• ဆောင်းပါး

    “စစ်လက်နက်ကပြောသောသတင်းစကား” မကွေးတိုင်း၏ကပစဖြတ်တောက်ရေးဆော်ဩချက်

    စစ်အုပ်စု၏ လက်နက်စက်ရုံ ကပစ (၄) ခု လျှပ်စစ်ပြတ်တောက်နေပြီးနောက် နိုင်ငံတစ်ဝန်းရှိ ကပစစက်ရုံများကို ဖြတ်တောက်ရေး မကွေးတိုင်းတော်လှန်ရေးတပ်ဖွဲ့တွေ က ဆော်ဩနေပါတယ်။ အီသာရမ် /MFP၊ ဇန်နဝါရီ – ၁၀ နှစ်သစ်ပထမပတ်အတွင်းမှာပဲ စစ်အုပ်စုက လေကြောင်းတိုက်ခိုက်မှုတွေနဲ့ နိုင်ငံတစ်ဝန်းကို နှုတ်ခွန်းဆက်နေပါတယ်။ဇန်နဝါရီလ (၇) ရက်နေ့က ချောင်းဦးမြို့နယ်မှာ ဂျိုင်ရိုကော်ပတာနဲ့ ပေါင် ၁၀၀ ဗုံးသီးကြဲချရာ ကံကောင်းလို့ မပေါက်ကွဲခဲ့ဘဲလူသေဆုံးမှု မရှိခဲ့ပါဘူး။ ဒါပေမဲ့ ဒီဗုံးသီးရဲ့ ထုတ်လုပ်ရက်စွဲက နှစ်ပတ်ခန့်ပဲ ရှိသေးတဲ့ စက်ရုံထုတ် အသစ်စက်စက်ဖြစ်တာကြောင့် တော်လှန်ရေးအဖွဲ့တွေက “ကပစ” တွေ အလုပ်များနေပြီလို့ ယူဆစရာ ရှိလာပါတယ်။ “ကျွန်တော်တို့ဘက်တွေမှာ တိုက်ပွဲဖြစ်တယ်ဆိုရင် ထားပါတော့ ၂၀၂၅ ခုနှစ်လပိုင်းမှာ တိုက်ပွဲဖြစ်တယ်ဆိုရင် သူတို့ထောက်ပံ့တဲ့ လေကြောင်းနဲ့ပဲဖြစ်ဖြစ် တိုက်ပွဲပြီးလို့ ကျည်ဆန်ခွံတွေပဲ ကြည့်လိုက်၊ ၂၀၂၅ ခုနှစ်လပိုင်းကျည်တွေနဲ့ဆိုတော့ ကျွန်တော်တို့သုံးသပ်မိတာက ဒီကောင်တွေမှာလည်း နှင်းကြမ်းထုတ်နေရတဲ့ ပုံစံမျိုးပေါ့ လက်နက်ခဲယမ်းတွေကို။ သူတို့ရဲ့ ထုတ်လုပ်မှုကိုရပ်တန့်နိုင်ရင် သူတို့ရဲ့ Firing Power (ပစ်ခတ်မှုအား) လျော့ကျလာမယ်” လို့ မကွေးဒေသ က တော်လှန်ရေးတပ်ဖွဲ့တာဝန်ရှိသူတစ်ဦးဖြစ်တဲ့ ဆရာကျောင်းMFP ကို ပြောပါတယ်။ မကွေးတိုင်းအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့တွေက ဒီအခြေအနေမှာ ကပစ စက်ရုံတွေကို ဖြတ်တောက်ရေးအင်တိုက်အားတိုက် လုပ်ဆောင်ဖို့ သူက ယခုလို ဆော်ဩပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်မှာရှိတဲ့ ပေါက်မြို့နယ်၊ မြိုင်၊ ပခုက္ကူနဲ့ ဂန့်ဂေါမြို့နယ် တပ်ဖွဲ့တွေဟာ ၎င်းတို့နယ်မြေတွေမှာရှိတဲ့ ကပစစက်ရုံ လေးရုံရဲ့ လျှပ်စစ်မီးတွေ ဖြတ်တောက်ထားပြီးနောက် ဒီစက်ရုံတွေမှာ လုပ်ငန်းမလည်ပတ်နိုင်တော့ဘူးလို့ MFP ကို ပြောပါတယ်။ ၂၀၂၅ဒီဇင်ဘာ ၂၈ ခုနှစ်မှာ ကပစ ၂၁ ၊ ကပစ ၂၂ နှင့် ကပစ ၂၄ တို့ကို သွယ်တန်းထားတဲ့ မီတိုင်း ၁၀၀ ကျော်ကို ဖောက်ခွဲရှင်းလင်းလိုက်တယ်လို့အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန က ထုတ်ပြန်ခဲ့ပါသေးတယ်။  မကွေးတိုင်းအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့တွေဟာ ပြီးခဲ့တဲ့ သုံးနှစ်တာအတွင်း ဒေသတွင်းက ဒီလက်နက်စက်ရုံတွေကိုတိုက်ခိုက်ဖို့၊ လက်နက်ကြီးနဲ့ ပစ်ဖို့ ဖြတ်တောက်ရေး နည်းလမ်းမျိုးစုံ ကြိုးစားခဲ့ကြပါတယ်။ ၂၀၂၄ ဧပြီလနဲ့ ဇူလိုင်လတွေမှာကပစ (၂၄) နဲ့ (၂၁) တို့ကို အနီးကပ် တိုက်ခိုက်ဖို့ ကြိုးစားခဲ့ပေမဲ့ ထိရောက်မှုမရှိခဲ့ပါဘူး။ ဒါ့အပြင် ၂၀၂၄ ခုနှစ် ဒီဇင်ဘာအတွင်းမှာလည်း မကွေးတိုင်းအတွင်းက ကပစ ဓာတ်အားပေးတိုင်တွေကို စစ်အုပ်စုက စစ်ကြောင်းထိုးလာပြီး ပြန်လည်ပြင်ဆင်ခဲ့ပါသေးတယ်။ လက်ရှိမှာ မကွေးတိုင်းအတွင်းက နာမည်ကျော် ကပစ (၂၁)၊ (၂၂) အပြင် နာမည်ကျော် ကပစ ဖြစ်တဲ့ (၂၄) နဲ့အတူ (၂၅) ကိုလျှပ်စစ်မီး ဖြတ်တောက်ထားနိုင်တာကြောင့် သုံးနှစ်အတွင်း အထိရောက်ဆုံး တိုက်ခိုက်မှုလို့ ယူဆနိုင်ပါတယ်။ ကာကွယ်ရေးပစ္စည်းစက်ရုံ(ကပစ) တစ်ခုတွင် စစ်ဆေးနေသော စစ်ခေါင်းဆောင် မင်းအောင်လှိုင် (ပုံဟောင်း)…

