သတင်း

  • တိုက်ပွဲပြင်းထန်နေတဲ့ ဘုတလင်မြို့ကို စစ်အုပ်စုတပ် အဝင်အထွက်ပိတ်ထားတာကြောင့် မြို့ခံတွေပိတ်မိ၊တိုက်ပွဲအတွင်း စစ်အုပ်စု ၁၅ ဦးထက်မနည်းသေဆုံးကာ တော်လှန်ရေး ရဲဘော် ခြောက်ဦးကျဆုံး၊

    MN/MFP ၊ ဒီဇင်ဘာ – ၃၁ အတုအယောင် ရွေးကောက်ပွဲပြုလုပ်နေတဲ့ ဒီဇင်ဘာ ၂၈ ရက်က ဘုတလင်မြို့ပေါ်က စစ်အုပ်စု ရွေးကောက်ပွဲလုပ်ဖို့စီစဉ်ထားတဲ့နေရာအပါဝင် အထိုင်စခန်း လေးခုကို တော်လှန်ရေးတပ်ဖွဲ့တွေက တပြိုင်နက်တည်း ဝင်ရောက်စီးနင်းတိုက်ခိုက်ရာမှာ စစ်အုပ်စုတပ်ဖွဲ့ဝင် ၁၅…

    Read More »
  • ငလျင်အပြီး ရုန်းကန်နေရဆဲကလေးတို့ ပညာရေး

    ဂျီဂျီ/MFP၊ ဒီဇင်ဘာ ၃၁ အခြေခံပညာမူလတန်းကျောင်းလို့ ဆိုင်းဘုတ်တပ်ထားတဲ့ ခြံဝင်းအတွင်း ပေ ၂၀ × ပေ ၃၀ ခန့် အကျယ်အဝန်းရှိ အဆောင်တစ်ခုမှာ စာသင်သံ၊ စာအံသံတွေနဲ့ ဆူညံပွက်လောရိုက်လို့နေပါတယ်။ Hall type (ခန်းမကျယ်) ပုံစံစာသင်ဆောင်ကိုမှ အတန်းတစ်တန်းနဲ့တစ်တန်းကို နံရံနဲ့ အခန်းဖွဲ့တည်ဆောက်တာမဟုတ်ဘဲ ခုံကလေးနဲ့သာ ခြားထားတာကြောင့်လည်း အသံတွေက ပိုပြီးလုံးထွေးနေပါတော့တယ်။ အခြေခံပညာမူလတန်းကျောင်းတစ်ကျောင်းမှာဆိုရင် ကျောင်းသားဦးရေ ၉၀ ကနေ ၄၀၀ နီးပါးရှိပါတယ်။ ကျောင်းဖွင့်ရက်တွေမှာ အဲ့ဒီကျောင်းသားရာကျော်ရဲ့ အသံတွေကို လွှမ်းခြုံနိုင်အောင် အော်ဟစ်သင်ရတဲ့ ဆရာ၊ ဆရာမတွေဟာလည်းသောကြာညနေလိုမျိုးမှာ အသံတွေဝင်ပြီး ပြာနေကြပါပြီ။ “ ရင်နာစရာကောင်းတယ်။ ငါတို့နိုင်ငံမှာ စာသင်နေရတာ။ ရှိတဲ့အဆောင်လေးတွေမှာ ကလေးတွေ (ပြွတ်သိပ်) ညပ်ပြီး ပုံထပ်နေတာပဲ” လို့ ငလျင်ဒဏ်သင့်စာသင်ကျောင်းတွေနဲ့ပတ်သက်ပြီး စိတ်ဝင်တကား လေ့လာ ကူညီနေတဲ့ မန္တလေးမြို့ ဒေသခံတစ်ဦးက MFP ကို ပြောပါတယ်။ စာသင်ဆောင် မပြည့်စုံလို့ နေရာထိုင်ခင်း ကြပ်ကြပ်ညပ်ညပ်၊ ဆရာမစာသင်သံနဲ့ ကလေးတွေ စာအံသံ ရောရောထွေးထွေး၊အဲဒီလိုမြင်ကွင်းဟာ ဝေးလံခေါင်ဖျားပြီး အစွန်အဖျားဒေသတွေမဟုတ်ပါဘူး။ မြန်မာနိုင်ငံအလယ်ပိုင်း မန္တလေးမြို့နဲ့ အနီးဝန်းကျင်ဒေသတွေမှာပဲ တွေ့မြင်နိုင်ပါတယ်။ အခြေခံပညာကျောင်းတွေမှာ စာသင်ဆောင်တွေလိုအပ်နေတာဟာ ၂၀၂၅ ခုနှစ် ငလျင်ကြီးမတိုင်မီကတည်းကပါ။ အဲဒီလိုအပ်မှုတွေဟာ ငလျင်ကြီးအပြီးမှာတော့ ပိုပြီး မြင်သာထင်သာရှိလာတယ်လို့ ဆိုရမှာဖြစ်ပါတယ်။ မတ်လ ၂၈ ရက်က စစ်ကိုင်းငလျင်ကြီးလှုပ်ခတ်မှုကြောင့် ဘေးသင့်ဒေသရှိ စာသင်ကျောင်းပေါင်း ၂,၅၁၄ ကျောင်း ပျက်စီးခဲ့ရတယ်လို့ စစ်အုပ်စုထုတ်ပြန်ချက်တွေအရ သိရပါတယ်။ ဘယ်ဒေသက ဘယ်လိုပျက်စီးတယ်ဆိုတဲ့ အသေးစိတ်စာရင်း မသိရှိရပေမဲ့ ငလျင်ဗဟိုချက်အနီးမှာရှိတဲ့ အမရပူရ၊ အင်းဝ၊ တံတားဦး၊ စဉ့်ကိုင်နဲ့ ပလိပ်ဒေသမှာ စာသင်ကျောင်းတချို့ ပြိုကျ၊ပျက်စီးတာတွေရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ စာသင်ဆောင်နှစ်ခုရှိတဲ့အနက် တစ်ခုက လုံးဝပြိုကျသွားတာ၊ တစ်ခုက တစ်ခြမ်းစောင်းသွားတာ၊ နံရံတွေ အက်ကွဲသွားတာ၊မျက်နှာကျက်ပြိုကျတာ၊ မြင့်မိုရ်ပြိုကျတာ၊ ကျောင်းအုတ်တံတိုင်းတွေ ပြိုကျတာ စတဲ့ ပုံစံမျိုးစုံပျက်စီးနေတာပါ။ ဒီလိုပျက်စီးနေတာတွေကို ပြုပြင်ဖို့အတွက် ပြင်ဆင်ခွင့်ကို သက်ဆိုင်ရာကျောင်းအုပ်တွေက ဌာနတွင်း အဆင့်ဆင့် စာတင်ထားပေမဲ့ စာသင်နှစ်တစ်နှစ် ပြီးဆုံးတော့မယ့် လက်ရှိအချိန်အထိ ကျမလာသေးဘူးလို့ ကျောင်းအခြေအနေကို သိရှိသူတစ်ဦးက MFP ကို ပြောပါတယ်။ ထိခိုက်၊ ပျက်စီးခဲ့တဲ့ စာသင်ကျောင်းတွေအနက် အထက်တန်းကျောင်းတွေဆိုရင် အပြိုအပျက်တွေကို စစ်အုပ်စုလက်အောက်ခံတွေက ရှင်းလင်းပေးကြပါတယ်။ လုံးဝပြိုကျသွားတဲ့ ကျောင်းအတွက်လည်း စစ်အုပ်စုက ဖျက်သိမ်းစရိတ်ကျပ်သိန်း (၃၀) ပေးထားတယ်လို့ စုံစမ်းသိရပါတယ်။ မြို့ပေါ်မှာရှိတဲ့ စာသင်ကျောင်းတွေဆိုရင်လည်း ရှင်းလင်း၊ ပြင်ဆင်၊ ကူညီပေးတဲ့ အဖွဲ့အစည်းတွေများပေမဲ့ မြို့နဲ့မလှမ်းမကမ်းက မူလတန်းကျောင်းလေးတွေကတော့ အကူအညီရရှိတာ နည်းပါးကြပါတယ်။ ငလျင်ကြီး လှုပ်ပြီး နှစ်လကျော်အကြာ ကျောင်းဖွင့်ရာသီမှာတော့ အခြေခံပညာကျောင်းအားလုံးကို ဖွင့်လှစ်သင်ကြားပေးနိုင်ခဲ့တယ်လို့ စစ်အုပ်စုက သြဂုတ်လမှာ သတင်းထုတ်ပြန်ပါတယ်။ ထိခိုက်၊ ပျက်စီး ကျောင်းဆောင်တွေကို ပြုပြင်ပြီးစီးတာမဟုတ်ဘဲ အချိန်နှစ်ချိန်ခွဲပြီး နှစ်သုတ်တက်စနစ်နဲ့ သင်ကြားဖို့ စစ်အုပ်စုက စီစဉ်ထားတာဖြစ်ပါတယ်။ စစ်အုပ်စုအမိန့်အရ မဖြစ်မနေ ဖွင့်လှစ်ခဲ့ရတဲ့ ငလျင်ဘေးသင့် စာသင်ကျောင်းတွေဟာ မပြုပြင်နိုင်သေးတဲ့ ထိခိုက်၊ ပျက်စီးမှုတွေကြောင့် အဆင်ပြေရာနည်းလမ်းကိုသုံးခဲ့ရပါတယ်။ ကျောင်းဝင်းအတွင်း မပြုပြင်ရသေးတဲ့ ကျောင်းဆောင်တွေအနီးသစ်ပင်ရိပ်အောက်မှာ စာသင်ခုံကလေးတွေချပြီး ပညာသင်ရတဲ့ ကျောင်းသား၊ ကျောင်းသူတွေရှိသလို ကျောင်းဝင်းအတွင်းနေရာလွတ်မရှိတဲ့ တချို့ကျောင်းတွေက ရပ်ရွာခန်းမမှာ၊ တချို့က ဘုရားပေါ်မှာ ရွှေ့ပြောင်းပြီး ပညာသင်ကြားကြရပါတယ်။ စာသင်ဆောင် (၂) ခုရှိပြီး (၁) ခုက လုံးဝပြိုကျသွားတာကြောင့် ကျောင်းဆောင် (၁) ခုတည်းနဲ့ပဲ ဖြစ်သလို ရပ်တည်နေရတဲ့အမရပူရမြို့နယ်အတွင်းရှိ အခြေခံပညာမူလတန်းကျောင်းတစ်ခုကတော့ မနက်ပိုင်း၊ ညနေပိုင်း အချိန်နှစ်ချိန်ခွဲကာ နှစ်သုတ်တက်စနစ်နဲ့ ပညာသင်ယူနေရပါတယ်။ စစ်အုပ်စုအနေနဲ့ ပျက်စီး၊ ထိခိုက်တဲ့ စာသင်ကျောင်းတွေကို အသစ်တည်ဆောက်ပေးတာ၊ ပြုပြင်ပေးတာတွေကို သတင်းထုတ်ပြန်တဲ့အရေအတွက်ကိုတော့ MFP အနေနဲ့ မတွေ့ရှိရသေးပါဘူး။ ယာယီ Prefabricated စာသင်ကျောင်းဆောင် ၂၀ ဖြန့်ခွဲဆောင်ရွက်ပေးထားတယ်လို့ စစ်အုပ်စုက ဆိုပါတယ်။…

