Blogစစ်ကိုင်းသတင်း

ကလေးတောင်ပိုင်း မြေပြန်လွင်ပြင် စစ်ဆင်ရေးမှာ ရဲဘော် ၁၆ ဦး ကျဆုံး

ကိုသူ/MFP ၊စက်တင်ဘာ-၃၀

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်းမှာ အထူးစစ်ဆင်ရေးတစ်ရပ်အနေနဲ့ စစ်အုပ်စုကို တိုက်ခိုက်နေတဲ့ CDF_KKG  Major operation စစ်ဆင်ရေး (ခ)မြေပြန့်လွင် ပြင် စစ်ဆင်ရေးမှာ ကျဆုံးရဲဘော် ၁၆ ဦးအထိ ရှိလာတယ်လို့ ချင်းတော်လှန်ရေးတပ်ဖွဲ့တွေက ပြောပါတယ်။

စက်တင်ဘာလ ၂၆ ရက်နေ့က ချင်းတော်လှန်ရေးတပ်(CDF_KKG )တပ်ရင်း -၂ရဲ့တပ်ဖွဲ့ဝင် ရဲဘော် ဗန်ရိုထန်း(VanRoThang)ချင်းလေးဟာ ကြံသာတိုက်ပွဲမှာ ဒဏ်ရာရရှိခဲ့ပြီးနောက် ကျဆုံးသွားတယ်လို့ ဆိုပါတယ်။

ကလေး-ဂန့်ဂေါ် ကားလမ်းမပေါ်က တော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ ကြံသာရွာကို စစ်အုပ်စုနဲ့အျုစောထီးပူးပေါင်းစစ်ကြောင်းက ထိုးစစ်ဆင်လာတာကြောင့် အပြင်းအထန် တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။

အလားတူ စက်တင်ဘာလ ၂၀ ရက်နေ့ကလည်း (CDF_KKG )တပ်ရင်း -၇ တပ်ဖွဲ့ဝင် ရဲဘော်  Lal Rin Thang (လာလ်းရင့်ထန်) လည်း ကြံသာတိုက်ပွဲမှာ ကျဆုံးခဲ့တယ်လို့ ဆိုပါတယ်။

ချင်းအမျိုးသားတပ်ဦး (CNA/F) ဦးဆောင်တဲ့ ချင်းတော်လှန်ရေးတပ်တွေနဲ့ (CDF_KKG) အပါအဝင်၊ မဟာမိတ်တပ်ဖွဲ့တွေက (CDF_KKG  Major operation)  မြေပြန့်လွင်ပြင် စစ်ဆင်ရေး

အဖြစ် ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက် နေ့ကစတင် တိုက်ခိုက်နေတာ ဖြစ်ပြီးတော့ တိုက်ပွဲအတွင်း တော်လှန်ရေး ရဲဘော် ၁၆ ဦးအထိ ကျဆုံးခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။

“ကမ်းပါးနီ ၊ကြံသာ ၊မှန်တော အောင်သာယာ တိုက်ပွဲတွေမှာက ကျတာက (၁၄) ယောက် ရှိတယ်။ အဲ့စခန်းတွေကိုတော့ သိမ်းနိူင်ခဲ့တယ်။ ကြံသာထပ်ကျတာကတော့   နှစ်ယောက် ရှိတယ်။ ကြံသာက ပြန်ပေးထားရတယ်”

ဒ့ါအပြင် “ရဲဘော် Van Ro  Thang နဲ့  ရဲဘော်  Lal Rin Thang  တို့၏ တော်လှန်ရေးအတွက် ပေးဆပ်ခဲ့မှုအပေါ် မိမိတို့ (CDF_KKG) မှ အထူးလေးစား ဂုဏ်ပြုပါကြောင်း ကျန်ရစ်သူမိသားစုနှင့် တကွ ထပ်တူထပ်မျှ ဝမ်းနည်းရပါကြောင်း မှတ်တမ်းတင်အပ်ပါသည်”လို့ CDF_KKGက စက်တင်ဘာလ ၂၈ ရက်နေ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

စစ်ကိုင်းနဲ့ မကွေးနယ်အနီးရှိ စစ်အုပ်စုစခန်းတွေဖြစ်တဲ့ ကမ်းပါးနီစခန်း၊ မှန်တော၊ အရှေ့အောင်သာယာ ၊ အနောက်အောင်သာယာ ၊ ကြံသာစတဲ့ စခန်းငါးခုကို  ၂၀၂၅ ခုနှစ် ဧပြီလ ၁၂ ရက်မှာ တော်လှန်ရေးအင်အားစုတွေ သိမ်းပိုက်ထားပြီး  စစ်အုပ်စုတန်ပြန်ထိုးစစ်ကြောင့် စက်တင်ဘာ ၂၀ ရက်နေ့မှာ ကြံသာ ကျေးရွာကိုတော့ ပြန်လည် လက်လွတ်ထားရတယ်လို့ တော်လှန်ရေးအင်အားစုတွေက ပြောပါတယ်။

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။

Related Articles

Back to top button