စစ်ကိုင်းမန္တလေးသတင်း

ဟုမ္မလင်းနဲ့ စဉ့်ကူးနယ်တွေမှာ အင်အားအနည်းငယ်ရှိတဲ့ ငလျင်လှုပ်ခတ်ခဲ့ 

သက်တန့်/MFP ၊ အောက်တိုဘာ – ၁၆

စစ်ကိုင်းတိုင်း အထက်ပိုင်း ဟုမ္မလင်းမြို့နယ်နဲ့ မန္တလေးတိုင်းမြောက်ပိုင်း စဉ်ကူးမြို့နယ်တွေမှာ ရစ်ခ်တာစကေး လေးဒသမကျော်တဲ့ အင်အားအတော်အသင့်ရှိတဲ့ ငလျင်လှုပ်ခတ်ခဲ့တယ်လို့ NUG လူသားစာနာနဲ့ ဘေးစီမံခန့်ခွဲရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

အောက်တိုဘာလ ၁၆ မနက် ၁၁ နာရီလောက်မှာ စဉ့်ကူးမြို့အနီး မြေအနက် ၁၀ ကီလိုမီတာကို ဗဟိုပြုပြီး ရစ်ခ်တာစကေး ၄ ဒဿမ ၆ အဆင့်ရှိတဲ့ အင်အားအတော်အသင့် ရှိတဲ့ ငလျင်

တစ်ခုလှုပ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ဟုမ္မလင်းမြို့အနီး မြေအောက်အနက် ၁၇၆ ကီလိုမီတာ ဗဟိုပြုပြီး ရစ်ခ်တာစကေး ၄ ဒဿမ ၄ အဆင့်ရှိတဲ့ အင်အားအနည်းငယ်ရှိတဲ့ ငလျင်တစ်ခု ထပ်မံလှုပ်ခတ်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ 

ငလျင်လှုပ်ခတ်ရာမှာ ရစ်ခ်တာစကေး ၄ ကျော်တဲ့ ငလျင်တွေက ထိခိုက်ပျက်စီးမှုဖြစ်နိုင်တယ်လို့ ထုတ်ပြန်ချက်မှာ ဆိုထားပါတယ်။

ဒါ့အပြင် ငလျင်လှုပ်ခတ်မှုကို တိုက်ရိုက်ကြုံတွေ့ရသူတွေအနေနဲ့ထိခိုက်ဆုံးရှုံးမှုတွေ လျော့နည်းစေဖို့အတွက် ဆောင်ရန်၊ ရှောင်ရန်စတဲ့ လမ်းညွှန်ချက်တွေနဲ့ အညီနေထိုင်ကြဖို့ ဝန်ကြီးဌာနက တိုက်တွန်းထားပါတယ်။

မြေငလျင်တိုင်းတာစက်တွေက အသုံးပြုတဲ့ စကေးနဲ့ တိုင်းတာတဲ့ နည်းလမ်းတွေအပေါ်မူတည်ပြီး ငလျင်အင်အားပမာဏ အနည်းငယ်ကွာခြားမှုရှိနိုင်တယ်လို့ ဆိုထားပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၃ ရက်နေ့ကလည်း စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်မှာ မြေအောက်အနက် ၉၀ ကီလိုမီတာကို ဗဟိုပြုတဲ့ ရစ်ခ်တာစကေး ၄ ဒသမ ၆ အဆင့်ရှိတဲ့ ငလျင်လှုပ်ခတ်ခဲ့ပါသေးတယ်။

မတ်လအတွင်းက လှုပ်ခတ်တဲ့တဲ့ စစ်ကိုင်းငလျင်မှာလည်း ရစ်ခ်တာစကေး ၇ ဒသမ ၇ အဆင့်ရှိတဲ့ ငလျင်ကြောင့် စစ်ကိုင်း၊ မန္တလေးနဲ့ နေပြည်တော် စတဲ့ဒေသတွေမှာ လူပေါင်းရာနဲ့ချီ သေဆုံးခဲ့ပြီး နေအိမ်အဆောက်အအုံ ထောင်နဲ့ချီ ပျက်စီးခဲ့ရပါတယ်။

စစ်ကိုင်းငလျင်ကြောင့် သာစည်မြို့နယ်အတွင်းက အဆောက်အဦးတချို့ ထိခိုက်ပျက်စီးခဲ့ပုံ။ Photo – TSBM – The Spirit of Brotherhood Mission

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။

Related Articles

Back to top button