ကိုသူ/MFP၊ စက်တင်ဘာ – ၂၈
စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်မှာ စက်တင်ဘာ ၁၀ ရက်နေ့က အမျိုးသားညီညွှတ်ရေးအစိုးရ (NUG) လက်အောက်မှာ တာဝန်ထမ်းဆောင်နေတဲ့ ကလေးခရိုင်ရဲတပ်ဖွဲ့ -ရဲအုပ် တာဝန်ခံတစ်ဦးနဲ့ မြို့နယ် ပြည့်သူအုပ်ချုပ်ရေး(ပအဖ) တာဝန်ခံတစ်ဦးတို့ကို တာဝန်က ရပ်ဆိုင်းလိုက်တယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။
တာဝန်က ရပ်ဆိုင်းခံရသူတွေဟာ NUG လက်အောက်ခံ ကလေးခရိုင်ရဲတပ်ဖွဲ့ -ရဲအုပ် တာဝန်ခံဦးအောင်ကြီးနဲ့ ပြည့်သူအုပ်ချုပ်ရေး (ပအဖ ) တာဝန်ခံ ဦးလူလေးတို့ဖြစ်ပြီး ဗဟိုညွှန်ကြားချက်နဲ့ တာဝန်က ရပ်နားလိုက်တာလို့ ဒေသခံ သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။
“မကျေနပ်လို့ တိုင်တာကနေ အထက်ကနေ ဖြုတ်လိုက်တာလို့ သိရတယ်”
ဒီလို ကလေးခရိုင်ရဲတပ်ဖွဲ့ -ရဲအုပ် တာဝန်ခံတစ်ဦးနဲ့ မြို့နယ် ပြည့်သူအုပ်ချုပ်ရေး (ပအဖ ) တာဝန်ခံတစ်ဦး တာဝန်က ရပ်ဆိုင်းလိုက်တာဟာ NUG ရဲ့ဗဟိုညွှန်ကြားချက်နဲ့ တာဝန်က ရပ်ဆိုင်းလိုက်တာလို့ ဆိုပါတယ်။
သူတို့နှစ်ဦးဟာ အမိန့်မနာခံမှု၊ တာဝန်ပျက်ကွက်တာတွေကြောင့် တိုင်ကြားခံရပြီး တာဝန်က ရပ်နားခံလိုက်ရတာဖြစ်တယ်လို့ နာမည်မဖော်လိုတဲ့ ကလေးမြို့နယ် အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။
“ကိုအောင်ကြီးကတော့ လုပ်ပိုင်ခွင့် ကျော်လွန်တာလို့ သိရတယ်။ဦးလူလေးကတော့ အရင် ၂၀၂၄ နှစ်ကလဲ ခဏခဏတိုင်ခံရတာတွေ ရှိတယ်။တာဝန်ပေါ့လျှော့တာတွေ ခဏ၊ခဏတိုင်ခံရတာတွေရှိတယ်လို့ သိရတယ်”
ဒီလိုမြို့နယ် ရဲအုပ်နဲ့ ပအဖ – တာဝန်ခံ တာဝန်က ရပ်ဆိုင်းလိုက်ပေမဲ့ လစ်လပ်နေရာတွေကို လူစားထိုးခန့်အပ်တာ မရှိသေးဘူးလို့ ဒေသခံတွေက ဆိုပါတယ်။
စစ်ကိုင်းတိုင်းအတွင်းမှာ အမျိုးသားညီညွှတ်ရေး အစိုးရ – NUG က လာတ်စားမှုနဲ့ ကနီမြို့နယ် တရားသူကြီးအဖွဲ့ ဥက္ကဌ ဒေါ်ပန်ထွာ၊ မြို့နယ် တရားသူကြီး အဖွဲ့ဝင်တွေ ဖြစ်တဲ့ ဦးဂဠုန်၊ ဦးဇာမဏီနဲ့ ဦးပင်လုံတို့ လေးဦး ကိုဇူလိုင် (၁၇) ရက် နေ့ကတာဝန်က ရပ်နားထားသလို ၊ဇူလိုင် (၂၉)ရက် နေ့မှာလဲ ကနီမြို့ နယ်စွမ်းအင် ဝန်ကြီးဌာန၊ မြို့နယ်တာဝန်ခံ တစ်ဦးကိုလည်း တာဝန်က ရပ်နားထားခဲ့ပါတယ်။
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။



