-
ဆောင်းပါး
ရွေးကောက်ပွဲ မလုပ်နိုင်တဲ့ အညာ ရွာတွေကို စစ်အုပ်စု အငြိုးတကြီး မီးလောင်တိုက်သွင်းနေသလား
ရေးသူ – မယ်ကြည်ညို (MFP)၊ ဆောင်းပါး နွေနေပူပူ ကျိုးတို့ကျဲတဲ ဇီးပင်တစ်ပင်ရဲ့အောက်မှာ လူကြီးလေးငါးယောက်၊ လူလတ်ပိုင်းလေးငါးယောက်နဲ့ ကလေးသုံးလေးယောက်တို့ အစုလိုက် ရှိနေပါတယ်။ နေပြောက်ထိုးနေတဲ့ တာလပတ်အခင်းအပေါ်မှာ အသက်၇၀ ဝန်းကျင် အဖိုးအိုတစ်ဦး လဲလှောင်းနေပါတယ်။ နောက်ထပ်အဖိုးအိုကတော့…
Read More » -
သတင်း
စစ်အုပ်စုရဲ့ ကကြိုးအသစ်၊ လူထုအတွက် ဇာတ်ညွှန်းအဟောင်း
ရေးသူ – မင်းမြတ်၊ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို လွှတ်တော်မှာ သမ္မတလောင်းအဖြစ် နာမည်စာရင်း တင်သွင်းတဲ့ နေ့မှာပဲ စစ်တပ်ခေါင်းဆောင်ပိုင်းရာထူး အပြောင်းအလဲတွေ ပေါ်ပေါက်လာပါတယ်။ ဒါဟာ မြန်မာစစ်တပ်ရဲ့ နောက်ဆုံး ၁၅နှစ်ကြာကာလအတွင်း ပထမဆုံးအကြိမ် မြင်တွေ့ရတဲ့ ခေါင်းဆောင်ပိုင်း…
Read More » -
ဆောင်းပါး
အသက်တွေ ခင်းပြီးလျှောက်တဲ့လမ်း
ရေးသူ – ဝင်းသိန်း ဒီမိုကရေစီစနစ်တစ်ခုမှာ ရွေးကောက်ပွဲဆိုတာ နိုင်ငံသားတွေရဲ့ ဆန္ဒကို လွတ်လပ်စွာ ဖော်ထုတ်ခွင့်ရတဲ့ ပန်းတိုင်တစ်ခု ဖြစ်သင့်ပါတယ်။ ဒါပေမဲ့ ယနေ့ခေတ် မြန်မာနိုင်ငံ အထူးသဖြင့် အညာဒေသမှာတော့ ရွေး ကောက်ပွဲဆိုတဲ့ စကားလုံးဟာ မျှော်လင့်…
Read More » -
ဆောင်းပါး
ရွေးကောက်ပွဲအပြီး ဥပဒေပေါင်း၂၀ နှင့် မင်းအောင်လှိုင်၏ အာဏာတည်ဆောက်မှုလမ်းကြောင်း
Reddy Simon၊MFP/မတ် − ၂၉ စစ်ခေါင်းဆောင်မင်းအောင်လှိုင်ဟာ ရွေးကောက်ပွဲကျင်းပပြီးနောက် အစိုးရအဖွဲ့ဝင်တွေမခန့်ရသေးခင်နဲ့ လွှတ်တော်မခေါ်ခင်အတွင်းမှာပဲအမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ (NDSC) အာဏာကိုသုံးပြီး ဥပဒေတွေကို ဆက်တိုက် ပြင်ဆင်တာတွေ၊ အသစ်ထုတ်တာတွေ ပြုလုပ်ခဲ့ရာ စုစုပေါင်း ဥပဒေ ၂၀ ရှိပါတယ်။…
Read More » -
ဆောင်းပါး
ကြောက်မဲနဲ့တည်တဲ့ လွှတ်တော်
