အီသာရမ်/MFP ၊အောက်တိုဘာ-၂၈
မကွေးတိုင်း၊ မင်းတုန်းနယ်မှာ စစ်အုပ်စုတပ်တွေ လိုက်ပါလာတဲ့ ကားတန်းကို အောက်တိုဘာလ ၂၈ ရက်နေ့ ဒီနေ့ နေ့လည် ၁ နာရီခန့်မှာ တော်လှန်ရေးတပ်တွေက အသင့်စောင့်ဆိုင်း မိုင်းဆွဲတိုက်ခိုက်ခဲ့တာကြောင့် စစ်အုပ်စုလေးဦးသေဆုံးကာ ကားတစ်စင်းနဲ့လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိတယ်လို့ သရက်ခရိုင် အမှတ်-၄ တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။
မင်းတုန်းမြို့နယ် ပုသိမ်မုံရွာလမ်းပိုင်းက မဲဇလီကျေးရွာနဲ့ ဝန်တွင်းကျေးရွာကြားမှာ တိုင်းရဲမှူးအဆင့်ပါလာတဲ့ စစ်အုပ်စုကားတန်းကို တော်လှန်ရေးတပ်တွေက မိုင်းဆွဲကာ ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် စစ်
အုပ်စုလေးဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရသူတွေ ရှိတယ်လို့ သရင်ခရိုင် အမှတ်-၄ တပ်ရင်းက ပြန်ကြားရေးတာဝန်ခံ ကိုမြတ်က ပြောပါတယ်။
“ကားလေးစီးလာရာမှာ မိုင်းဆွဲတယ် မိုင်းဆွဲပစ်ခတ်တယ်ပေါ့။ ပစ်ခတ်ပြီးတော့ မောင်းပြေးသွားတဲ့အခါမှာ နောက်ကနေ နယ်မြေရှင်းလင်းတဲ့အခါမှာ လမ်းပေါ်မှာ ထိုးရပ်ထားတဲ့ ကားတစ်စင်းနဲ့ မိုင်းထိမှန်ထားတဲ့ စစ်အသုံးအဆောင်ပစ္စည်းတွေ နဲ့ လက်နက််ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တာပါ။ ဦးထုပ်မှာ ကျည်ထိမှန်ထားတာတွေ သွေးစတွေ ကျည်ကာတွေ အိကွေ့မန့်တွေမှာ ထိမှန်ထားတာတွေ သွေးစတွေပေါ့နော်။ကျွန်တော်တို့ ရဲဘော်တွေ တိုက်ပွဲအတွင်းမှာ မျက်မြင်တွေ့လိုက်တာနဲ့ လေးဦးထပ်မနည်း ထိခိုက််ထိခိုက်နိုင်တယ်”
မင်းတုန်းမြို့အဝင်က စစ်အုပ်စုစစ်ဆေးရေးဂိတ်နဲ့ ခုနစ်မိုင်ခန့်အကွာမှာ ကားတန်းကို မိုင်းဆွဲတိုက်ခိူင်ခဲ့တာဖြစ်ပြီး ပျက်စီးသွားတဲ့ ကားတစ်စီးကိုတော့ မိုင်းထိမှန်တဲ့ နေရာမှာထားရှိခဲ့ပြီး သေဆုံးတဲ့ ရုပ်အလောင်းတွေနဲ့ ထိခိုက်ဒဏ်ရာရသူတွေကိုတော့ သယ်ဆောင်သွားတယ်လို့ဆိုပါတယ်။
ထိခိုက်ဒဏ်ရာရထားတဲ့ စစ်အုပ်စုတပ်ဖွဲ့ဝင်တွေကိုတော့ ကံမဆေးရုံမှာ ဆေးကုသနေပြီး ဒဏ်ရာပြင်းထန်သူတွေကိုတော့ ပြည်ဆေးရုံကို ပို့ဆောင်ကာ ဆေးကုသနေတယ်လို့ ဆိုပါတယ်။
တိုက်ခိုက်မှုအတွင်းမှာ ရရှိခဲ့တဲ့ စစ်အုပ်စုကားတစ်စင်းကိုတော့ မီးရှို့ဖျက်ဆီးခဲ့သလို ကားပေါ်မှာကျန်ရှိနေတဲ့ 7.62 ကျည် ၇၈တောင့်၊ G3 ကျည်-၂၄ တောင့်၊ ကာဘိုင်ကျည် ၁၇ တောင့် နဲ့ တခြားစစ်
အသုံးအဆောင်ပစ္စည်းတွေ သိမ်းဆည်းရရှိခဲ့တာ ဖြစ်ပါတယ်။
စစ်အုပ်တပ်အနေနဲ့ မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက်မှာ မင်းတုန်းမြို့အဝင်က ၅ မိုင် စစ်ဆေးရေးဂိတ်ကနေ လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်ခတ်နေတာကြောင့် ဒေသခံပြည်သူတွေ နဲ့ ခရီးသွားပြည်သူတွေ သတိထားနေထိုင်ကြဖို့ အသိပေးထားပါတယ်။
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။



