စစ်ကိုင်းသတင်းအညာမြေ တော်လှန်ရေး

မုံရွာမြို့ပေါ် စစ်အုပ်စု လက်နက်ကိုင်တွေ ပစ်ခတ်ခံရပြီး နှစ်ယောက် သေဆုံး၊

စစ်အုပ်စုက အနီးဝန်းကျင် တွေ့သမျှလူတွေ လမ်းပေါ် ဒူးထောက်ခိုင်း၊ သေနတ်ချိန်ကာ ရိုက်နှက်စစ်မေး၊

စစ်အုပ်စုက အနီးဝန်းကျင် တွေ့သမျှလူတွေ လမ်းပေါ် ဒူးထောက်ခိုင်း၊ သေနတ်ချိန်ကာ ရိုက်နှက်စစ်မေး၊

ဘုန်းစိုး/MFP၊ ဖေဖေါ်ဝါရီ – ၁၉

စစ်ကိုင်းတိုင်းရဲ့ မြို့တော် မုံရွာမြို့မှာ လမ်းပေါ် စုရုံးနေတဲ့ အာဏာသိမ်း စစ်အုပ်စု လက်နက်ကိုင်တွေ မနေ့က ညနေပိုင်း ပစ်ခတ်ခံရကာ နှစ်ယောက် သေတယ်လို့ မြို့ခံတွေက MFP ကို ပြောပါတယ်။

ဖေဖော်ဝါရီ ၁၈ ရက် မနေ့က ညနေ ၄ နာရီကျော်အချိန် မုံရွာမြို့ ချမ်းမြ၀တီရပ်ကွက် ရေကူးကန်းလမ်း အနီး စစ်အုပ်စု စုဝေးနေလေ့ရှိတဲ့ နေရာကို အိမ်စီးကားတစ်စီးနဲ့ လာရောက် ပစ်ခတ်တာလို့ ဆိုပါတယ်။

“အိမ်စီးကား အဖြူရောင်လေးနဲ့ ပစ်သွားတာ၊ ရေကူးကန်လမ်း ပတ်၀န်းကျင် ကင်းပုန်းစောင့်တဲ့ ရဲ တွေကို၊ နှစ်ယောက်သေ သွားတယ်”

ပစ်ခတ်မှုဖြစ်ပြီးနောက် စစ်အုပ်စုက ပတ်ကင်းကားတွေနဲ့ လှည့်ပတ် ရှာဖွေကာ အော်ဟစ်ဆဲဆို ရမ်းကား သောင်းကျန်းခဲ့တယ်လို့ ဆိုပါတယ်။

စစ်အုပ်စုဟာ ပစ်ခတ်မှုဖြစ်ပွားတဲ့ နေရာအနီး တွေ့သမျှလူတွေကို လမ်းပေါ် ဒူးထောက်ထိုင်ခိုင်းကာ သေနတ်နဲ့ထောက်၊ ရိုက်နှက်မေးမြန်းတာတွေလည်း လုပ်ခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။

မုံရွာမြို့ပေါ် စစ်အုပ်စုက ကင်းပုန်းဝပ်၊ ကင်းပတ်ကာ လမ်းသွားလမ်းလာတွေကို ဖမ်းဆီးစစ်ဆေး လက်နက်ပြ ငွေညှစ်တာ၊ လူငယ်လူရွယ်တွေကို ပေါ်တာဆွဲ စစ်သားသစ်စုဆောင်းတာ၊ အမျိုးသမီးတွေကို လိင်ပိုင်းဆိုင်ရာ ထိပါးစော်ကားတာတွေ ကျူးလွန်နေတာ ဖြစ်ပါတယ်။

တချိန်တည်းမှာပဲ ဒေသခံ တော်လှန်ရေး အင်အားစုတွေကို မုံရွာမြို့ပေါ်ရှိ စစ်အုပ်စုကို ဝင်ရောက် တိုက်ခိုက်တာတွေ ရှိနေပါတယ်။

ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီ ၃ရက် မနက်ပိုင်းက မုံရွာမြို့၊ သာစည်လမ်း၊ ပညာရေးကောလိပ် (TTC) အနီးမှာ သွားလာနေတဲ့ အဖြူရောင် မတ်တူး အမျိုးအစား အိမ်စီးကားတစ်စီးကို မုံရွာမြို့ထဲ ဝင်လာတဲ့ PDF တွေလို့ စွပ်စွဲပြီး စစ်အုပ်စုက ပတ်ကင်းကားတွေနဲ့ နောက်ကလိုက်ကာ သေတ်နဲ့ တရစပ် ပစ်ခတ်ခဲ့ရာ ကားပေါ်ပါသူ တစ်ဦး သေဆုံးသလို လမ်းဘေးအမှိုက်ကောက်နေတဲ့ ကလေးငယ်တစ်ဦး၊ သုံးဘီးမောင်းသူ တစ်ဦးနဲ့ လမ်းသွားလမ်းလာ အရပ်သားပြည်သူတွေ အပါအ၀င် စုစုပေါင်း ခုနှစ်ဦး ထက်မနည်း သေဆုံးတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။

အဲ့ဒီ အိမ်စီးကားပေါ်ပါသူတွေဟာ PDF ဟုတ်၊မဟုတ် အတည်မပြုနိုင်သလို စစ်အုပ်စု အနေနဲ့ လက်နက် သိမ်းဆည်း ရရှိတာ မရှိပေမယ့် PDF တွေမို့ လိုက်လံပစ်ခတ်ခဲ့တာလို့ စစ်လော်ဘီတွေက အောင်ပွဲခံ သတင်းဖြန့်ပါတယ်။

မုံရွာမြို့မှာ တွေ့ရတဲ့ အာဏာသိမ်း စစ်အုပ်စု လက်နက်ကိုင်တွေ/Photo – CJ

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။

#Mandalay_Free_Press_MFP

#အညာ #စစ်ကိုင်း #မန္တလေး #မကွေး

Related Articles

Back to top button