ဆောင်းနွေဦး/MFP၊ ဇန်နဝါရီ – ၂၆
စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့ပေါ်မှာ အင်အားတစ်ရာကျော်နဲ့ အထိုင်ချတပ်စွဲထားတု့ စစ်အုပ်စုတပ်ကို ဇန်နဝါရီလ ၂၅ ရက်က တိုက်ခိုက်ရာမှာ စစ်အုပ်စုတပ်သား လေးဦးသေဆုံးခဲ့တယ်လို့ Royal Tiger Force ပြောက်ကျားတပ်ဖွဲ့က ဒီနေ့ထုတ်ပြန်ပါတယ်။
ဆားလင်းကြီးမြို့ပေါ်မှာ စစ်အုပ်စုတပ် ဦးဆောင်ပြုလုပ်နေတဲ့ ရွေးကောက်ပွဲကျင်းပနေချိန်မှာ သွားရောက်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
စစ်အုပ်စုတပ်စွဲထားတဲ့ နေရာအနီးကို ဒရုန်း၊ လက်နက်ကြီးလက်နက်ငယ်တွေနဲ့ ပစ်ခတ်ခဲ့တာဖြစ်သလို တိုက်ပွဲအတွင်းမှာ စစ်အုပ်စုတစ်ဦး မျက်မြင်သေဆုံးခဲ့ပြီး နောက်ထပ်သုံဦးကတော့ ထပ်မံသေဆုံးသွားတာလို့ ဖော်ပြပါတယ်။
ဒီတိုက်ခိုက်မှုကို Royal Tiger Forceပြောက်ကျားတပ်ဖွဲ့၊ ဆားလင်းကြီးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖလက်ရုံးတပ်)၊ ဆားလင်းကြီးမြို့နယ်-ပလဖ၊ CDFချင်းတွင်းကာကွယ်ရေးအဖွဲ့၊ မျိုးဆက်သစ်လူငယ်S.P.D.F၊ Soloအောင်ကြီး၊ SRA၊ ချင်းတွင်းဒိုင်းနမိုက်ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ BEDငညို ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေအပြင် မဟာမိတ်တပ်တွေက ပူးပေ့င်းတိုက်ခိုက်ခဲ့တာ ဖြစ်ပြီး တော်လှန်ရေးတပ်ဖွဲ့တွေဘက်က အထိအခိုက်မရှိဘဲ ဆုတ်ခွာနိုင်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဆိုထားပါတယ်။
ဓာတ်ပုံ- Royal Tiger Force ပြောက်ကျားတပ်ဖွဲ့၊
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။
#Mandalay_Free_Press_MFP
#အညာ #စစ်ကိုင်း #မန္တလေး #မကွေး



