သတင်း

  • စဉ့်ကူးနယ်ရှိ ပညာသင်ယူခွင့် ဆုံးရှုံးနေတဲ့ ကျောင်းသားတွေအတွက် Singu Federal School ဖွင့်၊

    ထင်လင်း/MFP၊ မတ် – ၁ မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်အတွင်း စစ်အုပ်စု ရန်ကြောင့် ထွက်ပြေးတိမ်းရှောင်နေကြရပြီး ပညာသင်ယူခွင့် ဆုံးရှုံးနေတဲ့ ကလေးငယ်တွေနဲ့ အတန်းတပိုင်းတစ ဖြစ်နေတဲ့ ကျောင်းသား၊ ကျောင်းသူတွေအတွက် ရည်ရွယ်ပြီး Singu Federal School…

    Read More »
  • ပျော်ပွဲရွှင်ပွဲများနောက်ကွယ်ပေါ်တာဆွဲမှုမြင့်တက်နေသည့်မုံရွာ

    ဘုန်းစိုး/MFP၊ မတ် ၁ စစ်ကိုင်းတိုင်းရဲ့ မြို့တော် မုံရွာမြို့ပေါ်မှာ စစ်အုပ်စုလက်အောက်ခံ တိုင်းအစိုးရက နယ်မြေအေးချမ်းတဲ့အသွင်နဲ့ ပျော်ပွဲရွှင်ပွဲတွေ ပုံမှန်ကျင်းပနေပြီး တစ်ဖက်မှာလည်း ပွဲလာသူတွေကို အဓမ္မပေါ်တာဆွဲမှု မြင့်တက်လာတယ်လို့ ဒေသခံတွေက MFP ကိုပြောပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၂ ရက်ကနေ ၁၇ ရက်နေ့အထိ မုံရွာ ကျောက္ကာလမ်း၊ပြည်သူ့ဥယျာဉ်အတွင်း (၅) ရက်ကြာ ပြုလုပ်ခဲ့တဲ့ ဈေးရောင်းပွဲတော်နဲ့ ဖျော်ဖြေရေးပွဲမှာ လူငယ် (၁၀၀) ဝန်းကျင်ခန့်ကို စစ်တပ်က ပေါ်တာဆွဲဖမ်းဆီးခဲ့တယ်လို့ MFP ရဲ့သတင်းရင်းမြစ်တွေက ဆိုကြပါတယ်။ “Non-CDM တွေနဲ့ ဝန်ထမ်းကတ်ပါတဲ့သူတွေက ပျော်စရာကောင်းတယ်၊ သွားလို့ လာလို့ရပါတယ်ဆိုတဲ့ သဘော လိုင်းပေါ်တင်ကြတာ။ စစ်တပ်နဲ့ ပိုင်တဲ့ မိသားစုတွေကလည်း အဲလိုပဲ၊ သူတို့ကတော့ လွတ်တာပေါ့။ အဲဒါကို တကယ်ထင်ပြီး သွားကြတဲ့သူတွေက ပေါ်တာဆွဲကားနဲ့ ကြုံတာနဲ့ ပါတော့တာပဲ” လို့ မုံရွာမြို့ခံ ပြည်သူတစ်ဦးက ပြောပါတယ်။ မုံရွာမြို့ပေါ်မှာ ပြည်သူ့ဥယျာဉ်ဖွင့်ပြီးခဲ့တဲ့ အောက်တိုဘာလ သီတင်းကျွတ်လပြည့်ညကစပြီး စတိတ်ရှိုးတွေ၊ ဖျော်ဖြေပွဲတွေနဲ့ပျော်ပွဲရွှင်ပွဲတွေကို စစ်တပ်လက်အောက်ခံ တိုင်းအစိုးရက ဦးဆောင်ပြီး လစဉ်နီးပါးကျင်းပပြုလုပ်နေတာပါ။ ၂၀၂၅ ခုနှစ်သတင်းကျွတ်လပြည့်နေ့က မုံရွာမြို့ပြည်သူ့ဉယျာဉ်တွင် ကျင်းပခဲ့သည့်ဖျော်ဖြေပွဲ (ဓာတ်ပုံ- အင်တာနက်) “မုံရွာက စစ်တပ်လုပ်တဲ့ ပွဲတွေကို အများဆုံး သွားကြတာ စစ်တပ်နဲ့ ပိုင်တဲ့လူတွေ၊ Non-CDM နဲ့ မိသားစုဝင်တွေပဲ။ အပြန်စောင့်ဖမ်းလည်း သူတို့က အေးဆေးပဲ၊ ဝန်ထမ်းကတ် ပြလိုက်လို့ ရတယ်” လို့ မုံရွာမြို့ခံ Non-CDM တစ်ဦးက ပြောပါတယ်။ “မုံရွာမှာက စစ်တပ်က လွှတ်ပေးထားတဲ့ လူသိများတဲ့ လူတွေကို သုံးပြီး လိုင်းပေါ်ကနေ ပျော်ပွဲရွှင်ပွဲတွေကို လွတ်လွတ်လပ်လပ်ပဲ ဆိုတဲ့သဘောမျိုး တင်ကြတာ။ သူတို့ သုံးတဲ့ လူတွေက အများကြီးပဲ၊ စည်ပင်ဝန်ထမ်းတွေလည်း ကတ်ထုတ်ပေးပြီး ပွဲစည်အောင် လုပ်တာ။ အဲဒါကို တကယ်ထင်ပြီး သွားတဲ့ လူငယ်တွေ ပေါ်တာဆွဲခံရတာပဲ” လို့ မြို့ခံပြည်သူတစ်ဦးက ပြောပါတယ်။ မုံရွာမြို့မှာ ပုံမှန် ပေါ်တာဆွဲလေ့ရှိတဲ့ ရက်တွေက လတစ်လရဲ့ လဆန်းပိုင်းရက်တွေနဲ့ လကုန်ရက်ပတ်တွေ ဖြစ်တယ်လို့ မြို့ခံတွေကြား အချင်းချင်း သတိပေးနေကြောင်း သတင်းရင်းမြစ်တွေက ဆိုပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်ကတည်းက မုံရွာမြို့ပေါ်နဲ့ အနီးတစ်ဝိုက်မှာ စစ်အုပ်စုက အင်အားစု ပေါ်တာဆွဲတာတွေ တရစပ်ပြုလုပ်နေပြီး နေ့ညမပြတ် လူသစ်စုဆောင်းနေကြောင်း ပြည်တွင်း သတင်းမီဒီယာတွေကလည်း ထောက်ပြရေးသားနေကြပါတယ်။ မြို့အဝင်၊ အထွက်မှာရှိတဲ့ စစ်ဆေးရေးဂိတ်တွေမှာ စစ်တပ်က စောင့်ပြီး အလုပ်သွား၊ အလုပ်ပြန်တွေကို ပေါ်တာဆွဲလေ့ရှိသလိုအိမ်စီးကားတွေနဲ့ လှည့်ပတ်ပြီး ပေါ်တာဆွဲတယ်လို့ မြို့ခံတွေက ပြောပါတယ်။ ဒါ့ပြင် စတိတ်ရှိုးနှင့် ပျော်ပွဲရွှင်ပွဲများအပြီး ညပိုင်းအပြန်တွင် ရပ်ကွက်လမ်းကြားတွေမှာ စောင့်ပြီး ဖမ်းဆီးတာတွေ ရှိနေတာဖြစ်ပါတယ်။ မုံရွာမြို့မှာ လစဉ် လူငယ် (၁၀၀) ထက်မနည်း အဓမ္မ စစ်မှုထမ်း အပတ်စဉ်သင်တန်းတွေ အတွက် ပေါ်တာဆွဲဖမ်းဆီးခံနေရပြီးလိုက်လံထုတ်ယူဖို့၊ တိုင်ကြားဖို့ အခွင့်အရေးလည်း မရှိဘူးလို့ သတင်းရင်းမြစ်တွေက ဆိုပါတယ်။ ၂၀၂၅ ခုနှစ် နိုဝင်ဘာလ ၂၈ ရက်နေ့က ပြည်သူ့ဥယျာဉ်မှာ စတိတ်ရှိုးပွဲကြည့်ပြီး ပြန်လာတဲ့ လူငယ် ၃၂ ဦးကို စစ်အုပ်စုက ပေါ်တာဆွဲပြီး စစ်မှုထမ်းစုဆောင်းခဲ့ပါတယ်။ ဒီဇင်ဘာ ၁၄ ရက်နေ့ မနက်ပိုင်းက မုံရွာပညာရေးကောလိပ်အနီးမှာ ပေါ်တာဆွဲတဲ့ကားကို မြင်လို့ လှည့်ပြန်တဲ့ လူငယ်တစ်ဦးကို စစ်အုပ်စုက သေနတ်နဲ့ လှမ်းပစ်ခဲ့ပါတယ်။ “စစ်တပ်နဲ့ ပိုင်တဲ့လူတွေက ပွဲကနေ အိမ်ပြန်လို့ ပေါ်တာဆွဲကားနဲ့ တွေ့လည်း ရှင်းနိုင်တယ်။ အဲလိုလူတွေကို စစ်တပ်က ပေါ်တာမဆွဲဘူး။ ဆွဲရင်လည်း သူ့အချိတ်နဲ့သူ ဖုန်းဆက်လို့ ရတယ်” လို့ မုံရွာမြို့ခံ လူငယ်တစ်ဦးက ပြောပါတယ်။ လာမယ့် မတ်လ (၆၊ ၇၊ ၈) ရက်မှာလည်း မုံရွာမြို့ ကန်သာယာကန်၊ ရွှေလိမ္မော်ကျွန်းမှာ မုံရွာ ညဈေးတန်း ဖွင့်ပွဲနဲ့ ပျော်ပွဲရွှင်ပွဲတွေ ကျင်းပပြုလုပ်သွားမယ်လို့ ကြေညာထားပါတယ်။…

