မကွေးသတင်း

ပခုက္ကူမှာ စစ်အုပ်စုတပ်က ရွေးကောက်ပွဲမဲ‌မပေးသူတွေကို ခရီးသွားထောက်ခံစာ ထုတ်မပေးဘဲ ခြိမ်းခြောက်မဲထည့်ခိုင်း၊

အီသာရမ်/MFP ၊ ဒီဇင်ဘာ-၂၈

မကွေးတိုင်း၊ ပခုက္ကူမြို့မှာ စစ်အုပ်စုတပ်လက်အောက်ခံ အုပ်ချုပ်ရေးမှုးတွေက မဲမပေးတဲ့ ပြည်သူတွေကို ခရီးသွားထောက်ခံစာမထုတ်ပေးဘဲ ခြိမ်းခြောက်မဲပေးခိုင်းနေတယ်လို့ ပခုက္ကူမြိုခံတစ်ဦးက MFP ကို ပြောပါတယ်။

ဒီဇင်ဘာလ ၂၇ ရက်နေ့ကတည်းက စစ်အုပ်စုတပ်လက်အောက်ခံ အုပ်ချုပ်ရေးတာဝန်ရှိသူတွေက ပခုက္ကူမြို့ပေါ်က အဝေးပြေးကားဂိတ်က ယာဉ်လိုင်းတွေကို မဲစာရင်းနံပါတ်မသိတဲ့ ပြည်သူတွေကို ကားလတ်မှတ်မရောင်းဖို့ ပြောဆိုထားတယ်လို့ ဆိုပါတယ်။

ရွေးကောက်ပွဲကျက်းပနေဲ့ ပခုက္ကူမြို့ပေါ် ရပ်ကွက် ၁၅ ရပ်ကွက်မှာနေထိုင်တဲ့ ပြည်သူတွေကို မဲပေးဖို့ ဖိအားပေးခြိမ်းခြောက်နေတာဖြစ်ပြီး မဲမပေးထားပါက ခရီးသွားလာခွင့် ထောက်ခံစာမပေးဘူးလို့ အမည်မဖော်လိုတဲ့ ပခုက္ကူမြို့ခံတစ်ဦးက ပြောပါတယ်။

“အမှတ် ၁ ကနေ ၁၅ ထိ ရပ်ကွက်‌တွေကို မဲမပေးတဲ့သူ ခရီးသွားခွင့်လုံးဝမပေးရတဲ့ ကားဂိတ်တွေက ဂိတ်မှူးတွေကိုလည်းခေါ်ပြီးပြောထားတယ်”

စစ်အုပ်စုတပ်ဟာ ပခုက္ကူမြို့က ပြည်သူတွေကို အတင်းအကြပ်မဲပေးခိုင်းနေပေမယ့် ရွေးကောက်ခံကိုယ်စားလှယ်နာမည်တွေကို ထုတ်ဖော်ကြောညာတာမျိုးမရှိဘဲ စည်းရုံးရေးဆင်းတာနဲ့ဆိုင်းဘုတ်ထောင်တာမျိုးတွေလည်း မရှိဘူးလို့ သူကဆိုပါတယ်။

စစ်အုပ်စုကတော့ သူဦးဆောင်ကျင်းပတဲ့ ရွေးကောက်ပွဲဟာ လွတ်လပ်ပြီးတရားမျှတမှုရှိကြောင်း ကြွေးကြော်ထားပေမယ့် လက်ရှိ‌ ရွေးကောက်ပွဲပြုလုပ်တဲ့မြို့နယ်တွေမှာတော့ ဧည့်စာရင်းစစ်ဆေးပြီး မဲစာရင်းနံပါတ်မသိသူတွေကို ရိုက်နှက်နှိပ်စက်တာတွေလည်း လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

ပခုက္ကူမြို့မှာတော့ မဲရုံတွေကို စာသင်ကျောင်းတွေနဲ့ ရပ်ကွက်ဓမ္မာရုံတို့မှာ လုပ်ဆောင်ထားပြီး ဆန္ဒမဲပေးကြတဲ့ ပြည်သူအများစုဟာလည်း ဖိအားပေးခြိမ်းခြောက်မှုတွေကြောင့် အသက်အရွယ်ကြီးတဲ့သူတွေ အများဆုံးပေးကြတယ်လို့ဆိုပါတယ်။

ဒီဇင်ဘာလ ၂၈ ရက်နေ့ မှာ ပြုလုပ်မယ့် စစ်အုပ်စုရွေးကောက်ပွဲကို ပခုက္ကူ၊ ဆင်ဖြူကျွန်း၊စလင်း၊ပွင့်ဖြူ‌၊ချောက်မြို့၊ဆိပ်ဖြူနဲ့စလေမြို့စတဲ့ မြို့ကိုးမြိုမှာ ကျင်းပဖို့ စစ်အုပ်စုတပ် ပြင်ဆင်ထားတာဖြစ်ပြီး လတ်တလောမှာတော့ စလင်းနဲ့ဆင်ဖြူကျွန်းဟာ တိုက်ပွဲဖြစ်ပွား ပြင်းထန်နေတာဖြစ်ပါတယ်။

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။

Related Articles

Back to top button