    Read More »
  • ကသာမြို့သိမ်းတိုက်ပွဲမှာ စစ်အုပ်စုလေကြောင်း၊ လက်နက်ကြီးနဲ့ အပြင်းအထန် ခုခံတိုက်ခိုက်နေ၊

    နွေဦး/MFP ၊ ဒီဇင်ဘာ-၃၁ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ကသာခရိုင်မှာ စစ်အုပ်စုတပ်နဲ့တော်လှန်ရေးတပ်ဖွဲ့တွေကြား တိုက်ပွဲဆက်ပြင်းထန်နေပြီး ဒီဇင်ဘာလ ၂၉ ရက်ညကနေ ဒီနေ့မနက်ပိုင်းအထိ မြို့အပြင်ပတ်ပတ်လည်ကို လေကြောင်းကနေ ဗုံးကြဲနေတယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၈ ရက်…

    Read More »
  • အတိတ်မှာမစုစည်းနိုင်ခဲ့တဲ့ အတွေ့အကြုံတွေကို ယူကာ တစ်ဖွဲ့နဲ့တစ်ဖွဲ့ နားလည်မှုအပြည့်နဲ့ စုစည်းဖို့ ဗိုလ်ချုပ်ဂွမ်မော်ပြော၊

    ရွှေဥ/MFP ၊ ဒီဇင်ဘာ-၃၁ ဒီဇင်ဘာလ ၃၀ ရက်မှာ ကျင်းပခဲ့တဲ့ ချင်းညီနောင်(Chin Brotherhood) ဖွဲ့စည်းတည်ထောင်တဲ့ နှစ်နှစ်ပြည့်အခမ်းအနားမှာ အတိတ်မှာမစုစည်းနိုင်ခဲ့တဲ့ အတွေ့အကြုံတွေကို ယူကာ တဖွဲ့နဲ့တဖွဲ့ နားလည်မှုအပြည့်နဲ့ စုစည်းဖို့လိုကြောင်း ကချင်လွတ်မြောက်ရေးကောင်စီ (KIO ၊KIA)ဒုတိယဥက္ကဌ-…

    Read More »
  • တောတောင်ထဲ ခိုလှုံနေရတဲ့ မတ္တရာ၊ စဉ့်ကူးနဲ့ သပိတ်ကျင်းက စစ်ဘေးဒုက္ခသည်တွေ (Photo News)

    ထင်လင်း/MFP၊ ဒီဇင်ဘာ – ၃၁ မန္တလေးတိုင်း၊ မတ္တရာ၊ စဉ့်ကူးနဲ့ သပိတ်ကျင်းနယ်ထဲ စစ်အုပ်စုက စစ်ကြောင်းထိုး၊ ဗုံးကြဲနေလို့ သောင်းနဲ့ချီတဲ့ ဒေသခံ ပြည်သူတွေ စစ်ဘေးရှောင် ထွက်ပြေးနေရကာ တောတောင်ထဲ ခိုလှုံနေကြရပါတယ်။ တော်လှန်ရေးတပ်တွေ တစ်နှစ်ကျော်ကြာ…

    Read More »
  • မန္တလေးမြို့ ရွေးကောက်ပွဲ ထပ်လုပ်မယ့် ရပ်ကွက်တွေမှာ မဲစာရင်းကြည့်ဖို့ စစ်အုပ်စု လိုက်အော်၊

    လမ်းသွားလမ်းလာတွေကို စစ်အုပ်စုက ငွေညှစ်ရာမှာ မဲစာရင်းကြည့်၊မကြည့်ကိုပါ စစ်ဆေးငွေညှစ်နေ၊ ဖိုးချို/MFP၊ ဒီဇင်ဘာ – ၃၁ မန္တလေးမြို့‌ရှိ ရွေးကောက်ပွဲ မလုပ်ရသေးတဲ့ မြို့နယ်တွေမှာ မကြာခင်ရက်ပိုင်း ရွေးကောက်ပွဲ ထပ် လုပ်မှာမို့ အိမ်တိုင်းက မဖြစ်မနေ မဲစာရင်းစစ်ဆေးကြည့်ရှု့ဖို့…

