အုပ်စု ၂၁ ခုမှာ ရွေးကောက်ပွဲ ကျင်းပနိုင်မှာမဟုတ်ကြောင်း ထုတ်ပြန်ချက်မှာတွေ့ရပါတယ်။ … - [မန္တလေးမှာ စစ်အုပ်စုက မဲရုံလုပ်မဲ့နေရာအနီး လမ်းပိတ်ကာ ဂိတ်အစောင့်ချထား၊](https://mfp-mm.com/news/3978/): ဖိုးချို/MFP၊ ဒီဇင်ဘာ – ၂၇ မန္တလေးမြို့ပေါ် နှစ်မြို့နယ်မှာ အာဏာသိမ်း စစ်အုပ်စုက ရွေးကောက်ပွဲ လုပ်မှာ ဖြစ်ပြီး ဒီဇင်ဘာ ၂၇ရက် ဒီကနေ့ မွန်းလွဲပိုင်းကစလို့ မဲရုံလုပ်မဲ့နေရာတွေအနီး လမ်းတချို့ကို ပိတ်ဆို့ကာ ဂိတ်အစောင့် ချထားတာ တွေ့ရတယ်လို့ မြို့ခံတွေက MFP ကို ပြောပါတယ်။ ဒါ့အပြင် ကမ်းနားလမ်းတလျှောက် အပါအဝင် မန္တလေး မြို့ပေါ် နေရာတချို့မှာ စစ်သုံး FAW ကားနဲ့ လက်နက်အပြည့်အစုံပါတဲ့ စစ်အုပ်စုတွေ လှည့်ပတ်နေတာလည်း တွေ့ရတယ်လို့ ဆိုပါတယ်။ မနက်ဖန် ဒီဇင်ဘာ ၂၈ရက်မှာ မန္တလေးမြို့ အောင်မြေသာစံနဲ့ ချမ်းအေးသာစံမြို့နယ်တွေထဲ ရွေးကောက်ပွဲ လုပ်မယ်လို့ စစ်အုပ်စုက ကြေညာထားကာ ကြိုတင်ပြင်ဆင်နေတာ ဖြစ်ပြီး မဲရုံလုပ်မယ့် နေရာတွေရဲ့ ရှေ့က လမ်း‌‌တွေကို ပလပ်စတစ်ကြိုး ဖြူနီကြိုးနဲ့ တားဆီးကာ လမ်းပိတ်ထားပြီး လုံခြုံရေး ချထားသလို လက်နက်ကိုင် ကင်းပတ်နေတာလို့ ဆိုပါတယ်။ ချမ်းအေးသာစံမြို့နယ်၊ ၇၃ လမ်း၊ ၃၅ လမ်းနဲ့ လမ်း ၃၀ ကြား တဝိုက်မှာ မဲရုံလေးရုံလောက် ရှိနိုင်ပြီး အဲ့ဒီ မဲရုံလုပ်မယ့် အဆောက်အအုံတွေရှေ့မှာ “ခေတ္တလမ်းပိတ်ထားသည်”ဆိုတဲ့ ဗွီနိုင်း စာတန်းဆွဲကာ လမ်းပိတ်ထားကာ မီးသတ်နဲ့ ရဲတွေ ဂိတ်အစောင်းချထားတယ်လို့ မြို့ခံတစ်ဦးက ပြောပါတယ်။ “ရွေးကောက်ပွဲက မနက်ဖြန်မှလေ၊ ညနေခင်းလောက်မှ ပိတ်လို့ရတာကို။ သူတို့ဘာသာ သူတို့‌ ကြောက်နေကြတာ၊ ဒါတောင်မြို့ပေါ်နော်၊ နယ်တွေမှာဆို ဘယ်လိုနေမလဲ မသိဘူး၊ အရင် ရွေးကောက်ပွဲတွေတုန်းက … - [ဟားခါးနဲ့တီးတိန်မြို့တို့မှာ ရွေးကောက်ပွဲနေ့ အသံတိတ်သပိတ် မြို့လုံးကျွတ်ပြုလုပ်ဖို့ ချင်းတော်လှန်ရေးတပ်တွေ တိုက်တွန်း၊](https://mfp-mm.com/news/3968/): စစ်အုပ်စု ရွေးကောက်ပွဲကျင်းပမဲ့ ချင်းပြည်နယ် ဟားခါးနဲ့တီးတိန်မှာ စစ်ရေးမတည်ငြိမ်၊ နွေဦး/MFP ၊ ဒီဇင်ဘာ-၂၇ စစ်အုပ်စုရွေးကောက်ပွဲ ကျင်းပမဲ့ ချင်းပြည်နယ်၊ တီးတိန်နဲ့ဟားခါးမြို့တို့မှာ ဒီဇင်ဘာလ ၂၆ ရက်ကနေ ၂၈ ရက်နေ့အထိ မြို့နေပြည်သူတွေအနေနဲ့ Silent Strike ဆင်နွှဲကြဖို့ တော်လှန်ရေးတပ်ဖွဲ့တွေက အသီးသီးထုတ်ပြန်ပါတယ်။ ၂၀၁၄ သန်းခေါင်စာရင်းအရ လူဦးရေ ငါးသောင်းကျော်နေထိုင်တဲ့ ဟားခါးမြို့နယ်မှာ စစ်အုပ်စုတပ်ဟာ မြို့ပေါ်လူထုတွေနဲ့ရွေးကောက်ပွဲတစ်ရပ် ကျင်းပဖို့ ပြင်ဆင်နေတာ ဖြစ်ပါတယ်။ လက်ရှိမှာလည်း ဟားခါးမြို့နယ်မှာ ဒီဇင်ဘာ ၂၆ ရက် မနေ့မနက်ပိုင်းကစပြီး စစ်အုပ်စုတပ်ရဲ့ခြေလျင်တပ်ရင်းဖြစ်တဲ့ ခလရ-၂၆၆ စခန်းနဲ ဆက်သွယ်ရေးနဲ့ ရုပ်မြင်သံကြား ထုတ်လွှင့်တဲ့ စခန်းနှစ်ခုကို CDF-ဟားခါး တပ်ဖွဲ့ဝင်တွေက စီးနင်းတိုက်ခိုက်ခဲ့နေပြီး စစ်အုပ်စုတပ်ကလည်း လေကြောင်းကနေ ဂျက်ဖိုက်တာ၊Y-12 စတဲ့ လေယာဉ်တွေနဲ့ ဗုံးတွေကြဲချနေတာကြောင့် တိုက်ပွဲပြင်းထန်နေဆဲ ဖြစ်ပါတယ်။ ဒါကြောင့် CDF-Hakah ဗဟိုကောင်စီအနေနဲ့ ဟားခါးမြို့နယ်ရှိ ပြည်သူလူထုအားလုံးအနေနဲ့ ဒီဇင်ဘာလ ၂၈ ရက်နေ့ကို အသံတိတ်သပိတ်နေ့အဖြစ် သတ်မှတ်ပြီး အိမ်အပြင်မထွက်ဘဲ အိမ်ထဲမှာနေပြီး သပိတ်ဆင်နွှဲကြဖို့ ထုတ်ပြန်ချက်ကတဆင့် တိုက်တွန်းထားပါတယ်။ အလားတူ ဇိုမီးဖက်ဒရယ်အစည်းအရုံးကလည်း တီးတိန်မြို့ပေါ်နဲ့ ကျေးရွာတွေမှာ နေထိုင်တဲ့ အရပ်သားပြည်သူတွေရဲ့ဘေးကင်းလုံခြုံရေးအတွက် ဒီဇင်ဘာလ ၂၆ ရက်ကနေ ရွေးကောက်ပွဲကျင်းပမဲ့ ၂၈ ရက်အထိ အပြင်ထွက်ခရီးသွားလာတာ မလုပ်ဖို့ အသိပေးကြညာထားပါတယ်။ အဲ့ဒီရက်တွေမှာ မိမိတို့အိမ်မှာသာ နေထိုင်ပြီး အပြင်ထွက်သွားလာတာမျိုးမလုပ်ဖို့ကို လေးလေးနက်နက် အသိပေးထားပါတယ်။ ၂၀၁၄ သန်းခေါင်စာရင်းအရ  တီးတိန်မြို့နယ်မှာ ၁၀၀,၉၉၈ ဦးနေထိုင်ပါတယ်။ ဒါပေမဲ့ လတ်တလောဖြစ်ပွားနေတဲ့ … - [မကွေးတိုင်းရွေးကောက်ပွဲသတင်းပေးပို့ချက် : မဲပုံးနှင့် စစ်ခေါ်သံ ](https://mfp-mm.com/articles/3959/): Reddy Simon၊ အီသာရမ် − ဒီဇင်ဘာ ၂၇ တော်လှန်ရေးတပ်တွေ မကြာသေးခင်ကမှ စတင်လိုက်တဲ့ မကွေးတိုင်းက မြို့ (၆) မြို့ကို သိမ်းပိုက်ဖို့ အစီအစဉ်ဟာ စစ်အုပ်စုရွေးကောက်ပွဲကျင်းပမည့်အချိန် တစ်လျှောက်လုံး (ဒီဇင်ဘာနဲ့ ဇန်နဝါရီလ အတွင်း) စစ်တပ်ကို မနားတမ်း ဖိအားပေးဖို့နဲ့ မြို့တွေကို သိမ်းဖို့ထိ ရည်ရွယ်ထားကြောင်း ထုတ်ပြောလာပါတယ်။  ဒီစစ်ရေးလှုပ်ရှားမှုကြောင့် ရွေးကောက်ပွဲကျင်းပဖို့ စီစဉ်ထားတဲ့ မကွေးတိုင်းအတွင်းက ဒေသနှစ်ခု ဖြစ်တဲ့ စလင်းနဲ့ ဆင်ဖြူကျွန်း မှာဒေသခံတွေ နေ့ချင်းပဲ ပြောင်းရွေ့ကုန်ပြီးမြို့ထဲမှာ မဲပေးသူ မရှိနိုင် တော့ဘူးလို့ ဆင်ဖြူကျွန်းမြို့က ပရဟိတအသင်းတခုမှာ လုပ်ကိုင်နေသူကဆိုပါတယ်။  ဒီစစ်ဆင်ရေးမှာ မကွေးတိုင်းဒေသကြီးအတွင်း ချောက်၊ စလေ၊ စလင်း၊ ဆင်ဖြူကျွန်း မြို့တွေနဲ့ ပွင့်ဖြူ၊ ဆိပ်ဖြူတို့ကိုတိုက်ခိုက်သိမ်းပိုက်မယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဦးဆောင်တဲ့ မကွေးတိုင်းအတွင်းက တော်လှန်ရေးတပ်တွေ ထုတ်ပြောလာပါတယ်။ ဒါဟာ ရွေးကောက်ပွဲအတွင်း ထွက်ပေါ်လာတဲ့ စစ်ခေါ်သံပဲလား၊ လက်တွေ့ကျတဲ့ ကြွေးကြော်မှုလား?  ဒါနဲ့အတူ စစ်အုပ်စု ရွေးကောက်ပွဲမတိုင်မှီ မကွေးတိုင်းရဲ့ အရေးပါတဲ့ အချက်တွေနဲ့ ဖြစ်စဉ်တွေကို ကြည့်လိုက်ရအောင်ပါ။ မကွေး Focus  မကွေးတိုင်းအတွင်းမှာ စုစုပေါင်း ၂၅ မြို့နယ်ရှိပြီး (၅) မြို့နယ်မှာ စစ်အုပ်စုက ရွေးကောက်ပွဲ မလုပ်နိုင်ပါဘူး။ ဆော၊ ထီးလင်း၊ပေါက် မြို့နယ်တွေနဲ့ မြိုင်၊ ရေစကြို မြို့နယ် ဒီ (၅) ခုကို တော်လှန်ရေးတပ်တွေ အများစုက စိုးမိုးထားပြီး အုပ်ချုပ်ရေးစနစ်တွေထူထောင်ဖို့ ရည်ရွယ် ကြိုးပမ်းနေပါတယ်။ အထူးသဖြင့် မြို့ပေါ်ရပ်ကွက်တွေက လူတွေဟာ ပြောင်းရွှေ့ကုန်ကြပြီး မြို့ဟာဗလာကျင်း ခြောက်ကပ်နေကြတာကို တစ်ချိန်က စည်ကားခဲ့ဖူးတဲ့ မြိုင်မြို့နယ်က သက်သေပါ။ စစ်ကောင်စီဟာ ဒီဒေသငါးခုအပြင် တော်လှန်ရေးတပ်ဖွဲ့တွေ တရစပ် တိုက်ခိုက်နေတဲ့ ပခုက္ကူ၊မင်းဘူးနဲ့ အခုဆိုရင် စလင်း၊ဆင်ဖြူကျွန်း နဲ့ ပွင့်ဖြူ မှာပါ ပြင်းထန်တဲ့ တိုက်ပွဲတွေ ဖြစ်ပွားနေပြီး လေကြောင်း တိုက်ခိုက်မှုတွေ အသုံးပြုနေပါတယ်။ စစ်ကောင်စီဟာ မကွေးတိုင်းက ကျန်တဲ့ မြို့နယ် ၂၀ ကို ရွေးကောက်ပွဲ အပိုင်း (၂) ခုနဲ့ ပြုလုပ်မှာ ဖြစ်ပါတယ်။ အပိုင်း (၁) မှာ ၉မြို့နယ်၊ အပိုင်း (၂) မှာ ၁၁ မြို့နယ်အပြီး လုပ်မှာဖြစ်ပြီး အပိုင်း (၃) မရှိပါဘူး။  အပိုင်း (၁) နဲ့ (၂) မှာ ပါဝင်မယ့် မြို့နယ်တွေကိုအောက်မှာ ဖော်ပြသွားပါမယ်၊ ဒါပေမဲ့ စစ်အုပ်စုဟာ ဒီမြို့နယ်တွေမှာ ပါဝင်တဲ့ ကျေးရွာအုပ်စုတွေမှာ လွှမ်းခြုံအောင် မလုပ်နိုင်တာက ဒီစာရင်းဇယားတွေအရ ထင်ရှားနေပါတယ်။  (စာရင်းဇယားတွေကို ရွေးကော်နဲ့ MiMU မှ အချက်အလက်များ ရယူနှိုင်းယှဉ်ထားသည်) မကွေးတိုင်းဟာ ၂၀၁၈ ခုနှစ်နောက်ပိုင်း မြန်မာနိုင်ငံရဲ့ ပြည်တွင်း/ပြည်ပ ရွှေ့ပြောင်းမှု (Migration) အများဆုံးတိုင်း ဖြစ်လာတယ်လို့ IOM က ဆိုထားပါတယ်။ ၂၀၂၄ ခုနှစ် ရှေ့ပြေး သန်းခေါင်စာရင်းအရ မကွေးတိုင်းမှာ လူဦးရေ ၄.၀၈ သန်းခန့် ရှိပါတယ်။ ဒါပေမဲ့ ဒီနှစ် မဲပေးနိုင်တဲ့ လူဦးရေ အတိအကျကို စစ်အုပ်စုက မထုတ်ပြန်နိုင်ပါဘူး။ ၂၀၂၀ ပြည့်နှစ်က မကွေးတိုင်းမှာမဲပေးနိုင်သူ ၃.၃ သန်းကျော် ရှိခဲ့ပြီး ၂.၅ သန်းကျော်က မဲပေးခဲ့တာကြောင့် ရွေးကောက်ပွဲရဲ့ ၇၇.