    Read More »
  • ဆောင်းပါး

    “ကသာ မှသည် ဗန်းမော်ဆီသို့” ကသာမြို့သိမ်းတိုက်ပွဲ ဘယ်ဆီဦးတည်နေလဲ

    ဆောင်းနွေဦး၊Reddy Simon/ MFP – ဇန်နဝါရီ – ၅ စစ်ကိုင်းတိုင်းအထက်ပိုင်းရဲ့ နာမည်ကျော် (က)သုံးလုံးခရိုင်၊ ကသာမြို့နယ်မှာ စစ်အုပ်စုတပ်နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေအကြား ဒီဇင်ဘာလ ၂၈ ရက်ကနေ ဒီနေ့အထိ တိုက်ပွဲတွေ ပြင်းထန် နေပါတယ်။ စစ်အုပ်စုရွေးကောက်ပွဲနေ့ ကစလို့ သေနတ်သံတဖန်ညံခဲ့တဲ့ ကသာမြို့နယ်ဟာ မြို့သိမ်းတိုက်ပွဲ အသွင် ဆောင်ကြောင်းတော်လှန်ရေးတပ်ဖွဲ့တွေက ကြုံးဝါးထားပါတယ်။ ဒီတိုက်ပွဲမှာ ကချင်လွတ် မြောက်ရေးတပ်မတော်(KIA)၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ ကွန်မြူနစ်ပါတီရဲ့တပ် (PLA)တို့အပြင် မကြာသေးခင်မှစုစည်းခဲ့တဲ့ SRA အဖွဲ့တို့ ပါဝင်ကြတာဟာထူးခြားချက်ပါ။  စစ်အုပ်စုကလည်း ကသာမြို့ ရဲ့အနောက်တောင်ဘက်မှာရှိတဲ့ ခမရ–၃၀၉ တပ်ရင်းအပါအဝင် အထိုင်စခန်းတွေကို လက်မလွှတ်ရဖို့အတွက် လေကြောင်းနဲ့လက်နက်ကြီးတွေ ဆက်တိုက်ပစ်ခတ်ကာ အပြင်းအထန်ခုခံနေဆဲဖြစ်ပါတယ်။  ကသာမြို့ ရဲ့ နောက်ဆုံးရ တိုက်ပွဲတွေအခြေအနေနဲ့ ဒီဒေသဟာ စစ်ရေးအရ ဘယ်လောက် အရေးပါ သလဲစတဲ့ အခြေအနေတွေကို MFP က စုစည်းဖော်ပြလိုက်ပါတယ်။ ကသာမြို့နယ်ဟာ စစ်ကိုင်းတိုင်းအထက်ပိုင်းရဲ့ ခရိုင် ရုံးစိုက်ရာ မြို့တစ်ခုလည်းဖြစ်သလို စစ်ကိုင်း တိုင်းကနေကချင်ပြည်နယ်ကို ဝင်ရောက်နိုင်တဲ့ တစ်ခုတည်းသောရေလမ်းကြောင်း ဝင်ပေါက် ရှိနေပါတယ်။  ဒီရေကြောင်းခရီးဟာ စစ်ရေးအရ အင်မတန်အရေးကြီးကြောင်း ၂၀၂၄ နဲ့ ၂၀၂၅ ခုနှစ်အတွင်း ကသာမြို့နဲ့ ထီးချိုင့်အနီးတဝိုက် ဧရာဝတီမြစ်တွင်း ရေကြောင်းတိုက်ပွဲတွေက သက်သေပါပဲ။ ။ လွန်ခဲ့တဲ့ နှစ်နှစ်အတွင်း စစ်အုပ်စုတပ်ဟာစစ်ကိုင်းတိုင်းအထက်ပိုင်းကနေ ကချင်ပြည်နယ်အထိကို လူ၊လက်နက်၊ရိက္ခာစတဲ့ ထောက်ပို့ရေးတွေမျာ ရေလမ်းကြောင်းကိုအဓိကအားကိုးအသုံးပြု နေခဲ့တာပါ။  စစ်ကောင်စီက ၂၀၂၄ ခုနှစ်အတွင်း ဒီဒေသတဝိုက် ဧရာဝတီမြစ်ဘေးကမ်းကျေးရွာတွေကို လေယာဉ်၊ စစ်သင်္ဘောတွေ ဘက်စုံ အသုံးပြုပြီး တိုက်ခိုက်မှုပြုလေ့ရှိခဲ့ရာကနေ ၂၀၂၅ မှာမြေပြင် ထိုးစစ်ဆင်နိုင်မှု လျော့နည်းလာခဲ့ပါတယ်။ ကသာမြို့သည်ရေကြောင်းပို့ဆောင်ရေးအရေးပါသောမြို့ဖြစ်ပြီး စစ်ကိုင်းနှင့်ကချင်ပြည်နယ်ကို ဆက်သွယ်ထားသည်။ ဓာတ်ပုံ/ Internet လက်ရှိအချိန်မှာ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေ ကသာမြို့ကို သိမ်းယူနိုင်ပြီးရင် အခြေအနေကို ပြောင်းပြန်လှန်ပစ်ဖို့အခွင့်အရေးတစ်ရပ်ပါ။ ကချင်လွတ်မြောက်ရေးတပ်(KIA)ရဲ့ ပြောခွင့်ရ ဗိုလ်မှူးကြီးနော်ဘူကတော့ ဒီတိုက်ပွဲကို “ကသာ ကနေ ဗန်းမော်ဆီသို့” လို့ ညွှန်းဆိုပြီးပြောပါတယ်။   “ တပ်စခန်းတချို့ သိမ်း ရတယ်ဆိုတဲ့ သတင်းတွေကတော့ မကြားရသေးပါဘူး။ ဒါပေမဲ့ စခန်းငယ်လေးတွေတော့ သိမ်းရတာရှိပါတယ်။ ပင်မစခန်းတွေသိမ်းရတယ်ဆိုတာတော့ မကြားရသေးပါဘူး” လို့ ဗိူလ်မှူးကြီးနော်ဘူက MFP ကို အခုလိုဆက်ပြီး ပြောပါတယ်။…

    Read More »
  • ဆောင်းပါး

    တရုတ်နှင့်အမေရိကန်သိပ္ပံပညာအားပြိုင်ပွဲ – အသံထက်မြန်တဲ့ငလျင်ဆိုတာဘာလဲ?