    Read More »
  • စဉ့်ကူးနဲ့ သပိတ်ကျင်းအစပ် ချောင်းကြီးရွာ စစ်အုပ်စု ပြန်ရသွား၊

    မန္တလေး-မိုးကုတ် ကားလမ်းပိုင်းတစ်ခုလုံးနီးပါးကို စစ်အုပ်စု ပြန်ထိမ်းချုပ်၊ ထင်လင်း/MFP၊ ဒီဇင်ဘာ – ၃၁ မန္တလေးတိုင်း၊ စဉ့်ကူးနဲ့ သပိတ်ကျင်းမြို့နယ်အစပ်ရှိ ချောင်းကြီးကျေးရွာတွေကို ဒီဇင်ဘာ ၃၀ရက်မှာ စစ်အုပ်စုက ပြန်လည် သိမ်းပိုက်ထိန်းချုပ်သွားတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက MFP…

    Read More »
  • ကလေးမြို့မှာ ပျူစောထီးအဖွဲ့ ဖမ်းဆီးနှိပ်စက်ခံရတဲ့ အမျိုးသားတစ်ဦး လက်လွန်သေဆုံး၊

    ရွှေဥ/MFP ၊ ဒီဇင်ဘာ – ၃၀ စစ်ကိုင်းတိုင်း၊ ကလေးမြို့မှာ အောင်ဇေယျရပ်ကွက်မှာနေထိုင်တဲ့ အမျိုးသားတစ်ဦးကို ဒီဇင်ဘာ ၂၈ ရက်မှာ စစ်အုပ်စု လက်အောက်ခံပျူစောထီးလက်နက်ကိုင်တွေ ဖမ်းဆီးနှိပ်စက်ရာမှာ သွေးထွက်လွန်သေဆုံးခဲ့တယ်လို့  ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။ ပျုစောထီးတွေလက်ချက်နဲ့ သေဆုံးခဲ့သူကတော့…

