သတင်း

တီးတိန်မြို့နယ်က အမျိုးသားတစ်ဦး မြေမြှုပ်မိုင်းနင်းမိတာကြောင့်ခြေထောက်တစ်ဖက်ဖြတ်တောက်ရ၊

ကိုသူ /MFP၊ ဇန်နဝါရီ – ၂၉

ချင်းပြည်နယ် ၊တီးတိန်မြို့နယ် ဖလမ်း-တီးတိန် ကားလမ်းမကြီးဘေးမှာတည်ရှိတဲ့ ဆွောင်းပီရွာသစ်မှာ ပြီးခဲ့တဲ့ဇန်နဝါရီ ၂၃ရက်နေ့မှာ စစ်ဘေးရှောင်ရင်း နေရပ်ပြန်ရာကနေ အမျိုးသားတစ်ဦး မိုင်းနင်းမိတာကြောင့် ခြေထောက်တစ်ဖက် ဖြတ်တောက်လိုက်ရတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။

ဆွောင်းပီရွာသစ်မှာ အိမ်ခြေနှစ်ဆယ် လူဦးရေ ငါးဆယ်ကျော်နေထိုင်ပြီး မိုင်းနင်းမိသူကတော့ အသက် ၃၈နှစ်အရွယ် ခွန်း(င့်)သျင့်မန်းဖြစ်ပြီး စစ်ဘေးရှောင်ရာကနေ နေအိမ်ကို ပြ
န်ကြည့်ရာမှ မိုင်းနင်းမိတာ ဖြစ်တယ်လို့ ဒေသခံသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။

“ဘယ်ဖက်ခြေထောက်က ဖြတ်လိုက်ရတယ်။ လက်လဲထိတယ်။ မိုင်းကတော့ ဘယ်သူထောင်တာမသိဘူး။ စစ်တပ်ထွက်သွားပြီးမှာ အိမ်ကို ပြန်တဲ့အချိန်မှာ ထိတာ “

မိုင်းပေါက်ကွဲမှုနဲ့ပတ်သက်လို့ ဘယ်အဖွဲ့အစည်းက လုပ်ဆောင်တယ်ဆိုတာကိုတော့ MFPအနေနဲ့ သီးခြားအတည်မပြု နိုင်သေးပါဘူး။

ပြီးခဲ့တဲ့၂၀၂၅ခုနှစ် ဒီဇင်ဘာလ ၈ ရက်ကလည်း ဘွားလ်ခွါးကျေးရွာမှာ စစ်အုပ်စုထောင်ထားတဲ့ မြေမြုပ်မှိုင်းနင်းမိတာကြောင့် အသက် (၂၃) နှစ် ဦးကျော်စိုးလင် သေဆုံးခဲ့သလို လေးဦး ဒဏ်ရာ ရရှိခဲ့ပါတယ်။ အလားတူ ဒီဇင်ဘာ (၂) ရက်နေ့ကလည်း တီးတိန်မြို့နယ်က အမျိုးသားနှစ်ဦး စစ်အုပ်စုထောင်ထားတဲ့ မိုင်းနင်းမိပြီးနောက် အသက် သေဆုံးခဲ့ရပါတယ်။
မြန်မာနိုင်ငံမှာ ၂၀၂၄ ဇန်နဝါရီကနေ စက်တင်ဘာလအထိ မြေမြှုပ်မိုင်းနဲ့ စစ်ကျန်လက်နက်ပေါက်ကွဲမှု ဖြစ်ရပ် ၅၃၇ ခုအတွင်း လူပေါင်း ၁၃၀ ခန့်သေဆုံးကာ ၇၅၉ ဦး ဒဏ်ရာရခဲ့တယ်လို့ ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့ (UNICEF)က ၂၀၂၄ ခုနှစ်မှာ အစီရင်ခံစာ ထုတ်ပြန်ထားပါတယ်။

Photo_ CJ
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။
#Mandalay_Free_Press_MFP
#အညာ #စစ်ကိုင်း #မန္တလေး #မကွေး

Related Articles

Back to top button