    Reddy Simon/MFP – ဇန်နဝါရီ – ၃  ၂၀၂၅ မြန်မာငလျင်ကြီးကိုစူပါပါဝါနှစ်နိုင်ငံက သုတေသီတွေ အပြိုင်အဆိုင် လေ့လာခဲ့ကြကြောင်း Science မဂ္ဂဇင်းကိုကိုးကားပြီး စုစည်းတင်ပြခဲ့ပါတယ်။ နောက်ဆုံး သုတေသနမှာ မတ်လ ၂၈ ရက်နေ့ ငလျင်ကြီးဟာ အသံထက် လျင်မြန်တဲ့ Supershear Rupture ဖြစ်စဉ်ဆိုတာကို နှစ်ဖက်လုံး ချွင်းချက်မရှိ သဘောတူခဲ့ကြကြောင်း ဖော်ပြခဲ့ပြီးပါပြီ။ မြန်မာနိုင်ငံ မြေငလျင်ကော်မတီရဲ့ ပညာရှင် ဒေါက်တာမျိုးသန့်က Supershear ဖြစ်စဉ်ဆိုတာကို အခုလို ရှင်းပြပါတယ်။ရှင်းလင်းစွာ နားလည်ဖို့အတွက် ငလျင်လှိုင်း (Seismic Wave) နဲ့ မြေလွှာချပ် ပြတ်ရွေ့မှု (Rupture) ကို ခွဲခြားပြောထားပါတယ်။ “ပုံမှန်ငလျင်မှာ ပြတ်ရွေ့နှစ်ခု ဟိုဘက်ဒီဘက် တွန်းနေတဲ့အတွက် ငလျင်လှိုင်း (Seismic Wave) တွေကို ထုတ်လွှတ်ပေးတယ်။ ရေထဲကို ခဲပစ်ချသလို လှိုင်းတွေပေါ့။ ဒီလှိုင်းတွေမှာ အလျင် (Velocity) ရှိတယ်” “Rupture ကကျတော့ ဒီပြတ်ရွေ့နှစ်ခု ဟိုဘက်ဒီဘက် ပြတ်ထွက်သွားတာပေါ့။ ဦးတည်ချက် (Direction) နှစ်ခုပဲ ရှိမယ်။ ဒီပြတ်ထွက်မှုမှာလည်း အလျင် (Velocity) ရှိတယ်” လို့ ဒေါက်တာမျိုးသန့်က ပြောပါတယ်။ သာမန်ငလျင်တွေမှာ ငလျင်လှိုင်းတွေက တိုင်းတာရေးစခန်းဆီ အရင်ရောက်လာတတ်ပါတယ်။ ဒါပေမဲ့ စစ်ကိုင်းပြတ်ရွေ့ရဲ့ငလျင်မှာ ငလျင်လှိုင်းရဲ့ အလျင် (Velocity) ထက် မြေလွှာပြတ်ရွေ့မှုရဲ့ အလျင် (Velocity) က အရင်ရောက်လာတာကြောင့်ဒီဖြစ်စဉ်ကို Supershear (အသံထက်မြန်သော ငလျင်) လို့ ခေါ်ဆိုတာ ဖြစ်ကြောင်း ဒေါက်တာမျိုးသန့်က MFP ကို ရှင်းပြပါတယ်။ “နေပြည်တော်မှာ ငလျင်တိုင်းစက်စခန်း ရှိတယ်။ ထိုနည်းတူစွာပဲ မန္တလေးမှာလည်း စခန်းရှိတယ်။ အဲဒီ နေပြည်တော်စခန်းသည် စစ်ကိုင်းပြတ်ရွေ့ပေါ်မှာ ရှိနေတယ်။ အဲဒီစခန်းတွေကို ငလျင်လှိုင်း (Seismic Wave) ကလည်း လာတယ်။ Rupture ကလည်း ‘” ဗြောင်း”ဆို ကျိုးပြီးတော့ ပြတ်သွားတဲ့ Velocity ရောက်လာတယ်။ Rupture ရောက်လာတဲ့ အချိန်က ငလျင်လှိုင်း မရောက်ခင် အရင်ရောက်သွားတယ်။ ဒါကို Supershear လို့ ကျွန်တော်တို့က ခေါ်တယ်” လို့ သူက ရှင်းပြပါတယ်။…

    Read More »
  • ဆောင်းပါး

    မန္တလေးငလျင်ကြီး အပေါ် တရုတ်နှင့်အမေရိကန် သိပ္ပံပညာအားပြိုင်ပွဲ

    Reddy Simon၊ MFP – ဇန်နဝါရီ – ၂ ၂၀၂၅ မန္တလေးငလျင်ကြီး လှုပ်ခတ်ပြီးချိန်ကစလို့ တရုတ်နိုင်ငံနဲ့ အမေရိကန်နိုင်ငံ သုတေသနပညာရှင်များဟာ အဆင့်မြင့် နည်းပညာတွေကိုယ်စီ အသုံးပြုပြီး ပူးပေါင်းဆောင်ရွက်မှုရော၊ အပြိုင်အဆိုင် လေ့လာမှုတွေပါပြုလုပ်ခဲ့ကြပါတယ်။ အထူးသဖြင့်…

