မန္တလေးသတင်း

ပုဂံ‌မှာ ဘုရားဖူးဧည့်သည်ထောင်နဲ့ချီရှီတာကြောင့် ဟိုတည်သာမက ဘုန်းကြီးကျောင်းတွေပါ လူပြည့်နေ

အီသာရမ်/MFP ၊အောက်တိုဘာ-၆

မန္တလေးတိုင်း၊ ပုဂံ‌ရှေးဟောင်းယဉ်ကျေး နယ်မြေကို သီတင်းကျွတ်လပြည့်နေမှာ လာရောက်ဘည်ပတ်တဲ့ ဘုရားဖူးဧည့်သည် ထောင်နဲ့ချီရှီတာကြောင့် ဟိုတယ်နဲ့ဘုန်းကြီးကျောင်းတွေပါ လူပြည့်နေတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။

သီတင်းကျွတ်လပြည့်နေ့ အဘိဓမ္မာအ‌ခါတော်နေ့လည်းဖြစ် ရက်ရှည် ရုံးပိတ်ရက်‌လေးရက် ရတာကြောင့် ပုဂံညောင်ဦးကို ခရီးသွားပြည်သူတွေ ဘုရားဖူးလာရောက်တာ များjym;နေတာ ဖြစ်ပါတယ်။

ဧည့်သည် များလွန်းတာကြောင့် တန်ခိုးကြီးဘုရားတွေမှာ လူအပြည့်နဲ့စည်ကားနေပြီး ဟိုတယ်နဲ့ ဘုန်းကြီးကျောင်းတွေပါ တည်းခိုသူတွေလည်းပြည့်နေပြီလို့ ညောင်ဦး ဒေသခံတစ်ဦးက ပြောပါတယ်။

“ဟိုတယ် ဘုန်းကြီးကျောင်း နေထိုင်စရာအပြည့်ပဲ၊ နာမည်ကြီးဘုရားတွေမှာဆိုလည်း ကားရပ်နားကွင်းပြည့်လျှံတဲ့အထိပဲ”

အခုနှစ်မှာ လာရောက်လည်ပတ်သူတွေက ပြီးခဲ့တဲ့နှစ်တွေကထက် ပိုများပြီး မြို့အနီးက ဘုန်းကြီးကျောင်တွေထိပါ တည်းခိုသူတွေ ပြည့်နေတယ်လို့ ဆိုပါတယ်။

မုန်တိုင်းနောက်ဆက်တွဲ အနေနဲ့ မန္တလေး‌တိုင်းအပါအဝင် နိုင်ငံတစ်ဝန်းမှာ မိုးဆက်တိုက်ရွာသွန်းခဲ့ပြီး မိတ္ထိလာ-ကျောက်ပန်းတောင်း ကားလမ်းပေါ်က ကိုင်းတံတားကျိုးကျသွားတာကြောင့် မြို့ရှောင်လမ်းတွေကို အသုံးပြု မောင်းနှင်ရတဲ့အတွက် ရန်ကုန်-မန္တလေး အမြန်လမ်းမမှာ ခရီးသွားကားတွေ ရာနဲ့ချီ ပိတ်ဆို့ခဲ့ပါသေးတယ်။

စစ်အုပ်စုကတော့ ကျောင်းပန်းတောင်းလမ်းပိုင်းနေရာတွေနဲ့ လမ်းပိုင်းတချို့မှာ စစ်ဆေးငွေညှစ်ဂိတ်တွေရှိနေပြီး ခရီးသွားပြည်သူတွေကို မှတ်ပုံတင်နံပါတ်ကို PSMS စနစ်နဲ့ တိုက်ဆိုင် စစ်ဆေး‌နေတယ်လို့ ဆိုပါတယ်။
စစ်အုပ်စုလက်အောက်ခံ သတင်းစာတွေမှာတော့ ပုဂံညောင်ဦးဒေသကို အခုနှစ်မှာ ခရီးသွားပြည်သူ တစ်သိန်းခွဲခန့် လာရောက်လည်ပတ်နေကြတယ်လို့ ဖော်ပြထားပါတယ်။
လက်ရှိအချိန်မှာတော့ ပုဂံသာမကဘဲ ပြင်ဦးလွင်၊ တောင်ကြီး၊ ကလော၊ အောင်ပန်း၊ ချောင်းသာ၊ ငွေဆောင်၊ ဂေါ်ရင်ဂျီကျွန်းစတဲ့ နေရာတွေမှာလည်း ခရီးသွားဧည့်သည်တွေနဲ့ ပြည့်နှက်နေတယ်လို့ အဲဒီဒေသတွေမှာ နေထိုင်သူတွေက ပြောပါတယ်။
Photo- Bagan Thar Hein Latt
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။

Related Articles

Back to top button