-
ဆောင်းပါး
မဲထောင်ချောက်ထဲက ရှင်သန်ရေး
Reddy Simon/MFP – ဒီဇင်ဘာ ၁၂ ဈေးချိုတော်မှာ ပြန့်ကျဲသွားခဲ့တဲ့ ရွေးကောက်ပွဲဆန့်ကျင်ရေးစာရွက်တွေကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက နေ့ချင်းပဲသိမ်းဆည်းပြီး ဖျက်ဆီးလိုက်ကြပါတယ်။ ဈေးသည်တွေကို လက် နက် ကြီးငယ် လွယ်ပြီး ကြိမ်းမောင်းနေတဲ့ စစ်သားတွေဟာရွေးကောက်ပွဲကျင်းပမယ့် မြို့နယ်ချမ်းအေးသာစံ မြို့လယ်ခေါင်မှာ ဖြစ်သွားတဲ့ ဒီဆန္ဒပြပွဲအတွက် မခံမရပ်ဖြစ်နေခဲ့ပါတယ်။ ရွေးကောက်ပွဲကို သပိတ်မှောက်ဖို့ဟာ လက်ရှိအချိန်မှာ စစ်အုပ်စု မကြားချင်ဆုံး လှုံ့ဆော်မှုပါ။ ဒါကြောင့် ဒီဇင်ဘာ ၃ ရက်နေ့က ဆန္ဒပြပွဲ ကို စတင်ခဲ့တဲ့ မန္တလေးမြို့က ဒေါက်တာတေဇာဆန်းနဲ့ ဆန္ဒပြလှုပ်ရှားသူ ၁၀ ဦးကို အမှုဖွင့်ခဲ့သလို တိုင်းရဲတပ်ဖွဲ့ကအပူတပြင်း လိုက်ရှာခဲ့ကြပေမယ့် မမိခဲ့ပါဘူး။ ရွေးကောက်ပွဲကိုဆန့်ကျင် သပိတ်မှောက်ကြဖို့ သတင်းစကားကတော့ ဒီဇင်ဘာ ၁၀ ရက်နေ့မှာ တနိုင်ငံလုံး အသံတိတ်သပိတ်အဖြစ်ပုံဖော်နိုင်ခဲ့ပါတယ်။ ရွေးကောက်ပွဲ နီးကပ်လာတာနဲ့အမျှ နိုင်ငံတစ်ဝှမ်း အခြေအနေတွေမှာ အထက်မြန်မာပြည်ရဲ့ ဝင်ပေါက် မန္တလေးမြို့ဟာ တခြားမြို့တွေနဲ့ မတူတဲ့ စစ်တပ်ရဲ့ ဖိအားပေးမှု အများဆုံးနေရာတစ်ခု ဖြစ်လာပါတယ်။ (၁) တော်လှန်ရေးတပ်များနှင့် အနီးဆုံးမြို့(၂) တိုက်ပွဲများနှင့် အနီးဆုံးမြို့ (၃) စစ်ဘေးရှောင်ပြည်သူ အများဆုံးမြို့။ ဒီအခင်းအကျင်း သုံးခုနဲ့ မန္တလေးမြို့ဟာ စစ်အုပ်စုအတွက် သူတို့ရဲ့ တည်ငြိမ်မှုနဲ့ ထိန်းချုပ်နိုင်စွမ်းကို ပြသဖို့ “ပြခန်း” တစ်ခုသဖွယ်ပါပဲ။ ဒီ “ပြခန်း” မှာ ရွေးကောက်ပွဲဇာတ်ထုတ် ကပြချိန် လူမဝင် မစည်ကား ခဲ့ရင် အင်မတန် အရှက်ရဖွယ်ဖြစ်လာမှာကို စစ်အုပ်စုက တွက်ချက်ထားပြီး ဖြစ်ပါတယ်။ အရပ်သားအစိုးရရဲ့ ၂၀၂၀ ခုနှစ်ရွေးကောက်ပွဲကို မန္တလေးတိုင်းဒေသကြီးရဲ့ မြို့နယ် ၂၈ မြို့နယ်မှာ တစ်ရက်တည်း ကျင်းပခဲ့ရာမဲရုံပေါင်း ၅,၄၄၇ ခုရှိပြီး မဲပေးသူပေါင်း ၃ သန်း ၈ သိန်းနဲ့ ၈၀ ရာခိုင်နှုန်း ရှိခဲ့ပါတယ်။ အာဏာသိမ်းစစ်အုပ်စုဟာ ဒီစာရင်းရဲ့ တစ်ဝက်ကိုတောင် လိုက်မီဖို့ မဖြစ်နိုင်တာ ကိန်းဂဏန်းတွေက သက်သေပါပဲ။…
