စစ်ကိုင်းသတင်းအညာမြေ တော်လှန်ရေး

ချောင်းဦးဆီမီးသပိတ်ကို စစ်အုပ်စု ဗုံးကြဲသတ်လို့ ကျဆုံးသူတွေထဲက မုံရွာ – အမြင့်လမ်း သပိတ် ကော်မတီဝင် သုံးဦးရဲ့ ရက်လည်ဆွမ်းတရားနာ ပြုလုပ်၊

ဘဦး/MFP၊ အောက်တိုဘာ – ၁၂

စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ ချောင်းဦးမြို့နယ်၊ ဘုံတိုရွာမှာ သီတင်းကျွတ်လပြည်ပည ဆီမီးထွန်းသပိတ် ပြုလုပ်နေချိန် စစ်အုပ်စုက ဗုံးကြဲသတ်ဖြတ်လို့ ကျဆုံးခဲ့ရသူ ၂၀ ကျော်ထဲက မုံရွာ – အမြင့်လမ်း သပိတ်ကော်မတီဝင် သုံးဦးရဲ့ ရက်လည်ဆွမ်းတရားနာကို အောက်တိုဘာ ၁၁ရက်မှာ ပြုလုပ်ခဲ့ကြတယ်လို့ ဒေသခံတွေက MFP ကို ပြောပါတယ်။

စစ်အုပ်စုက လေကြောင်းဗုံးကြဲသတ်ဖြတ်လို့ ကျဆုံးသူ ၂၀ ကျော်ထဲက ကိုချမ်းငြိမ်းအောင်၊ ကိုညီညီဇော်နဲ့ ကိုကံမြင့်လွင်တို့ဟာ စစ်အာဏာသိမ်းစ မုံရွာ – အမြင့်လမ်းသပိတ် စတင် လှုပ်ရှားချိန်ကတည်းက သပိတ်ကော်မတီဝင်တွေအဖြစ် ပါဝင်ခဲ့ပြီး ဖက်ဆစ်တပ် အမြစ်ဖြတ်ရေး တက်ကြွစွာ လှုပ်ရှားခဲ့သူတွေ ဖြစ်ကာ သူတို့ သုံးဦး အပါအဝင် ကျန်ရစ်သူတွေအတွက် ရည်းစူးပြီး မုံရွာ – အမြင့်လမ်း သပိတ်ကော်မတီဝင်တွေက ရက်လည်ဆွမ်းတရားနာ အမျှဝေခဲ့တာလို့ ဆိုပါတယ်။

“ရက်လည်လုပ်ပေးခဲ့တာတော့ ကျနော်တို့ ရဲဘော်တွေရော၊ ကျဆုံးပြည်သူတွေအတွက်ပါ ရည်ရွယ်ပြီး ကုသိုလ်ပြုခဲ့တာပါ၊၊ သပိတ်ကော်မတီဝင်တွေရော၊ ပြည်သူတွေပါ ကျဆုံးခဲ့လို့ ကြေကွဲခဲ့ပေမယ့် သူတို့အတွက် ကုသိုလ်လေး နိုင်သလောက် လုပ်ချင်တဲ့ဆန္ဒနဲ့ လုပ်ခဲ့တာ ဖြစ်တယ်” လို့ ဒေသတွင်း တက်​ကြွလှုပ်ရှားသူတစ်ဦးက MFP ကို ပြောပါတယ်။

အောက်တိုဘာ ၆ရက် သီတင်းကျွတ်လပြည့်ညက ချောင်းဦးနယ်ထဲ ပြုလုပ်တဲ့ ဆီမီးထွန်းသပိတ်ကို မုံရွာမြို့ အနောက်မြောက်တိုင်း စစ်ဌာနချုပ် – နမခထဲနေ စစ်အုပ်စူက ပါရာမော်တာ – စက်တပ်လေထီး သုံးပြီး လူအုပ်ထဲကို ၁၂၀ ဗုံးသီးတွေ ကြဲချသတ်ဖြတ်ခဲ့တာကြောင့် ဆီမီးထွန်းပွဲ ပြုလုပ်နေတဲ့ ကလေးသူငယ်နဲ့ အမျိုးသမီးတွေ အပါအဝင် လူ ၂၂ဦးထက်မနည်း သေဆုံးကာ ၅၀ ကျော် ဒဏ်ရာရခဲ့ပါတယ်။

စစ်အုပ်စုက လူအုပ်ထဲကို ဗုံးကြဲချလို့ ထိခိုက် ဒဏ်ရာရသူတွေဟာ ဆေးဝါး ကုသနိုင်ရေး ခက်ခဲနေပြီး ဆေးရုံဆေးခန်းတွေမှာ ကုသခွင့်မရဘဲ နီးစပ်ရာနေရာတွေမှာ ကုသနေကြရကာ ဆေးဝါးနဲ့ ဆရာဝန် လိုအပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ စစ်အုပ်စုက ဒဏ်ရာရသူ ဆေးဝါကုသခွင့်မရအောင် နည်းမျိုးစုံနဲ့ ကန့်သတ်ပိတ်ဆို့ပြီး မုံရွာနဲ့ ချောင်းဦးနယ်ထဲ ဆေးဝါးသယ်ယူမှုတွေကို ပိုမို ပိတ်ဆို့ ကန့်သတ်နေတယ်လို့ ဆိုပါတယ်။

မုံရွာ – အမြင့်လမ်းသပိတ်ကော်မတီဝင် သုံးဦးရဲ့ ရက်လည်တရားနာကို ငါးရက်နဲ့ ပြုလုပ်ခဲ့တာ ဖြစ်ပြီး ဒေသတွင်း သပိတ်အင်အားစုတွေနဲ့အတူ ဒေသခံ ပြည်သူတွေက ဆွမ်းကပ်၊ တရားနာ၊ အမျှဝေခဲ့တယ်လို့ ဆိုပါတယ်။

Related Articles

Back to top button