သုံးရက်အတွင်း မင်းကင်းနယ်က ရွှေမျောလုပ်ကွက်နှစ်ခုကို စစ်အုပ်စုပစ်မှတ်ထား ဗုံးကြဲခဲ့
နွေဦး/MFP ၊ နိုဝင်ဘာ – ၂၅
စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ် မြောက်ချွန်းရွာအနီးက ရွှေမှော်လုပ်ကွက်တွေကို စစ်အုပ်စုတပ်က နိုဝင်ဘာလ ၂၅ ရက် ဒီမနက် ၈ နာရီကျော်မှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ရွှေမှော်လုပ်သားနဲ့ ဈေးရောင်းချနေသူတွေ ထိခိုက်သေဆုံးသွားတယ်လို့ မင်းကင်းမြို့ခံတွေက ပြောပါတယ်။
စစ်အုပ်စုတပ်ဟာ (A-5 Bomber Jet) ဂျက်ဖိုက်တာအမျိုးအစားနဲ့ ၁၀ မိနစ်ကျော်ကြာအောင် မြေပြင်မှာ ရှိနေတဲ့ ရွှေလုပ်ကွက်တွေနဲ့ မြောက်ချွန်းရွာကို သုံးကြိမ်ပတ်ပြီး ပစ်သွားတာလို့ ဆိုပါတယ်။
ပစ်ခတ်မှုကြောင့် ထိခိုက်သေဆုံးသူတွေကို မြေပြင်မှာ ကယ်ဆယ်ရေးလုပ်ပေးနေပြီး လိုအပ်တဲ့ ဆေးကုသမှုတွေ လုပ်ပေးဖို့ ပြင်ဆင်နေတာကြောင့် သေဆုံးထိခိုက်အရေအတွက် မသိရသေးဘူးလို့ ဒေသခံတွေက ဆိုကြပါတယ်။
စစ်အုပ်စုတပ်တွေက နိုဝင်ဘာ ၂၂ ရက်နေ့မှာ မင်းကင်းမြို့ ၊ လောင်းပြည့် ကျေးရွာအနီးက ရွှေမျောလုပ်ငန်းကို စက်တပ်လေထီး အပါအဝင် လေယာဉ်သုံးစီးနဲ့ ဗုံးကြဲ တိုက်ခိုက်ခဲ့တာကြောင့် အသက် ၂၀နဲ့ ၃၀ အရွယ်တွေဖြစ်တဲ့ အမျိုးသားနှစ်ဦး သေဆုံးကာ ထိခိုက်ဒဏ်ရာရသူ ၁၄ ဦးကျော်ရှိခဲ့ပါတယ်။
ဒါ့အပြင် လေကြောင်းကနေ ဗုံးကြဲချမှုကြောင့် ရွှေကျင်လုပ်သား လေးဦးလည်း မြစ်အတွင်း မျောပါ ပျောက်ဆုံးနေပြီး ဒီနေ့အထိ ပြန်မတွေ့သေးဘူးလို့ မင်းကင်းဒေသခံတွေက ပြောပါတယ်။
စစ်အုပ်စုတပ်တွေက နိုဝင်ဘာ ၂၂ ရက်နေ့မှာ မင်းကင်းမြို့ ၊ လောင်းပြည့် ကျေးရွာအနီးက ရွှေမျောလုပ်ငန်းကို စက်တပ်လေထီး အပါအဝင် လေယာဉ်သုံးစီးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
တိုက်ခိုက်ခဲ့တာကြောင့် အသက် ၂၀နဲ့ ၃၀ အရွယ်တွေဖြစ်တဲ့ အမျိုးသားနှစ်ဦး သေဆုံးခဲ့ပြီးတော့ ထိခိုက်ဒဏ်ရာရသူ ၁၄ ဦးကျော်ရှိကာ နောက်ထပ် လေးဦးလည်း မြစ်အတွင်း မျောပါ ပျောက်ဆုံးနေတယ်လို့ မင်းကင်းဒေသခံ တစ်ဦးက ပြောပါတယ်။
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။



