သတင်းအညာမြေ တော်လှန်ရေး

ဗန်းမော်တိုက်ပွဲမှာ ကလေးဝ- မင်းကင်း PDF တပ်ဖွဲ့ဝင် ၃၀ ကျဆုံး

ကိုသူ/ MFP ၊ စက်တင်ဘာ – ၂၆

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ် တိုက်ပွဲတွေအတွင်း ကလေးဝ-မင်းကင်းမြို့နယ်တွေက  PDF တပ်ဖွဲ့ဝင် ၃၀ ဦးကျဆုံးခဲ့တယ်လို့ ဒေသံစစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

တိုက်ပွဲအတွင်း ကျဆုံးသွားတဲ့ တော်လှန်ရေးရဲဘော်တွေအထဲမှာ ကလေးဝမြို့နယ်အတွင်းက တပ်ခွဲမှူး ရာထူးရှိသူ တစ်ဦး ပါဝင်ပြီး ကလေးခရိုင် အမှတ်-၆ တပ်ရင်း ကလေးဝ- PDF တပ်ဖွဲ့ဝင် ၁၇ ဦး ၊ကလေးခရိုင် အမှတ်-၉တပ်ရင်း မင်းကင်းPDF -တပ်ဖွဲ့ဝင် ကိုးဦးနဲ့ ကလေးခရိုင် တပ်ရင်း -၈ မင်းကင်း PDF တပ်ဖွဲ့ဝင် လေးဦး စုစုပေါင်း ၃၀ ကျဆုံးခဲ့တာ ဖြစ်ပါတယ်။

ဗန်းမော်တိုက်ပွဲ စတင်ပြင်းထန်ခဲ့တဲ့ ၂၀၂၄ ခုနှစ် စက်တင်ဘာလကနေ ၂၀၂၅ခုနှစ် စက်တင်ဘာလ  ၂၆ ရက် ဒီနေ့အထိ တစ်နှစ်ကာလအတွင်း စစ်အုပ်စုနဲ့ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေမှာ ကျဆုံးခဲ့တာ ဖြစ်တယ်လို့ ကလေးခရိုင် စစ်ရင်းသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။

“ဗန်းမော်တိုက်ပွဲက တိုက်ပွဲထဲမှာကို  (၁၄ )ယောက်ကျတာ၊ ဆေးကုရင်း ကျဆုံးတာက များတယ်။ ဒါကကလေးဝ တပ်ရင်း “

ဒီကျဆုံးရဲဘော်တွေဟာ ကချင်ပြည်နယ် ဗန်းမော်မြို့နယ်က စစ်အုပ်စုနဲ့ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း ကျဆုံးခဲ့တာဖြစ်သလို ဒဏ်ရာရ ဆေးဝါးကုသမှုခံယူရင်း ကျဆုံးသူလဲ ပါဝင်တယ်လို့ မင်းကင်း PDF တပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

“မင်းကင်းက ရင်း (၂) က လေးယောက်ကျတယ် ။တချို့တွေက အလောင်း ပြန်မရဘူး ၊မိသားစုတွေအသိပေးတာပဲ လုပ်နိုင်တယ်”

ဒီလို တိုက်ပွဲအတွင်းတော်လှန်ရေးတပ်ဖွဲ့ဝင် ကျဆုံးတာနဲ့ ဆုံးတာနဲ့ ပတ်သက်ပြီး ကလေးခရိုင် အမှတ်-၆ တပ်ရင်း ၊ကလေးဝ- PDF တပ်ရင်းကလဲ “ဗန်းမော်တိုက်ပွဲမှာ လက်ရှိအချိန်အထိ တပ်ခွဲမှူး တစ်ဦးအပါအဝင် ရဲဘော် ၁၇ ဦး ကြွေလွင့်ခဲ့ပြီးပြီ။ အလေးပြုလျှက်ပါ ရဲဘော်တို့” လို့ ဝမ်းနည်းကြောင်းထုတ်ပြန်ထားပါတယ်။

ဒါ့အပြင်စစ်ကိုင်းတိုင်းအတွင်းက  ပြီးခဲ့တဲ့ နှစ်အတွင်းက ရှမ်းပြည်နယ်အတွက်း ဖြစ်ပွားခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးနဲ့ ရှမ်း-မန်း စစ်ဆင်ရေးတို့မှာ တော်လှန်ရေးတပ်ဖွဲ့ဝင် ၁၀၀ ကျော်ထက်မနည်း ကျဆုံးခဲ့တယ်လို့ တော်လှန်ရေးအင်အားစုတွေက ပြောပါတယ်။

Related Articles

Back to top button