မကွေးသတင်း

မြိုင်နယ်အခြေစိုက် အညာမြေတပ်ပေါင်းစုထံဒေသကာကွယ်ရေးအဖွဲ့နှစ်ဖွဲ့ ထပ်မံ‌ပူးပေါင်းကာ ထိရောက်တဲ့ စစ်ဆင်ရေးတွေ ဖောင်ဆောင်မယ်ဟုဆို

အီသာရမ်/MFP ၊ ဒီဇင်ဘာ-၃

မကွေးတိုင်း၊ မြိုင်မြို့နယ်အခြေစိုက် ဒေသကာကွယ်ရေးအဖွဲ့ငါးဖွဲ့ ပူးပေါင်းထားတဲ့ အညာမြေတပ်ပေါင်းစုနဲ့ဒေသကာကွယ်ရေးအဖွဲ့နှစ်ဖွဲ့တို့ ထပ်မံပူးပေါင်းကာ ထိရောက်တဲ့ စစ်ရေးဖော်ဆောင်တာတွေ ပိုမို‌လုပ်ဆောင်သွားမယ်လို့ အညာမြေတပ်ပေါင်းစု ပြန်ကြားရေးတာဝန်ခံက MFP ကို ပြောပါတယ်။

ဒီဇင်ဘာလ ၂ ရက်နေ့က ပခုက္ကူခရိုင် အခြေစိုက်တဲ့ God of Myaing တပ်ဖွဲ့နဲ့ Eagle Fighter အဖွဲ့တို့က အညာမြေတပ်ပေါင်းစုနဲ့ တပ်ပေါင်းစုတစ်ခုတည်း ပူးပေါင်းခဲ့တာဖြစ်ပြီး တော်လှန်ရေးအဖွဲ့အချင်းချင်းကြားမှာ ပိုမိုညီညွတ်ကာ ပိုမိုထိရောက်တဲ့ စစ်ရေးဖော်ဆောင်တာတွေ လုပ်ဆောင်ဖို့အတွက်ဖြစ်တယ်လို့ အညာမြေတပ်ပေါင်းစုပြန်ကြားရေးတာဝန်ခံ ကိုဘိုဘိုသန့်ဇင်က MFP ကို ပြောပါတယ်။

“နံပတ်တစ်ကတော့ ပိုပြီးထိရောက်တဲ့ စစ်ရေးမစ်ရှင်တွေလုပ်ဆောင်ဖို့ပါ၊ကျွန်တော်တို့ ဒီတော်လှန်ရေးမှာ ဒီ‌လိုအပြန်အလှန်ပေါင်းစည်းပြီး အပြန်အလှန်ထိန်းကျောင်းရင်း  ဖက်ဒရယ်ကို အရောက်သွားနိုင်ဖို့ဆိုတဲ့ ရည်မှန်းချက်နဲ့ ခူလိုပေါင်းစည်းကြတာပါ။ ရည်မှန်းထားတဲ့အတိုင်းလည်း ကျွန်တော်တို့ ရိုးသားစွာ၊ညီညွတ်စွာနဲ့ သွားကြမယ်လို့ ခိုင်ခိုင်မာမာဆုံးဖြတ်ထားကြပါတယ်” 

တပ်ပေါင်းစု ရည်မှန်းချက်အနေနဲ့ အချက်လေးချက် မျှော်မှန်းထားပြီး ရန်သူစစ်အုပ်စုကို ညီညီညွတ်ညွတ်‌ တုန့်ပြန်နိုင်ဖို့နဲ့ တော်လှန်ရေးတပ်တွေအချင်းချင်း ညီညွတ်ပြီး သဘောထားကွဲလွဲမှုတွေ ပျောက်ကင်းဖို့အတွက်လည်း ပါရှိတယ်လို့ဆိုပါတယ်။

မဟာမိတ်ဖွဲ့စည်းကြောင်း ထုတ်ပြန်ချက်မှာ သဘောထားကြေညာချက်တွေကို အချက်အလက်တွေကို တပ်ဖွဲ့ ခုနစ်နှစ်ဖွဲ့က လက်မှတ်ထိုးခဲ့ကြတာဖြစ်ပါတယ်။ ဒါ့အပြင် ထုတ်ပြန် ကြေညာချက်မှာ အချက်ခြောက်ချက် ပါဝင်ပြီး‌ စစ်ရေးအရှိန်တွေ ပိုမိုမြင့်တင်ဖို့နဲ့ ရဲဘော်တွေ စောင့်သိရမဲ့ သစ္စာအဓိဌာန်တွေလည်း ပါဝင်တယ်လို့ ဆိုပါတယ်။

အညာမြေတပ်ပေါင်းစုကို ပြီးခဲ့တဲ့၂၀၂၄ ခုနှစ် ဇွန်လပိုင်းက M.U.G.D.F,၊ဇာမဏီပြောက်ကြားတပ်ဖွဲ့၊JAMESBOND,၊TSDNGFနဲ့ ဒို့ညီနောင်ပြောက်ကြားတပ်ဖွဲ့ တို့ပူးပေါင်းကာ တပ်ပေါင်းစုအနေနဲ့ စုစည်းဖွဲ့စည်း ထားတာဖြစ်တယ်လို့ ဆိုပါတယ်။

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။

Related Articles

Back to top button