    Read More »
  • သတင်း

    ငလျင်အပြီး ရုန်းကန်နေရဆဲကလေးတို့ ပညာရေး

    ဂျီဂျီ/MFP၊ ဒီဇင်ဘာ ၃၁ အခြေခံပညာမူလတန်းကျောင်းလို့ ဆိုင်းဘုတ်တပ်ထားတဲ့ ခြံဝင်းအတွင်း ပေ ၂၀ × ပေ ၃၀ ခန့် အကျယ်အဝန်းရှိ အဆောင်တစ်ခုမှာ စာသင်သံ၊ စာအံသံတွေနဲ့ ဆူညံပွက်လောရိုက်လို့နေပါတယ်။ Hall type (ခန်းမကျယ်) ပုံစံစာသင်ဆောင်ကိုမှ အတန်းတစ်တန်းနဲ့တစ်တန်းကို နံရံနဲ့ အခန်းဖွဲ့တည်ဆောက်တာမဟုတ်ဘဲ ခုံကလေးနဲ့သာ ခြားထားတာကြောင့်လည်း အသံတွေက ပိုပြီးလုံးထွေးနေပါတော့တယ်။ အခြေခံပညာမူလတန်းကျောင်းတစ်ကျောင်းမှာဆိုရင် ကျောင်းသားဦးရေ ၉၀ ကနေ ၄၀၀ နီးပါးရှိပါတယ်။ ကျောင်းဖွင့်ရက်တွေမှာ အဲ့ဒီကျောင်းသားရာကျော်ရဲ့ အသံတွေကို လွှမ်းခြုံနိုင်အောင် အော်ဟစ်သင်ရတဲ့ ဆရာ၊ ဆရာမတွေဟာလည်းသောကြာညနေလိုမျိုးမှာ အသံတွေဝင်ပြီး ပြာနေကြပါပြီ။ “ ရင်နာစရာကောင်းတယ်။ ငါတို့နိုင်ငံမှာ စာသင်နေရတာ။ ရှိတဲ့အဆောင်လေးတွေမှာ ကလေးတွေ (ပြွတ်သိပ်) ညပ်ပြီး ပုံထပ်နေတာပဲ” လို့ ငလျင်ဒဏ်သင့်စာသင်ကျောင်းတွေနဲ့ပတ်သက်ပြီး စိတ်ဝင်တကား လေ့လာ ကူညီနေတဲ့ မန္တလေးမြို့ ဒေသခံတစ်ဦးက MFP ကို ပြောပါတယ်။ စာသင်ဆောင် မပြည့်စုံလို့ နေရာထိုင်ခင်း ကြပ်ကြပ်ညပ်ညပ်၊ ဆရာမစာသင်သံနဲ့ ကလေးတွေ စာအံသံ ရောရောထွေးထွေး၊အဲဒီလိုမြင်ကွင်းဟာ ဝေးလံခေါင်ဖျားပြီး အစွန်အဖျားဒေသတွေမဟုတ်ပါဘူး။ မြန်မာနိုင်ငံအလယ်ပိုင်း မန္တလေးမြို့နဲ့ အနီးဝန်းကျင်ဒေသတွေမှာပဲ တွေ့မြင်နိုင်ပါတယ်။ အခြေခံပညာကျောင်းတွေမှာ စာသင်ဆောင်တွေလိုအပ်နေတာဟာ ၂၀၂၅ ခုနှစ် ငလျင်ကြီးမတိုင်မီကတည်းကပါ။ အဲဒီလိုအပ်မှုတွေဟာ ငလျင်ကြီးအပြီးမှာတော့ ပိုပြီး မြင်သာထင်သာရှိလာတယ်လို့ ဆိုရမှာဖြစ်ပါတယ်။ မတ်လ ၂၈ ရက်က စစ်ကိုင်းငလျင်ကြီးလှုပ်ခတ်မှုကြောင့် ဘေးသင့်ဒေသရှိ စာသင်ကျောင်းပေါင်း ၂,၅၁၄ ကျောင်း ပျက်စီးခဲ့ရတယ်လို့ စစ်အုပ်စုထုတ်ပြန်ချက်တွေအရ သိရပါတယ်။ ဘယ်ဒေသက ဘယ်လိုပျက်စီးတယ်ဆိုတဲ့ အသေးစိတ်စာရင်း မသိရှိရပေမဲ့ ငလျင်ဗဟိုချက်အနီးမှာရှိတဲ့ အမရပူရ၊ အင်းဝ၊ တံတားဦး၊ စဉ့်ကိုင်နဲ့ ပလိပ်ဒေသမှာ စာသင်ကျောင်းတချို့ ပြိုကျ၊ပျက်စီးတာတွေရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ စာသင်ဆောင်နှစ်ခုရှိတဲ့အနက် တစ်ခုက လုံးဝပြိုကျသွားတာ၊ တစ်ခုက တစ်ခြမ်းစောင်းသွားတာ၊ နံရံတွေ အက်ကွဲသွားတာ၊မျက်နှာကျက်ပြိုကျတာ၊ မြင့်မိုရ်ပြိုကျတာ၊ ကျောင်းအုတ်တံတိုင်းတွေ ပြိုကျတာ စတဲ့ ပုံစံမျိုးစုံပျက်စီးနေတာပါ။ ဒီလိုပျက်စီးနေတာတွေကို ပြုပြင်ဖို့အတွက် ပြင်ဆင်ခွင့်ကို သက်ဆိုင်ရာကျောင်းအုပ်တွေက ဌာနတွင်း အဆင့်ဆင့် စာတင်ထားပေမဲ့ စာသင်နှစ်တစ်နှစ် ပြီးဆုံးတော့မယ့် လက်ရှိအချိန်အထိ ကျမလာသေးဘူးလို့ ကျောင်းအခြေအနေကို သိရှိသူတစ်ဦးက MFP ကို ပြောပါတယ်။ ထိခိုက်၊ ပျက်စီးခဲ့တဲ့ စာသင်ကျောင်းတွေအနက် အထက်တန်းကျောင်းတွေဆိုရင် အပြိုအပျက်တွေကို စစ်အုပ်စုလက်အောက်ခံတွေက ရှင်းလင်းပေးကြပါတယ်။ လုံးဝပြိုကျသွားတဲ့ ကျောင်းအတွက်လည်း စစ်အုပ်စုက ဖျက်သိမ်းစရိတ်ကျပ်သိန်း (၃၀) ပေးထားတယ်လို့ စုံစမ်းသိရပါတယ်။ မြို့ပေါ်မှာရှိတဲ့ စာသင်ကျောင်းတွေဆိုရင်လည်း ရှင်းလင်း၊ ပြင်ဆင်၊ ကူညီပေးတဲ့ အဖွဲ့အစည်းတွေများပေမဲ့ မြို့နဲ့မလှမ်းမကမ်းက မူလတန်းကျောင်းလေးတွေကတော့ အကူအညီရရှိတာ နည်းပါးကြပါတယ်။ ငလျင်ကြီး လှုပ်ပြီး နှစ်လကျော်အကြာ ကျောင်းဖွင့်ရာသီမှာတော့ အခြေခံပညာကျောင်းအားလုံးကို ဖွင့်လှစ်သင်ကြားပေးနိုင်ခဲ့တယ်လို့ စစ်အုပ်စုက သြဂုတ်လမှာ သတင်းထုတ်ပြန်ပါတယ်။ ထိခိုက်၊ ပျက်စီး ကျောင်းဆောင်တွေကို ပြုပြင်ပြီးစီးတာမဟုတ်ဘဲ အချိန်နှစ်ချိန်ခွဲပြီး နှစ်သုတ်တက်စနစ်နဲ့ သင်ကြားဖို့ စစ်အုပ်စုက စီစဉ်ထားတာဖြစ်ပါတယ်။ စစ်အုပ်စုအမိန့်အရ မဖြစ်မနေ ဖွင့်လှစ်ခဲ့ရတဲ့ ငလျင်ဘေးသင့် စာသင်ကျောင်းတွေဟာ မပြုပြင်နိုင်သေးတဲ့ ထိခိုက်၊ ပျက်စီးမှုတွေကြောင့် အဆင်ပြေရာနည်းလမ်းကိုသုံးခဲ့ရပါတယ်။ ကျောင်းဝင်းအတွင်း မပြုပြင်ရသေးတဲ့ ကျောင်းဆောင်တွေအနီးသစ်ပင်ရိပ်အောက်မှာ စာသင်ခုံကလေးတွေချပြီး ပညာသင်ရတဲ့ ကျောင်းသား၊ ကျောင်းသူတွေရှိသလို ကျောင်းဝင်းအတွင်းနေရာလွတ်မရှိတဲ့ တချို့ကျောင်းတွေက ရပ်ရွာခန်းမမှာ၊ တချို့က ဘုရားပေါ်မှာ ရွှေ့ပြောင်းပြီး ပညာသင်ကြားကြရပါတယ်။ စာသင်ဆောင် (၂) ခုရှိပြီး (၁) ခုက လုံးဝပြိုကျသွားတာကြောင့် ကျောင်းဆောင် (၁) ခုတည်းနဲ့ပဲ ဖြစ်သလို ရပ်တည်နေရတဲ့အမရပူရမြို့နယ်အတွင်းရှိ အခြေခံပညာမူလတန်းကျောင်းတစ်ခုကတော့ မနက်ပိုင်း၊ ညနေပိုင်း အချိန်နှစ်ချိန်ခွဲကာ နှစ်သုတ်တက်စနစ်နဲ့ ပညာသင်ယူနေရပါတယ်။ စစ်အုပ်စုအနေနဲ့ ပျက်စီး၊ ထိခိုက်တဲ့ စာသင်ကျောင်းတွေကို အသစ်တည်ဆောက်ပေးတာ၊ ပြုပြင်ပေးတာတွေကို သတင်းထုတ်ပြန်တဲ့အရေအတွက်ကိုတော့ MFP အနေနဲ့ မတွေ့ရှိရသေးပါဘူး။ ယာယီ Prefabricated စာသင်ကျောင်းဆောင် ၂၀ ဖြန့်ခွဲဆောင်ရွက်ပေးထားတယ်လို့ စစ်အုပ်စုက ဆိုပါတယ်။…

