မကွေးသတင်းအညာမြေ တော်လှန်ရေး

ရေစကြိုမှာ ပျူခေါင်းဆောင်ကို သုတ်သင်၊ လက်နက်တွေ ရ၊

ဒေါ်လာ/MFP၊ နိုဝင်ဘာ – ၁

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်၊ ဇီးတောကျေးရွာ ပျူစောထီးအဖွဲ့ခေါင်းဆောင် ဝင်းမြင့်အောင် ဆိုသူကို မနေ့က မနက်ပိုင်း တော်လှန်ရေးတပ်တွေက တိုက်ခိုက်သုတ်သင်နိုင်ခဲ့ပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်း ရရှိတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – ရေစကြိုမြို့နယ် (ပကဖ) က သတင်း ထုတ်ပြန်ပါတယ်။

အောက်တိုဘာ ၃၁ ရက် မနက်၆နာရီခွဲဝန်းကျင်အချိန် ဇီးတောရွာ ပျူစခန်းကနေ ဆိုင်ကယ်နဲ့ ထွက်လာတဲ့ ပျူခေါင်းဆောင် ဝင်းမြင့်အောင်နဲ့ နောက်လိုက် ပျူအဖွဲ့ဝင် မင်းအောင်တို့ကို ရေစကြို ပကဖနဲ့ ပခုက္ကူခရိုင် PDF အမှတ်၉ တပ်ရင်းက ရဲဘော်တွေ ပူးပေါင်းပြီး စောင့်ဆိုင်းတိုက်ခိုက် သုတ်သင်ခဲ့တာလို့ ဆိုပါတယ်။

“ပြည်သူများအား အမျိုးမျိုး ဒုက္ခပေးခဲ့သည့် ပျူခေါင်းဆောင် ဝင်းမြင့်အောင်အား နေရာမှာတင် ရှင်းလင်းနိုင်ခဲ့ပြီး ၎င်းကိုင်ဆောင်သည့် G-3 တစ်လက်၊ 0.38 အတို တစ်လက်၊ ကာဘိုင်တစ်လက်တို့ သိမ်းဆည်းရမိခဲ့” လို့ ရေစကြို ပကဖ က ဖော်ပြပါတယ်။

ဝင်းမြင့်အောင် ဦးဆောင်တဲ့ ပျူတွေဟာ စစ်အုပ်စုနဲ့ ပူးပေါင်းပြီး ဒေသတွင်း လက်နက်အားကိုးနဲ့ ရွာစဉ်ပတ်မွှေကာ လူသတ်တာ၊ လုယက်တာ၊ မီးရှို့တာ၊ ဓားပြတိုက်တာတွေ ကျူးလွန်နေတာလို့ ဆိုပါတယ်။

မင်းအောင်လှိုင် ဦးဆောင်တဲ့ စစ်အုပ်စုဟာ အာဏာသိမ်းပြီးနောက် နိုင်ငံတဝန်းရှိ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့) ထောက်ခံသူတွေကို ပျူစောထီးတွေအဖြစ် လက်သပ်မွေးကာ လက်နက်ထုတ်ပေးထားတာ ဖြစ်ပါတယ်။

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။

#Mandalay_Free_Press_MFP

#အညာ #မကွေး #ရေစကြို ​ #​ပျူစောထီး

Related Articles

Back to top button