
သုထက်/MFP၊ ဩဂုတ် – ၄
စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့ထဲ ခိုအောင်းနေတဲ့ အာဏာသိမ်း စစ်အုပ်စုဟာ အင်အားဖြည့်ပြီးနောက် မြို့ကို ပိုမို အုပ်စီးမိလာချိန် မြို့ထဲနေ ပြည်သူ အမျိုးသားတွေကို မသက်ာမှုနဲ့ လိုက်လံဖမ်းဆီးတာ၊ ပေါ်တာဆွဲတာနဲ့ မြို့အဝင်အထွက်တွေမှာ ပိတ်ဆို့ စစ်ဆေးတာတွေ ပိုလုပ်တာတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက MFP ကိုပြောပါတယ်။
အာဏာသိမ်းကာလာ ငါးနှစ်တာအတွင်း စစ်အုပ်စုဟာ ယင်းမာပင်မြို့ပေါ် အုပ်ချုပ်ရေးယန္တရားတွေ စနစ်တကျ မလည်နိုင်သလို စစ်အုပ်စု လက်နက်ကိုင်တွေဟာလည်း မြို့ပေါ်ရှိ ခရိုင်စုပေါင်းရုံးနဲ့ အထက ကျာင်းထဲ ခိုအောင်းနေခဲ့တာလို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ လတွေအတွင်း မုံရွာမြို့ အနောက်မြောက်တိုင်း စစ်ဌာနချုပ် – နမခ နဲ့ တရုတ်ပိုင် ဝမ်ပေါင် ကြေးနီစက်ရုံ ဘက်ကနေ ယင်းမာပင်မြို့ပေါ် အင်အားဖြည့်ပြီးနောက် မြို့ပတ်လည် စစ်ကြောင်းထိုး၊လူသတ်၊ လုယက်၊ မီးရှို့၊ ဗုံးကြဲတာတွေ လုပ်ကာ မြို့ကို ပိုမို စီးနင်းအုပ်စီးမိလာချိန် မြို့ပေါ်မှာ လူဖမ်း၊ ပေါ်တာဆွဲတာတွေ စလုပ်လာတာလို့ ဒေသခံတွေက ပြောပါတယ်။
ဇူလိုင်လကုန်ပိုင်းက စတင်ပြီး စစ်အုပ်စုက ယင်းမာပင်မြို့ပေါ် ရပ်ကွက်တွေထဲ စီးနင်း ဖမ်းဆီးမှုတွေ ဆက်တိုက် လုပ်နေပြီး လူ ၂၀ ဝန်းကျင် ဖမ်းခံထားရတယ်လို့ ဒေသခံ အမျိုးသားတစ်ဦးက MFP ကို ပြောပါတယ်။
“ရပ်ကွက်တွေထဲ ရှောင်တခင် ဝင်စီးတယ်၊ ပေါ်တာဆွဲသလို မဖြစ်အောင် တူပါရဲ့၊ မသင်္ကာမှုနဲ့ ဆွဲတယ်လို့ စကစ က သတင်းဖြန့်တယ်။ စစ်ကြောင်းနေ့စဥ် ထွက်ပြီး ရွာတွေ ဝင်မွှေတဲ့အပြင် ခုဆို မြို့ဝင်မြို့ထွက် လမ်းတွေပါ စစ်ဆေးဖမ်းဆီးတာတွေ ပြုလုပ်နေတယ်”

ယခုရက်ပိုင်း စစ်အုပ်စုဟာ ယင်းမာပင်မြို့နဲ့ မြို့သစ်ရွာကြား၊ ကားလမ်းကို သံပြားကာကားနဲ့ ပိတ်ဆို့ကာ လမ်းသွားလမ်းလာ ပြည်သူကို တားဆီးစစ်ဆေးတာ၊ လက်နက်ပြ မိုက်ကြေးခွဲတာတွ လုပ်နေပြီး အမျိုးသားတွေကို ပေါ်တာဆွဲတယ်လို့ ဆိုပါတယ်။
ယင်းမာပင် မြို့အဝင်အထွက် လမ်းတွေမှာ ဂိတ်ဖွင့်စစ်ဆေး၊ ပေါ်တာဆွဲ၊ ငွေညှစ်နေသလို စစ်အုပ်စု နှစ်ဖွဲ့၊ သုံးဖွဲ့ခွဲပြီနောက် လည်ငေါက်၊ နှောရိုး၊ ရွာသာယာ စတဲ့ ရွာတွေ အပါအဝင် ယင်းမာပင်မြို့နယ်အတွင်းရှိ ကျေးရွာတွေကို အဘှာ့်ကျ ရွာစဉ်ပတ်မွှေ စီးနင်းကာ ဖာက်ထွင်း၊ လုယက်၊ အိမ်မီးရှို့နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်အုပ်စု ရန်ကြောင့် ယင်းမာပင်မြို့တွင်း နေထိုင်သူတချို့ စစ်ဘေးရှောင် ထွက်ပြေးကြရသလို ယင်းမာပင်နယ် ကျေးရွာတွေက ပြည်သူတွေလည်း ထွက်ပြေးနေကြရတယ်လို့ ဆိုပါတယ်။
စစ်အုပ်စုဟာ ယင်းမာပင်မြို့ အပါအဝင် ယင်းမာပင်နယ်ရှိ ကျေးရွာတွေနဲ့ လမ်းပိုင်းတွေကို ပြန်လည် စိုးမိုး ထိန်းချုပ်နိုင်ရေးအတွက် သင်္ကြန်မတိုင်ခင် ဧပြီလဆန်းက စတင်ကာ အင်အားသုံး စစ်ကြောင်းထိုးပြီး လူသတ်၊ လုယက်၊ မီးရှို့နေတာ ဖြစ်ပါတယ်။
စစ်အုပ်စုဟာ ယင်းမာပင်နဲ့ ပုလဲနယ် ကျေးရွာတွေကို စီးနင်းချိန် ဖမ်းမိတဲ့ပြည်သူတွေကို သတ်ဖြတ် စွန့်ပစ်လေ့ ရှိပြီး စစ်အုပ်စု လက်က လွတ်အောင်မပြေးနိုင်တဲ့ အမျိုးသမီးတွေ အပါအဝင် ဒေသခံ ပြည်သူတွေ အများအပြား သတ်ဖြတ်ခံရကာ ဒါဇင်ချီတဲ့ အလောင်းတွေ တွေ့ရပြီး ဖြစ်သလို ထောင်ချီတဲ့ အိမ်တွေလည်း မီးရှို့ဖျက်ဆီးခံခဲ့ရပြီး ဖြစ်ပါတယ်။
စစ်အုပ်စု ရန်ကြောင့် ယင်းမာပင်နယ် အနောက်ခြမ်းနဲ့ ပုလဲနယ်အစပ် ကျေးရွာ ၂၀ ကျော်က သောင်းချီတဲ့ ပြည်သူတွေ စစ်ဘေးရှောင် ထွက်ပြေးနေရတာ လေးလကျော် ကြာပြီဖြစ်ပါတယ်။

ယင်းမာပင်မြို့ရှိ စစ်အုပ်စု ခိုအောင်းနေတဲ့ စုပေါင်းရုံး/Photo – ဒေသခံ
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။
#အညာ #စစ်ကိုင်း #ယင်းမာပင် #ပေါ်တာဆွဲစစ်ကြောင်းထိုး