ဖိုးချို၊ ဂျီဂျီ/ (ဆောင်းပါးရှည်) မနက်ခင်း အလင်းရောင် ကောင်းကောင်းမဖြာနိုင်သေးခင်အချိန် မန္တလေးမြို့၊ အမရပူရမြို့နယ်ထဲက ရပ်ကွက်လေးတစ်ခုမှာ အသက်အရွယ်အစုံ အမျိုးသား၊ အမျိုးသမီးတွေ အိမ်တွေထဲကနေ ထွက်လာကြပါတယ်။ တချို့ကတော့ ကလေးငယ်တချို့ကို လက်ဆွဲလို့။ ပြီးတော့ အိမ်နီးချင်းတွေနဲ့ အိမ်ရှေ့က…
Read More » -
ဆောင်းပါး
John Perkins မှသည် ကျောက်ဖြူအထိ-စီးပွားရေးလူသတ်သမားများ၏ ခေတ်သစ်ကစားကွက်
ရေးသားသူ -သစ်ပင် လွန်ခဲ့သော ဆယ်စုနှစ်နှစ်ခုကျော်က John Perkins အမည်ရှိ အမျိုးသားတစ်ဦးသည် ကမ္ဘာကြီးကို တုန်လှုပ်စေမည့် ဝန်ခံချက်တစ်ခု ပြုလုပ်ခဲ့သည်။ သူသည် စစ်သားတစ်ဦးမဟုတ်သော်လည်း နိုင်ငံများကို ဖျက်ဆီးခဲ့သူဖြစ်ပြီး၊ သေနတ်တစ်လက်မှ မဖောက်ဘဲ အချုပ်အခြာအာဏာများကို သိမ်းပိုက်ခဲ့သူဖြစ်သည်။…
Read More » -
ဆောင်းပါး
မဲတစ်ရုံအတွက်ဘဝများစွာ
ဆားလင်းကြီးက ရယ်စရာဇာတ်လမ်းကို အနီးကပ်ကြည့်သောအခါ သုထက်၊ ဂျီဂျီ/ တရုတ်ရဲ့မျက်နှာရဖို့ အကြံအဖန်ရွေးကောက်ပွဲဇာတ်လမ်းတစ်ပုဒ် စစ်အုပ်စုကပုံဖော်ခဲ့တဲ့အကြောင်းပါ။ နိုင်ငံကျော်ကြေးနီနယ်မြေ ဆားလင်းကြီးမှာ တစ်ခုတည်းသောမဲရုံတစ်ရုံထောင်ဖို့ စစ်အုပ်စုက လပေါင်း များစွာ အင်အားသုံး အစီအမံချမှတ်ခဲ့ပြီး ဒီစစ်ဆင်ရေးကြောင့် ဒေသခံပေါင်းထောင်သောင်းနဲ့ချီဟာ ဒုက္ခနဲ့ကြုံခဲ့ရပါတယ်။ ဇန်နဝါရီ…
Read More » -
သတင်း
ပျော်ပွဲရွှင်ပွဲများနောက်ကွယ်ပေါ်တာဆွဲမှုမြင့်တက်နေသည့်မုံရွာ
ဘုန်းစိုး/MFP၊ မတ် ၁ စစ်ကိုင်းတိုင်းရဲ့ မြို့တော် မုံရွာမြို့ပေါ်မှာ စစ်အုပ်စုလက်အောက်ခံ တိုင်းအစိုးရက နယ်မြေအေးချမ်းတဲ့အသွင်နဲ့ ပျော်ပွဲရွှင်ပွဲတွေ ပုံမှန်ကျင်းပနေပြီး တစ်ဖက်မှာလည်း ပွဲလာသူတွေကို အဓမ္မပေါ်တာဆွဲမှု မြင့်တက်လာတယ်လို့ ဒေသခံတွေက MFP ကိုပြောပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၂ ရက်ကနေ ၁၇ ရက်နေ့အထိ မုံရွာ ကျောက္ကာလမ်း၊ပြည်သူ့ဥယျာဉ်အတွင်း (၅) ရက်ကြာ ပြုလုပ်ခဲ့တဲ့ ဈေးရောင်းပွဲတော်နဲ့ ဖျော်ဖြေရေးပွဲမှာ လူငယ် (၁၀၀) ဝန်းကျင်ခန့်ကို စစ်တပ်က ပေါ်တာဆွဲဖမ်းဆီးခဲ့တယ်လို့ MFP ရဲ့သတင်းရင်းမြစ်တွေက ဆိုကြပါတယ်။ “Non-CDM တွေနဲ့ ဝန်ထမ်းကတ်ပါတဲ့သူတွေက ပျော်စရာကောင်းတယ်၊ သွားလို့ လာလို့ရပါတယ်ဆိုတဲ့ သဘော လိုင်းပေါ်တင်ကြတာ။ စစ်တပ်နဲ့ ပိုင်တဲ့ မိသားစုတွေကလည်း အဲလိုပဲ၊ သူတို့ကတော့ လွတ်တာပေါ့။ အဲဒါကို တကယ်ထင်ပြီး သွားကြတဲ့သူတွေက ပေါ်တာဆွဲကားနဲ့ ကြုံတာနဲ့ ပါတော့တာပဲ” လို့ မုံရွာမြို့ခံ ပြည်သူတစ်ဦးက ပြောပါတယ်။ မုံရွာမြို့ပေါ်မှာ ပြည်သူ့ဥယျာဉ်ဖွင့်ပြီးခဲ့တဲ့ အောက်တိုဘာလ သီတင်းကျွတ်လပြည့်ညကစပြီး စတိတ်ရှိုးတွေ၊ ဖျော်ဖြေပွဲတွေနဲ့ပျော်ပွဲရွှင်ပွဲတွေကို စစ်တပ်လက်အောက်ခံ တိုင်းအစိုးရက ဦးဆောင်ပြီး လစဉ်နီးပါးကျင်းပပြုလုပ်နေတာပါ။ ၂၀၂၅ ခုနှစ်သတင်းကျွတ်လပြည့်နေ့က မုံရွာမြို့ပြည်သူ့ဉယျာဉ်တွင် ကျင်းပခဲ့သည့်ဖျော်ဖြေပွဲ (ဓာတ်ပုံ- အင်တာနက်) “မုံရွာက စစ်တပ်လုပ်တဲ့ ပွဲတွေကို အများဆုံး သွားကြတာ စစ်တပ်နဲ့ ပိုင်တဲ့လူတွေ၊ Non-CDM နဲ့ မိသားစုဝင်တွေပဲ။ အပြန်စောင့်ဖမ်းလည်း သူတို့က အေးဆေးပဲ၊ ဝန်ထမ်းကတ် ပြလိုက်လို့ ရတယ်” လို့ မုံရွာမြို့ခံ Non-CDM တစ်ဦးက ပြောပါတယ်။ “မုံရွာမှာက စစ်တပ်က လွှတ်ပေးထားတဲ့ လူသိများတဲ့ လူတွေကို သုံးပြီး လိုင်းပေါ်ကနေ ပျော်ပွဲရွှင်ပွဲတွေကို လွတ်လွတ်လပ်လပ်ပဲ ဆိုတဲ့သဘောမျိုး တင်ကြတာ။ သူတို့ သုံးတဲ့ လူတွေက အများကြီးပဲ၊ စည်ပင်ဝန်ထမ်းတွေလည်း ကတ်ထုတ်ပေးပြီး ပွဲစည်အောင် လုပ်တာ။ အဲဒါကို တကယ်ထင်ပြီး သွားတဲ့ လူငယ်တွေ ပေါ်တာဆွဲခံရတာပဲ” လို့ မြို့ခံပြည်သူတစ်ဦးက ပြောပါတယ်။ မုံရွာမြို့မှာ ပုံမှန် ပေါ်တာဆွဲလေ့ရှိတဲ့ ရက်တွေက လတစ်လရဲ့ လဆန်းပိုင်းရက်တွေနဲ့ လကုန်ရက်ပတ်တွေ ဖြစ်တယ်လို့ မြို့ခံတွေကြား အချင်းချင်း သတိပေးနေကြောင်း သတင်းရင်းမြစ်တွေက ဆိုပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်ကတည်းက မုံရွာမြို့ပေါ်နဲ့ အနီးတစ်ဝိုက်မှာ စစ်အုပ်စုက အင်အားစု ပေါ်တာဆွဲတာတွေ တရစပ်ပြုလုပ်နေပြီး နေ့ညမပြတ် လူသစ်စုဆောင်းနေကြောင်း ပြည်တွင်း သတင်းမီဒီယာတွေကလည်း ထောက်ပြရေးသားနေကြပါတယ်။ မြို့အဝင်၊ အထွက်မှာရှိတဲ့ စစ်ဆေးရေးဂိတ်တွေမှာ စစ်တပ်က စောင့်ပြီး အလုပ်သွား၊ အလုပ်ပြန်တွေကို ပေါ်တာဆွဲလေ့ရှိသလိုအိမ်စီးကားတွေနဲ့ လှည့်ပတ်ပြီး ပေါ်တာဆွဲတယ်လို့ မြို့ခံတွေက ပြောပါတယ်။ ဒါ့ပြင် စတိတ်ရှိုးနှင့် ပျော်ပွဲရွှင်ပွဲများအပြီး ညပိုင်းအပြန်တွင် ရပ်ကွက်လမ်းကြားတွေမှာ စောင့်ပြီး ဖမ်းဆီးတာတွေ ရှိနေတာဖြစ်ပါတယ်။ မုံရွာမြို့မှာ လစဉ် လူငယ် (၁၀၀) ထက်မနည်း အဓမ္မ စစ်မှုထမ်း အပတ်စဉ်သင်တန်းတွေ အတွက် ပေါ်တာဆွဲဖမ်းဆီးခံနေရပြီးလိုက်လံထုတ်ယူဖို့၊ တိုင်ကြားဖို့ အခွင့်အရေးလည်း မရှိဘူးလို့ သတင်းရင်းမြစ်တွေက ဆိုပါတယ်။ ၂၀၂၅ ခုနှစ် နိုဝင်ဘာလ ၂၈ ရက်နေ့က ပြည်သူ့ဥယျာဉ်မှာ စတိတ်ရှိုးပွဲကြည့်ပြီး ပြန်လာတဲ့ လူငယ် ၃၂ ဦးကို စစ်အုပ်စုက ပေါ်တာဆွဲပြီး စစ်မှုထမ်းစုဆောင်းခဲ့ပါတယ်။ ဒီဇင်ဘာ ၁၄ ရက်နေ့ မနက်ပိုင်းက မုံရွာပညာရေးကောလိပ်အနီးမှာ ပေါ်တာဆွဲတဲ့ကားကို မြင်လို့ လှည့်ပြန်တဲ့ လူငယ်တစ်ဦးကို စစ်အုပ်စုက သေနတ်နဲ့ လှမ်းပစ်ခဲ့ပါတယ်။ “စစ်တပ်နဲ့ ပိုင်တဲ့လူတွေက ပွဲကနေ အိမ်ပြန်လို့ ပေါ်တာဆွဲကားနဲ့ တွေ့လည်း ရှင်းနိုင်တယ်။ အဲလိုလူတွေကို စစ်တပ်က ပေါ်တာမဆွဲဘူး။ ဆွဲရင်လည်း သူ့အချိတ်နဲ့သူ ဖုန်းဆက်လို့ ရတယ်” လို့ မုံရွာမြို့ခံ လူငယ်တစ်ဦးက ပြောပါတယ်။ လာမယ့် မတ်လ (၆၊ ၇၊ ၈) ရက်မှာလည်း မုံရွာမြို့ ကန်သာယာကန်၊ ရွှေလိမ္မော်ကျွန်းမှာ မုံရွာ ညဈေးတန်း ဖွင့်ပွဲနဲ့ ပျော်ပွဲရွှင်ပွဲတွေ ကျင်းပပြုလုပ်သွားမယ်လို့ ကြေညာထားပါတယ်။…
Read More » -
ဆောင်းပါး
“စစ်လက်နက်ကပြောသောသတင်းစကား” မကွေးတိုင်း၏ကပစဖြတ်တောက်ရေးဆော်ဩချက်
