အီသာရမ်/MFP ၊စက်တင်ဘာ-၂၉
ပခုက္ကူနယ်မှာ တော်လှန်ရေးအဖွဲ့စခန်းတစ်ခုကို စက်တင်ဘာလ ၂၈ ရက်နေ့ ည ၇ နာရီခန့်က စက်တပ်လေထီးနဲ့ စစ်အုပ်စုဗုံးကြဲတာကြောင့် ရဲဘော်သုံးဦးကျဆုံးခဲ့တယ်လို့ အညာမြေတပ်ပေါင်းစုက သတင်းထုတ်ပြန်ပါတယ်။
ပခုက္ကူတပ်မ -၁၀၁ က တတ်လာတဲ့ စက်တပ်လေထီးနဲ့ ဗုံးကြဲလို့ အညာမြေတပ်ပေါင်းစုရဲ့စခန်းခွဲတစ်ခုပေါ်ကို ကျရောက်ပေါက်ကွဲပြီး ရဲဘော်သုံးဦးကျဆုံးခဲ့တာဖြစ်တယ်လို့ အညာမြေတပ်ပေါင်းစု ပြန်ကြားရေးတာဝန်ခံ ကိုဘိုဘိုသန့်ဇင်က ပြောပါတယ်။
“ကြဲချတိုက်ခိုက်မှုမှာ ကျွန်တော်တို့ရဲ့ရဲဘော်နဲ့ထုတ်ပြန်ထားတဲ့ ရဲဘော်တွေကျဆုံးခဲ့ပါတယ်၊ကျန်တဲ့သူတွေကတော့ အထိအခိုက်မရှိ ဘေးကင်းခဲ့ပါတယ်၊ကျဆုံးသွားတဲ့ ရဲဘော်သုံးယောက်က ရှောင်ချိန်ရတယ် သူတို့ရဲ့တာဝန်က တခြားရဲဘော်တွေ Safety ဖြစ်အောင်လုပ်ရမယ်၊တခြားရဲဘော်တွေကို လုံခြံုအောင် ညွှန်းကြားရင်း သူတို့ထိခိုက်သွားတာပါ”
ကျဆုံးသွားတဲ့ ရဲဘော်သုံးဦးမှာ အညာမြေတပ်ပေါင်းစုက တပ်စိပ်မှူး တာဝန်ယူထားတဲ့ ရဲဘော်သေမင်း အသက်၂၀နှစ် ၊ God of Myaing အဖွဲ့က ရဲဘော်ဗလ အသက် ၁၈နှစ် နဲ့ Pl PDF အဖွဲ့က ရဲဘော်နိုင်
ကြီး အသက်၃၄နှစ်တို့ ဖြစ်တယ်လို့ဆိုပါတယ်။
စစ်အုပ်စုဗုံးကြဲလို့ ကျဆုံးသွားတဲ့ရဲဘော်တွေကို စက်တင်ဘာလ ၂၉ ရက်နေ့ ဒီနေ့ မနက် မှာပဲ တပ်ဖွဲ့ ဆိုင်ရာ စည်းကမ်းတွေနဲ့အညီ အမိန့်ပြန်ကာ သေနတ်ပစ်ဖောက် သင်္ဂြိုလ်ခဲ့တယ်လို့ဆိုပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၉ ရက်နေ့က တခြားတော်လှန်ရေးအဖွဲ့တွေက တော်လှန်ရေးရဲဘော်တချို့ဟာ စစ်အုပ်စုနဲ့ပူပေါင်းပြီးနောက်ပိုင်း စစ်အုပ်စုက လေကြောင်းကနေ စခန်းနေရာ အတိအကျကို ဗုံးကြဲတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
စစ်အုပ်စုနဲ့ပူးပေါင်းသွားတဲ့ တော်လှန်ရေးရဲဘော်လေးဦးရဲ့ အဖွဲ့အစည်းနာမည်တွေကိုတော့ မသိရသေးဘဲ လေးဦးက ကမ္မမြို့အရှေ့ဘက်က ညောင်ဂျစ်ပင်ပျူစောထီးစခန်းကို ပူးပေါင်းသွားတာဖြစ်ပြီး သေနတ် ငါးလက် နဲ့ စစ်အသုံးအဆောင်ပစ္စည်းတွေ ယူဆောင်သွားတယ်လို့လည်း ဆိုပါတယ်။
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။



