လူနာတချို့ကို အချိန်မှီရွှေ့ပြောင်းထားတာကြောင့် ဒဏ်ရာရတာမရှိဘဲ ဆေးရုံအဆောက်အဦးတွေသာ ပျက်စ
နန်းယု/MFP၊ ဒီဇင်ဘာ – ၁၈
စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်က တမာတောရွာမှာရှိတဲ့ တိုက်နယ်ဆေးရုံကို စစ်အုပ်စုတပ်က ဒီဇင်ဘာ ၁၇ရက် ညပိုင်းမှာ ပေါင်ငါးရာဗုံးနှစ်လုံး ကြဲချခဲ့တာကြောင့် ဆေးရုံအဆောင်လေးဆောင်နဲ့ ဆေးဝါးပစ္စည်းတွေ ထိခိုက်ပျက်စီးသွားတယ်လို့ ရေဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က MFPကို အတည်ပြု ပြောပါတယ်။
လေကြောင်းတိုက်ခိုက်မှု ခံရချိန်မှာ တိုက်နယ်ဆေးရုံ တက်ရောက်ကုသနေတဲ့ လူနာတချို့ရှိပေမဲ့ သူတို့ကို လွတ်ကင်းရာနေရာကို အချိန်မှီ ရွှေ့ပြောင်းထားတာကြောင့် ထိခိုက်ဒဏ်ရာရတာမျိုးမရှိဘူးလို့ ဆိုပါတယ်။
စစ်အုပ်စုရဲ့ မိတ္ထီလာအခြေစိုက် ရှမ်းတဲလေတပ်ကနေ ဂျက်ဖိုက်တာနဲ့ ပေါင်ငါးရာ ဗုံးနှစ်လုံးနဲ့ တိုက်ပွဲဖြစ်ပွားနေတာမရှိတဲ့ တိုက်နယ်ဆေးရုံအနီးကို ဗုံးကြဲချခဲ့တာလို့ ရေဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
“ ယမန်နေ့ည ၁၀ နာရီ ၁၅ မိနစ်မှာ မိတ္ထီလာတက် ဂျက်ဖိုက်နဲ့ ပေါင် ၅၀၀ နှစ်လုံးချပီးတိုက်ခိုက်ခံရတာပါ။ အဆောင်လေးခုပျက်စီးခဲ့ပြီး ဆေးဝါးပစ္စည်းတွေ အနည်းငယ်ပျက်စီးဆုံးရှုံးခဲ့ပါတယ်။ ရဲဘော်တစ်ယောက် ပြည်သူတစ်ယောက် ဆေးရုံမှာ ရှိပါတယ်။ လူထိခိုက်မှုကတော့ မရှိခဲ့ပါဘူး။ ရေဦးမြို့နယ်မှာ စစ်ကြောင်းထိုးတာမျိုးမရှိပါဘူး။ မြို့အခြေတွေကို စစ်ကြောင်းဖွက်သလိုမျိုး ဟန်ရေးပြတာတော့ရှိပါတယ်“
၂၀၁၄ သန်းခေါင်စာရင်းအရ ရေဦးမြို့နယ်မှာ လူဦးနေ တစ်သိန်းခွဲကျော် နေထိုင်ပြီး မြို့ပေးရပ်ကွက် ခြောက်ခုနဲ့ ကျေးရွာအုပ်စု ၆၂ အုပ်စုနဲ့ ကျေးရွာပေါင်း ၁၆၀ ရှိတဲ့အထဲက ရွာပေါင်း ၆၀ ကျော်မှာ စစ်
အုပ်စုက ရွေးကောက်ပွဲ ကျင်းပဖို့ ပြင်ဆင်နေတာ ဖြစ်ပါတယ်။ ရွေးကောက်ပွဲ နီးလာတာနဲ့အမျှ တိုက်ပွဲဖြစ်ပွားနေတာမရှိတဲ့ ရေဦးနယ်က ကျေးရွာတွေကို လေကြောင်းတိုက်ခိုက်မှုတွေ ပိုတိုးလုပ်လာတယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၆ ရက်နဲ့ ၁၇ ရက်နေ့ကလည်း တန့်ဆည်နဲ့ ရေဦးမြို့နယ်အနောက်ခြမ်းကြားက ရွာတွေကို ဂျက်ဖိုက်တာ၊ ဂျိုင်ရိုကော်ပတာတွေနဲ့ လေကြောင်းတိုက်ခိုက်မှု ၁၀ ကြိမ်ထက်မနည်း ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။