Read More » -
သတင်း
ရွေးကောက်ပွဲအလွန် မန္တလေးတိုင်းဒေသကြီးကို ကြိုးကိုင်ခြယ်လှယ်မည့် ထိပ်ပိုင်း (၆) ဦး
ဂျီဂျီ/MFP၊ နိုဝင်ဘာ − ၂၉ ကိန်းဂဏန်းတွေကို အရင်ကြည့်ရအောင်။ လာမယ့် ရွေးကောက်ပွဲမှာ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ (USDP)က လူပေါင်း ၁၀၄၂ ယှဉ်ပြိုင်ပါမယ်လို့ ကြေညာခဲ့ပြီးပါပြီ။ ဒီထဲမှာ ၄၈၉ ယောက်ဟာ စစ်တပ်ကနေ ခပ် သွက်သွက်ထွက်လာခဲ့ပြီး…
Read More » -
သတင်း
အင်းဝသား ကဗျာတပ်မှူး ကိုလေးကို နှုတ်ဆက်ခြင်း
“ကဗျာဆိုတာ အသစ်” လို့ သူက အဓိပ္ပာယ်ဖွင့်ပါတယ်။ ဂျီဂျီ/MFP၊ နိုဝင်ဘာ −၂၃ “အဟောင်းကို ဖက်တွယ်ထားရင် ကျန်ခဲ့မှာပဲ။ အသစ်ကို တီထွင်ဖန်ဆင်းရမယ်” လို့ လက်ခံယူဆထားတဲ့ ကဗျာဆရာကြီး ကိုလေး(အင်းဝဂုဏ်ရည်)ဟာ နိုဝင်ဘာလ ၂၂ ရက်၊…
Read More » -
ဆောင်းပါး
စစ်အုပ်စုက တအာင်း/ပလောင် မုန်းတီးရေးမီးမွှေးနေသည်၊( သတင်းသုံးသပ် ဆောင်းပါး)
မိုးကုတ်/မိုးမိတ် အရှုံးမှာ ကွန်မြူနစ်တပ် (PLA) ဘာကြောင့် နှုတ်ဆိတ်နေသလဲ Reddy Simon/MFP၊ နိုဝင်ဘာ -၂၂ ၁၀၂၇စစ်ဆင်ရေးရဲ့ ဒုတိယလှိုင်းအတွင်း၊ ၂၀၂၄ ခုနှစ်၊ ဇူလိုင်လမှာ တအာင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA)…
Read More » -
ဆောင်းပါး
မိုးကုတ်၏ မျှော်လင့်ချက်ဈာပနနှင့် မေးခွန်း (၆) ခု
(သုံးသပ်ချက် ဆောင်းပါး) ဇူဇူး/MFP တရုတ်၏အကြပ်ကိုင်မှုဖြင့် အောက်တိုဘာ ၂၉ ရက်နေ့ TNLA ၏ ထုတ်ပြန်ချက်သည် စစ်အုပ်စု၏ လက်အောက်သို့ ဒုတိယအကြိမ် ပြန်လည်ကျရောက်ရမည့် ရတနာမြေ၏ ကံကြမ္မာကို ညွှန်ပြနေသည်။ ဤသည်မှာ နိုင်ငံရေး သဘောတူညီချက်တစ်ခု၏ ဆိုးရွားသော အကျိုးဆက်ဖြစ်သလို တရားမျှတမှုကို ချစ်မြတ်နိုးသည့် မိုးကုတ်လူထုအတွက် “စစ်အာဏာသိမ်းမှု နောက်တစ်ကြိမ် ထပ်ခံရ” သကဲ့သို့ ကြီးမားသည့် စိတ်ဒဏ်ရာတစ်ခုပင်ဖြစ်သည်။ကျွန်ုပ်တို့ မျက်စိရှေ့မှာပင် နိုင်ငံ၏ အဖိုးတန်မြေ မိုးကုတ်၏ မှောင်မိုက်သော အနာဂတ်အတွက် မေးခွန်း (၆) ခု၏ အဖြေလိုနေပါသည်။ ၁။ ဤစိတ်ဒဏ်ရာကို ဘယ်လို ကုစားပေးမည်နည်း။ မြို့သိမ်းတိုက်ပွဲ အပြီး အောင်မြင်စဉ်က ပျော်ရွှင်ခဲ့ကြသည့် ဒေသခံများအဖို့ ယခုအခါ စစ်အုပ်စုပြန်လာမည့် သတင်းသည် “သေမည့်ရက်ကို