မောင်သက်/MFP ၊ နိုဝင်ဘာ – ၁၉
စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်က မင်းအိုရွာအနီးကို နိုဝင်ဘာ ၁၈ ရက်မှာ လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် CDMကျောင်းဆရာမတစ်ဦး သေဆုံးကာ အမျိုးသားတစ်ဦးလည်း ဒဏ်ရာရခဲ့တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်က MFP ကိုပြောပါတယ်။
စစ်အုပ်စုတပ်က ဂျက်ဖိုက်တာနှစ်စီးနဲ့ လေးကြိမ်လာရောက် ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး ကနီမြို့နယ် မင်းအိုရွာနဲ့ အိုင်ထောင်ရွာကြားက တောတွေထဲမှာနေထိုင်တဲ့ အိမ်တွေအနီးကို ပစ်ခက်သွားတာလို့ဆိူပါတယ်။
“ဖိုက်တာက ၁၀မိနစ်အတွင်းကို လေးကြိမ်ပစ်သွားတာ။ စစ်ပွဲဖြစ်တာလည်းမရှိဘူး အမျိုးသမီးတဦးကနေရာတင်ပွဲချင်းပြီးပဲ၊ဆေးကုသမှုခံနေတဲ့ အမျိုးသားကတော့လက်ပျက်သွားတယ်”လို့ ကနီမြို့နယ် ရပ်ကျေးပကဖ အဖွဲ့ဝင်တဦးက MFPကို ပြောပါတယ်။
သေဆုံးသွားသူဟာ အသက် ၃၀ အရွယ်ရှိတဲ့ CDM ကျောင်းဆရာမ ဒေါ်ယဉ်ယဉ်မြဖြစ်ပြီး နောက်ထပ် ဒဏ်ရာရသူကတော့ အသက် ၂၀ကျော်အအရွယ် အမျိုးသားတစ်ဦးဖြစ်ပြီး ဒဏ်ရာရသူကိုတော့ ဆေးကုသမှု ပေးနေတယ်လို့ ဆိုပါတယ်။
စစ်အုပ်စုက ကနီမြို့နယ်ထဲက ကျေးရွာတွေကို တိုက်ပွဲမရှိဘဲ တိုက်လေယာဉ်၊ စက်တပ်လေထီး၊ ဂျိုင်ရိုကော်ပတာ စတဲ့ လေကြောင်းကနေ မကြာခဏ ဗုံးကြဲပစ်ခတ်နေတာဖြစ်ပြီး နိုဝင်ဘာ ၁၁ ရက်ကလည်း ကနီနယ်မြောက်ခြမ်းရှိ ဝင်မနားကျေးရွာ တိုက်နယ်ဆေးရုံပေါ်ကို စက်တပ်လေထီးနဲ့ ဗုံးကြဲချခဲ့တာကြောင့် ဆေးကုသမှုခံယူနေတဲ့ ဒေသခံပြည်သူ ရှစ်ဦး သေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့ပါသေးတယ်။
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။