စစ်အုပ်စု၏ လက်နက်စက်ရုံ ကပစ (၄) ခု လျှပ်စစ်ပြတ်တောက်နေပြီးနောက် နိုင်ငံတစ်ဝန်းရှိ ကပစစက်ရုံများကို ဖြတ်တောက်ရေး မကွေးတိုင်းတော်လှန်ရေးတပ်ဖွဲ့တွေ က ဆော်ဩနေပါတယ်။ အီသာရမ် /MFP၊ ဇန်နဝါရီ – ၁၀ နှစ်သစ်ပထမပတ်အတွင်းမှာပဲ စစ်အုပ်စုက လေကြောင်းတိုက်ခိုက်မှုတွေနဲ့ နိုင်ငံတစ်ဝန်းကို နှုတ်ခွန်းဆက်နေပါတယ်။ဇန်နဝါရီလ (၇) ရက်နေ့က ချောင်းဦးမြို့နယ်မှာ ဂျိုင်ရိုကော်ပတာနဲ့ ပေါင် ၁၀၀ ဗုံးသီးကြဲချရာ ကံကောင်းလို့ မပေါက်ကွဲခဲ့ဘဲလူသေဆုံးမှု မရှိခဲ့ပါဘူး။ ဒါပေမဲ့ ဒီဗုံးသီးရဲ့ ထုတ်လုပ်ရက်စွဲက နှစ်ပတ်ခန့်ပဲ ရှိသေးတဲ့ စက်ရုံထုတ် အသစ်စက်စက်ဖြစ်တာကြောင့် တော်လှန်ရေးအဖွဲ့တွေက “ကပစ” တွေ အလုပ်များနေပြီလို့ ယူဆစရာ ရှိလာပါတယ်။ “ကျွန်တော်တို့ဘက်တွေမှာ တိုက်ပွဲဖြစ်တယ်ဆိုရင် ထားပါတော့ ၂၀၂၅ ခုနှစ်လပိုင်းမှာ တိုက်ပွဲဖြစ်တယ်ဆိုရင် သူတို့ထောက်ပံ့တဲ့ လေကြောင်းနဲ့ပဲဖြစ်ဖြစ် တိုက်ပွဲပြီးလို့ ကျည်ဆန်ခွံတွေပဲ ကြည့်လိုက်၊ ၂၀၂၅ ခုနှစ်လပိုင်းကျည်တွေနဲ့ဆိုတော့ ကျွန်တော်တို့သုံးသပ်မိတာက ဒီကောင်တွေမှာလည်း နှင်းကြမ်းထုတ်နေရတဲ့ ပုံစံမျိုးပေါ့ လက်နက်ခဲယမ်းတွေကို။ သူတို့ရဲ့ ထုတ်လုပ်မှုကိုရပ်တန့်နိုင်ရင် သူတို့ရဲ့ Firing Power (ပစ်ခတ်မှုအား) လျော့ကျလာမယ်” လို့ မကွေးဒေသ က တော်လှန်ရေးတပ်ဖွဲ့တာဝန်ရှိသူတစ်ဦးဖြစ်တဲ့ ဆရာကျောင်းMFP ကို ပြောပါတယ်။ မကွေးတိုင်းအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့တွေက ဒီအခြေအနေမှာ ကပစ စက်ရုံတွေကို ဖြတ်တောက်ရေးအင်တိုက်အားတိုက် လုပ်ဆောင်ဖို့ သူက ယခုလို ဆော်ဩပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်မှာရှိတဲ့ ပေါက်မြို့နယ်၊ မြိုင်၊ ပခုက္ကူနဲ့ ဂန့်ဂေါမြို့နယ် တပ်ဖွဲ့တွေဟာ ၎င်းတို့နယ်မြေတွေမှာရှိတဲ့ ကပစစက်ရုံ လေးရုံရဲ့ လျှပ်စစ်မီးတွေ ဖြတ်တောက်ထားပြီးနောက် ဒီစက်ရုံတွေမှာ လုပ်ငန်းမလည်ပတ်နိုင်တော့ဘူးလို့ MFP ကို ပြောပါတယ်။ ၂၀၂၅ဒီဇင်ဘာ ၂၈ ခုနှစ်မှာ ကပစ ၂၁ ၊ ကပစ ၂၂ နှင့် ကပစ ၂၄ တို့ကို သွယ်တန်းထားတဲ့ မီတိုင်း ၁၀၀ ကျော်ကို ဖောက်ခွဲရှင်းလင်းလိုက်တယ်လို့အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန က ထုတ်ပြန်ခဲ့ပါသေးတယ်။ မကွေးတိုင်းအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့တွေဟာ ပြီးခဲ့တဲ့ သုံးနှစ်တာအတွင်း ဒေသတွင်းက ဒီလက်နက်စက်ရုံတွေကိုတိုက်ခိုက်ဖို့၊ လက်နက်ကြီးနဲ့ ပစ်ဖို့ ဖြတ်တောက်ရေး နည်းလမ်းမျိုးစုံ ကြိုးစားခဲ့ကြပါတယ်။ ၂၀၂၄ ဧပြီလနဲ့ ဇူလိုင်လတွေမှာကပစ (၂၄) နဲ့ (၂၁) တို့ကို အနီးကပ် တိုက်ခိုက်ဖို့ ကြိုးစားခဲ့ပေမဲ့ ထိရောက်မှုမရှိခဲ့ပါဘူး။ ဒါ့အပြင် ၂၀၂၄ ခုနှစ် ဒီဇင်ဘာအတွင်းမှာလည်း မကွေးတိုင်းအတွင်းက ကပစ ဓာတ်အားပေးတိုင်တွေကို စစ်အုပ်စုက စစ်ကြောင်းထိုးလာပြီး ပြန်လည်ပြင်ဆင်ခဲ့ပါသေးတယ်။ လက်ရှိမှာ မကွေးတိုင်းအတွင်းက နာမည်ကျော် ကပစ (၂၁)၊ (၂၂) အပြင် နာမည်ကျော် ကပစ ဖြစ်တဲ့ (၂၄) နဲ့အတူ (၂၅) ကိုလျှပ်စစ်မီး ဖြတ်တောက်ထားနိုင်တာကြောင့် သုံးနှစ်အတွင်း အထိရောက်ဆုံး တိုက်ခိုက်မှုလို့ ယူဆနိုင်ပါတယ်။ ကာကွယ်ရေးပစ္စည်းစက်ရုံ(ကပစ) တစ်ခုတွင် စစ်ဆေးနေသော စစ်ခေါင်းဆောင် မင်းအောင်လှိုင် (ပုံဟောင်း)…
Read More » -
ဆောင်းပါး
“ကသာ မှသည် ဗန်းမော်ဆီသို့” ကသာမြို့သိမ်းတိုက်ပွဲ ဘယ်ဆီဦးတည်နေလဲ
ဆောင်းနွေဦး၊Reddy Simon/ MFP – ဇန်နဝါရီ – ၅ စစ်ကိုင်းတိုင်းအထက်ပိုင်းရဲ့ နာမည်ကျော် (က)သုံးလုံးခရိုင်၊ ကသာမြို့နယ်မှာ စစ်အုပ်စုတပ်နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေအကြား ဒီဇင်ဘာလ ၂၈ ရက်ကနေ ဒီနေ့အထိ တိုက်ပွဲတွေ ပြင်းထန် နေပါတယ်။ စစ်အုပ်စုရွေးကောက်ပွဲနေ့ ကစလို့ သေနတ်သံတဖန်ညံခဲ့တဲ့ ကသာမြို့နယ်ဟာ မြို့သိမ်းတိုက်ပွဲ အသွင် ဆောင်ကြောင်းတော်လှန်ရေးတပ်ဖွဲ့တွေက ကြုံးဝါးထားပါတယ်။ ဒီတိုက်ပွဲမှာ ကချင်လွတ် မြောက်ရေးတပ်မတော်(KIA)၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ ကွန်မြူနစ်ပါတီရဲ့တပ် (PLA)တို့အပြင် မကြာသေးခင်မှစုစည်းခဲ့တဲ့ SRA အဖွဲ့တို့ ပါဝင်ကြတာဟာထူးခြားချက်ပါ။ စစ်အုပ်စုကလည်း ကသာမြို့ ရဲ့အနောက်တောင်ဘက်မှာရှိတဲ့ ခမရ–၃၀၉ တပ်ရင်းအပါအဝင် အထိုင်စခန်းတွေကို