စစ်အာဏာသိမ်းမှု ငါးနှစ်ပြည့် ယင်းမာပင်နဲ့ ဆားလင်းကြီးမှာ လူထုလှုပ်ရှားမူ ပြုလုပ်၊
ဒေါ်လာ/MFP၊ ဖေဖေါ်ဝါရီ – ၁
အာဏာသိမ်းကာလ ငါးနှစ်ပြည့်ချိန် စစ်အာဏာရှင် တော်လှန်ရေး ပိုမို အရှိန်မြှင့်ကြဖို့ ယင်းမာပင်-ဆားလင်းကြီး ရွာပေါင်းစုံသပိတ်ကော်မတီ၊ ချင်းတွင်းမြစ်ကမ်းဘေး ကျေးရွာများ သပိတ်ကော်မတီ တို့က ယင်းမာပင်နဲ့ ဆားလင်းကြီးနယ်ထဲ လူထုလှုပ်ရှားမူတွေ ပြုလုပ်ခဲ့ကြတယ်လို့ သတင်းရရှိပါတယ်။
ယင်းမာပင်-ဆားလင်းကြီး ရွာပေါင်းစုံသပိတ်ကော်မတီနဲ့ ဒေသတွင်း သပိတ်အင်အားစုတချို့ ပူးပေါင်းကာ ယင်းမာပင်နယ်၊ ပုံသိမ် – မုံရွာလမ်းပိုင်း၊ မြောက်ယမားတံတားအနီးမှာ “တော်လှန်ဒီရေ မြင့်သစ်သို့” ဆိုတဲ့ စာသား ကိုင်ဆွဲကာ ချီတက်ခဲ့ကြပြီး တော်လှန်ရေး ငါးနှစ်အထိ ပါဝင်ခဲ့ကြတဲ့ ပြည်သူကို ဂုဏ်ပြုဦးညွတ်ကြောင်း ဖော်ပြခဲ့ကြပါတယ်။
ချင်းတွင်းမြစ်ကမ်းဘေး ကျေးရွာများ သပိတ်ကော်မတီကလည်း နွေဦးတော်လှန်ရေး ငါးနှစ်ပြည့် လူထုလှုပ်ရှားမှုအဖြစ် ဆားလင်းကြီးမြို့နယ် တနေရာမှာ ပြုလုပ်ခဲ့ပြီး စစ်ဘေးဒဏ်၊ လူမှုစီးပွားရေးဒဏ်၊ စားဝတ်နေရေး အခက်အခဲ အကြပ်အတည်းဒဏ်တွေကြားထဲ ကြံ့ကြံ့ခံကာ အာဏာရှင်စနစ်ကို တွန်းလှန်နေကြတဲ့ ပြည်သူလူထုကို လေးစားဂုဏ်ပြုဦးညွတ်ကြောင်းနဲ့ တော်လှန်ရေး အင်အားစုတွေ အနေနဲ့လည်း စည်းလုံးညီညွတ်စွာ၊ တပေါင်းတစည်းထဲ အာဏာရှင်စနစ် ပျက်သုဉ်းသည်အထိ တိုက်ပွဲဝင်ကြဖို့ရာ တိုက်တွန်းနှိုးဆော်ခဲ့တယ်လို့ ဆိုပါတယ်။
ဓာတ်ပုံ – ယင်းမာပင်-ဆားလင်းကြီး ရွာပေါင်းစုံသပိတ်ကော်မတီ၊ ချင်းတွင်းမြစ်ကမ်းဘေး ကျေးရွာများ သပိတ်ကော်မတီ၊
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။



