မန္တလေးသတင်း

မန္တလေးမြို့ ရွေးကောက်ပွဲ ထပ်လုပ်မယ့် ရပ်ကွက်တွေမှာ မဲစာရင်းကြည့်ဖို့ စစ်အုပ်စု လိုက်အော်၊

လမ်းသွားလမ်းလာတွေကို စစ်အုပ်စုက ငွေညှစ်ရာမှာ မဲစာရင်းကြည့်၊မကြည့်ကိုပါ စစ်ဆေးငွေညှစ်နေ၊

လမ်းသွားလမ်းလာတွေကို စစ်အုပ်စုက ငွေညှစ်ရာမှာ မဲစာရင်းကြည့်၊မကြည့်ကိုပါ စစ်ဆေးငွေညှစ်နေ၊

ဖိုးချို/MFP၊ ဒီဇင်ဘာ – ၃၁

မန္တလေးမြို့‌ရှိ ရွေးကောက်ပွဲ မလုပ်ရသေးတဲ့ မြို့နယ်တွေမှာ မကြာခင်ရက်ပိုင်း ရွေးကောက်ပွဲ ထပ် လုပ်မှာမို့ အိမ်တိုင်းက မဖြစ်မနေ မဲစာရင်းစစ်ဆေးကြည့်ရှု့ဖို့ စစ်အုပ်စုက ရပ်ကွက်တွေထဲ လော်စပီကာနဲ့ လိုက်အော်နေတယ်လို့ မြို့ခံတွေက MFP ကို ပြောပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းက လုပ်ခဲ့တဲ့ ရွေးကောက်ပွဲပြီးကတည်းက စစ်အုပ်စုက ရပ်ကွက်ထဲ လော်နဲ့ လိုက်အော်နေတာလို့ ဆိုပါတယ်။

“ကြားသာ ကြားရတာ ဘာအော်သွားမှန်း မသိပါဘူး၊ မဲစာရင်းကြည့်ဖို့ အော်နေတာ” လို့ မြို့ခံတစ်ဦးက ပြောပါတယ်။

တချိန်တည်းမှာပဲ မန္တလေးမြို့တွင်း အုပ်စုဖွဲ့၊ လက်နက်ကိုင်ကာ လမ်းပေါ်တက်ပြီး လမ်းသွားလမ်းလာတွေကို တားဆီးငွေညှစ်၊ လက်နက်ပြ မိုက်ကြေးခွဲနေတဲ့ မော်တော်ပီကယ် အပါအဝင် စစ်အုပ်စု လက်နက်ကိုင်တွေကလည်း မဲစာရင်းနံပတ်မေးကာ မသိသူတွေကို ငွေညှစ်တာမျိုးတွေလည်း လုပ်နေတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းက လုပ်တဲ့ ရွေးကောက်ပွဲ မတိုင်မီကတည်းက မန္တလေးမှာ အုပ်စုဖွဲ့ လက်နက်ကိုင်ကာ လမ်းပေါ်တက် ငွေညှစ်တဲ့ စစ်အုပ်စုက မဲစာရင်းနံပတ် သိ၊မသိ မေးမြန်းကာ မသိသူတွေကို ရိုက်နှက်ငွေညှစ်တာတွေ လုပ်ခဲ့တယ်လို့ ကိုယ်တိုင်ကြုံရတဲ့ မြို့ခံတချို့က ပြောပါတယ်။

မန္တလေးမြို့ပေါ် ငါးမြို့နယ်အနက် စစ်အုပ်စုဟာ ဒီဇင်ဘာ ၂၈ရက်က အောင်မြေသာစံနဲ့ ချမ်းအေးသာစံမြို့နယ်မှာ အယောင်ပြ ရွေးကောက်ပွဲ လုပ်ခဲ့ပြီး လာမယ့် ဇန်နဝါရီ ဒုတိယပတ်မှာ မဟာအောင်မြေ၊ ပြည်ကြီးတံခွန်နဲ့ အမရပူရမြို့နယ်တွေမှာ ရွေးကောက်ပွဲ ထပ်လုပ်မယ်လို့ ကြေညာထားပါတယ်။

မန္တလေးမှာ အုပ်စုဖွဲ့၊ လမ်းပေါ်တက်ကာ လမ်းသွားလမ်းလာတွေကို တားဆီးငွေညှစ်၊ မိုက်ကြေးခွဲနေတဲ့ စစ်အုပ်စု လက်နက်ကိုင်တွေ/Photo – CJ

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။

#Mandalay_Free_Press_MFP

#အညာ #စစ်ကိုင်း #မန္တလေး #မကွေး

Related Articles

Back to top button