    Read More »
  • ပုလဲမှာ တိုက်ပွဲ စဖြစ်ပြီးနောက် စစ်အုပ်စုက နေ့ရောညပါ ဗုံးပတ်ကြဲနေ၊

    သုထက်/MFP၊ မတ် – ၁ စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်ထဲ ရွာစဉ်ပတ်မွှေ စစ်ကြောင်းထိုး စီးနင်းလုယက် မီးရှို့နေတဲ့ အာဏာသိမ်း စစ်အုပ်စုနဲ့ ဒေသခံ တော်လှန်ရေးတပ်တွေ မနေ့က မနက်ပိုင်း ထိတွေ့တိုက်ပွဲ စတင် ဖြစ်ပွားပြီးနောက်…

    Read More »
  • ပုလဲမှာ တိုက်ပွဲ စဖြစ်၊ စစ်အုပ်စုက လေကြောင်းပစ်ကူ ဗုံးပတ်ကြဲ၊

    သုထက်/MFP၊ ဖေဖော်ဝါရီ – ၂၈ စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်ထဲ ရွာစဉ်ပတ်မွှေ စစ်ကြောင်းထိုး စီးနင်းလုယက် မီးရှို့နေတဲ့ အာဏာသိမ်း စစ်အုပ်စုနဲ့ ဒေသခံ တော်လှန်ရေးတပ်တွေ ဒီကနေ့ မနက်ပိုင်း ထိတွေ့တိုက်ပွဲ စတင် ဖြစ်ပွားတယ်လို့…

    Read More »
  • မိုးကုတ်–မိုးမိတ်ဒေသ နှစ်လတာ တိုက်ပွဲတွေအတွင်း စစ်အုပ်စု ၂၀ ကျော် သေ၊ သုံ့ပန်းတချို့ ဖမ်းမိ၊

    တော်လှန်ရေး ရဲဘော်တွေလည်း ထိခိုက်၊ ကျဆုံးမှုရှိ၊ စစ်အုပ်စုကို တိုက်ခိုက်ရုံမက ဒေသတွင်း တရားဥပဒေ စိုးမိုးရေးနဲ့ နယ်မြေလုံခြုံရေးပါ ဆောင်ရွက်နေ ဟု NUG ထုတ်ပြန်၊ နန်းယု/MFP၊ ဖေဖော်ဝါရီ – ၂၈ မန္တလေးတိုင်းနဲ့ ရှမ်းပြည်နယ်အစပ်၊…

