စစ်ကိုင်းသတင်း

ကလေး-ဂန့်ဂေါလမ်းကို  စစ်အုပ်စု ဗုံးသီးကြဲချတိုက်ခိုက်လို့ တောင်သူ နှစ်ဦးသေဆုံးကာ အမျိုးသမီး နှစ်ဦးဒဏ်ရာရ

ကိုသူ /MFP ၊ အောက်တိုဘာ – ၃

မကွေးနဲ့ စစ်ကိုင်းတိုင်းကို အောက်တိုဘာလ ၃ ရက် ဒီနေ့မနက်ပိုင်းမှာ ကုန်စည်စီးဆင်းဖို့ ဆက်သွယ်သွားလားတဲ့ ကလေး -ဂန့်ဂေါလမ်းမှာ စစ်အုပ်စုတပ်တွေက ဒရုန်းအသုံးပြုကာ ဗုံးသီးကြဲချ တိုက်ခိုက်တာကြောင့် အမျိုးသားတစ်ဦးနဲ့ အမျိုးသမီးတစ်ဦးသေဆုံးကာ အမျိုးသမီး ငါးဦးထိခိုက် ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။

စစ်အုပ်စုတပ်တွေက မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ် မြောက်ခင်ရန်းကျေးရွာကနေ ကလေး -ဂန့်ဂေါ  ကားလမ်းမကြီးနဲ့ အနီးနားက ကျေးရွာတွေကို စက်တင်ဘာ ၃၀ ရက်ကနေ နိုဝင်ဘာ ၃ ရက်နေ့အထိ လေးရက်ဆက်တိုက် ဒရုန်းအသုံးပြုကာဗုံးသီးချ တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

 ဗုံးသီးကြဲချတိုက်ခိုက်မှုကြောင့် ကားလမ်းပေါ်မှာဆိုင်ကယ်နဲ့  သွားလာနေတဲ့ အမျိုးသားတစ်ဦးနဲ့ အမျိုးသမီးတစ်ဦး ဗုံးစထိမှန် ပွဲချင်းပြီး သေဆုံးကာ အမျိုးသမီး နစ်ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။

“သေတဲ့ အမျိုးသားက ရွှေဘိုရွာကလို့ သိရတယ်။ ပွဲချင်းပြီး သေတာ အဲ့နေရာမှာပဲ။ အမျိူးသမီးလဲ သေတယ်။

သေဆုံးသူ နှစ်ဦးကတော့ ရွှေဘိုကျေးရွာမှာ နေထိုင်တဲ့ အသက် ၄၇ နှစ်အရွယ် ဦးမြင်းဦးနဲ့ ဇနီးဖြစ်သူ အသက် ၄၀ ကျော်အရွယ် ဒေါ်အလေးသား ဖြစ်ပါတယ်။ သူတို့နှစ်ဦးဟာ တောင်လယ်ယာ လုပ်ကိုင်ဖို့ ရွှေဘို ကျေးရွာကနေ ကလေး-ဂန့်ဂေါလမ်းကို ဆိုင်ကယ်နဲ့ သွားလာချိန် မြောက်ခင်ရန်းကျေးရွာက ပစ်ခတ်ခဲ့တဲ့ ဗုံးစတွေ လည်ပင်းနဲ့ဝမ်းဗိုက်ထိမှန်ကာ သေဆုံးခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒဏ်ရာရရှိသူ အမျိုးသမီးနှစ်ဦးကတော့ နှစ်ဦးက သင်တော ကျေးရွာမှာ နေထိုင်သူတွေ ဖြစ်ပြီး ဒဏ်ရာပြင်းထန်တာကြောင့် ဆေးကုသမှုပေးထားတယ်လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာလ ၃၀ ရက်နေ့ကလည်း ကလေးနယ် တင်သားကျေးရွာမှာ နေထိုင်တဲ့ ဒေသခံအမျိုးသမီးသုံးဦး စစ်အုပ်စုပစ်ခတ်တဲ့ ဒရုန်းဗုန်းထိမှန် ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

မကွေးတိုင်းနဲ့ စစ်ကိုင်းတိုင်း နယ်မြေထိစပ်ရာမှာတည်ရှိတဲ့ မြောက်ခင်ရန်းကျေးရွာဟာ စစ်အုပ်စု ထောက်ခံသူ ပျူစောထီးတွေ အားကောင်းတဲ့ ကျေးရွာဖြစ်သလို ကုက္ကား၊ ဟံသာဝတီ၊ ကြံသာ ၊အင်းကျွန်း ၊ကျောက်ပြုတ်ကျေးရွာတွေမှာလည်း စစ်အုပ်စုကတပ်စွဲကာ လက်နက်ကြီးနဲ့ မကြာခဏပစ်ခတ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မကွေးနဲ့ စစ်ကိုင်းတိုင်းအစပ်မှာ တော့ အာဏာသိမ်းလေးနှစ်ကျော်အတွင်း ဟံသာဝတီ ၊ မြောက်ခင်ရန်း၊ တောင်ခင်ရင်း၊ အင်းကျွန်း၊ ကျောက်ပြုတ်၊  ကြံသာ၊ မွေ့လယ်၊ ရွှေဘို၊ ကုက္ကား၊ မန္တာစတဲ့ကျေးရွာတွေက စစ်အုပ်စုသတ်ဖြတ်လို့ သေဆုံးသူ ၆၀ ကျော်ရှိတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။

Related Articles

Back to top button