သတင်း

ဒေါ်အောင်ဆန်းစုကြည်အား နေအိမ်အကျယ်ချုပ်ပြောင်းလိုက်ပြီလို့ စစ်အုပ်စု ကြေညာ၊

ဒေါ်လာ/MFP ၊ ဧပြီ – ၃

အာဏာသိမ်း စစ်အုပ်စုက ဥပဒေမဲ့ ဖမ်းဆီးထောင်ချထားတဲ့ နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်၊ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား ထောင်ကနေ နေအိမ်အကျယ်ချုပ်အဖြစ် ပြောင်းလိုက်ပြီလို့ စစ်အုပ်စုက ဒီကနေ့ ဧပြီ ၃၀ရက် ညပိုင်းမှာ ကြေညာပါတယ်။

အသက် ၈၁ နှစ် အရွယ် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား အာဏာသိမ်း စစ်အုပ်စုက စစ်အာဏာသိမ်းတဲ့ ၂၀၂၁ ဖေဖေါ်ဝါရီမှာ ဖမ်းဆီးကာ ပုဒ်မ ၁၄ ခုနဲ့ အမှုဆင်တရားစွဲပြီးနောက် ထောင်ဒဏ် ၂၇ နှစ် ချမှတ်ထားတာ ဖြစ်ပါတယ်။

Screenshot

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။

#Mandalay_Free_Press_MFP

#အညာ #မန္တလေး #စစ်ကိုင်း #ဒေါ်အောင်ဆန်းစုကြည်

Related Articles

Back to top button