ထိုင်စောင့်နေရခြင်း” ဟူသော ခံစားချက်ကို ပေးနေသည်ဟု မြို့ခံအမျိုးသမီးတဦးက MFP ကိုမှတ်ချက်ပြုပါသည်။ “မြို့မှာ ကျန်နေတောင် မျှော်လင့်ချက်တွေ၊ ယုံကြည်မှုတွေနဲ့ပဲ ကျန်နေစေချင်တာ။ သေမယ့်ရက် ထိုင်စောင့်နေရတာပါလား ဆိုတဲ့စိတ်နဲ့ မကျန်စေချင်ဘူး။ သတင်းတွေက အဲ့လိုဖြစ်နေတယ်” ဟု သူမက ဆိုပါသည်။ ဆိုရှယ်မီဒီယာ သတင်းများနှင့်ထင်မြင်ယူဆချက်များကို ဖတ်ပြီး စိုးရိမ်ပူပန်မှုတွေ ပိုတိုးလာရကြောင်း သူမက ထပ်ပြောပါသည်။ MFP က စုစည်းထားသည့် စာရင်းများ အရ ပြီးခဲ့သည့် သုံးလအတွင်း (ဩဂုတ်၊ စက်တင်ဘာ၊ အောက်တိုဘာလ) စစ်အုပ်စုရဲ့ဗုံးကြဲမှုကြောင့် မိုးကုတ်မြို့ခံ လူပေါင်း ၇၀ ဝန်းကျင် သေဆုံးခဲ့ရသည်။ ဩဂုတ်လ တစ်လထဲမှာပင် စစ်အုပ်စု၏ လေကြောင်းတိုက်ခိုက်မှုကြောင့် လူပေါင်း ၄၀ ကျော် သေဆုံးခဲ့ရသည်။ စစ်အုပ်စုသည် မြို့အပေါ် အငြိုးအတေးထားပြီး စစ်ရေးပစ်မှတ်မဟုတ်သော လူစည်ကားသည့် မြို့ဧရိယာများကို ရည်ရွယ်ချက်ဖြင့် အကြိမ်ပေါင်းများစွာ ဗုံးကြဲကာ မြို့လူထုကို ညှင်းဆဲခဲ့သည်။ ထိုတိုက်ခိုက်မှုများစွာတွင် ဩဂုတ်လ ၂ ရက်နေ့က မိုးကုတ်အနောက်ပိုင်းသို့ ပေါင် ၂၅၀ ဗုံး (၂) လုံး ကြဲချခဲ့ခြင်းသည် ဒေသခံများကို အလွန်အမင်း ကြောက်လန့်စေခဲ့သည်ဟု မြို့ခံတဦးက ဆိုပါသည်။ ထိုနေ့ မနက် ၇ နာရီခန့်က ဗုံးကြဲတိုက်ခိုက်မှုကြောင့်သံဃာတော်တစ်ပါးနှင့် လူ ၁၂ ဦး သေဆုံးသွား ခဲ့ရသည်။ ထိုဒဏ်ရာများကို ခါးစည်းခံနေသော်လည်း မြို့ခံများသည် မျှော်လင့်ချက်တစ်ခုကို အမြဲ ထွေးပွေ့ ထားခဲ့သည်။လွတ်မြောက်ရေးဆိုသည့် မျှော်လင့်ချက်ဖြစ်သည်။ သို့သော် အမာခံ ဒေသတစ်ခုအဖြစ် ခံယူထားခဲ့သည့် မြို့သည် ပြည်သူများအသက်ပေးခဲ့သည့် ကြားမှ ဒုတိယအကြိမ် ကျဆုံးသွားခဲ့ ပြန်သည်။ ဤသည်မှာ ရုပ်ပိုင်းဆိုင်ရာ ဆုံးရှုံးမှုသာမက၊တော်လှန်ရေးအပေါ် ယုံကြည်မှုနှင့် မျှော်လင့်ချက်များပါ ထိခိုက်ခဲ့ခြင်းဟု ဆိုနိုင်သည်။ ပြီးခဲ့သည့် နိုဝင်ဘာလ ၂ ရက်နေ့က မိုးကုတ်မြို့ လူနေရပ်ကွက်များမှ သံဗုံးတီးသံများ ထွက်ပေါ်လာ ခဲ့သည်။ ထို ထုရိုက်သံများက မြို့ခံများ၏ မကျေနပ်သည့် ဆန္ဒကို ပြနေသည်။ သူတို့၏ စိတ်ဒဏ်ရာ များနှင့် မရေရာသည့် အနာဂတ်အတွက် ညီးတွားသံများလည်း ဖြစ်ပါသည်။မြို့ခံများ၏ ဒီစိတ်ဒဏ်ရာကို ဘယ်လို ကုစားပေးမလဲဆိုသည့် ဒီမေးခွန်းက အရေးကြီးဆုံးပင် ဖြစ်သည်။ ၂။ တော်လှန်ရေးကို ထောက်ခံသူများ၏ လုံခြုံရေးသည် မည်သို့နည်း။ နောက်ထပ် အရေးအကြီးဆုံး မေးခွန်းမှာ မြို့ခံအားလုံး၏ “လုံခြုံရေး အာမခံချက်” ပင်ဖြစ်သည်။ TNLA ၏ အုပ်ချုပ်ရေးတွင်ပါဝင်ခဲ့သူများ၊ စစ်အုပ်စုဆန့်ကျင်ရေး လှုပ်ရှားမှုများကို အားပေးကူညီခဲ့သည့် ဒေသခံများ၊ ထိုသူတို့၏ အသက်အန္တရာယ်သည် ယခုအခါ လားရှိုးသာဓကနှင့် နောင်ချိုသာဓက ဟူသော လမ်းဆုံတွင် ရပ်နေသည်။ လားရှိုးသာဓကတွင် မြို့ကို MNDAA…
Read More » -
ဆောင်းပါး
မိုးမိတ်မြို့အပေါ် စစ်အုပ်စု ဘယ်လောက်အထိ ရက်စက်ခဲ့လဲ
ဇူဇူး၊ MFP / နိုဝင်ဘာ ၁၁ ➤ အချိန်ကာလ၊ လွန်ခဲ့တဲ့ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ၊ ပထမအကြိမ် မြို့သိမ်းတိုက်ပွဲအတွင်း ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ဦးဆောင်တဲ့ တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တွေက မိုးမိတ်မြို့ကို ထိုးစစ်ဆင်လာချိန် အာဏာသိမ်း စစ်အုပ်စုက မြို့အတွင်းကနေ အပြင်းအထန် ခုခံခဲ့ပါတယ်။ ➤ နောက်ခံအကြောင်းအရာ၊ KIA ဦးဆောင်တဲ့ တော်လှန်ရေးတပ်နဲ့ စစ်အုပ်စု တပ်ဖွဲ့နှစ်ခုကြားမှာ ရှိတဲ့၊ မိုးမိတ်မြို့အစွန်က ကျေးရွာတွေ စစ်တလင်း ဖြစ်ခဲ့ပြီး အများစုက စစ်ဘေးရှောင် ထွက်ပြေးနိုင်ခဲ့ကြပါတယ်။ ဒါပေမယ့် တချို့မိသားစုတွေ စစ်မရှောင်သာဘဲ ရွာထဲမှာ ပိတ်မိနေလို့ ပုန်းအောင်းပြီး စစ်ပွဲငြိမ်သက်တာကို စောင့်ခဲ့ကြရပါတယ်။ တိုက်ပွဲကြား…
Read More » -
ဆောင်းပါး
မယ်ထွေးအသားခါးလှတယ်
ထင်လင်း/MFP၊ အောက်တိုဘာ – ၃၁ ရန်ကုန်မှသည် မန္တလေး-အညာ မိုင်ရာချီတဲ့ ခရီးလမ်းကို ကားအဆင့်ဆင့်စီး၊ ဂိတ်အဆင့်ဆင့်ဖြတ်လို့ ခရီးဆက်လာသူကအသက်နှစ်ဆယ်ကျော်အရွယ်အမျိုးသမီးငယ် မစုမွန် (အမည်လွှဲ)ပါ။ ယခုနှစ် ၂၀၂၅ ၊ ဇန်နဝါရီလနှောင်းပိုင်းမှာစခဲ့တဲ့ ဒီခရီးမှာ သူနဲ့ ရည်ရွယ်ချက်တူတဲ့ အမျိုးသမီးအဖော်သုံးယောက်ပါဝင်ပါသေးတယ်။ နွမ်းပါးတဲ့ ရန်ကုန်မြို့ရဲ့ ဆင်ခြေဖုံးအရပ်တစ်ခုကနေ ထွက်လာတဲ့ မစုမွန်ရဲ့ ဦးတည်ရာပန်းတိုင်က မူဆယ်မြို့ဖြစ်ပါတယ်။ မူဆယ်ကနေတစ်ဆင့် သူမဆက်သွားလိုတဲ့ နောက်ဆုံးရည်ရွယ်ချက်က တရုတ်အမျိုးသား တစ်ဦး ထံကနေ ငွေကြေးရယူကာလက်ထပ်ပေါင်းသင်းဖို့ပါပဲ။ “တရုတ်မယား သွားလုပ်မလို့” ဆိုတဲ့ စကားလုံးကို သူမက ရဲရဲတင်းတင်းပဲ ဖွင့်ဟပါတယ်။ အညာဒေသက တော်လှန်ရေးတပ်ဖွဲ့ တစ်ခုရဲ့စစ်ဆေးရေးဂိတ်ရောက်လို့ စစ်ဆေးကြတဲ့အခါမှာ သူမက အခုလိုပဲ ဖြေခဲ့တာပါ။ တရုတ်အမျိုးသားတစ်ဦးကို အချိန် သုံးလသာ လက်ထပ်ပေါင်းသင်းရုံနဲ့ မြန်မာကျပ်ငွေ သိန်း ၁၀၀ ကနေ သိန်း ၂၀၀ အထိ ရမယ်လို့ သိထားရကြောင်း မစုမွန်ကို MFP က သွားရောက်မေးမြန်းချိန်မှာ ပြောပါတယ်။ “(သိန်း) နှစ်ရာရချင်ရမယ်၊ တစ်ရာရမယ်၊ အများဆုံးပြောတာတော့ တစ်ရာ၊ မြန်မာငွေ သိန်းတစ်ရာ ရမယ်၊ အဲတော့ သုံးလပြတ်၊ အဲဒါဆိုတော့ ဘယ်သူမဆိုကတော့ လုပ်ချင်ကြမှာပဲလေ၊ သုံးလပြည့် လို့ရှိရင် နင်တို့နေရာပြန်လာလို့ရတယ်ဆိုတဲ့ ပုံစံနဲ့သူတို့ခေါ်တဲ့အတွက် ညီမတို့မှာ မရှိတဲ့လူဆိုတော့ပေါ့နော်၊ မရှိတာလည်း ပါတယ်၊ တစ်ဖက်မှာလည်း စစ်မှုထမ်း ရမှာကို လည်း ကြောက်တာလည်းပါသလို အဲဒါနဲ့ အဲဒီနေရာကို ရွေးချယ်လိုက်တာပေါ့နော်” လို့ သူမက MFP ကို ပွင့်လင်းစွာဆိုပါတယ်။ မိခင်မရှိတော့တဲ့ မစုမွန်တို့ မောင်နှမ ၆ ယောက်မှာမစုမွန်ဟာ အကြီးဆုံးသမီးပါ။ မစုမွန်က အထည်ချုပ်စက်ရုံ တစ်ခု မှာ တစ်လ လုပ်အားခ ငွေကျပ်နှစ်သိန်းကနေ သုံးသိန်း ခန့်နဲ့ မိုးလင်းမိုးချုပ် အလုပ်လုပ်ရပါတယ်။ ကျပန်းလုပ်သားဖခင်ရဲ့ တစ်ရက်ဝင်ငွေ ကျပ်နှစ်သောင်းလောက်နဲ့ သူမရဲ့ဝင်ငွေဟာ ဒီအိမ်ထောင်စုအတွက် ဘယ်လိုမှ မလောက်ငှဘူးလို့ သူမက ပြောပါတယ်။ ဒီလို စားဝတ်နေရေး အကျပ်အတည်း အပြင် မစုမွန်အတွက် နောက်ထပ်ပြဿနာတစ်ခုကတော့ အသက် ၁၈ နှစ်ပြည့်ပြီးတဲ့အမျိုးသမီးတွေကိုအာဏာသိမ်းစစ်အုပ်စုက အတင်းအဓမ္မ စစ်မှုထမ်း ခေါ်ယူနေခြင်းပါ။ ဒီလို ပူပန်မှုတွေ များစွာထဲမှာ လွတ်မြောက်လမ်းရှာဖို့ မစုမွန်ကြံစည်ခဲ့တာကတော့ တရုတ်မယားလုပ်ဖို့ဖြစ်တယ်လို့ သူမက MFP ကို ရင်ဖွင့်ပါတယ်။ မစုမွန်တစ်ယောက် ပွဲစားအမျိုးသမီး တစ်ဦးနဲ့ အွန်လိုင်းကတဆင့် ချိတ်ဆက်မှုရပြီး တစ်လလောက်…
Read More »


