စစ်ကိုင်းသတင်း

ဒီပဲယင်းနယ် အင်ဘုတ်ကျေးရွာကို တစ်နေ့ထဲ စစ်အုပ်စုနှစ်ကြိမ်ဗုဲးကြဲ၊

နွေဦး/MFP ၊ ဒီဇင်ဘာ-၁၃

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ် အင်ဘုတ်ကျေးရွာကို စစ်အုပ်စုပ်တပ်က ဒီနေ့နေ့လယ် ၁၂နာရီ ၄၆မိနစ်မှာ ဂျက်ဖိုက်တာနဲ့တစ်ကြိမ် ၁ နာရီ ၈မိနစ်မှာပါရာမော်တာနဲ့တစ်ကြိမ် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ အဲဒီအခြေအနေတွေကိုသိသူတွေက ပြောပါတယ်။

အင်ဘုတ်ရွာဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်ကနေ လက်ရှိအချိန်အထိ စစ်အုပ်စုတပ်တွေ ဆယ်ကြိမ်ထက်မနည်း နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့ပါတယ်။
ဗုံးကြဲတိုက်ခိုက်မှုမှာ ဒေသခံတွေ ဒဏ်ရာရသေဆုံးတာမျိုး မရှိပေမဲ့ လေကြောင်းအန္တရာယ်ကို စိုးရိမ်တာကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးဖို့ ပြင်ဆင်နေကြတယ်လို့ ပြောပါတယ်။

“နောက်ထပ်လာမှာ စိုးရိမ်ကြတော့ ပြောင်းရွှေ့နေကြတယ်တဲ့ အကုန်လုံးမပြန်ရဲကြတော့ဘူး”

ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၅ ရက်က ဒီပဲယင်းမြို့နယ်အရှေ့ခြမ်း မရကန်ကျေးရွာကို စစ်အုပ်စုက လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခံရတာကြောင့် သေဆုံးသူ ၂၁ ဦးနဲ့ ထိခိုက် ဒဏ်ရာရသူ ၃၀ ဦးထိရှိခဲ့ပါတယ်။

စစ်အုပ်စုက လေကြောင်းကနေ ပြည်သူတွေနေထိုင်တဲ့ ကျေးရွာတွေကို ရည်ရွယ်ချက်ရှိရှိ ဗုံးကြဲပစ်ခတ်တိုက်ခိုက်သတ်ဖြတ်‌တာတွေ ဆက်တိုက်ပြုလုပ်နေတာကြောင့် ပြည်သူတွေအနေနဲ့ လေကြောင်းအန္တရာယ်အထူးဂရုစိုက်ဖို့နဲ့ လူစုလူဝေးတွေ မလုပ်ကြဖို့ သတိပေးထုတ်ပြန်ထားပါတယ်။

အကြမ်းဖက် မင်းအောင်လှိုင် သစ္စာခံစစ်အုပ်စုဟာ ဒီပဲယင်းနယ်အပါအဝင် စစ်ကိုင်း၊ ရွှေဘို၊ ယင်းမာပင်ခရိုင်ထဲက ကျေးရွာတွေနဲ့ နိုင်ငံဝန်းကို နေ့စဉ် ထင်တိုင်းကျဲ ဗုံးကြဲသတ်ဖြတ်နေတာ ဖြစ်ပါတယ်။

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။

Related Articles

Back to top button