အီသာရမ်/MFP ၊အောက်တိုဘာ-၄
ပေါက်မြို့နယ်ကို စစ်အုပ်စုက ဂျိုင်ရိုကော်ပတာတွေ နဲ့ ဗုံးကြဲတိုက်ခိုက်သွားပြီး ပေါက်နယ်နဲ့ မြိုင်နယ်ကို စစ်အုပ်စုက လေကြောင်းကနေ ဆက်တိုက်ဗုံးကြဲတိုက်ခိုက်နေတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက MFP ကိုပြောပါတယ်။
အောက်တိုဘာလ ၃ ရက်နေ့ က ပေါက်မြို့နယ် အနောက်မြောက်ခြမ်း ထီးလင်းနယ် အစပ်တစ်နေရာကို စစ်အုပ်စု အနောက်မြောက်တိုင်းစစ်ဌာနချုပ်-နမခ ကနေ မိုင် ၅၀ ခန့် အကွာအဝေးမှာရှိတဲ့ ပေါက်မြို့နယ်ထဲထိ ပျံသန်းလာကာ ဗုံးကြဲတိုက်ခိုက်တာဖြစ်ပြီး ထိခိုက်မှုအခြေအနေကိုတော့ အသေးစိတ်မသိရသေးဘူးလို့ ပေါက် ဒေသခံတစ်ဦးက ပြောပါတယ်။
“ပေါက်အနောက်ဘက် ပုံတောင် ဘက်ကို ချသွားတယ်။ မုံရွာ နမခ ကနေ ကျွန်တော်တို့ဆီထိ ပေါက်တို့ မြိုင်တို့ ထိမှီတယ်ဗျ၊ ဟုတ်တယ် ကျွန်တော်တို့ဆီကို စသုံးပြီ။ နှစ်စင်းလာတာဗျ၊ အခုလည်း ပုလဲဘက်ကနေ ဖြတ်ပြီး သုံးစင်းတတ်လာတယ်”
စစ်အုပ်အခြေစိုက်ထားတဲ့ မုံရွာနမခ ကနေ အောက်တိုဘာလ ၄ ရက်နေ့ ဒီနေ့ မနက်မှာလည်း ဂျိုင်ရိုကော်ပတာသုံးစင်း တတ်လာပြီး မြိုင်နယ် ပေါက်နယ်တို့ကို ဦးတည်ပျံသန်းလာတယ်လို့ ဆိုပါတယ်။
စစ်အုပ်စုက မြိုင်နယ်နဲ့ပေါက်နယ်တို့ကို လေကြောင်းကနေ ဆက်တိုက်ဗုံးကြဲနေပြီး အောက်တိုဘာလ ၃ ရက်နေ့ မနေ့ကလည်း မြိုင်မြို့နယ်အနောက်မြောက်ခြမ်းကို စက်တပ်လေထီးတွေ နဲ့ဗုံးကြဲတိုက်ခိုက်လို့ နေအိမ်အဆောက်အဦးတွေ ပျက်စီးခဲ့ပါတယ်။
မြိုင်မြို့နယ် ကျောက်ခွက်ကျေးရွာအနီးကို ပါရာမော်တာနဲ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာကြောင့် ပြည်သူတစ်ဦးထိခိုက်ဒဏ်ရာရပြီး အဆောက်အဦးအနည်းငယ်ပျက်စီးတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
စစ်အုပ်စုက မြိုင်နယ်နဲ့ပေါက်နယ်တို့ကို အနောက်မြောက်တိုင်းစစ်ဌာနချုပ်-နမခက က ဂျိုင်ရိုကော်ပတာ တွေ စတင်အသုံးပြုတိုက်ခိုက်နေတာဖြစ်ပြီး တော်လှန်ရေးတပ်တွေဘက်က ပြည်သူတွေ လေကြောင်းအန္တရယ် သတိထားနေထိုင်ကြဖို့ တိုက်တွန်းထားပါတယ်။
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။



