သတင်း

ဟားခါးက စစ်အုပ်စုတပ်ရဲ့ခလရ-၂၆၆ ဗျူဟာကုန်းစခန်းနဲ့ ဆက်သွယ်ရေးစခန်းတို့ကို တော်လှန်ရေးတပ်တွေ စီးနင်းတိုက်ခိုက်

ရွှေဥ /MFP ၊ ဒီဇင်ဘာ-၂၆

ချင်းပြည်နယ် ဟားခါးမြို့မှာ ဒီဇင်ဘာ ၂၆ ရက် ဒီနေ့ မနက်ပိုင်းကစပြီး စစ်အုပ်စုတပ်ရဲ့ခြေလျင်တပ်ရင်းဖြစ်တဲ့ ခလရ-၂၆၆ စခန်းနဲ စစ်အုပ်စု ဆက်သွယ်ရေးနဲ့ ရုပ်မြင်သံကြား ထုတ်

လွှင့်တဲ့ စခန်းနှစ်ခုကို CDF-ဟားခါး တပ်ဖွဲ့ဝင်တွေက စီးနင်းတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

CDF_ ဟားခါး ဦးဆောင်တဲ့ တပ်ဖွဲ့ဝင်တွေနဲ့ မဟာမိတ်တပ်ပေါင်းစုတွေက ဒီနေ့မနက် ၆ နာရီကျော်မှာ ဝမ္မတူး‌မောင် ဘောလုံးကွင်းအထက် ဟားခါး – ဂန့်ဂေါလမ်းမဘေးမှာ ရှိတဲ့ 

စစ်အုပ်စု ဗျူဟာကုန်း ခလရ-၂၆၆ စခန်းနဲ စစ်အုပ်စု ဆက်သွယ်ရေး ၊ရုပ်မြင်သံကြား ထုတ်လွင့်ရာ  စခန်းနှစ်ခုကို စီးနင်းတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

လတ်တလောမှာတော့ စစ်အုပ်စုတပ်က လေကြောင်းစစ်ကူပေးတဲ့ အနေနဲ့ ဂျက်ဖိုက်တာ၊Y-12 စတဲ့ လေယာဉ်တွေနဲ့ ဗုံးတွေကြဲချနေပြီး မြေပြင်မှာလည်း တိုက်ပွဲပြင်းထန်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။

“ရုပ်မြင်သံကြား စခန်းကိုတော့ ရပြီကြားတယ်။ ဝမ္မတူးမောင် ဘောလုံးကွင်း အထက်က ရုန်းတောင်မှာတိုက်ပွဲ ဖြစ်နေတယ်၊ရုန်းတောင်ကတော့(ခလရ ) ၂၆၆  ရှိတဲ့နေရာ၊အဲ့ဒီနေရာက တော့ အခုထိပစ်နေကြတုန်း “

စစ်အုပ်စုတပ်ဘက်ကကလည်း စစ်စခန်းတွေ လက်မလွှတ်ရဖို့အတွက် လေကြောင်းပစ်ကူအပါအဝင် လက်နက်ကြီးတွေပါ အဆက်မပြတ်ပစ်ခတ်ပြီး အပြင်းအထန်ခုခံနေတယ်လို့ ဆိုပါတယ်။

ဟားခါးမြို့နယ်အတွင်းမှာတော့ တော်လှန်ရေးတပ်တွေက စစ်အုပ်စုပြုလုပ်မဲ့ အတုအယောင် ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ကြမဲ့ နိုင်ငံရေးပါတီ ကိုယ်စားပြုကိုယ်စားလှယ်

လောင်းတွေရဲ့ ပိုင်ဆိုင်မှုတွေကို ပြည်သူပိုင်အဖြစ် ဒီဇင်ဘာ ၂၄ရက်က သိမ်းဆည်းပြီးနောက် ဒီနေ့အထိ တိုက်ပွဲတွေ ဆက်ရှိနေတာဖြစ်ပါတယ်။

ချင်းပြည်နယ်မှာတော့ ဟားခါး၊ထန်တလန်၊တီးတိန် ၊ခိုင်ကမ်းမြို့နဲ့တော်လှန်ရေးအင်အားစု သိမ်းပိုက်ထားတဲ့ ‌ဝေဘူလမြို့အပါအဝင် မြို့ငါးမြို့ကို စစ်အုပ်စုက ပြန်လည်

ထိန်းချုပ်ထားပြီး မြို့တော်ဟာခါးနဲ့ တီးတိန်မြို့နယ်မှာ ရွေးကောက်ပွဲ အပိုင်း-၁ ကျင်းပဖို့ ပြင်ဆင်နေတာ ဖြစ်ပါတယ်။

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။

Related Articles

Back to top button