    Read More »
  • NUG နှင့် SRA စစ်ဆင်ရေး၊ ထောက်လှမ်းရေးနဲ့ နိုင်ငံရေးကိစ္စတွေ ဆွေးနွေး၊

    တော်လှန်ရေး အင်အားစုတွေ ပူးပေါင်းဆောင်ရွက်မှု ပိုအားကောင်းဖို့ ကြိုးစားနေတယ်လို့ NUG ပြော၊ မှုးအိန်ဂျယ်လ်/MFP၊ ဖေ‌ဖော်ဝါရီ – ၂၈ အမျိုးသား ညီညွတ်ရေးအစိုးရ – NUGနဲ့ နွေဦးတော်လှန်ရေး မဟာမိတ် တပ်ပေါင်းစု – SRA…

    Read More »
  • မန္တလေးမြို့ပေါ်မှာ စစ်အုပ်စုက ‌ညပိုင်း ဖမ်းဆီး‌ငွေညှစ် ပေါ်တာဆွဲတာတွေ ပိုလုပ်လာ၊

    ဖိုးချို/MFP၊ ဖေဖေါ်ဝါရီ – ၂၈ မန္တလေးမြို့မှာ အာဏာသိမ်း စစ်အုပ်စုက ညနေပိုင်းနဲ့ ညပိုင်းအချိန် ရပ်ကွက်တချို့ကို ပိတ်ဆို့စီးနင်းပြီး ပေါ်တာဆွဲ ဖမ်းဆီးငွေညှစ်တာတွေ အတုအယောင် ရွေးကောက်ပွဲအပြီး ပိုမို လုပ်ဆောင်နေတယ်လို့ မြို့ခံတွေက MFP ကို…

    Read More »
  • ကလေးနယ် ကံကြီးရွာ ပျူခေါင်းဆောင်က ဒေသခံ ၆၀ ကျော်ကို ပေါ်တာဆွဲ စစ်သားသစ်စုဆောင်း၊

    ‌ရွှေဥ/MFP၊ ဖေဖေါ်ဝါရီ – ၂၈ စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်မြောက်ပိုင်း၊ ကံကြီးကျေးရွာရှိ အာဏာသိမ်း စစ်အုပ်စု လက်စပ်မွေးထားတဲ့ ပြည်သူ့စစ် ခေါ် ပျူစောထီးအဖွဲ့ ခေါင်းဆောင် ကျော်စွာဝင်း (ခေါ်) ဖိုးပြားက ပြည်သူ အမျိုးသား ၆၀…

    Read More »
  • ညောင်ဦးမှာ စစ်အုပ်စု ကားကို တိုက်ခိုက်ရာ လေးယောက် သေ၊ လက်နက်တွေ ရ၊

    အီသာရမ်/MFP ၊ ဖေဖော်ဝါရီ-၂၈ မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်၊ ညောင်ဦး-ကျောက်ပန်းတောင်း လမ်းပိုင်းမှာ မနေ့က မနက်ပိုင်း စစ်အုပ်စု ကားတစ်စီးကို တော်လှန်ရေးတပ်တွေက စောင့်ဆိုင်းတိုက်ခိုက်ရာ ကားပေါ်ပါ စစ်အုပ်စု  လေးယောက် သေပြီး လက်နက်လေးလက်နဲ့ ခဲယမ်းတွေ သိမ်းဆည်းရမိတယ်လို့…

    Read More »
  • သပိတ်ကျင်း ဇရပ်ကွင်းမှာ စစ်အုပ်စုက လူမနေတဲ့အိမ်တွေ ထင်တိုင်းကျဲ ဖောက်ထွင်းခိုးယူ၊

    သူခိုးခိုးခံရတယ်လို့ လာတိုင်ရင် သေနတ်နဲ့ ပစ်မယ်လို့ ခြိမ်းခြောက်ထား၊ ထင်လင်း/MFP၊ မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ ဇရပ်ကွင်းကျေးရွာကို ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းမှာ အာဏာသိမ်း စစ်အုပ်စုက ပြန်လည် သိမ်းယူနိုင်ခဲ့ပြီးနောက် ကျေးရွာအတွင်းရှိ လူမနေတဲ့ နေအိမ်တွေကို ထင်တိုင်းကျဲ ဖောက်ထွင်းကာ…

    Read More »
Back to top button