    Read More »
  • ဆောင်းပါး

    ငလျင်ကြီးကဖွင့်ဟခဲ့သည့် ဆောက်လုပ်ရေးလောက ကမောက်ကမ

    ဂျီဂျီ/MFP၊ ဒီဇင်ဘာ ၁၇ အောက်ခြေမရှိတော့သည့် တိုက်တာများ၊ ပုံပုံလဲပြိုနေသည့် အဆောက်အအုံ၊ ကျိုးပြတ်သွားသည့် တံတား၊ မြေလွှာအက်ကွဲပြီးမြေကြီးရွေ့လျားသွားသည့် ဒေသ၊ ထက်ပိုင်းပြတ်သွားသည့် ဘုရားစေတီ၊ ခေါင်းမရှိတော့သည့် ရုပ်ပွားတော်…. ဒါတွေအားလုံးဟာ မန္တလေးငလျင်ကြီး လှုပ်ခတ်နေချိန် မိနစ်ပိုင်းလေးအတွင်းမှာ ဖြစ်ပျက်သွားခဲ့သလို ငလျင်ကြီးလှုပ်ခတ်ပြီး (၉) လနီးပါးကြာမြင့်သည့် ကာလတိုင်အောင် မြင်တွေ့နေရသည့် မြင်ကွင်းတွေပါ။ မတ်လ ၂၈ ရက် မန္တလေးငလျင်ကြောင့် ဘုန်းတော်ကြီးနှင့် သီလရှင်ကျောင်း ၄,၃၁၇ ကျောင်း၊ ဘုရားစေတီ ၆,၀၂၇ ဆူ၊ဆေးရုံ/ဆေးခန်း ၃၅၀ ခု၊ စာသင်ကျောင်း ၂,၅၁၄ ကျောင်း၊ ရထားလမ်း ၃၈ ခု၊ လမ်း ၂၆၉ ခု၊ အမြန်လမ်း (လမ်းပိုင်း) ၂၀၃ခု၊ ဆည်/တမံ ၅၈၆ ခု၊ တံတား ၁၇၀ စင်းနှင့် နေအိမ်/အဆောက်အအုံ ၆၅,၀၉၆ လုံး ထိခိုက်ပျက်စီးခဲ့ရတယ်လို့ စစ်အုပ်စု၏သတင်းထုတ်ပြန်ချက်များအရ သိရပါတယ်။ “ကျွန်တော်တို့က ပေါ့ပေါ့တန်တန်ပဲ ငလျင်နဲ့ပတ်သက်ပြီးတော့ လျှော့တွက်တဲ့အခါမှာ ၇ ရစ်ခ်တာစကေးနဲ့ ဆောက်တော့အဆောက်အအုံတွေ ပြိုကျခဲ့တာ သွားတွေ့ပါတယ်။ ဒီလိုပဲ နေပြည်‌တော်မှာ ဆောက်တဲ့ အဆောက်အအုံတွေ ကံကောင်းလို့ ဒီဟိုတယ် (မင်္ဂလာသီရိဟိုတယ်) ကျန်တာပါ။ တော်တော်များများ ပျက်ပါတယ်။ ခန်းမတွေ ဘယ်မှာမှ မရှိပါဘူး။ ရှားရှားပါးပါးဒီတစ်ခုပဲ ရတယ်။ ဆိုတော့ ဒီလိုမျိုး အင်ဂျင်နီယာဘက်က လျှော့ပြီးစဉ်းစားတဲ့အတွက်ကြောင့် အကျိုးဆက်က ဘာလဲဆိုရင်ထိခိုက်ဆုံးရှုံးမှုတွေ ကြီးမားခဲ့တာ ဖြစ်ပါတယ်” လို့ အာဏာသိမ်းစစ်အုပ်စုခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကသူစီစဉ်ပြီး လုပ်ခိုင်းသည့် ငလျင်‌ဘေးအလွန် မြန်မာ့စီးပွားရေး ပြန်လည်ကုစားခြင်းနှင့် ပြန်လည်ထူထောင်ခြင်း သုံးသပ်ဆွေးနွေးပွဲမှာ သူ့လက်အောက်ခံများကို ထောက်ပြပြောဆိုခဲ့ပါတယ်။ မန္တလေးငလျင်ကြောင့် လူနေအိမ်ခြေ ပျက်စီးဆုံးရှုံးမှုဟာ အရင်ဖြစ်ဖူးခဲ့သည့် သဘာဝဘေးများမှာ ဆုံးရှုံးခဲ့တာထက် နှစ်ဆနီးပါးရှိသလို၊ လူနေအိမ်မဟုတ်သည့် အခြေခံအဆောက်အအုံ၊ အစိုးရဌာနဆိုင်ရာရုံးနှင့် ဝန်ထမ်းအဆောက်အအုံတွေလည်းထိခိုက်ဆုံးရှုံးခဲ့ရပြီး ပျက်စီးဆုံးရှုံးမှုတန်ဖိုး ကျပ်ဘီလီယံ ၃၆၂၉.၂၈၈ ရှိတယ်လို့ စစ်အုပ်စုအဖွဲ့ဝင်များက ပြောပါတယ်။ ကမ္ဘာ့ဘဏ်၏ လေ့လာဆန်းစစ်ချက်အရမူ အမေရိကန်ဒေါ်လာ ၁၁ ဘီလီယံခန့် ဆုံးရှုံးတယ်လို့ သိရပါတယ်။ “ဘယ်လိုပဲဖြစ်ဖြစ် ဆုံးရှုံးမှုတန်ဖိုးက တော်တော်ကို ကြီးကြီးမားမား ရှိနေတာကို တွေ့ရပါတယ်။ ဒီနေရာမှာလည်းပျက်စီးဆုံးရှုံးမှုတန်ဖိုးက economic damage ရဲ့ တန်ဖိုးကိုပဲ indicate လုပ်ပြီး ဖော်ပြထားနိုင်တဲ့ အနေအထားဖြစ်ပြီးတော့ဒါနဲ့ဆက်စပ်ပြီး ကျွန်တော်တို့နိုင်ငံမှာ စီးပွားရေးအရ ဆုံးရှုံးမှု losses ကို ထည့်သွင်းတွက်ချက်ဖို့ လိုတာအများကြီး တွေ့ရပါတယ်။ ဒီဟာတွေကို ပြန်တည်ဆောက်မယ်ဆိုရင် နိုင်ငံတကာ အတွေ့အကြုံအရ တည်‌ဆောက်ရမယ့်တန်ဖိုးက အနည်းဆုံး နှစ်ဆ၊ သုံးဆလောက်အထိ ကုန်မယ့်အနေအထား ဖြစ်တဲ့အခါကျတော့ လက်ရှိ ကျွန်တော်တို့နိုင်ငံရဲ့ အနေအထားနဲ့ ပြန်လည်တည်‌ဆောက်ရေးကို အများကြီး