ဝက်လက် သပိတ်ကော်မတီက ကျေးရွာ ၁၅ ရွာ လှည့်ကာ ဖျော်ဖြေရေးအစီအစဉ်တွေနဲ့ ဆန္ဒပြ၊
ဒေါ်လာ/MFP၊ ဖေဖေါ်ဝါရီ – ၁
စစ်အာဏာသိမ်းကာလ ငါးနှစ်အတွင်း စစ်အုပ်စုရဲ့ နည်းမျိုးစုံသုံး ဖိနှိပ်မှုတွေကြောင့် အထွေထွေ အကြပ်အတည်းတွေ ရင်ဆိုင်နေရကာ မောပန်းနေပြီဖြစ်တဲ့ ဒေသခံပြည်သူတွေ ခေတ္တ အမောပြေစေဖို့ ရည်ရွယ်ပြီး ဖျော်ဖြေရေးအစီစဥ်တွေနဲ့ လှည့်လည်ကပြဖျော်ဖြေကာ စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး ချီတက်ဆန္ဒပြခဲ့တယ်လို့ ဝက်လက်မြို့နယ် လူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီက သတင်းထုတ်ပြန်ပါတယ်။
ဝက်လက်မြို့နယ် လူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီ၊ ရွှေဘိုမြို့နယ် သပိတ်အင်အားစုနဲ့ မုံရွာလူထု သပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီတို့ ပူးပေါင်းကာ ဝက်လက်မြို့နယ် အတွင်းရှိ ကျေးရွာ ၁၅ ရွာ လှည့်လည်ပြီး ဆန္ဒပြခဲ့တာလို့ ဆိုပါတယ်။
“အကြမ်းဖက်အာဏာသိမ်းထားသည်မှာ ငါးနှစ်ပြည့်ခဲ့ပြီ ဖြစ်ကြောင်း မမေ့လျော့စေရန် သပိတ်စစ်ကြောင်းနှင့်အတူ တော်လှန်ရေးကာလ ငါးနှစ်တာကြာလာသည်နှင့်အမျှ အထွေထွေ အကြပ်အတည်းများနှင့် မောပန်းနေပြီဖြစ်သော ပြည်သူအပေါင်းကို ခေတ္တမျှ အမောပြေစေရန် ဖျော်ဖြေရေး အစီစဥ်များဖြင့် လှည့်လည်ကပြ ဖျော်ဖြေခဲ့ပါသည်” လို့ ဝက်လက် သပိတ်ကော်မတီက ဖော်ပြပါတယ်။
ဓာတ်ပုံ – ဝက်လက်မြို့နယ် လူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီ
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။



