စစ်ကိုင်းသတင်းအညာမြေ တော်လှန်ရေး

ဝက်လက် သပိတ်ကော်မတီက ကျေးရွာ ၁၅ ရွာ လှည့်ကာ ဖျော်ဖြေရေးအစီအစဉ်တွေနဲ့ ဆန္ဒပြ၊

ဒေါ်လာ/MFP၊ ဖေဖေါ်ဝါရီ – ၁

စစ်အာဏာသိမ်းကာလ ငါးနှစ်အတွင်း စစ်အုပ်စုရဲ့ နည်းမျိုးစုံသုံး ဖိနှိပ်မှုတွေကြောင့် အ​ထွေ​ထွေ အကြပ်အတည်းတွေ ရင်ဆိုင်နေရကာ မောပန်းနေပြီဖြစ်တဲ့ ဒေသခံပြည်သူတွေ ​ခေတ္တ အမောပြေစေဖို့ ရည်ရွယ်ပြီး ဖျော်ဖြေရေးအစီစဥ်တွေနဲ့ လှည့်လည်ကပြဖျော်ဖြေကာ စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး ချီတက်ဆန္ဒပြခဲ့တယ်လို့ ဝက်လက်မြို့နယ် လူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီက သတင်းထုတ်ပြန်ပါတယ်။

ဝက်လက်မြို့နယ် လူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီ၊ ရွှေဘို​​မြို့နယ် သပိတ်အင်အားစုနဲ့ မုံရွာလူထု သပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီတို့ ပူးပေါင်းကာ ဝက်လက်မြို့နယ် အတွင်းရှိ ကျေးရွာ ၁၅ ရွာ လှည့်လည်ပြီး ဆန္ဒပြခဲ့တာလို့ ဆိုပါတယ်။

“အကြမ်းဖက်အာဏာသိမ်းထားသည်မှာ ငါးနှစ်ပြည့်ခဲ့ပြီ ဖြစ်ကြောင်း မမေ့လျော့စေရန် သပိတ်စစ်ကြောင်းနှင့်အတူ တော်လှန်ရေးကာလ ငါးနှစ်တာကြာလာသည်နှင့်အမျှ အ​ထွေ​ထွေ အကြပ်အတည်းများနှင့် မောပန်းနေပြီဖြစ်သော ပြည်သူအ​ပေါင်းကို ​ခေတ္တမျှ အမောပြေစေရန် ဖျော်ဖြေရေး အစီစဥ်များ​ဖြင့် လှည့်လည်ကပြ ဖျော်ဖြေခဲ့ပါသည်” လို့ ဝက်လက် သပိတ်ကော်မတီက ဖော်ပြပါတယ်။

ဓာတ်ပုံ – ဝက်လက်မြို့နယ် လူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီ

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။

#Mandalay_Free_Press_MFP

#အညာ #စစ်ကိုင်း #မန္တလေး #မကွေး

Related Articles

Back to top button