စစ်ကိုင်းသတင်း

ကလေးနယ်တိုက်ပွဲမှာ CDF -KKG တပ်စုမှူးအပါအဝင် ရဲဘော် ၁၁ ဦးနဲ့ ရဲမေတစ်ဦး ကျဆုံး

ရွှေဥ/MFP၊ ဇန်နဝါရီ – ၁၅

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်အတွင်းမှာ ပြီးခဲ့တဲ့ ၂၀၂၅ခုနှစ် အောက်တိုဘာလကနေ အခုနှစ် ဇန်နဝါရီလအထိ လေးလတာဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေအတွင်း CDF -KKG တပ်စုမှူးအပါအဝင်  ရဲဘော် ၁၁ဦးနဲ့ ရဲမေတစ်ဦးကျဆုံးခဲ့တယ်လို့ Chinland Defense Force, Kalay-Kabaw-Gangaw တပ်ဖွဲ့က ဇန်နဝါရီ ၁၅ရက် ဒီနေ့ မှာ ထုတ်ပြန်ပါတယ်။

ကျဆုံး ရဲဘော်တွေအနေနဲ့  CDF -KKG တပ်ရင်းမှာ တပ်စုမှူးရာထူးနဲ့ တာဝန်ထမ်းဆောင်နေတဲ့ Pu lian Khem၊ ရဲဘော်ရာထူးနဲ့ တာဝန်ထမ်းဆောင်နေကြတဲ့ ရဲဘော် Bawi Tuah Kim ၊ရဲဘော်ဖြိုးကိုအောင်၊ ရဲဘော်မင်းကို၊ ရဲဘော် -Pum luah cin (OR)Pum lua၊ ရဲဘော် မောင်အေး (ခ) ရဲမာန်၊ ရဲဘော် Bi Za Ting၊ ရဲဘော်ဇေယျာမျိုး၊ ရဲဘော်ကြယ်စင်ကျော်၊ ရဲဘော်ရန်

လင်းအောင်၊ ရဲဘော်ရှိုင်းထက်စိုး(ခ) ပိန်သေးနဲ့ ရဲမေ Dim Man Cing တို့  ၁၂ ဦး ဖြစ်ပါတယ်။

သူတို့တွေဟာ  CDF -KKG မှာ တပ်ရင်း ခုနစ်ရင်းရှိတဲ့အထဲက တပ်ရင်း (၇) ၊တပ်ရင်း (၄)  ၊တပ်ရင်း (၂) ၊တပ်ရင်း (၃) ၊တပ်ရင်း (၁) ၊တပ်ရင်း (၅) တို့မှာ တာဝန်ထမ်းဆောင်ကြသူတွေ ဖြစ်ပြီး မှန်တော၊ အောင်သာယာ၊ လက်ပံချောင်း၊ အနောက်တောလေးရွာစတဲ့ တိုက်ပွဲတွေမှာ ကျဆုံးခဲ့ကြတာ ဖြစ်ပါတယ်။

CDF -KKG တာဝန်ရှိသူ တစ်ဦးကတော့ “နောက်ဆုံးတိုက်ပွဲမှာတော့ ၄ ဦးကျပါတယ်။ စစ်ကိုင်းတိုင်း ၊ကလေးမြို့နယ်ပါ၊ ချင်းပြည်နယ်မပါပါဘူး” လို့ပြောပါတယ်။

အာဏာသိမ်း ငါးနှစ်တာ ကာလအတွင်းမှာ စစ်အုပ်စုနဲ့ တော်လှန်ရေးအင်အားစုတွေဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်းChinland Defense Force, Kalay-Kabaw-Gangaw တပ်ဖွဲ့ဝင်  ၇၀ ဦးအထိ ကျဆုံးခဲ့တယ်လို့ CDF -KKG တာဝန်ရှိသူတွေက ဆိုပါတယ်။

လက်တလောမှာတော့ ကလေးမြို့နယ်အတွင်းမှာ နှစ်ဖက်တိုက်ပွဲ အနည်းငယ်ငြိမ်သက်နေပြီး စစ်ရေးအခြေအနေအရ အပြန်အလှန်စောင်ကြည့်နေတယ်လို့လည်း ဆိုကြပါတယ်။

ဓာတ်ပုံ – CDF -KKG 

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။ 

Related Articles

Back to top button