စစ်ကိုင်းသတင်း

ခင်ဦးနယ် စစ်ရှောင်တွေခိုလှုံနေတဲ့ ကုန်းကြီးရွာစာကျောင်းကို စစ်အုပ်စု ဗုံးကြဲတာကြောင့် ငါးဦးသေဆုံး၊

နွေဦး/MFP ၊ ဇန်နဝါရီ – ၆

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်အရှေ့ဘက်မှာရှိတဲ့ စစ်ရှောင်တွေ ယာယီခိုလှုံနေတဲ့ ကုန်းကြီးရွာစာသင်ကျောင်းကို ဇန်နဝါရီလ ၅ ရက်ည၈နာရီကျော်မှာ လေကြောင်းကနေ စစ်အုပ်စုဗုံးကြဲတာကြောင့် ငါးဦးသေဆုံးကာ ဆယ်ဦးထက်မနည်းထိခိုက်ဒဏ်ရာရခဲ့တယ်လို့ 

စစ်အုပ်စုဗုံးကြဲပစ်ခတ်ခဲ့တဲ့ စာသင်ကျောင်းဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလက မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်နဲ့ စဉ့်ကူးမြို့တို့က ထွက်ပြေးတိမ်းရှောင်လာကြတဲ့ စစ်ဘေးရှောင်တွေ နေထိုင်နေတာ ဖြစ်ပါတယ်။

စစ်အုပ်စုတပ်ဟာ တိုက်ပွဲဖြစ်ပွားနေတာမရှိတဲ့ ကုန်းကြီးရွာကို စစ်ရေးသတင်းအရင်းအမြစ်တွေက ဆိုပါတယ်။မိတ္ထီလာရှမ်းတဲလေတပ်ကနေ ဂျက်ဖိုက်တာ-နှစ်စင်း၊ တံတားဦးကနေ ဂျက်ဖိုက်တာတစ်စီးစုစုပေါင်း ဂျက်ဖိုက်တာသုံးစီးနဲ့ ပေါင်ငါးရာဗုံးသီးတစ်လုံးအပြင် ရော့ကဒ်ဗုံးသီးတွေ ပစ်ခတ်ခဲ့တာဖြစ်ပါတယ်။

ပစ်ခတ်မှုကြောင့် စစ်ဘေးရှောင်တွေ နေရာမှာတင် သေဆုံးခဲ့တယ်လို့ အဲဒီအခြေအနေကိုသိတဲ့ ရေဦးဒေသခံတစ်ဦးက ပြောပါတယ်။

“ဖုန်းတွေက ဆက်မရဘူးဗျ၊ အမျိုးသမီးသုံးဦးနဲ့အမျိုးသားနှစ်ဦး ဆုံးတယ်။ ကျန်စစ်ဘေးရှောင်တွေလည်း ညကတည်းက တခြားနေရာကိုရွှေ့ကြတယ်။ သူတို့ကြောက်ကြတာပေါ့ဗျာ၊ နောက်ထပ်လာကြဲမလားဆိုပြီး။ ဒဏ်ရာရတဲ့အထဲမှာတော့ ကလေးနှစ်ဦးပါတယ်လို့ သိထားပါတယ်”

ဒဏ်ရာရသူတွေကိုတော့ လိုအပ်တဲ့ ဆေးကုသမှုတွေ လုပ်ပေးနေပြီး သေဆုံးသူတွေကိုတော့ ဒီနေ့မှာပဲ သဂြိုဟ်သွားမယ်လို့ ဆိုပါတယ်။

အလားတူ မနေ့ကတစ်ရက်ထဲမှာပဲ စစ်အုပ်စုတပ်ဟာ စစ်ကိုင်းတိုင်းအတွင်းက ကောလင်း၊ ခင်ဦး၊ ကျွန်းလှနဲ့ကသာမြို့နယ်တို့ကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။

မင်းအောင်လှိုင် ဦးဆောင်တဲ့ အာဏာသိမ်း စစ်အုပ်စုဟာ နိုင်ငံတဝန်း အရပ်သားပြည်သူကို ပစ်မှတ်ထားကာ ထင်တိုင်းကျဲ ဗုံးကြဲသတ်ဖြတ်နေတာ ဖြစ်ပြီး ဒီဇင်ဘာလအတွင်းမှာပဲ စစ်ကိုင်း၊ မကွေး၊ မန္တလေး၊ ကချင်နဲ့ ရခိုင်စတဲ့ နိုင်ငံတဝန်း တိုင်းနဲ့ပြည်နယ်အနှံ့က မြို့၊ရွာတွေကို ၁၁၉ ကြိမ် လေကြောင်းဗုံးကြဲခဲ့ရာ ကလေးသူငယ်၊ အမျိုးသမီးနဲ့ ရဟန်းသံဃာတွေ အပါအဝင် ၁၇၆ဦး သေဆုံးပြီး ၃၂၀ ကျော် ဒဏ်ရာရခဲ့တယ်လို့ မြန်မာ့ စစ်ဘက်ရေးရာနဲ့ လုံခြုံရေးဆိုင်ရာ လေ့လာရေးအဖွဲ့ (MDIS) က ထုတ်ပြန်ပါတယ်။

အဲဒီအထဲမှာ စစ်ကိုင်းတိုင်းဟာ အကြိမ် ၅၀ အထိအများဆုံးဗုံးကြဲတိုက်ခိုက်ခံနေရပြီး စစ်အုပ်စုတပ်က ကုန်ကျစားရိတ်သက်သာတဲ့ ဂျိုင်ရိုကော်ပတာ၊ ပါရာမော်တာတွေ ပိုအသုံးများလာသလို 

စစ်ရေးပစ်မှတ်မဟုတ်တဲ့ စာသင်ကျောင်း၊ ဘုန်းကြီးကျောင်း၊ စစ်ဘေးရှောင်စခန်း၊ ဆေးရုံတွေ အပြင် သဘာဝသံယံဇာတာထွက်ရှိတဲ့ ရေနံမှော်နဲ့ ရွှေတူးဖော်ရေး လုပ်ငန်းတွေကို တိုက်ခိုက်နေတာ တွေ့ရတယ်လို့ MDIS က ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် ခင်ဦးမြို့နယ်ရဲ့ မြေပြင်စစ်ရေးအခြေအနေတွေကို ဖော်ပြနေတဲ့ ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးကလည်း စစ်အုပ်စုလေကြောင်းတိုက်ခိုက်မှုမှာ စစ်ရှောင်ငါးဦးသေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရသူတွေလည်း ရှိနေသလို ပြည်သူင်္တေအနေနဲ့ စစ်အုပ်စုရဲ့လေကြောင်းရန်ကို သတိထားကြဖို့ ထုတ်ပြန်ထားပါတယ်။

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။

Related Articles

Back to top button