စစ်ကိုင်းသတင်း

မုံရွာနဲ့အရာတော်မြို့နယ်က လူငယ်လေးဦး အဓမ္မစစ်သားသစ်စုဆောင်းခံရ

ရွှေဥ /MFP ၊ ဒီဇင်ဘာ – ၁၃

စစ်ကိုင်းတိုင်းက မုံရွာမြို့နယ်နဲ့ အရာတော်မြို့နယ်တို့မှာ ဒီဇင်ဘာလ ၁၁ ရက်နဲ့ ၁၂ရက် နှစ်ရက်တာအတွင်း စစ်အုပ်စုတပ်တွေက လူငယ်လေးဦးကို ပေါ်တာဆွဲ ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက MFPကို ပြောပါတယ်။

ဒီဇင်ဘာ ၁၁ ရက်နေ့က အရာတော်မြို့ ပေါ်ရပ်ကွက်မှာ ဆိုင်ကယ်နဲ့ သွားလာနေတဲ့ လူငယ်နှစ်ဦးကို ဖမ်းဆီးကာ စစ်အုပ်စုက မြို့ပေါ်ရပ်ကွက်မှာရှိတဲ့ စစ်တပ်ကို ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ အရာတော်မြို့နယ် ပြည့်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ ) တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

“လူငယ် သုံးယောက်ပဲ သိရတယ်။ဘယ်သူတွေ ဆိုတာကတော့ အတည်မပြုနိုင်သေးပါဘူး။ မြို့ပေါ် ရပ်ကွက်မှာဖမ်းခံရတာစစ်တပ်ကို ခေါ်သွားတယ်လို့ သိရတယ်”

အလားတူ ဒီဇင်ဘာ ၁၂ ရက်ကလည်း စစ်အုပ်စုတပ်တွေက မုံရွာ မြို့နယ် အင်းရွာသစ်ကျေးရွာက နေအိမ်တစ်အိမ်ကို ဝင်ရောက်စီးနင်းပြီးနောက် လူငယ်တစ်ဦး ခေါ်ဆောင်သွားတယ်လို့ ဆိုပါတယ်။ အဲင်္ဒလူငယ်ဟာ အသက် ၂၀ ကျော်အရွယ်ဖြစ်ပြီး ဆိုင်ကယ်ကယ်ရီမောင်းနှင် နေသူဖြစ်ပြီး နာမည်နဲ့အသေးစိတ် အချက်အလတ်ကိုတော့ မသိရသေးပါဘူး။ 

ဖမ်းဆီးပြီးနောက် အဲဒီလူငယ်ကို အနောက်မြောက်တိုင်းစစ်ဌာနချုပ်က ရေအိုးစင်ဂိတ် (သို့မဟုတ်) မြို့နယ်အထွေထွေ စုပေါင်းရေးရုံးရှိရာဘက်ကို ကားနဲ့ခေါ်ဆောင်သွားတယ်လို့  မုံရွာမြို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“အင်းရွာသစ်၊ နေအိမ်ထဲဝင်ဆွဲတာလို့ သိရတယ်ဗျ၊ ပေါ်တာဆိုတော့ စုပေါင်းရုံး နမခရေအိုးစင်ဂိတ် ခေါ်ကြတာ အဲ့ဒီဘက်ခေါ်သွားတာ “

လွတ်လပ်တဲ့ သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ ဗမာ့ရေးရာနဲ့ ပဋိပက္ခ လေ့လာရေးအဖွဲ့ (BACS) ရဲ့ ၂၀၂၄ ခုနှစ် အောက်တိုဘာ ၁၉ ရက်နေ့အထိ ထုတ်ပြန်ချက်အရ စစ်မှုထမ်းအပတ်စဥ် (၁) ကနေ အပတ်စဥ် (၅) အထိ စစ်သားစုဆောင်းခံရသူ နှစ်သောင်းကျော် (၂၁,၀၀၀) ရှိခဲ့ပါတယ်။

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။

Related Articles

Back to top button