အားစိုက်လုပ်ရမယ်” လို့ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်(UMFCCI) ဥက္ကဋ္ဌ ဦးအေးဝင်းက ပြောပါတယ်။ မန္တလေးငလျင်ကြောင့် နေပြည်တော်၊ မန္တလေးနှင့် စစ်ကိုင်းမှာ အများဆုံး ထိခိုက်ပျက်စီးခဲ့တာဖြစ်ပြီး မန္တလေးမြို့မှာ ပြိုလဲပျက်စီးသည့် အထပ်မြင့်လူနေအိမ်၊ အဆောက်အအုံ အများစုမှာဆိုရင် Building Code (မြန်မာနိုင်ငံ အဆောက်အအုံဆိုင်ရာစံချိန်စံညွှန်း လမ်းညွှန်ချက်များ) အရ တည်ဆောက်တာ မရှိကြသလို Building Code အရ တည်ဆောက်ထားခဲ့လျှင်တောင်မှသေသေချာချာ စစ်ဆေးကြပ်မတ်သည့် အဖွဲ့အစည်း မရှိဘူးလို့ ဆောက်လုပ်ရေး အသိုင်းအဝိုင်းက ထောက်ပြကြပါတယ်။ “Permit တင်တုန်းက ငါးထပ်ပဲ ဖြစ်ချင်ဖြစ်မယ်။ အဲ့ဒါပြီးတော့မှ တစ်ထပ်၊ နှစ်ထပ် တင်လိုက်တာတို့ ဘာတို့ဆိုတော့ မူလဆောက်ထားတဲ့ဟာက အစကတည်းက ရှစ်ထပ်ကို ရည်ရွယ်ပြီး ဒီဇိုင်းလုပ်ထားပြီးမှ ငါးထပ်နဲ့ တင်တယ်ဆိုရင် ပြဿနာ သိပ်မရှိဘူး‌ပေါ့။ ဒါပေမဲ့ တင်တုန်းကတည်းက ငါးထပ်ပဲ တင်ထားတယ်။ ဆောက်တဲ့အချိန်ကျမှ ရှစ်ထပ်တို့ ဘာတို့ ဖြစ်သွားတယ်ဆိုရင် မလိုလားအပ်တဲ့ဟာမျိုးတွေ တွေ့ရတာပေါ့။ အများစု ပြိုလဲသွားတဲ့ဟာတွေမှာ ကျွန်တော့်အမြင်က အဲ့ဒါမျိုးပဲ မြင်ပါတယ်” လို့ မြန်မာနိုင်ငံ ငလျင်ကော်မတီ ဒုဥက္ကဋ္ဌ ဦးစောထွေး‌ဇော်က ပြောပါတယ်။ အဆောက်အအုံတစ်ခု ဆောက်လုပ်မယ်ဆိုလျှင် ဆောက်လုပ်ခွင့်ကို သက်ဆိုင်ရာဌာနထံ တင်ပြတောင်းခံရတာပါ။ အထပ်မြင့်အတွက် ဆောက်လုပ်ခွင့်တောင်းခံရာမှာ အချိန်ကြန့်ကြာတတ်တာကြောင့် အဆောက်အအုံ ဆောက်လုပ်သူဘက်ကလည်းဆောက်လုပ်မည့် အထပ်အရေအတွက်ကို လျှော့ချပြီး ဆောက်လုပ်ခွင့် တောင်းခံကြတာဖြစ်တယ်လို့ ဆောက်လုပ်ရေးနယ်ပယ်က သိရပါတယ်။ အဆိုပါ ခွင့်ပြုမိန့်များအပြင် တည်ဆောက်ရေးလုပ်ငန်းခွင်များတွင် အသုံးပြုသည့် ဆောက်လုပ်ရေးပစ္စည်းများကလည်းအရည်အသွေးနှင့် စံချိန်စံညွှန်း မပြည့်မီတာ၊ အရည်အသွေးမီ ပစ္စည်းကို ဝယ်ယူချင်သော်လည်း ဈေးကွက်ထဲမှာ မရှိတာ၊ ရှိလျှင်လည်း အလွယ်တကူ ဝယ်ယူလို့မရတာတွေက အခက်အခဲ ဖြစ်နေပါတယ်။ ပြည်တွင်းဖြစ် ပစ္စည်းများက စံချိန်စံညွှန်း မပြည့်မီသလို နိုင်ငံခြားက တင်သွင်းလာသည့် ပစ္စည်းများကိုလည်း အရည်အသွေး စစ်ဆေးမှု မရှိတာတွေကလည်းဆောက်လုပ်ရေးနယ်ပယ်မှာ လုပ်ချင်သလိုလုပ်ဖို့ တွန်းအားပေးသလို ဖြစ်နေတယ်လို့ ဆိုကြပါတယ်။ “Material (ဆောက်လုပ်ရေးပစ္စည်း) တွေရဲ့ Standard (အရည်အသွေးနဲ့ စံချိန်စံညွှန်း) မမှန်မှုကြောင့် ကျွန်တော်တို့ဆီမှာ မလိုအပ်ဘဲနဲ့ Cost (ကုန်ကျစရိတ်) တွေက အလဟဿ Waste (ဖြုန်းတီးတာ) တွေ ဖြစ်တာ အများကြီးပါ” လို့ ဦးစောထွေး‌ဇော်က ဆက်လက်ပြောဆိုပါတယ်။ ငလျင်ကြောင့် ထိခိုက်ခဲ့သည်များကို ပြန်လည်ထူထောင်ရေး လုပ်ကြမယ်ဆိုလျှင် ငလျင်အလွန်ကာလ ဆောက်လုပ်ရေးကဏ္ဍမှာ ပြောင်းလဲရမှာတွေ အများကြီး ရှိနေပါတယ်။ ဆောက်လုပ်ရေးနယ်ပယ်ဟု ဆိုလိုက်လျှင် ကန်ထရိုက်တာ၊ Developer၊Designer၊ အင်ဂျင်နီယာနှင့် လုပ်သားများကိုသာ ပြေးမြင်တတ်ကြသော်လည်း တကယ်တမ်းတွင် အုတ်၊ သဲ၊ ကျောက်၊ဘိလပ်မြေ ထုတ်လုပ်ဖြန့်ချိရေး၊ အိမ်အလှဆင်လုပ်ငန်း၊ လျှပ်စစ်၊ သံနှင့် သံမဏိ၊ အိမ်မိုးသွပ်၊ ဂျပ်ဆင်ဘုတ်နှင့် ဆေးလုပ်ငန်း စသည့် ဆက်စပ်လုပ်ငန်းများစွာ ပါဝင်နေတာပါ။…