    Read More »
  • ငလျင်ကြီးကဖွင့်ဟခဲ့သည့် ဆောက်လုပ်ရေးလောက ကမောက်ကမ

    ဂျီဂျီ/MFP၊ ဒီဇင်ဘာ ၁၇ အောက်ခြေမရှိတော့သည့် တိုက်တာများ၊ ပုံပုံလဲပြိုနေသည့် အဆောက်အအုံ၊ ကျိုးပြတ်သွားသည့် တံတား၊ မြေလွှာအက်ကွဲပြီးမြေကြီးရွေ့လျားသွားသည့် ဒေသ၊ ထက်ပိုင်းပြတ်သွားသည့် ဘုရားစေတီ၊ ခေါင်းမရှိတော့သည့် ရုပ်ပွားတော်…. ဒါတွေအားလုံးဟာ မန္တလေးငလျင်ကြီး လှုပ်ခတ်နေချိန် မိနစ်ပိုင်းလေးအတွင်းမှာ ဖြစ်ပျက်သွားခဲ့သလို ငလျင်ကြီးလှုပ်ခတ်ပြီး (၉) လနီးပါးကြာမြင့်သည့် ကာလတိုင်အောင် မြင်တွေ့နေရသည့် မြင်ကွင်းတွေပါ။ မတ်လ ၂၈ ရက် မန္တလေးငလျင်ကြောင့် ဘုန်းတော်ကြီးနှင့် သီလရှင်ကျောင်း ၄,၃၁၇ ကျောင်း၊ ဘုရားစေတီ ၆,၀၂၇ ဆူ၊ဆေးရုံ/ဆေးခန်း ၃၅၀ ခု၊ စာသင်ကျောင်း ၂,၅၁၄ ကျောင်း၊ ရထားလမ်း ၃၈ ခု၊ လမ်း ၂၆၉ ခု၊ အမြန်လမ်း (လမ်းပိုင်း) ၂၀၃ခု၊ ဆည်/တမံ ၅၈၆ ခု၊ တံတား ၁၇၀ စင်းနှင့် နေအိမ်/အဆောက်အအုံ ၆၅,၀၉၆ လုံး ထိခိုက်ပျက်စီးခဲ့ရတယ်လို့ စစ်အုပ်စု၏သတင်းထုတ်ပြန်ချက်များအရ သိရပါတယ်။ “ကျွန်တော်တို့က ပေါ့ပေါ့တန်တန်ပဲ ငလျင်နဲ့ပတ်သက်ပြီးတော့ လျှော့တွက်တဲ့အခါမှာ ၇ ရစ်ခ်တာစကေးနဲ့ ဆောက်တော့အဆောက်အအုံတွေ ပြိုကျခဲ့တာ သွားတွေ့ပါတယ်။ ဒီလိုပဲ နေပြည်‌တော်မှာ ဆောက်တဲ့ အဆောက်အအုံတွေ ကံကောင်းလို့ ဒီဟိုတယ် (မင်္ဂလာသီရိဟိုတယ်) ကျန်တာပါ။ တော်တော်များများ ပျက်ပါတယ်။ ခန်းမတွေ ဘယ်မှာမှ မရှိပါဘူး။ ရှားရှားပါးပါးဒီတစ်ခုပဲ ရတယ်။ ဆိုတော့ ဒီလိုမျိုး အင်ဂျင်နီယာဘက်က လျှော့ပြီးစဉ်းစားတဲ့အတွက်ကြောင့် အကျိုးဆက်က ဘာလဲဆိုရင်ထိခိုက်ဆုံးရှုံးမှုတွေ ကြီးမားခဲ့တာ ဖြစ်ပါတယ်” လို့ အာဏာသိမ်းစစ်အုပ်စုခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကသူစီစဉ်ပြီး လုပ်ခိုင်းသည့် ငလျင်‌ဘေးအလွန် မြန်မာ့စီးပွားရေး ပြန်လည်ကုစားခြင်းနှင့် ပြန်လည်ထူထောင်ခြင်း သုံးသပ်ဆွေးနွေးပွဲမှာ သူ့လက်အောက်ခံများကို ထောက်ပြပြောဆိုခဲ့ပါတယ်။ မန္တလေးငလျင်ကြောင့် လူနေအိမ်ခြေ ပျက်စီးဆုံးရှုံးမှုဟာ အရင်ဖြစ်ဖူးခဲ့သည့် သဘာဝဘေးများမှာ ဆုံးရှုံးခဲ့တာထက် နှစ်ဆနီးပါးရှိသလို၊ လူနေအိမ်မဟုတ်သည့် အခြေခံအဆောက်အအုံ၊ အစိုးရဌာနဆိုင်ရာရုံးနှင့် ဝန်ထမ်းအဆောက်အအုံတွေလည်းထိခိုက်ဆုံးရှုံးခဲ့ရပြီး ပျက်စီးဆုံးရှုံးမှုတန်ဖိုး ကျပ်ဘီလီယံ ၃၆၂၉.