လက်မလွှတ်ရဖို့အတွက် လေကြောင်းနဲ့လက်နက်ကြီးတွေ ဆက်တိုက်ပစ်ခတ်ကာ အပြင်းအထန်ခုခံနေဆဲဖြစ်ပါတယ်။ ကသာမြို့ ရဲ့ နောက်ဆုံးရ တိုက်ပွဲတွေအခြေအနေနဲ့ ဒီဒေသဟာ စစ်ရေးအရ ဘယ်လောက် အရေးပါ သလဲစတဲ့ အခြေအနေတွေကို MFP က စုစည်းဖော်ပြလိုက်ပါတယ်။ ကသာမြို့နယ်ဟာ စစ်ကိုင်းတိုင်းအထက်ပိုင်းရဲ့ ခရိုင် ရုံးစိုက်ရာ မြို့တစ်ခုလည်းဖြစ်သလို စစ်ကိုင်း တိုင်းကနေကချင်ပြည်နယ်ကို ဝင်ရောက်နိုင်တဲ့ တစ်ခုတည်းသောရေလမ်းကြောင်း ဝင်ပေါက် ရှိနေပါတယ်။ ဒီရေကြောင်းခရီးဟာ စစ်ရေးအရ အင်မတန်အရေးကြီးကြောင်း ၂၀၂၄ နဲ့ ၂၀၂၅ ခုနှစ်အတွင်း ကသာမြို့နဲ့ ထီးချိုင့်အနီးတဝိုက် ဧရာဝတီမြစ်တွင်း ရေကြောင်းတိုက်ပွဲတွေက သက်သေပါပဲ။ ။ လွန်ခဲ့တဲ့ နှစ်နှစ်အတွင်း စစ်အုပ်စုတပ်ဟာစစ်ကိုင်းတိုင်းအထက်ပိုင်းကနေ ကချင်ပြည်နယ်အထိကို လူ၊လက်နက်၊ရိက္ခာစတဲ့ ထောက်ပို့ရေးတွေမျာ ရေလမ်းကြောင်းကိုအဓိကအားကိုးအသုံးပြု နေခဲ့တာပါ။ စစ်ကောင်စီက ၂၀၂၄ ခုနှစ်အတွင်း ဒီဒေသတဝိုက် ဧရာဝတီမြစ်ဘေးကမ်းကျေးရွာတွေကို လေယာဉ်၊ စစ်သင်္ဘောတွေ ဘက်စုံ အသုံးပြုပြီး တိုက်ခိုက်မှုပြုလေ့ရှိခဲ့ရာကနေ ၂၀၂၅ မှာမြေပြင် ထိုးစစ်ဆင်နိုင်မှု လျော့နည်းလာခဲ့ပါတယ်။ ကသာမြို့သည်ရေကြောင်းပို့ဆောင်ရေးအရေးပါသောမြို့ဖြစ်ပြီး စစ်ကိုင်းနှင့်ကချင်ပြည်နယ်ကို ဆက်သွယ်ထားသည်။ ဓာတ်ပုံ/ Internet လက်ရှိအချိန်မှာ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေ ကသာမြို့ကို သိမ်းယူနိုင်ပြီးရင် အခြေအနေကို ပြောင်းပြန်လှန်ပစ်ဖို့အခွင့်အရေးတစ်ရပ်ပါ။ ကချင်လွတ်မြောက်ရေးတပ်(KIA)ရဲ့ ပြောခွင့်ရ ဗိုလ်မှူးကြီးနော်ဘူကတော့ ဒီတိုက်ပွဲကို “ကသာ ကနေ ဗန်းမော်ဆီသို့” လို့ ညွှန်းဆိုပြီးပြောပါတယ်။ “ တပ်စခန်းတချို့ သိမ်း ရတယ်ဆိုတဲ့ သတင်းတွေကတော့ မကြားရသေးပါဘူး။ ဒါပေမဲ့ စခန်းငယ်လေးတွေတော့ သိမ်းရတာရှိပါတယ်။ ပင်မစခန်းတွေသိမ်းရတယ်ဆိုတာတော့ မကြားရသေးပါဘူး” လို့ ဗိူလ်မှူးကြီးနော်ဘူက MFP ကို အခုလိုဆက်ပြီး ပြောပါတယ်။…
Read More »