Blog

ခင်ဦးတိုက်ပွဲက ရရှိတဲ့ လက်နက်တချို့ကို တိုက်နယ် ပကဖတွေကို ဂုဏ်ပြုပေးအပ်

မယ်ပ/MFP၊အောက်တိုဘာ – ၁

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်မှာ တိုက်ပွဲအတွင်းက ရရှိတဲ့ လက်နက်တချို့ကို တိုက်နယ် ပကဖတွေကို ပြန်လည် ဂုဏ်ပြုချီးမြှင့်ခဲ့တယ်လို့ ခင်ဦးမြို့နယ်၊ မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က အောက်တိုဘာလ ၁ ရက် ဒီနေ့မှာ သတင်းထုတ်ပြန်ပါတယ်။

တိုက်ပွဲအတွင်း သိမ်းဆည်းရမိခဲ့တဲ့ လက်နက်တွေထဲက MA – 1အမျိုးအစား သေနတ် ငါးလက်ကို တိုက်နယ် ပကဖ တွေထံ အသိအမှတ်ပြု ဂုဏ်ပြု ချီးမြှင့်ခဲ့တာလို့ ဆိုပါတယ်။ 

” မြို့နယ် ပကဖ တာဝန်ခံ၊ မြို့နယ် ပကဖ ဒုတာဝန်ခံ၊ အင်အားစုဖွဲ့ လေ့ကျင့်ရေးတာဝန်ခံ၊ စစ်လက်နက်တာဝန်ခံ၊ ကူကယ်တာဝန်ခံ၊ ဆက်သွယ်ရေးတာဝန်ခံတို့မှ အသီးသီး ဂုဏ်​​ပြု ချီးမြှင့် ပေးအပ်၍၊ တိုက်နယ် ပကဖ ခေါင်းဆောင်၊ ဒုခေါင်းဆောင်နှင့် အဖွဲ့များမှ အသီးသီး လက်ခံရယူခဲ့ကြ ” တယ်လို့ ဖော်ပြပါတယ်။

စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ်နဲ့ ခင်ဦးမြို့နယ်ကို အကူးအပြောင်းလုပ်နေတဲ့ အင်အား ၉၀ ကျော်ပါတဲ့ စစ်အုပ်စုစစ်ကြောင်းကိုတော်လှန်ရေးအင်အားစုတွေက စက်တင်ဘာ ၁၈ရက်ကနေ ၂၂အထိ တိုက်ခိုက်ရာမှာ လက်နက်ခဲယမ်းတွေနဲ့ စစ်သုံ့ပန်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ ခင်ဦးမြို့နယ် တော်လှန်ရေးအင်အားစုတွေက ပြောပါတယ်။

ဖမ်းဆီးရမိထားတဲ့ စစ်သုံ့ပန်းတွေကိုတော့ ဥပဒေနဲ့အညီ ထိန်းသိမ်း စောင့်ရှောက်ထားပြီး စစ်ဆေးမေးမြန်းတာတွေ ဆက်လုပ်နေတယ်လို့ ဆိုပါတယ်။ 

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။

Related Articles

Back to top button