Blog

ကျောက်မဲကို စစ်အုပ်စု ပြန်လည်ထိန်းချုပ်

လူသစ်/MFP၊အောက်တိုဘာ – ၁

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့ကို အောက်တိုဘာလ ၁ ရက် ညနေပိုင်းကစပြီး တစ်မြို့လုံးကို သိမ်းပိုက်ထိန်းချုပ်လိုက်ကြောင်း မြို့ခံတွေက ပြောပါတယ်။

အင်အားထောင်နဲ့ချီပါတဲ့ စစ်အုပ်စုစစ်ကြောင်းဟာ ကျောက်မဲမြို့ကို ရရှိဖို့ တစ်လခွဲနီးပါးအကြာ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာကနေ ဒီနေ့မှာ တိုက်ခိုက်သိမ်းပိုက် လိုက်တာ ဖြစ်ပါတယ်။ 

လတ်တလောမှာတော့ မြေပြင်အခြေအနေ ရှုပ်ထွေးနေပြီး နှစ်ဖက်တိုက်ပွဲတွေ ငြိမ်သက်နေတယ်လို့ ကျောက်မဲမြို့ခံတစ်ဦးက MFP ကို ပြောပါတယ်။

“အခု ရပ်ကွက် ၁ မှာ တပ်စွဲထားတယ်တဲ့၊ ဒီညနေက စစ်ကြောင်းဝင်လာတဲ့ မျက်စိတစ်ဆုံးပဲတဲ့ အရေအတွက်ကို ခန့်မှန်းသာ ကြည့်တော့၊ သာလွန်အင်အားထက်ကို ပိုတယ်”

စက်တင်ဘာလ ၃၀ ရက်နေ့က ကျောက်မဲမြို့နဲ့ သုံးမိုင်အကျော်မှာရှိတဲ့ ခိုမုန်းရွာကို စစ်အုပ်စုတပ်တွေ စီးနင်းပြီးနောက် ကျောက်မဲမြို့ကို ဝင်ရောက်သွားတာလို့ ဆိုပါတယ်။

နှစ်ဖက်တိုက်ပွဲအတွင်း ဖမ်းမိထားတဲ့ TNLA တပ်သားတချို့ကိုတော့ ကျောက်မဲမြို့မရဲစခန်းမှာ ဖမ်းဆီးထားတာတွေ့ရတယ်လို့ ဒေသခံတွေက ဆိုပါတယ်။ 

ကျောက်မဲမြို့ လက်လွှတ်လိုက်ရတဲ့ အခြေအနေကိုတော့ TNLA ဘက်က သတင်းထုတ်ပြန်တာမျိုး မရှိသေးသလို MFP အနေနဲ့လည်း သီးခြားအတည်ပြုနိုင်တာမျိုး မရှိသေးပါဘူး။ ၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းဖြစ်တဲ့ ၂၀၂၄ ခုနှစ် ဩဂုတ်လမှာ ကျောက်မဲမြို့ကို TNLA ကတိုက်ခိုက် သိမ်းယူခဲ့တာ ဖြစ်ပါတယ်။

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။

Related Articles

Back to top button