
ဒေါ်လာ/MFP၊ သြဂုတ် – ၈
စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ ဘုတလင်မြို့နယ်မှာ ဒီကနေ့ ကျရောက်တဲ့ ၈၈၈၈ ဒီမိုကရေစီအရေးတော်ပုံ ၃၈ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် လူထုလှုပ်ရှားမှုတွေ ပြုလုပ်ခဲ့တယ်လို့ ဘုတလင်မြို့နယ် ဒေါင်းရာဇာ ပင်မသပိတ်စစ်ကြောင်း က သတင်း ထုတ်ပြန်ပါတယ်။
“ပေးဆပ်သွားတဲ့ မျိုးဆက်အတွက် ဒို့မျိုးဆက်က သွေးကြွေးဆပ်” ဆိုတဲ့ စာတန်းကို ကိုင်ဆောင်ပြီး ဆန္ဒဖော်ထုတ်ခဲ့တာလို့ ဆိုပါတယ်။

၈၈၈၈ အရေးတော်ပုံ ၃၈ နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနားတွေကို ဘုတလင်နယ်သာမက ယင်းမာပင်၊ ဆားလင်းကြီး၊ ကနီနဲ့ ကလေးမြို့တွေမှာလည်း ဒေသတွင်း သပိတ်အဖွဲ့တွေက ဦးဆောင်ကာ ပြုလုပ်ကြတယ်လို့ သတင်းရရှိပါတယ်။
၁၉၈၈ ခုနှစ်က ပေါ်ပေါက်ခဲ့တဲ့ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးနဲ့ ဒီမိုကရေစီ ရရှိရေး တောင်းဆိုတဲ့ လူထု အရေးတော်ပုံဟာ ယနေ့ ၃၈ နှစ်ပြည့်မြောက်ခဲ့ပြီ ဖြစ်ပါတယ်။ လက်ရှိ မြန်မာနိုင်ငံမှာတော့ ၂၀၂၁ ခုနှစ်မှာ တကျော့ပြန် အာဏာသိမ်းမှုနဲ့ ကြုံနေရပြီး စစ်အုပ်စုဟာ သူတို့ ကျူးလွန်ခဲ့တဲ့ စစ်ရာဇဝတ်မှုတွေ အရေးယူခံရတာမျိုး မရှိဘဲ ၁၉၈၈ ကနေ ယနေ့အထိ အာဏာသိမ်းမှု ဆန့်ကျင်တဲ့ ပြည်သူတွေကို ထင်တိုင်းကျဲ ဖိနှိပ်သတ်ဖြတ်နေတာလည်း ဖြစ်ပါတယ်။


ဘုတလင်မြို့နယ်မှာ ၈၈၈၈ အရေတာ်ပုံ ၃၈ နှစ်ပြည့် အထိမ်းအမှတ် လူထုလှုပ်ရှားမှု ပြုလုပ်စဉ်/Photo – ဒေါင်းရာဇာပင်မသပိတ်
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။



