လူသစ်/ MFP၊အောက်တိုဘာ-၂၉
မန္တလေးတိုင်းအတွင်းက ထိန်းချုပ်နယ်မြေတွေကို ဆက်လက်ကာကွယ်နိုင်ဖို့အတွက် ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ အားသွန်ခွန်စိုက်ကြိုးပမ်းသွားမယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေးက) က အောက်တိုဘာလ ၂၉ ရက် ဒီနေ့မှာ ပြည်သူလူထုကို အသိပေးထုတ်ပြန်လိုက်ပါတယ်။
MDY-PDF အနေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ရဲ့ ကာကွယ်ရေးဝန်ကြီးဌာန စစ်ရုံးချုပ်ရဲ့ အမိန့်ပေးကွပ်ကဲမှုအောက်မှာ တည်ရှိနေတဲ့ တော်လှန်ရေးတပ်ဖွဲ့ ဖြစ်တယ်လို့ ဆိုပါတယ်။
အဖွဲ့အစည်းစတင် စုဖွဲ့ခဲ့တဲ့ ၂၀၂၁ ခုနှစ်ကစပြီး ဖက်ဒရယ်ဒီမိုကရေစီ ရရှိရေးနဲ့ စစ်အာဏာရှင်စနစ် အမြသ်ပြတ်ချေမှုန်းနိုင်ရေးတို့မှာ တစ်စိုက်မတ်မတ် တိုက်ပွဲဝင်လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် မဟာမိတ်အဖွဲ့တွေဖြစ်တဲ့ တိုင်းရင်းသား လက်နက်ကိုင်တပ်တွေရဲ့ ပံ့ပိုးကူညီမှု၊ မိတ်ဖက်နွေဦးတော်လှန်ရေး အင်အားစုတွေရဲ့ ပူးပေ့င်းလက်တွဲမှု၊ တပ်ဖွဲ့ဝင်တွေရဲ့စွန့်လွှတ်ပေးဆပ်မှုတွေကြောင့် မန္တလေးတိုင်းက နယ်မြေတချို့ကို စိုးမိုးထိန်းချုပ်နိုင်ခဲ့တာလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒါကြောင့် စိန်ခေါ်မှုကြီးမားတဲ့ အတားအဆီးတွေကို ဘုံရည်မှန်းချက်ဖြစ်တဲ့ ဖက်ဒယ်ဒီမိုကရေစီရရှိရေးနဲ့ စစ်အာဏာရှင်စနစ် အမြစ်ပြတ် ချေမှုန်းရေးတိုက်ပွဲတွေကို ပိုတိုးကာ ဖော်ဆောင်သွားမယ်လို့ ဆိုပါတယ်။
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။



