ဆောင်းနွေဦး/MFP ၊ နိုဝင်ဘာ – ၁၅
စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်ရဲ့ ဥပဒေရေးရာတာဝန်ခံ ဒေါ်အက်စတာကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က တာဝန်ကနေ ရပ်ဆိုင်းလိုက်တယ်လို့ MFP ရဲ့သတင်းအရင်းမြစ်တွေက ဆိုပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၄ ရက်နေ့မှာ NUG ရဲ့ တရားရေးဝန်ကြီးဌာန ဝန်ထမ်းစည်းမျဉ်းစည်းကမ်းဆိုင်ရာကို လိုက်နာမှုမရှိတာကြောင့် ထုတ်ပယ်လိုက်တာလို့ အဲဒီအခြေအနေကို သိသူတစ်ဦးက MFP ကိုပြောပါတယ်။
“ကျွန်တော်တို့စီကို ရောက်လာတဲ့ စာအရတော့ removal ပေါ့နော်။ တရားရေးကနေ တိုက်ရိုက်လုပ်တာပါ။ စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာမှုမရှိလို့ ထုတ်ပယ်တာပါ။ ခြောက်လအတွင်း အယူခံဝင်ခွင့် ပေးထားပါတယ်”
လတ်တလောမှာတော့ မြို့နယ်ဥပဒေရေးရာတာဝန်ခံ နေရာက လစ်လပ်နေပြီး လူစားထိုးလုပ်ကိုင်တာမျိုး မရှိသေးဘဲ ပုံမှန်လည်ပတ်နေတယ်လို့ ဆိုပါတယ်။
ဒေါ်အက်စတာဟာ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်ကတည်းက ကန့်ဘလူမြို့နယ်ရဲ့ ဥပဒေရေးရာတာဝန်ခံအဖြစ် နေရာပေးခံထားရသူတစ်ဦးဖြစ်တာကြောင့် အယူခံဝင်မဲ့ကိစ္စအခြေအနေ အသေးစိတ်ကိုတော့ မသိရသေးပါဘူး။
ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၂ ရက်ကလည်း ဖောင်းပြင်မြို့နယ်ရဲ့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင် တစ်ဦးကို NUG ကတာဝန်ကနေ ရပ်ဆိုင်းထားခဲ့ပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၂ ရက်ကလည်း ကန့်ဘလူနယ် ဝက်တိုးပျုစောထီးစခန်ူကနေ ထွက်လာတဲ့ စစ်အုပ်စုစစ်ကြောင်းကို ယင်းတိုက်ရွာအနီးမှာ တော်လှန်ရေးတပ်တွေက တိုက်ခိုက်ခဲ့တာကြောင့် ၄၀ ကျော်သေဆုံးကာ စစ်သုံ့ပန်း ၁၅ ဦးနဲ့ စစ်လက်နက်ခဲယမ်းတွေ ရရှိခဲ့ပါတယ်။
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။



