အညာဒေသရဲ့ အသံတွေ ပိုမို ကြားသိရဖို့ “ သင့်ရဲ့အကူအညီက အရေးကြီးပါတယ် ”
MFP (Mandalay Free Press) ဟာ နွေဦးတော်လှန်ရေးကာလတလျှောက် မြန်မာပြည် အလယ်ပိုင်း၊ အညာဒေသ ဟိုး အောက်ခြေတွင်းနက်ထဲက ဖိနှိပ်ခံပြည်သူတွေရဲ့ အသံကို အစဉ်တစိုက် ဖော်ပြနေတဲ့ သတင်းဌာန ဖြစ်ပါတယ်။
အညာသူ၊ အညာသား သတင်းသမားတွေ ပါဝင်ဖွဲ့စည်းထားတဲ့ ကျွန်ုပ်တို့ သတင်းခန်းဟာ သတင်းမီဒီယာ ကျင့်ဝတ်ကို လေးစားလိုက်နာပြီး အခက်အခဲမျိုးစုံနဲ့ အန္တရာယ်တွေကြားထဲကပဲ အညာဒေသတွင်း ဖြစ်ပွားနေတဲ့ လူ့အခွင့်အရေးချိုးဖောက်မှု၊ မတရားမှုတွေကို စုံစမ်းဖော်ထုတ်လျှက် ရှိပါတယ်။
နိုင်ငံတကာ အထောက်အပံ့တွေ လျော့နည်းလာတာနဲ့ ဝင်ငွေရဖို့ ပိုမို ခက်ခဲလာတာက ကျွန်ုပ်တို့သတင်းခန်း ဆက်လက် ရှင်သန် ရပ်တည်နိုင်ရေးကို ခြိမ်းခြောက်လာပါတယ်။
“ MFP” ကို ထောက်ပံ့ကူညီခြင်းဟာ အညာဒေသတွင်း သတင်းမှန်စီးဆင်းရေးနဲ့ လွတ်လပ်စွာပြောဆိုခွင့်ကို တိုက်ရိုက် ကူညီရာလည်း ရောက်ပါတယ်။
“ MFP ကို ကူညီပံ့ပိုးပေးပါ။”
အညာဒေသရဲ့ အသံတွေ ပိုမိုကျယ်လောင်ဖို့၊ အညာကို ပိုမို နားလည်နိုင်စေဖို့ ကျွန်ုပ်တို့ အမြဲကြိုးစားနေပါတယ်။