ဒေါ်လာ/MFP၊ အောက်တိုဘာ – ၁၆
စစ်ကိုင်းမြို့နယ်၊ စစ်ကိုင်း – မင်းကွန်းလမ်းမှာ အုပ်စုဖွဲ့ လက်နက်ကိုင်ပြီး ပြည်သူကို ငွေညှစ်နေတဲ့ စစ်အုပ်စုကို တိုက်ခိုက်ရာ ဗိုလ်ကြီးအဆင့် အပါအဝင် စစ်အုပ်စု ငါးယောက် သေပြီး လက်နက် ခြောက်လက် သိမ်းဆည်း ရရှိတယ်လို့ ယူနီကွန်း ပြောက်ကျားတပ်ဖွဲ့က သတင်း ထုတ်ပြန်ပါတယ်။
အောက်တိုဘာ ၁၃ရက်က စစ်ကိုင်း – မင်းကွန်းလမ်း ပေါက်တောကျေးရွာမှာ ဒေသခံ ပြည်သူတွေကို ဖမ်းဆီးစစ်ဆေး ငွေညှစ်နေတဲ့ အင်အား ၂၀ ခန့်ပါ စစ်အုပ်စုကို ကင်းပုန်းဝပ်စောင့်ဆိုင်းပြီး တိုက်ခိုက် သုတ်သင်ခဲ့တာလို့ ဆိုပါတယ်။
သေဆုံးသွားတဲ့ စစ်အုပ်စုတပ်သားတဲ့အထဲမှာ ခလရ-၁၁၆ က ဗိုလ်ကြီးမင်းထွန်းစိုးအပါအဝင် စစ်အုပ်စုတပ်သား ငါးဦး မျက်မြင်သေဆုံးခဲ့ပြီး ၁၅ ဦးခန့် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ တွေ့ရပါတယ်။
ဒီတိုက်ခိုက်မှုမှာ MA1 နှစ်လက်၊ MA3 သုံးလက်၊ MA5 တစ်လက်၊ ခြောက်လုံးပြူး တစ်လက်၊ အီနာဂါတစ်လုံးနဲ့ အိုင်ကယ်ဆက်သွယ်ရေးစက်တစ်လုံးတို့ သိမ်းဆည်းရမိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ရေးသားထားတယ်။
စစ်ကြောင်းချေမှုန်းခံရပြီး အထိနာသွားတဲ့ စစ်အုပ်စုဟာ ပြည်သူတွေထံကနေ ကားဆိုင်ကယ်တို့ကို လုယူထွက်ပြေးသွားတယ်လို့ ဆိုပါတယ်။
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။



