စစ်ကိုင်းသတင်း

အင်းတော်မှာပကဖဖမ်းဆီးထားတဲ့အရပ်သားတစ်ဦးဒဏ်ရာတွေနဲ့သေဆုံး

လူသစ်/MFP ၊ အောက်တိုဘာ – ၁၈

စစ်ကိုင်းတိုင်း အထက်ပိုင်း၊ အင်းတော်မြို့နယ် အနောက်မြောက်ဘက် ၁၀ မိုင်အကျော်မှာရှိတဲ့ မော်တိတ်ရွာဒေသခံ အမျိုးသားတစ်ဦးကို ဆိုက်ကယ်ခိုးမှုသံသယနဲ့ ဒေသအခြေစိုက် ကာကွယ်ရေးအဖွဲ့က အောက်တိုဘာလ ၁၂ ရက်နေ့မှာ ဖမ်းဆီးပြီးနောက် နာရီပိုင်းအတွင်းမှာ သေဆုံးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သေဆုံးသွားသူတွေဟာ အသက် ၃၈ နှစ်အရွယ် ကိုဇော်ထွေးဖြစ်ပြီး ဖမ်းဆီးခံရပြီး လေးနာရီအကြာမှာ သေဆုံးသွားတာလို့ ဆိုပါတယ်။

ကိုဇော်ထွေးရဲ့ ရုပ်အလောင်းကို လာယူဖို့ ကာကွယ်ရေးတပ်ဖွဲ့ဘက်က အကြောင်းကြားခဲ့ပြီး သွားယူချိန်မှာလည်း ခန္ဓာကိုယ်မှာ ရိုက်နှက်ခံထားရတဲ့ ဒဏ်ရာတချို့ တွေ့ခဲ့တယ်လို့ အဲးီအခြေအနေကိုသိတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။

“သူတကယ်ခိုးမခိုးတော့ မသိပါဘူး။ ဒါပေမဲ့လည်း ဆိုင်ကယ်ခိုးတယ်ဆိုရင်တောင် သေဆုံးတဲ့အထိကို ရိုက်တာနှိပ်စက်တာ လုပ်ဖို့မကောင်းဘူးပေါ့ဗျာ။ အခုက ခေတ်သစ်စစ်အုပ်စုပုံစံနဲ့ လူက်ု သံသယနဲ့လာခေါ်တယ်။ ပြီးရင် မိသားစုကို ဖုန်းဆက်ပြီး အလောင်းလာထုတ်ခိုင်းတယ်ဆိုတာက ကျွန်တော်တို့ အင်းတော်တစ်ဝိုက်မှာ အာဏာစသိမ်းတုန်းက NLD ပါတီတွေ၊ တက်ကြွလှုပ်ရှားသူတွေကို စစ်အုပ်စုက လုပ်ခဲ့တဲ့ ပုံစံနဲ့တစ်ပုံစံထဲမလို့ ပိုစိတ်ပျက်မိတယ်”

ကိုဇော်ထွေးရဲ့ ရုပ်အလောင်းကို မော်တိတ်ရွာနဲ့ နှစ်မိုင်အကွာမှာရှိတဲ့ ရွာသာယာကျေးရွာမှာ သွားရောက်

ယူဆောင်ခဲ့ရပြီး နာရေးအခမ်းအနား လုပ်ဆောင်ပြီးပြီလို့ ဆိုပါတယ်။

ဆိုင်ကယ်ခိုးမှု သံသယနဲ့ ဖမ်းဆီးခံထားရတဲ့ အရပ်သားတစ်ဦးကို အသက်သေဆုံးတဲ့အထိ ရိုက်နှက်မှုဟာ တရားလက်လွတ်သတ်ဖြတ်မှု ဖြစ်တာကြောင့် နစ်နာသူမိသားစုကို ပကဖအဖွဲ့အနေနဲ့ ဖြေရှင်းချက်ပေးဖို့ လိုတယ်လို့ ဒေသခံတွေဆိုကြပါတယ်။

ကိုဇော်ထွေးသေဆုံးသွားတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး အင်းတော်မြို့နယ် ပကဖအဖွဲ့ကို MFP ကဆက်သွယ်ခဲ့ပေမဲ့ ဖုန်းမဖြေဆိုပါဘူး။

ပြီးခဲ့တဲ၂၀၂၅ ခုနှစ် ဧပြီလမှာ အင်းတော်မြို့နယ်ကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG) လက်အောက်ခံ ကာကွယ်ရေးတပ်တွေနဲ့ ပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်သိမ်းယူ ခဲ့တာဖြစ်ပါတယ်။

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။

Related Articles

Back to top button