၂၈၈ ရှိတယ်လို့ စစ်အုပ်စုအဖွဲ့ဝင်များက ပြောပါတယ်။ ကမ္ဘာ့ဘဏ်၏ လေ့လာဆန်းစစ်ချက်အရမူ အမေရိကန်ဒေါ်လာ ၁၁ ဘီလီယံခန့် ဆုံးရှုံးတယ်လို့ သိရပါတယ်။ “ဘယ်လိုပဲဖြစ်ဖြစ် ဆုံးရှုံးမှုတန်ဖိုးက တော်တော်ကို ကြီးကြီးမားမား ရှိနေတာကို တွေ့ရပါတယ်။ ဒီနေရာမှာလည်းပျက်စီးဆုံးရှုံးမှုတန်ဖိုးက economic damage ရဲ့ တန်ဖိုးကိုပဲ indicate လုပ်ပြီး ဖော်ပြထားနိုင်တဲ့ အနေအထားဖြစ်ပြီးတော့ဒါနဲ့ဆက်စပ်ပြီး ကျွန်တော်တို့နိုင်ငံမှာ စီးပွားရေးအရ ဆုံးရှုံးမှု losses ကို ထည့်သွင်းတွက်ချက်ဖို့ လိုတာအများကြီး တွေ့ရပါတယ်။ ဒီဟာတွေကို ပြန်တည်ဆောက်မယ်ဆိုရင် နိုင်ငံတကာ အတွေ့အကြုံအရ တည်‌ဆောက်ရမယ့်တန်ဖိုးက အနည်းဆုံး နှစ်ဆ၊ သုံးဆလောက်အထိ ကုန်မယ့်အနေအထား ဖြစ်တဲ့အခါကျတော့ လက်ရှိ ကျွန်တော်တို့နိုင်ငံရဲ့ အနေအထားနဲ့ ပြန်လည်တည်‌ဆောက်ရေးကို အများကြီး အားစိုက်လုပ်ရမယ်” လို့ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်(UMFCCI) ဥက္ကဋ္ဌ ဦးအေးဝင်းက ပြောပါတယ်။ မန္တလေးငလျင်ကြောင့် နေပြည်တော်၊ မန္တလေးနှင့် စစ်ကိုင်းမှာ အများဆုံး ထိခိုက်ပျက်စီးခဲ့တာဖြစ်ပြီး မန္တလေးမြို့မှာ ပြိုလဲပျက်စီးသည့် အထပ်မြင့်လူနေအိမ်၊ အဆောက်အအုံ အများစုမှာဆိုရင် Building Code (မြန်မာနိုင်ငံ အဆောက်အအုံဆိုင်ရာစံချိန်စံညွှန်း လမ်းညွှန်ချက်များ) အရ တည်ဆောက်တာ မရှိကြသလို Building Code အရ တည်ဆောက်ထားခဲ့လျှင်တောင်မှသေသေချာချာ စစ်ဆေးကြပ်မတ်သည့် အဖွဲ့အစည်း မရှိဘူးလို့ ဆောက်လုပ်ရေး အသိုင်းအဝိုင်းက ထောက်ပြကြပါတယ်။ “Permit တင်တုန်းက ငါးထပ်ပဲ ဖြစ်ချင်ဖြစ်မယ်။ အဲ့ဒါပြီးတော့မှ တစ်ထပ်၊ နှစ်ထပ် တင်လိုက်တာတို့ ဘာတို့ဆိုတော့ မူလဆောက်ထားတဲ့ဟာက အစကတည်းက ရှစ်ထပ်ကို ရည်ရွယ်ပြီး ဒီဇိုင်းလုပ်ထားပြီးမှ ငါးထပ်နဲ့ တင်တယ်ဆိုရင် ပြဿနာ သိပ်မရှိဘူး‌ပေါ့။ ဒါပေမဲ့ တင်တုန်းကတည်းက ငါးထပ်ပဲ တင်ထားတယ်။ ဆောက်တဲ့အချိန်ကျမှ ရှစ်ထပ်တို့ ဘာတို့ ဖြစ်သွားတယ်ဆိုရင် မလိုလားအပ်တဲ့ဟာမျိုးတွေ တွေ့ရတာပေါ့။ အများစု ပြိုလဲသွားတဲ့ဟာတွေမှာ ကျွန်တော့်အမြင်က အဲ့ဒါမျိုးပဲ မြင်ပါတယ်” လို့ မြန်မာနိုင်ငံ ငလျင်ကော်မတီ ဒုဥက္ကဋ္ဌ ဦးစောထွေး‌ဇော်က ပြောပါတယ်။ အဆောက်အအုံတစ်ခု ဆောက်လုပ်မယ်ဆိုလျှင် ဆောက်လုပ်ခွင့်ကို သက်ဆိုင်ရာဌာနထံ တင်ပြတောင်းခံရတာပါ။ အထပ်မြင့်အတွက် ဆောက်လုပ်ခွင့်တောင်းခံရာမှာ အချိန်ကြန့်ကြာတတ်တာကြောင့် အဆောက်အအုံ ဆောက်လုပ်သူဘက်ကလည်းဆောက်လုပ်မည့် အထပ်အရေအတွက်ကို လျှော့ချပြီး ဆောက်လုပ်ခွင့် တောင်းခံကြတာဖြစ်တယ်လို့ ဆောက်လုပ်ရေးနယ်ပယ်က သိရပါတယ်။ အဆိုပါ ခွင့်ပြုမိန့်များအပြင် တည်ဆောက်ရေးလုပ်ငန်းခွင်များတွင် အသုံးပြုသည့် ဆောက်လုပ်ရေးပစ္စည်းများကလည်းအရည်အသွေးနှင့် စံချိန်စံညွှန်း မပြည့်မီတာ၊ အရည်အသွေးမီ ပစ္စည်းကို ဝယ်ယူချင်သော်လည်း ဈေးကွက်ထဲမှာ မရှိတာ၊ ရှိလျှင်လည်း အလွယ်တကူ ဝယ်ယူလို့မရတာတွေက အခက်အခဲ ဖြစ်နေပါတယ်။ ပြည်တွင်းဖြစ် ပစ္စည်းများက စံချိန်စံညွှန်း မပြည့်မီသလို နိုင်ငံခြားက တင်သွင်းလာသည့် ပစ္စည်းများကိုလည်း အရည်အသွေး စစ်ဆေးမှု မရှိတာတွေကလည်းဆောက်လုပ်ရေးနယ်ပယ်မှာ လုပ်ချင်သလိုလုပ်ဖို့ တွန်းအားပေးသလို ဖြစ်နေတယ်လို့ ဆိုကြပါတယ်။ “Material (ဆောက်လုပ်ရေးပစ္စည်း) တွေရဲ့ Standard (အရည်အသွေးနဲ့ စံချိန်စံညွှန်း) မမှန်မှုကြောင့် ကျွန်တော်တို့ဆီမှာ မလိုအပ်ဘဲနဲ့ Cost (ကုန်ကျစရိတ်) တွေက အလဟဿ Waste (ဖြုန်းတီးတာ) တွေ ဖြစ်တာ အများကြီးပါ” လို့ ဦးစောထွေး‌ဇော်က ဆက်လက်ပြောဆိုပါတယ်။ ငလျင်ကြောင့် ထိခိုက်ခဲ့သည်များကို ပြန်လည်ထူထောင်ရေး လုပ်ကြမယ်ဆိုလျှင် ငလျင်အလွန်ကာလ ဆောက်လုပ်ရေးကဏ္ဍမှာ ပြောင်းလဲရမှာတွေ အများကြီး ရှိနေပါတယ်။ ဆောက်လုပ်ရေးနယ်ပယ်ဟု ဆိုလိုက်လျှင် ကန်ထရိုက်တာ၊ Developer၊Designer၊ အင်ဂျင်နီယာနှင့် လုပ်သားများကိုသာ ပြေးမြင်တတ်ကြသော်လည်း တကယ်တမ်းတွင် အုတ်၊ သဲ၊ ကျောက်၊ဘိလပ်မြေ ထုတ်လုပ်ဖြန့်ချိရေး၊ အိမ်အလှဆင်လုပ်ငန်း၊ လျှပ်စစ်၊ သံနှင့် သံမဏိ၊ အိမ်မိုးသွပ်၊ ဂျပ်ဆင်ဘုတ်နှင့် ဆေးလုပ်ငန်း စသည့် ဆက်စပ်လုပ်ငန်းများစွာ ပါဝင်နေတာပါ။…

    Read More »
  • ဝက်လက်နယ်မှာ မြေပြင်စစ်ကြောင်းနှစ်ကြောင်းအပြင် လေကြောင်းတိုက်ခိုက်မှုတွေကြောင့် သောင်းနဲ့ချီတဲ့ အရပ်သားတွေ စစ်ရှောင်နေရ၊

    MN/MFP ၊ ဒီဇင်ဘာ – ၃၀ စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင် ဝက်လက်မြို့နယ်အရှေ့ခြမ်း ဧရာဝတီမြစ်ကမ်းဘေးက ကျေးရွာတွေကို ဒီဇင်ဘာ ၂၆ ရက်ကစပြီး စစ်အုပ်စုတပ်က အင်အား ၂၀၀ ဝန်းကျင်နဲ့ စစ်ကြောင်းထိုး စီးနင်းလုယက်နေတာကြောင့် သောင်းနဲ့ချီတဲ့…

    Read More »
Back to top button