သတင်း

စစ်အုပ်စုနဲ့ တွေ့ဆုံဆွေးနွေးခဲ့တဲ့ CNO/CNDF ဥက္ကဋ္ဌကို တာဝန်က ရပ်စဲကြောင်း ထုတ်ပြန်၊

ပြည်သူလူထုရဲ့ ယုံကြည်မှုနဲ့ တော်လှန်ရေးရဲ့ မူလ ရည်ရွယ်ချက်တွေအပေါ် သစ္စာရှိစွာ ဆက်လက် ရပ်တည်မယ်လို့ ဖော်ပြ၊

ရွှေဥ/MFP၊ ဩဂုတ် – ၃

အာဏာသိမ်း စစ်အုပ်စုနဲ့ တွေ့ဆုံဆွေးနွေးခဲ့တဲ့ ချင်းအမျိုးသားအဖွဲ့ချုပ်/ ချင်းအမျိုးသား ကာကွယ်ရေးတပ် (CNO/CNDF) ဥက္ကဋ္ဌ ကို ရာထူးက ရပ်စဲလိုက်တယ်လို့ CNO/CNDF က သတင်း ထုတ်ပြန်ပါတယ်။

CNO/CNDF ဥက္ကဋ္ဌ ကို စစ်အုပ်စုနဲ့ တွေ့ဆုံဖို့ အဖွဲ့အစည်းက သဘောတူ ခွင့်ပြုခဲ့တာ မဟုတ်ဘဲ ကိုယ့်သဘောနဲ့ကို လုပ်ဆောင်ခဲ့တာမို့ စစ်အုပ်စုနဲ့ တွေ့ဆုံစဉ် ပြောဆိုဆွေးနွေးခဲ့တဲ့ အကြောင်းအရာတွေဟာ CNO ရဲ့ တရားဝင် ရပ်တည်ချက်၊ ဆုံးဖြတ်ချက်နဲ့ မူဝါဒတွေကို ကိုယ်စား မပြုဘူးလို့လည်း CNO/CNDF က ဖော်ပြပါတယ်။

ဒါ့အပြင် CNO/CNDF အနေနဲ့ ပြည်သူလူထုရဲ့ ယုံကြည်မှုနဲ့ တော်လှန်ရေးရဲ့ မူလ ရည်ရွယ်ချက်တွေအပေါ် သစ္စာရှိစွာ ဆက်လက် ရပ်တည်ပြီး ဖက်ဒရယ်ဒီမိုကရေစီစနစ် ပေါ်ပေါက်ရေး၊ တရားမျှတမှု ရရှိရေးနဲ့ စစ်အာဏာရှင်စနစ် အပြီးတိုင် ချုပ်ငြိမ်းရေးအတွက် မဟာမိတ်တော်လှန်ရေး အင်အားစုတွေနဲ့အတူ ခိုင်မာစွာ ဆက်လက် ကြိုးပမ်းမယ်လို့လည်း ဆိုပါတယ်။

Screenshot
Screenshot

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။

#Mandalay_Free_Press_MFP

#အညာ #CNO/CNDF #တွေ့ဆုံဆွေးနွေးမှု #ချင်းပြည်

Related Articles

Back to top button