၈ ရာခိုင်နှုန်း အောင်မြင်ခဲ့ကြောင်း ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ခဲ့ပါတယ်။ စစ်အုပ်စုဟာ ဒီရာခိုင်နှုန်းရဲ့ ထက်ဝက်ကိုတောင် ရနိုင်ဖို့ ၎င်းတို့ ထိန်းချုပ်ထားတဲ့ မြို့တွေကို ဖိအားပေး ကြိုးစားနေပါတယ်။တစ်ဖက်မှာလည်း ကျေးရွာတွေကို စစ်ရေးအရ ဖိနှိပ်တိုက်ခိုက်မှုတွေ ပြုလုပ် နေပါတယ်။ စစ်အုပ်စုရဲ့ဖိအား မကွေးရဲ့ အချက်အခြာကျ၊ လူနေများတဲ့ ပခုက္ကူမြို့ပေါ်မှာတော့ စစ်အုပ်စုက မဲစာရင်းတွေကို ရပ်ကွက်အလိုက် မဖြစ်မနေကြည့်ခိုင်းပြီး ဒီဇင်ဘာလ ၆ ရက်နေ့ညက မဲစာရင်းနံပါတ်မသိတဲ့ ပြည်သူ ငါးဦးကို ဖမ်းဆီးခေါ်ဆောင်သွားပြီး နောက်နေ့နေ့လယ်ပိုင်းမှာ ပိုက်ဆံနဲ့ လိုက်လံရွေးခဲ့ရတယ်လို့ ပခုက္ကူမြို့ ဒေသခံတစ်ဦးက MFP ကို ပြောပါတယ်။ မြို့ပေါ်မှာ စစ်အုပ်စုနဲ့ပျူစောထီးတွေက ညသန်းခေါင်အချိန်တွေမှာ မဲစာရင်းနံပါတ်ကို သန်းခေါင်စာရင်းတွေနဲ့အတူ ဝင်ရောက် စစ်ဆေးတာ ဖြစ်ပြီးမဲစာရင်းနံပါတ် မသိတဲ့သူတွေကို အခုလို ဖမ်းဆီးခေါ်ဆောင် ငွေညှစ်တာလို့ ဆိုပါတယ်။ မြို့ခံပြည်သူတွေကို မဲစာရင်းနံပါတ်တွေကိုသာ စစ်ဆေးနေပေမဲ့ အခုဆောင်းပါး ဖော်ပြတဲ့ ဒီဇင်ဘာလ ၂၇ ရက်နေ့အထိရွေးကောက်ခံ ကိုယ်စားလှယ်တွေက ဘယ်သူတွေ ဝင်ရောက်ယှဉ်ပြိုင်မှာလဲ ဆိုတာ မသိရဘူးလို့ ပခုက္ကူမြို့ခံတစ်ဦးက ဆိုပြန်ပါတယ်။ ပခုက္ကူမြို့ပေါ်မှာ ရွေးကောက်ပွဲအတွက် စည်းရုံးရေးဆင်းတာမျိုး၊ ဒေသခံပြည်သူလူထုနဲ့ စကားပြောဆိုတာမျိုး မရှိတဲ့အပြင် ပါတီက ဘယ်သူတွေ ဝင်ရောက်ယှဉ်ပြိုင်မှာလဲ ဆိုတာကို ဆိုင်းဘုတ်ထောင်တာမျိုး မရှိဘူးလို့ ဆိုပါတယ်။ မကွေးမြို့ပေါ်မှာသာ စစ်အုပ်စုဟာ ရွေးကောက်ပွဲကို အကျယ်တဝင့် ဖန်တီးပြီး လူမှုစာမျက်နှာကနေ ဝါဒဖြန့်ဖို့ ကြိုးစားပါတယ်။ဒါပေမဲ့ စစ်အုပ်စု အပြည့်အဝ ထိန်းချုပ်ထားနိုင်တဲ့ ဒီဒေသတွေမှာလည်းပဲ မဲစာရင်း လွဲမှားမှုတွေက ကျယ်ကျယ်လောင်လောင်အသံထွက်လာပါတယ်။ အထူးသဖြင့် မကွေးမြို့ပေါ်နဲ့ သရက်မြို့ပေါ်တွေမှာ ဖြစ်ပါတယ်။  မကွေးမြို့ပေါ်က မဲစာရင်းတွေမှာ သေဆုံးသူတွေနဲ့ ပြောင်းရွှေ့သွားသူတွေ အများအပြား ပါဝင်နေတယ်လို့ မကွေးမြို့နိုင်ငံရေးပါတီတစ်ခုက အဖွဲ့ဝင် အမျိုးသားက MFP ကို ပြောပါတယ်။ သူ့အနေနဲ့ မဲစာရင်းမှာ မပါတဲ့ လူတော်တော်များများကိုတွေ့ခဲ့ရပြီး ဒီလူတွေကလည်း နှုတ်ပိတ်နေကြတယ်လို့ MFP ကို ပြောပါတယ်။ “သွားကြည့်လို့ မဲစာရင်းမပါဘူးဆိုရင် ချက်ချင်းကော်မရှင်ကို အကြောင်းကြားတာမျိုး မလုပ်ဘူး၊ နှုတ်ပိတ်ပြီး ဒီတိုင်း နေနေကြတယ်” လို့ သူက ဆိုပါတယ်။ ဒါ့အပြင် သရက်မြို့နယ်မှာဆိုရင်လည်း ကျေးရွာအလိုက် မဲစာရင်း မပါတဲ့သူတွေလည်း ရှိတယ်လို့ ပြည်သူ့ပါတီ အတွင်းရေးမှူးဦးကျော်လင်းက BBC သတင်းဌာနကို ဖြေကြားထားပါတယ်။ “မဲစာရင်းမှားတာထက် တည်ငြိမ်တဲ့နေရာတွေမှာ မဲစာရင်းပျောက်တာတွေက နိုင်ငံသားတွေ မဲပေးခွင့် ဆုံးရှုံးနိုင်တဲ့ အခြေအနေတွေ ဖြစ်မှာစိုးတယ်” လို့ သူက ဖြေဆိုထားပါတယ်။ ဒါကြောင့် စစ်အုပ်စုဟာ သူထိန်းချုပ်ရာ ဒေသတွေမှာ ဒေသခံတွေ မဲစာရင်းကို အချိန်မီ ပြုပြင်ကြဖို့ ဖိအားပေးနေတာ ဖြစ်ပါတယ်။ “မဲစာရင်းကို တအား စစ်ဆေးနေတာ၊ ဘယ်သူ့ကို မဲပေးရမှာလဲ မသိဘူး၊ ဘာဆိုဘာမှ မသိရဘူး လူတွေက ပြောနေကြတယ်ခြင်္သေ့ပုံကလွဲရင် ကျန်တာ လျှောက်နှိပ်တဲ့” လို့ ပခုက္ကူဒေသခံ တစ်ဦးက ပြောပါတယ်။ ပခုက္ကူမြို့ပေါ်မှာ ၁၅ ရပ်ကွက်ရှိပြီးမဲရုံတည်နေရာ အများစုကို စာသင်ကျောင်းတွေဖြစ်တဲ့ အမှတ် (၉) မူလတန်းကျောင်း၊ အထက (၅)၊ အလက (၃)၊ ဆုကြီးပန်ဘုန်းကြီး ဗက ကျောင်းနဲ့ သမဝါယမရုံးတို့မှာ မဲရုံတွေ လုပ်ဆောင်မှာဖြစ်တယ်လို့ သူက ဆိုပါတယ်။ ပခုက္ကူမြို့စွန်က ရွေးကောက်ပွဲ မကျင်းပနိုင်တဲ့ ကျေးရွာ ၅၄ ရွာရှိတဲ့အနက် တချို့ကျေးရွာတွေမှာ စစ်အုပ်စုက စစ်ကြောင်းထိုးလာပြီး ပြည်သူတွေရဲ့ လက်ဗွေတွေကို အတင်းအကျပ် ရယူတာမျိုးတွေ လုပ်ဆောင်ခဲ့တယ်လို့ ပခုက္ကူမြို့နယ် ကမ္မမြို့ဒေသခံတစ်ဦးက ပြောပါတယ်။ “ကျွန်တော်တို့ မြို့ပေါ်ကို စစ်ကြောင်းထိုးလာတုန်းက လေဖြတ်နေတဲ့သူကိုတောင် စခန်းခေါ်ပြီးလက်ဗွေယူသွားသေးတယ်၊ တခြားမပြေးတဲ့သူတွေလည်း လက်ဗွေယူသွားတယ်” လို့ ဒေသခံက MFP ကို ပြောပါတယ်။ ကမ္မမြို့ကို ဒီဇင်ဘာလထဲမှာ စစ်ကြောင်းထိုး ရောက်ရှိလာတဲ့ စစ်အုပ်စုစစ်ကြောင်းက ပြည်သူ ၃၀ ကျော်ခန့်ကို ကမ္မမြို့ကရဲစခန်းကို ဖမ်းဆီးခေါ်ဆောင်သွားပြီး လက်ဗွေတွေ ယူဆောင်ပြီး ပြန်လွှတ် လိုက် တယ်လို့ MFP ကို ဆိုပါတယ်။ ပခုက္ကူမြို့ပေါ်နဲ့ မြိုင်မြို့နယ်မှာရှိတဲ့ စစ်အုပ်စု ပျူစောထီးစခန်းတွေကိုလည်း စစ်အုပ်စု စစ်ကြောင်းထိုး ရောက်ရှိပြီး မဲလက်မှတ်တွေကြိုတင်ယူဆောင်တာမျိုးတွေ ရှိတယ်လို့ ဆိုပါတယ်။ တော်လှန်ရေးတပ်များ အလားအလာ မကွေးတိုင်းတခုလုံးမှာရှိတဲ့ အမျိုးသားညီညွတ်ရေးအစိုးရလက်အောက်ခံတပ်တွေက ဒီရွေးကောက်ပွဲ မှာ စစ်အုပ်စုကိုအခွင့်အရေးမပေးဘဲ အသာစီးရအောင်ယူမယ်လို့ ကြွေးကြော်ထားပါတယ်။ အခုလိုရွေးကောက်ပွဲကာလမှာ စစ်ဆင်ရေးတွေစနိုင်ဖို့ လနဲ့ချီပြီး ကြိုတင်ပြင်ဆင်ခဲ့ကြတယ်လို့လည်း MFP က ဆက်သွယ်ခဲ့တဲ့ တပ်ဖွဲ့ဝင်တချို့ကဖွင့်ဟပါတယ်။ ဒီစစ်ဆင်ရေးနဲ့နောက်ကွယ်မှာ အာရက္ခတပ်တော် (AA) ပါဝင်မှုရှိမရှိကိုမသိရသေးပါဘူး၊ AA အနေနဲ့ ငဖဲမြို့နယ်မှာ စစ်အုပ်စုနဲ့ ထိတွေ့မှုရှိသလို မကွေးတိုင်းဒေသကြီးရဲ့စစ်ဒေသကွပ်ကဲမှုမှာပါဝင်နေတဲ့ သတင်း တွေထွက်နေတာ လ အတော်ကြာရှိနေပေမယ့် အတည်မပြုနိုင်ပါဘူး၊  မြို့ (၆) မြို့ကိုသိမ်းယူနိုင်ဖို့ စစ်ရေးရည်ရွယ်ချက်ကတော့ ခဲယဥ်းပေမယ့် လက်ရှိမှာ မကွေးတိုင်းထဲက ပွင့်ဖြူ၊ ဆိပ်ဖြူ၊ချောက်နဲ့ စလင်း၊စလေ မြို့တွေမှာ စစ်တပ်ရဲ့အထိုင်စခန်းတွေကိုထိုးစစ်ဆင်နေကြောင်း မင်းဘူးခရိုင်စစ်ဌာက တာဝန်ရှိသူက  MFP ကိုပြောကြားထားပါတယ်။  “သိမ်းနိုင်တဲ့အခြေအနေထိရောက်အောင် ကျနော်တို့ပြင်ဆင်ထားပြီးသွားပြီ” လို့သူက ဆိုပါတယ်။  ဒီမြို့ (၆)မြို့ကို ထိုးဖောက်နိုင်မယ်ဆိုရင် တော်လှန်ရေးတပ်ဖွဲ့တွေဟာ ဧရာဝတီမြစ်အရှေ့ပိုင်းနဲ့ အလယ်ပိုင်းဒေသတွေကနေ မကွေးမြို့ကို ဝိုင်းပတ်ထားနိုင်တဲ့ အခြေအနေကောင်းကိုရနိုင်ပါတယ်။ ဒါ့ပြင်မကွေးတိုင်းရဲ့ အရေးပါတဲ့စီးပွားရေးနဲ့ သယ်ယူပို့ဆောင်ရေး လမ်းကြောင်းတွေကို ထိန်းချုပ်နိုင်ပြီး  မကွေးမြို့ကို ဗဟိုမြို့အဖြစ် … - [မုံရွာအမြောက်တပ်ကနေ လက်နက်ကြီး ရမ်းသန်းပစ်ခတ်တာကြောင့် အမျိုးသမီးတစ်ဦး ထိမှန်သေဆုံးကာ ခုနစ်ဦးဒဏ်ရာရ၊](https://mfp-mm.com/news/sagaing/3955/): MN/MFP ၊ ဒီဇင်ဘာ – ၂၆ စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်အခြေစိုက် စစ်အုပ်စုတပ်ရဲ့ အမှတ်-၅၀၈ အမြောက်တပ်ကနေ ဒီဇင်ဘာ ၂၅ ရက် ခရစ္စမတ်နေ့မှာ လက်နက်ကြီးပစ်ခတ်တာကြောင့် အရပ်သားတွေနေထိုင်နေတဲ့ ကံပြားဆုံကုန်းရွာကို ကျရောက်ပေါက်ကွဲပြီး တစ်ဦးသေဆုံးကာ ခုနစ်ဦးဒဏ်ရာရခဲ့တယ်လို့ မုံရွာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ – ပကဖ တာဝန်ရှိသူတွေက MFP ကိုပြောပါတယ်။ တိုက်ပွဲဖစ်ပွားနေတာမရှိတဲ့ ကံပြားဆုံကုန်းရွာကို စစ်အုပ်စုတပ်ဟာ လက်နက်ကြီးနှစ်လုံး တမင်ပစ်ခတ်ခဲ့တာဖြစ်ပြီး နေရာမှာတင် အသက် ၄၀ ဝန်းကျင်အမျိုးသမိးတစ်ဦး ထိမှန်သေဆုံးခဲ့ပြီး အသက်မပြည့်သေးတဲ့ ၁၀နှစ်အရွယ်ကလေးငယ်တစ်ဦး အပါအဝင် ခုနစ်ဦးဒဏ်ရာရခဲ့တယ်လို့ မုံရွာမြို့နယ် ပကဖ တာဝန်ရှိသူတစ်ဦးက ပြောဆိုပါတယ်။ “ဘာတိုက်ပွဲဖြစ်စဉ်မှ မရှိဘဲနဲ့ လက်နက်ကြီးနဲ့ ရမ်းထုတာ။ နှစ်လုံး ထုတာ။ တစ်လုံးကတော့ လူနေအိမ်ပေါ်ကို ကျတာ။ တစ်လုံးကတော့ လယ်ကွင်းထဲကျတာ။ လူတွေရှိတဲ့နေရာကို ကျတဲ့ တစ်လုံးကတော့ ထိခိုက်မှုများသွားတာပေါ့။ အမျိုးသမီး တစ်ဦး သေတယ်။ ခုနစ်ယောက် ထိခိုက်ဒဏ်ရာရသွားတယ်” လက်နက်ကြီးထိမှန်တာကြောင့် ထိခိုက်ဒဏ်ရာရသူတွေကိုတော့ တော်လှန်ရေးတပ်ဖွဲ့တွေက ဘေးကင်းရာနေရာတွေကို ခေါ်ဆောင်ဆေးကုသမှုပေးနေပြီး လုံခြုံရေးအခြေအနေအရ နာမည်နဲ့အသေးစိတ်အချက်အလတ်တွေကိုတော့ မသိရသေးပါဘူး။ မုံရွာမြို့အခြေစိုက် စစ်အုပ်စုရဲ့ အနောက်မြောက်တိုင်းစစ်ဌာနချုပ်နဲ့ ကျောက်စစ်ပုံရွာအနီးမှာရှိတဲ့ အမှတ် -၅၀၈ အမြောက်တပ်ဟာ အနီးဝန်းကျင်မှာရှိတဲ့ ကျေးရွာတွေကို တိုက်ပွဲမရှိဘဲ လက်နက်ကြီးတွေနဲ့ ပစ်ခတ်လေ့ရှိတာကြောင့် အရပ်သားပြည်သူတွေ သေဆုံးထိခိုက်မှုတွေ မကြာခဏ ကြုံတွေ့နေရတာ ဖြစ်ပါတယ်။ ဒါ့အပြင် စစ်အုပ်စုဟာ မုံရွာမြို့နယ်တောင်ခြမ်းက ကျေးရွာတွေကိုလည်း မုံရွာ-မန္တလေး လမ်းပိုင်းပေါ်မှာရှိတဲ့ မအူဂိတ်၊ စွမ်းရည်ထက် စက်သုံးဆီဆိုင်အနီးက စစ်အုပ်စု … - [ကြားကာလ မကွေးဖက်ဒရယ်ယူနစ် ဝန်ကြီးချုပ်အဖြစ် ဒေါက်တာရဲထွန်းဇော်ကို ခန့်အပ်၊](https://mfp-mm.com/news/magway/3952/): နန်းယု/MFP၊ ဒီဇင်ဘာ – ၂၆ မကွေးဖက်ဒရယ်ယူနစ်လွှတ်တော် ဒသမပုံမှန်အစည်းအဝေး ကျင်းပခဲ့တဲ့ ဒီဇင်ဘာလ ၂၆ ရက် ဒီနေ့မှာ ကြားကာလ မကွေးဖက်ဒရယ်ယူနစ် ဝန်ကြီးချုပ်အဖြစ် ဒေါက်တာရဲထွန်းဇော်ကို ခန့်အပ်လိုက်တယ်လို့ မကွေးဖက်ဒရယ်ယူနစ်လွှတ်တော်က ထုတ်ပြန်ပါတယ်။ အဲဒီ ခန့်အပ်ပွဲကို အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတ ဒူဝါ လရှီးလ၊ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း၊ မကွေးဖက်ဒရယ်ယူနစ်လွှတ်‌တော် ဥက္ကဋ္ဌနဲ့ ဒုဥက္ကဋ္ဌ အပါအဝင်တာဝန်ရှိသူတွေ တက်ရောက်ခဲ့ကြတယ်လို့ ဆိုပါတယ်။ ကြားကာလမကွေးဖက်ဒရယ်ယူနစ် ၀န်ကြီးချုပ်ဖြစ်တဲ့ ဒေါက်တာရဲထွန်းဇော်ဟာ မကွေးတိုင်း၊ မင်းလှမြို့နယ်၊ မဲဆန္ဒနယ်အမှတ် -၂ရဲ့လွတ်တော်ကိုယ်စားလှယ်တစ်ဦးဖြစ်ပြီး အဆိုပြုတင်သွင်းရာမှာ ကန့်ကွက်သူ မရှိခဲ့ဘူးလို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ ဒါကြောင့် ကြားကာလ ရွေးချယ်ရေးကော်မရှင်က ပေးပို့လာတဲ့ မကွေးဖက်ဒရယ်ယူနစ် ဝန်ကြီးချုပ်လောင်း အမည်စာရင်းမှာ ဒေါက်တာရဲထွန်းဇော် (မင်းလှမြို့နယ်၊ မဲဆန္ဒနယ်အမှတ် ၂) ကို လွှတ်တော်ကို တင်သွင်းကာ လွှတ်တော်ရဲ့ သဘောထား ကန့်ကွက်သူမရှိတာကြောင့် ဝန်ကြီးချုပ်အဖြစ် အတည်ပြု ခန့်အပ်ခဲ့တာဖြစ်ပါတယ်။ တစ်ဆက်ထဲမှာပဲ မကွေးဖက်ဒရယ်ယူနစ် ကြားကာလအစီအမံဆိုင်ရာဥပ‌ဒကို မကွေးဖက်ဒရယ်ယူနစ်လွှတ်တော် နဝမပုံမှန်အစည်းအဝေးမှာ အတည်ပြုပြဋ္ဌာန်းလိုက်တယ်လို့ နိုဝင်ဘာ ၇ ရက်စွဲနဲ့ ထုတ်ပြန်ထားပါတယ်။ အလားတူ ဒီဇင်ဘာလ၂၃ ရက်ကလည်း စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်က ကြားကာလအစိုးရအဖွဲ့ကို အတည်ပြုဖွဲ့စည်းပြီးနောက် ဝန်ကြီးချုပ်၊ ဒုတိယဝန်ကြီးချုပ် အပါအဝင် ဝန်ကြီး ၁၁ ဦးနဲ့ ရှေ့နေချုပ်တစ်ဦးတို့ကို ခန့်အပ်ခဲ့ပါတယ်။ MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။ - [မကွေးတိုင်းထဲက မြို့ခြောက်မြို့မှာ တော်လှန်ရေးတပ်ပေါင်းစုက မြို့သိမ်းတိုက်ပွဲ တစ်ပြိုက်နက်ထဲ ဖော်ဆောင်သွားမယ်လို့ဆို၊](https://mfp-mm.com/news/3946/): အီသာရမ်/MFP ၊ ဒီဇင်ဘာ-၂၆ မကွေးတိုင်းထဲက မြို့ခြောက်မြို့မှာ စစ်အုပ်စုတပ်အထိုင်စခန်းတွေကို ဒီဇင်ဘာလ ၂၃ ရက်ကစပြီး တစ်ပြုက်နက်ထဲ စစ်ဆင်ရေးတွေ ဖော်ဆောင်ကာ မြို့သိမ်းတိုက်ပွဲတွေ ဆင်နွှဲသွားမယ်လို့ မင်းဘူးခရိုင်စစ်ဌာန တာဝန်ရှိသူတွေက MFP ကို ဒီနေ့ပြောပါတယ်။ လက်ရှိမှာတော့ မကွေးတိုင်းထဲက ဆင်ဖြူကျွန်းမြို့နဲ့ စလင်းမြို့တို့မှာ တိုက်ပွဲတွေ ပြင်းထန်နေပြီး ပွင့်ဖြူမြို့၊ ဆိပ်ဖြူမြို့၊ ချောက်မြို့နဲ့ စလေမြို့တို့က စစ်အုပ်စုအထိုင်စခန်းတွေကို စစ်ဆင်ရေးတွေ ဖော်ဆောင်တိုက်ခိုက်နေတာဖြစ်ပါတယ်။ အဲဒီမြို့တွေက တော်လှန်ရေးတပ်ပေါင်းစုတွေက အပြီးသတ်သိမ်းပိုက်နိုင်အောင် ကြိုးပမ်းနေတယ်လို့ MFPရဲ့ မကွေးတိုင်းစစ်ရေး သတင်းအရင်းအမြစ်တစ်ဦးက ပြောပါတယ်။ “ဒီစစ်ရေးက အပေါင်းလက္ခဏာတော့ ဖြစ်နေပါတယ်။ လက်ရှိကတော့ မြို့အကုန်လုံးကပြင်းထန်နေတယ် လက်ရှိပိုပြီး ပြင်းထန်နေတာကတော့ စလင်း ဒီနေ့ဆိုရင် ပွင့်ဖြူပေါ့၊ကျွန်တော်တို့က ဘယ်လိုပဲဖြစ်ဖြစ်ရအောင်သိမ်းမှာပါ၊ သိမ်းနိုင်တဲ့အခြေအနေရအောင်ထိ ကျွန်တော်တို့ ပြင်ဆင်ထားပြီးသွားပြီဆိုတော့” ဒါ့အပြင် လတ်တလော စစ်ဆင်ရေးတိုက်ပွဲတွေမှာလည်း စစ်အုပ်စုတပ် အထိုင်စခန်းတွေနဲ့စစ်သုံ့ပန်းတွေ ဖမ်းဆီးရမိထားတာတွေရှိပေအဲ့ အသေးစိတ်အခြေအနေကိုတော့ စစ်ဆင်ရေးပြီးချိန်မှာ ထုတ်ပြန်မယ်လို့ဆိုပါတယ်။ တိုက်ပွဲပြင်းထန်နေတဲ့ စလင်းနဲ့ ဆင်ဖြူကျွန်းမြို့တွေကို စစ်အုပ်စုက စစ်ကူ‌ပို့ပေးတာ၊ လေကြောင်းပစ်ကူတာ နဲ့ လက်နက်ကြီး ပစ်ကူတာတွေကြောင့် ပြည်သူထိခိုက်သေဆုံး တာတွေလည်း ရှိနေပြီး လတ်တလောမှာတော့ အခြေအနေအသေးစိတ်ကို မသိရသေးပါဘူး။ ဒီဇင်ဘာလ ၂၅ ရက်နေ့ကတော့ တိုက်ပွဲဖြစ်ပွားနေတဲ့ မြို့‌ပေါ်တွေမှာ ပိတ်မိနေတဲ့ ပြည်သူတွေကို ထွက်ခွာခွင့်ပြုထားပြီး ပြည်သူသောင်းနဲ့ချီထွက်ပြေးတိမ်းရှောင်နေရပြီး ကျန်ရှိနေသေးတဲ့ မရွှေ့မပြောင်းနိုင်သူတွေကို လူမှုကူညီရေးအသင်းတွေက ကူညီပေးနေတယ်လို့ ဆိုပါတယ်။ ဒီဇင်ဘာလ ၂၈ ရက်နေ့ မှာ ပြုလုပ်မယ့် စစ်အုပ်စုရွေးကောက်ပွဲကို ဆင်ဖြူကျွန်း၊စလင်း၊ပွင့်ဖြူ‌၊ချောက်မြို့၊ဆိပ်ဖြူနဲ့စလေမြို့တို့မှာကျင်းပဖို့ စစ်အုပ်စုက … - [ဟားခါးက စစ်အုပ်စုတပ်ရဲ့ခလရ-၂၆၆ ဗျူဟာကုန်းစခန်းနဲ့ ဆက်သွယ်ရေးစခန်းတို့ကို တော်လှန်ရေးတပ်တွေ စီးနင်းတိုက်ခိုက်](https://mfp-mm.com/news/3942/): ရွှေဥ /MFP ၊ ဒီဇင်ဘာ-၂၆ ချင်းပြည်နယ် ဟားခါးမြို့မှာ ဒီဇင်ဘာ ၂၆ ရက် ဒီနေ့ မနက်ပိုင်းကစပြီး စစ်အုပ်စုတပ်ရဲ့ခြေလျင်တပ်ရင်းဖြစ်တဲ့ ခလရ-၂၆၆ စခန်းနဲ စစ်အုပ်စု ဆက်သွယ်ရေးနဲ့ ရုပ်မြင်သံကြား ထုတ် လွှင့်တဲ့ စခန်းနှစ်ခုကို CDF-ဟားခါး တပ်ဖွဲ့ဝင်တွေက စီးနင်းတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။ CDF_ ဟားခါး ဦးဆောင်တဲ့ တပ်ဖွဲ့ဝင်တွေနဲ့ မဟာမိတ်တပ်ပေါင်းစုတွေက ဒီနေ့မနက် ၆ နာရီကျော်မှာ ဝမ္မတူး‌မောင် ဘောလုံးကွင်းအထက် ဟားခါး – ဂန့်ဂေါလမ်းမဘေးမှာ ရှိတဲ့  စစ်အုပ်စု ဗျူဟာကုန်း ခလရ-၂၆၆ စခန်းနဲ စစ်အုပ်စု ဆက်သွယ်ရေး ၊ရုပ်မြင်သံကြား ထုတ်လွင့်ရာ  စခန်းနှစ်ခုကို စီးနင်းတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ လတ်တလောမှာတော့ စစ်အုပ်စုတပ်က လေကြောင်းစစ်ကူပေးတဲ့ အနေနဲ့ ဂျက်ဖိုက်တာ၊Y-12 စတဲ့ လေယာဉ်တွေနဲ့ ဗုံးတွေကြဲချနေပြီး မြေပြင်မှာလည်း တိုက်ပွဲပြင်းထန်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။ “ရုပ်မြင်သံကြား စခန်းကိုတော့ ရပြီကြားတယ်။ ဝမ္မတူးမောင် ဘောလုံးကွင်း အထက်က ရုန်းတောင်မှာတိုက်ပွဲ ဖြစ်နေတယ်၊ရုန်းတောင်ကတော့(ခလရ ) ၂၆၆  ရှိတဲ့နေရာ၊အဲ့ဒီနေရာက တော့ အခုထိပစ်နေကြတုန်း “ စစ်အုပ်စုတပ်ဘက်ကကလည်း စစ်စခန်းတွေ လက်မလွှတ်ရဖို့အတွက် လေကြောင်းပစ်ကူအပါအဝင် လက်နက်ကြီးတွေပါ အဆက်မပြတ်ပစ်ခတ်ပြီး အပြင်းအထန်ခုခံနေတယ်လို့ ဆိုပါတယ်။ ဟားခါးမြို့နယ်အတွင်းမှာတော့ တော်လှန်ရေးတပ်တွေက စစ်အုပ်စုပြုလုပ်မဲ့ အတုအယောင် ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ကြမဲ့ နိုင်ငံရေးပါတီ ကိုယ်စားပြုကိုယ်စားလှယ် လောင်းတွေရဲ့ ပိုင်ဆိုင်မှုတွေကို ပြည်သူပိုင်အဖြစ် ဒီဇင်ဘာ ၂၄ရက်က သိမ်းဆည်းပြီးနောက် ဒီနေ့အထိ တိုက်ပွဲတွေ … - [မန္တလေးမှာ စစ်အုပ်စုက ရွေးကောက်ပွဲနီးချိန် ဧည့်စာရင်းစစ်၊ ပေါ်တာဆွဲတာတွေ ပိုလုပ်လာ၊](https://mfp-mm.com/news/3935/): မြို့ဆင်ခြေဖုံး ရပ်ကွက်၊ကျေးရွာတွေက လူငယ်တွေက ပေါ်တာဆွဲခံရမှာကြောက်လို့ အိမ်မှာမအိပ်ရဲကြ၊ ဖိုးချို/MFP၊ ဒီဇင်ဘာ – ၂၅ အာဏာသိမ်း စစ်အုပ်စုဟာ လာမယ့်ရက်ပိုင်းအတွင်း လုပ်မယ့် ရွေးကောက်ပွဲကို အကြောင်းပြပြီး မန္တလေးမြို့ပေါ် ရပ်ကွက်တွေကို ပိတ်ဆို့ပြီး ဧည့်စာရင်းစစ်ငွေညှစ်တာ၊ ဖမ်းဆီးပေးတာဆွဲတာတွေ ပိုမို လုပ်ဆောင်လာတယ်လို့ မြို့ခံတွေက MFP ကို ပြောပါတယ်။ ဒီဇင်ဘာ ၂၈ရက်မှာ ရွေးကောက်ပွဲ လုပ်မယ့် နယ်မြေအဖြစ် သတ်မှတ်ထားတဲ့ မန္တလေးမြို့ အောင်မြေသာစံမြို့နယ်အတွင်း ဧည့်စာရင်းစစ်တာ၊ ပေါ်တာဆွဲတာတွေ လုပ်နေသလို လတ်တလော ရွေးကောက်ပွဲ မလုပ်နိုင်သေးတဲ့ မဟာအောင်မြေမြို့နယ်ထဲမှာလည်း ရပ်ကွက်တွေကို ပိတ်ဆို့ပြီး ဧည့်စာရင်းစစ် ငွေညှစ်တာနဲ့ လူငယ်လူရွယ်တွေကို ပေါ်တာဆွဲဖမ်းဆီးတာတွေ လုပ်နေတယ်လို့ ဆိုပါတယ်။ “ပြီးခဲ့တဲ့ ရက်ပိုင်းက စိန်ပန်းထဲ ဧည့်စာရင်း ဝင်စစ်တယ်လို့ သိရတယ်၊ ရွေးကောက်ပွဲနီးတော့ ထင်ရာမြင်ရာ လျှောက်စစ်နေကြတာ၊ ဧည့်စာရင်းစစ်တာက အရေးမကြီးဘူး ဧည့်စာရင်းဆိုပြီး ပေါ်တာဆွဲမှာလည်း ကြောက်နေရတယ်၊ ဒီကောင်တွေ သန္ဓေမှန်တာမဟုတ်ဘူး” လို့ မြို့ခံတစ်ဦးက MFP ကို ပြောပါတယ်။ ဒီဇင်ဘာ ၂၂ ရက် ညပိုင်းက မန္တလေးမြို့ မဟာအောင်မြေမြို့နယ် စိန်ပန်းရပ်ကွက်အတွင်း ဧည့်စာရင်း ငွေညှစ်ခဲ့သလို ဒီဇင်ဘာ ၂၄ ရက် မနေ့က ညပိုင်းမှာလည်း အောင်မြေသာစံမြို့နယ်၊ ၁၉လမ်းနဲ့ ၈၆လမ်းအနီး၊ အောင်မြေသာစံရပ်ကွက်ထဲ စစ်အုပ်စုနဲ့ ပျူတွေ အပါအဝင် အရပ်ဝတ်တွေက ဧည့်စာရင်းဝင်စစ် ငွေညှစ်ကာ အိမ်ငှားနေသူတွေကို ဓာတ်ပုံတွေ ရိုက်ယူသွားတယ်လို့ မန္တလေးမြို့ခံ မြေပြင်းကင်းထောက်အဖွဲ့ VoMdy … - [သပိတ်ကျင်း စစ်ဘေးရှောင်တဲတွေကို စစ်အုပ်စု ဗုံးကြဲသတ်လို့ ကလေးငယ် အပါအဝင် ပြည်သူ ငါးဦး သေဆုံး၊](https://mfp-mm.com/news/3925/): ထင်လင်း/MFP၊ ဒီဇင်ဘာ – ၂၅ မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ သီးကုန်းကျေးရွာအနီးရှိ စစ်ဘေးရှောင်တဲတွေကို စစ်အုပ်စုက မနေ့ကညပိုင်း အကြောင်းမဲ့ တိုက်လေယာဉ်နဲ့ ဗုံးကြဲသတ်ဖြတ်လို့ ကလေးသူငယ် အပါအဝင် ပြည်သူ ငါးဦး သေဆုံးကာ ထိခိုက်ဒဏ်ရာရသူတွေ ရှိခဲ့တယ်လို့ ဒေသခံတွေက MFP ကို ပြောပါတယ်။ မိတ္ထီလာမြို့ ရှမ်းတဲလေတပ်ကနေ တက်လာတဲ့ ဂျက်ဖိုက်တာနဲ့ ဒီဇင်ဘာ ၂၄ရက် ည ၇နာရီကျော်အချိန်မှာ သပိတ်ကျင်းနယ် သီးကုန်းရွာအနီးရှိ စစ်ရှောင်တဲတွေကို အကြောင်းမဲ့ ဗုံးကြဲ သတ်ဖြတ်သွားတာလို့ ဆိုပါတယ်။ ဗုံးကြဲခံရတဲ့ သီးကုန်းကျေးရွာဟာ သပိတ်ကျင်းနယ် တွင်းငယ်ကျေးရွာရဲ့ မြောက်ဘက် ခြောက်မိုင်‌ကျော်အကွာမှာ တည်ရှိပြီး သေဆုံးသူတွေဟာ တွင်းငယ်ကျေးရွာကနေ စစ်ဘေး တိမ်းရှောင်လာတဲ့ ပြည်သူတွေ ဖြစ်ပါတယ်။ တွင်းငယ်ရွာကို စစ်အုပ်စုက စီးနင်းကာ လူသတ်၊ လုယက်၊ မီးရှို့နေလို့ ရွာခံတွေ စစ်ဘေးရှောင်နေရတာ နှစ်နဲ့ချီ ကြာမြင့်နေပြီ ဖြစ်ပြီး အဲ့ဒီ စစ်ရှောင်ပြည်သူတွေ ခိုလှုံနေထိုင်တဲ့ တဲတွေကို မနေ့က ညဦးပိုင်း စစ်အုပ်စု ဗုံးကြဲသတ်ဖြတ်လို့ ၁၁နှစ်အရွယ် သမီးငယ်တစ်ဦးနဲ့ တစ်လသားအရွယ် ကလေးမိခင်တစ်ဦး အပါအဝင် ငါးဦး သေဆုံးကာ သုံးဦး ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ ဒေသခံတစ်ဦးက MFP ကို ပြောပါတယ်။ “ထိခိုက်က သုံးယောက်၊ ထူးခြားတာက တစ်လသားကလေး အမေသေ၊ တစ်လသားကလေး ကျန်ခဲ့၊ တခါတည်း သားအဖနှစ်ယောက် မီးသင်္ဂြိုဟ် သလိုဖြစ်” ဒီဇင်ဘာ ၁၁ ရက်ကလည်း တွင်းငယ်ကျေးရွာရဲ့ … - [တမူးမြို့မှာ USDPရုံး မိုင်းခွဲခံရပြီးနောက် ခရစ္စမတ်ပွဲလာရောက်ကြတဲ့ အရပ်သား ၁၀၀ ကျော်ကို စစ်အုပ်စုဖမ်းဆီး၊](https://mfp-mm.com/news/sagaing/3922/): ရွှေဥ /MFP ၊ ဒီဇင်ဘာ-၂၅ စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်မှာ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၀ ရက်နဲ့ ၂၃ရက်နေ့တွေမှာ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံးအနီးနဲ့ မြို့ဝင်ဆိုင်ဘုတ်၊ ရပ်ကွက်တချို့မှာ ဗုံးပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် အရပ်သားတစ်ရာကျော်ကို ဖမ်းဆီးသွားတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။ ဒီဇင်ဘာလ ၂၅ ရက်နေ့ဟာ ခရစ်ယာန်ဘာသာဝင်တွေရဲ့ နေ့ထူးနေ့မြတ်ဖြစ်တဲ့ ခရစ်စမတ်နေ့ဖြစ်တာကြောင့် မြို့ပေါ်ဘုရားကျောင်းတွေမှာ ကျင်းပနေတဲ့ပွဲကို လာရောက်ကြတဲ့ အရပ်သားတွေကို စစ်အုပ်စုတပ်က အင်အားသုံးဖမ်းဆီးလိုက်တယ်လို့ ဆိုပါတယ်။ စစ်အုပ်စုတပ်ဟာ မြို့ပေါ်ရပ်ကွက်တွေနဲ့ ဗိုလ်ချုပ်လမ်းမကြီး၊ မြို့ဝင်မြို့ထွက်စတဲ့ နေရာလေးခုမှာ လုံခြုံရေးယူပြီးနောက် လမ်းမတွေပေါ်မှာ ကား၊ဆိုင်ကယ်နဲ့ သွားလာနေကြတဲ့အရပ်သားတွေနဲ့ ခရစ္မမတ်ပွဲကို လာရောက်ကြတဲ့ ဒေသခံတစ်ရာကျော်ကို ဖမ်းဆီးသွားတယ်လို့ တမူးမြို့ မြို့မစျေးအနီးမှာ နေထိုင်သူတစ်ဦးက ပြောပါတယ်။ “ဒီနေ့က ခရစ္စမတ်နေ့ဆိုတော့ ကျေးရွာတွေကလဲ မြို့ပေါ်ကို လာကြတယ်။မြို့ပေါ်ကလူတွေလဲ အပြင်ထွက်ကြတယ်။ဖမ်းတာကတော့ ခရစ္စမတ်လာကြတွေ အများစုပါတယ်။ကျန်တာကတော့ မြို့ပေါ်က ဆိုင်ကယ်နဲ့စျေးလာရောင်းတဲ့ စျေးသည်တွေပါတယ်” ဖမ်းဆီးခံထားရတဲ့ အရပ်သားတွေရဲ့အသေးစိတ်အချက်အလတ်နဲ့နာမည်တွေကိုတော့ MFPအနေနဲ့လည်း သီးခြားအတည်မပြုနိုင်သေးပါဘူး။ စစ်အုပ်စုတပ် ဖမ်းဆီးထားတဲ့အထဲမှာ အမျိုူသား၊ အမျိုးသမီးအရွယ်စုံပါဝင်ပြီး မြို့ပေါ် ရပ်ကွက်မှာရှိတဲ့ ရဲစခန်းအချုပ်ခန်းကို ခေါ်ဆောင်သွားတယ်လို့ တမူးမြို့ စျေးတန်းရပ်ကွက် နေထိုင်သူ အမျိုးသမီးတစ်ဦးက ပြောပါတယ်။ “တမူး အချုပ်ခန်းထဲမှာ ဖမ်းထားတာ၊ ရွေးကောက်ပွဲနီးလို့ နယ်ဝေးကစျေးလာရောင်းတဲ့သူတွေလဲ ပါတယ်” ဒါ့အပြင် စစ်အုပ်စုကျင်းပမဲ့ ရွေးကောက်ပွဲနီးလာတာကြောင့် တမူးမြို့ပေါ်က မဲရုံတွေအနီးမှာ စစ်အုပ်စုနဲ့ ပျူစောထီးလက်နက်ကိုင်တွေ လှည့်လည်လုံခြုံရေး ယူနေတာတွေ့ရတယ်လို့ ဆိုကြပါတယ်။ တမူးမြို့နယ်မှာတော့အာဏာသိမ်းစစ်အုပ်စုက မြို့သစ်မြို့ ရပ်ကွက်သုံးခု၊ ခါတ်းပတ်မြို့ရပ်ကွက်ငါးခုနဲ့ … ## Pages - [](https://mfp-mm.com/donate_us/): အညာဒေသရဲ့ အသံတွေ ပိုမို ကြားသိရဖို့ “ သင့်ရဲ့အကူအညီက အရေးကြီးပါတယ် ” MFP (Mandalay Free Press) ဟာ နွေဦးတော်လှန်ရေးကာလတလျှောက် မြန်မာပြည် အလယ်ပိုင်း၊ အညာဒေသ ဟိုး အောက်ခြေတွင်းနက်ထဲက ဖိနှိပ်ခံပြည်သူတွေရဲ့ အသံကို အစဉ်တစိုက် ဖော်ပြနေတဲ့ သတင်းဌာန ဖြစ်ပါတယ်။ အညာသူ၊ အညာသား သတင်းသမားတွေ ပါဝင်ဖွဲ့စည်းထားတဲ့ ကျွန်ုပ်တို့ သတင်းခန်းဟာ သတင်းမီဒီယာ ကျင့်ဝတ်ကို လေးစားလိုက်နာပြီး အခက်အခဲမျိုးစုံနဲ့ အန္တရာယ်တွေကြားထဲကပဲ အညာဒေသတွင်း ဖြစ်ပွားနေတဲ့ လူ့အခွင့်အရေးချိုးဖောက်မှု၊ မတရားမှုတွေကို စုံစမ်းဖော်ထုတ်လျှက် ရှိပါတယ်။ နိုင်ငံတကာ အထောက်အပံ့တွေ လျော့နည်းလာတာနဲ့ ဝင်ငွေရဖို့ ပိုမို ခက်ခဲလာတာက ကျွန်ုပ်တို့သတင်းခန်း ဆက်လက် ရှင်သန် ရပ်တည်နိုင်ရေးကို ခြိမ်းခြောက်လာပါတယ်။ “ MFP” ကို ထောက်ပံ့ကူညီခြင်းဟာ အညာဒေသတွင်း သတင်းမှန်စီးဆင်းရေးနဲ့ လွတ်လပ်စွာပြောဆိုခွင့်ကို တိုက်ရိုက် ကူညီရာလည်း ရောက်ပါတယ်။ “ MFP ကို ကူညီပံ့ပိုးပေးပါ။” အညာဒေသရဲ့ အသံတွေ ပိုမိုကျယ်လောင်ဖို့၊ အညာကို ပိုမို နားလည်နိုင်စေဖို့ ကျွန်ုပ်တို့ အမြဲကြိုးစားနေပါတယ်။ - [အညာဒေသရဲ့ အသံတွေ ပိုမို ကြားသိရဖို့ သင့်ရဲ့အကူအညီက အရေးကြီးပါတယ်](https://mfp-mm.com/the-true-voice-of-anyar/): MFP (Mandalay Free Press) ဟာ နွေဦးတော်လှန်ရေးကာလတလျှောက် မြန်မာပြည် အလယ်ပိုင်း၊ အညာဒေသ ဟိုး အောက်ခြေတွင်းနက်ထဲက ဖိနှိပ်ခံပြည်သူတွေရဲ့ အသံကို အစဉ်တစိုက် ဖော်ပြနေတဲ့ သတင်းဌာန ဖြစ်ပါတယ်။ အညာသူ၊ အညာသား သတင်းသမားတွေ ပါဝင်ဖွဲ့စည်းထားတဲ့ ကျွန်ုပ်တို့ သတင်းခန်းဟာ သတင်းမီဒီယာ ကျင့်ဝတ်ကို လေးစားလိုက်နာပြီး အခက်အခဲမျိုးစုံနဲ့ အန္တရာယ်တွေကြားထဲကပဲ အညာဒေသတွင်း ဖြစ်ပွားနေတဲ့ လူ့အခွင့်အရေးချိုးဖောက်မှု၊ မတရားမှုတွေကို စုံစမ်းဖော်ထုတ်လျှက် ရှိပါတယ်။ နိုင်ငံတကာ အထောက်အပံ့တွေ လျော့နည်းလာတာနဲ့ ဝင်ငွေရဖို့ ပိုမို ခက်ခဲလာတာက ကျွန်ုပ်တို့သတင်းခန်း ဆက်လက် ရှင်သန် ရပ်တည်နိုင်ရေးကို ခြိမ်းခြောက်လာပါတယ်။ “ MFP” ကို ထောက်ပံ့ကူညီခြင်းဟာ အညာဒေသတွင်း သတင်းမှန်စီးဆင်းရေးနဲ့ လွတ်လပ်စွာပြောဆိုခွင့်ကို တိုက်ရိုက် ကူညီရာလည်း ရောက်ပါတယ်။ “ MFP ကို ကူညီပံ့ပိုးပေးပါ။” အညာဒေသရဲ့ အသံတွေ ပိုမိုကျယ်လောင်ဖို့၊ အညာကို ပိုမို နားလည်နိုင်စေဖို့ ကျွန်ုပ်တို့ အမြဲကြိုးစားနေပါတယ်။ - [Home](https://mfp-mm.com/) [comment]: # (Generated by Hostinger Tools Plugin)