    Read More »
  • ဆောင်းပါး

    နာဂစ်ခြေဥ၊ ငလျင်ရွေးကောက်ပွဲ၊ နောက်ငါးနှစ်စာ ခန့်မှန်းနိုင်ပါပြီ

    Reddy Simon /MFP – ဒီဇင်ဘာ ၂၈ လူပေါင်းများစွာ သေကြေဒုက္ခရောက်ခဲ့ကြတဲ့ မန္တလေးငလျင်ကြီး ၉ လပြည့်၊ဒီနေ့ ကို ရွေးကောက်ပွဲနေ့အဖြစ် ရွေးချယ်တာဟာ တော်ရုံတိုက်ဆိုင်မှုမျိုးတော့ ဟုတ်ဟန်မတူပါဘူး။ အာဏာရဲ့ ဦးစားပေးချက်က ဘာလဲဆိုတာ ပြသနေပါတယ်။…

    Read More »
  • ဆောင်းပါး

    စစ်ကိုင်းတိုင်းရဲ့ ရွေးကောက်ပွဲ : ကျည်ဆံကြားက မဲပြား

    MFP အဖွဲ့၊ ဒီဇင်ဘာ ၂၇ တော်လှန်ရေးတပ်တွေ အားကောင်းရာ စစ်ကိုင်းတိုင်းရဲ့ ရွေးကောက်ပွဲမျက်နှာစာက အလွန်ရုပ်ပျက်ဆင်းပျက်ဖြစ်နေတဲ့ ကိန်းဂဏန်းအရေအတွက်ကို ပြနေပါတယ်။ တိုင်းတစ်ခုလုံးရဲ့ (၈၀) ရာခိုင်နှုန်းကျော် ရွေးကောက်ပွဲမလုပ်နိုင်ပေမဲ့ ဒါကိုပဲ ပြည်သူ့ဆန္ဒအဖြစ် နိုင့်ထက်စီးနင်း ခေါင်းစဉ်တပ်ခြင်းကို စစ်ကိုင်းတိုင်းမှာ…

    Read More »
  • ဆောင်းပါး

    မကွေးတိုင်းရွေးကောက်ပွဲသတင်းပေးပို့ချက် : မဲပုံးနှင့် စစ်ခေါ်သံ 

    Reddy Simon၊ အီသာရမ် − ဒီဇင်ဘာ ၂၇ တော်လှန်ရေးတပ်တွေ မကြာသေးခင်ကမှ စတင်လိုက်တဲ့ မကွေးတိုင်းက မြို့ (၆) မြို့ကို သိမ်းပိုက်ဖို့ အစီအစဉ်ဟာ စစ်အုပ်စုရွေးကောက်ပွဲကျင်းပမည့်အချိန် တစ်လျှောက်လုံး (ဒီဇင်ဘာနဲ့ ဇန်နဝါရီလ အတွင်း) စစ်တပ်ကို မနားတမ်း ဖိအားပေးဖို့နဲ့ မြို့တွေကို သိမ်းဖို့ထိ ရည်ရွယ်ထားကြောင်း ထုတ်ပြောလာပါတယ်။  ဒီစစ်ရေးလှုပ်ရှားမှုကြောင့် ရွေးကောက်ပွဲကျင်းပဖို့ စီစဉ်ထားတဲ့ မကွေးတိုင်းအတွင်းက ဒေသနှစ်ခု ဖြစ်တဲ့ စလင်းနဲ့ ဆင်ဖြူကျွန်း မှာဒေသခံတွေ နေ့ချင်းပဲ ပြောင်းရွေ့ကုန်ပြီးမြို့ထဲမှာ မဲပေးသူ မရှိနိုင် တော့ဘူးလို့ ဆင်ဖြူကျွန်းမြို့က ပရဟိတအသင်းတခုမှာ လုပ်ကိုင်နေသူကဆိုပါတယ်။ …

    Read More »
  • ဆောင်းပါး

    ငလျင်ကဖျက်၊စနစ်ကသတ်နေသည့် မြန်မာ့ရှေးဟောင်းအမွေအနှစ်များ

    ဂျီဂျီ/MFP – ဒီဇင်ဘာ ၂၀ ငလျင်ဗဟိုချက်ပေါ်က မြန်မာ့အမွေအနှစ်တွေ ပုံစံပျက်ယွင်းသွားတာ၊ ဘုန်းဘုန်းလဲ ပြိုကျတာ၊ မွမွကြေ ပျက်စီးတာ၊ ဖျက်ဆီးခံလိုက်ရတာတွေ အားလုံးဟာ တန်ဖိုးသိသူ ပညာရှင်တွေရဲ့ နှလုံးသားကို အင်အားပြင်းပြင်းနဲ့ ထိုးနှက်လိုက်သလို ခံစားရစေခဲ့ပါတယ်။ နှစ် (၁၀၀) ဝန်းကျင်မှာ လှုပ်ခတ်လေ့ရှိတဲ့ မန္တလေးငလျင်ကြီးက ချေမှုန်းလိုက် တဲ့ အဆောက် အအုံတွေထဲမှာ လူနေအိမ်တွေသာမက ကမ္ဘာ့အမွေအနှစ်စာရင်းဝင် နေရာတွေ၊ ကမ္ဘာ့အမွေအနှစ် ပဏာမစာရင်းဝင် မြို့တော်ဟောင်းတွေ၊ ယဉ်ကျေးမှုအမွေအနှစ်ဒေသတွေ၊ သမိုင်းကြောင်း၊ ဗိသုကာနဲ့ အနုလက်ရာ တန်ဖိုးကြီးမားလှတဲ့ ရှေးဟောင်းသမိုင်းဝင် အဆောက်အအုံ၊စေတီပုထိုးတွေလည်း ပါဝင်နေပါတယ်။ မြန်မာနိုင်ငံရဲ့ ယဉ်ကျေးမှုအမွေအနှစ် ဒုတိယအများဆုံးနဲ့ တတိယအများဆုံးရှိတဲ့ မန္တလေးနဲ့ စစ်ကိုင်းတိုင်းဟာငလျင်ဗဟိုချက်ရဲ့ အဓိကနေရာဖြစ်နေတာက မရှောင်လွှဲနိုင်တဲ့ အကြောင်းတရားဖြစ်နေခဲ့ပြန်ပါတယ်။ စစ်ကိုင်းတိုင်း ကျိုက်လတ်ချောင်စေတီ၊ ဓာတ်ပုံ−ဖေ့ဘုတ် မန္တလေးတိုင်းတခုလုံးအတွင်း ယဉ်ကျေးမှုအမွေအနှစ်ဒေသရယ်လို့ သတ်မှတ်ထားတဲ့ နယ်မြေ (၁၀) ခုရှိတဲ့ အထဲက (၈) ခု၊ ရှေးဟောင်းအဆောက်အအုံပေါင်း (၂,၅၆၂) ခုရှိတဲ့အထဲက (၁,၅၂၈) ခု ထိခိုက်ပျက်စီးခဲ့တာကြောင့် ၆၀ ရာခိုင်နှုန်းခန့်ပျက်စီးဆုံးရှုံးခဲ့တယ်လို့ စစ်ကောင်စီက ဆိုပါတယ်။  ဒါက ဒေသတစ်ခုအတွက် အင်မတန်ကြီးမားတဲ့ ယဉ်ကျေးမှုအမွေအနှစ် ဆုံးရှုံးမှုဖြစ်ပါတယ်။  ဒီနယ်မြေ (၁၀)ခုအတွင်းမှာ အထိခိုက်အပျက်စီးမှု…

    Read More »
Back to top button