• ဆောင်းပါး

    စစ်အုပ်စုရွေးကောက်ပွဲ၊ ထိုင်းရောက်မြန်မာတွေအပေါ်ရိုက်ခတ်မှု၊ 

    မိုးဝေမိုး၊MFP – ဒီဇင်ဘာ ၁၈  ဘန်ကောက်မြို့  မြန်မာသံရုံးရှေ့က လူတန်းရှည်ကြီးထဲ နာရီနဲ့ချီ တန်းစီစောင့်ဆိုင်းနေရင်း လွန်ခဲ့တဲ့ ငါးနှစ်ဝန်းကျင်က အခုလိုအချိန်ကို မစိုး (အမည်လွှဲ)  ပြန်သတိရနေပါတယ်။အဲ့ဒီတုန်းကတော့ ရွေးကောက်ပွဲ အတွက် မဲပေးဖို့ ဒီနေရာမှာ တန်းစီစောင့်ဆိုင်းခဲ့ဖူးပါတယ်။  “အဲ့ဒီတုန်းက ကိုယ့်ကိုယ်ကိုယ်တာဝန်ကျေသလို ခံစားရတယ်။ဂုဏ်ယူစရာလည်း ကောင်းတယ်ထင် တယ်။ အဲ့ချိန်တုန်းက မဲပေးပြီးပြီဆိုပြီး လက်သန်းကိုလေ…

    Read More »
  • ဆောင်းပါး

    မဲထောင်ချောက်ထဲက ရှင်သန်ရေး

    Reddy Simon/MFP – ဒီဇင်ဘာ ၁၂  ဈေးချိုတော်မှာ ပြန့်ကျဲသွားခဲ့တဲ့ ရွေးကောက်ပွဲဆန့်ကျင်ရေးစာရွက်တွေကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက နေ့ချင်းပဲသိမ်းဆည်းပြီး ဖျက်ဆီးလိုက်ကြပါတယ်။ ဈေးသည်တွေကို လက် နက် ကြီးငယ် လွယ်ပြီး ကြိမ်းမောင်းနေတဲ့ စစ်သားတွေဟာရွေးကောက်ပွဲကျင်းပမယ့် မြို့နယ်ချမ်းအေးသာစံ မြို့လယ်ခေါင်မှာ ဖြစ်သွားတဲ့ ဒီဆန္ဒပြပွဲအတွက် မခံမရပ်ဖြစ်နေခဲ့ပါတယ်။ ရွေးကောက်ပွဲကို သပိတ်မှောက်ဖို့ဟာ လက်ရှိအချိန်မှာ စစ်အုပ်စု မကြားချင်ဆုံး လှုံ့ဆော်မှုပါ။ ဒါကြောင့် ဒီဇင်ဘာ ၃ ရက်နေ့က ဆန္ဒပြပွဲ ကို စတင်ခဲ့တဲ့ မန္တလေးမြို့က ဒေါက်တာတေဇာဆန်းနဲ့ ဆန္ဒပြလှုပ်ရှားသူ ၁၀ ဦးကို အမှုဖွင့်ခဲ့သလို တိုင်းရဲတပ်ဖွဲ့ကအပူတပြင်း လိုက်ရှာခဲ့ကြပေမယ့် မမိခဲ့ပါဘူး။  ရွေးကောက်ပွဲကိုဆန့်ကျင် သပိတ်မှောက်ကြဖို့ သတင်းစကားကတော့ ဒီဇင်ဘာ ၁၀ ရက်နေ့မှာ တနိုင်ငံလုံး အသံတိတ်သပိတ်အဖြစ်ပုံဖော်နိုင်ခဲ့ပါတယ်။ ရွေးကောက်ပွဲ နီးကပ်လာတာနဲ့အမျှ နိုင်ငံတစ်ဝှမ်း အခြေအနေတွေမှာ အထက်မြန်မာပြည်ရဲ့ ဝင်ပေါက် မန္တလေးမြို့ဟာ တခြားမြို့တွေနဲ့ မတူတဲ့ စစ်တပ်ရဲ့ ဖိအားပေးမှု အများဆုံးနေရာတစ်ခု ဖြစ်လာပါတယ်။ (၁) တော်လှန်ရေးတပ်များနှင့် အနီးဆုံးမြို့(၂) တိုက်ပွဲများနှင့် အနီးဆုံးမြို့ (၃) စစ်ဘေးရှောင်ပြည်သူ အများဆုံးမြို့။  ဒီအခင်းအကျင်း သုံးခုနဲ့ မန္တလေးမြို့ဟာ စစ်အုပ်စုအတွက် သူတို့ရဲ့ တည်ငြိမ်မှုနဲ့ ထိန်းချုပ်နိုင်စွမ်းကို ပြသဖို့ “ပြခန်း” တစ်ခုသဖွယ်ပါပဲ။ ဒီ “ပြခန်း” မှာ ရွေးကောက်ပွဲဇာတ်ထုတ် ကပြချိန် လူမဝင် မစည်ကား ခဲ့ရင် အင်မတန် အရှက်ရဖွယ်ဖြစ်လာမှာကို စစ်အုပ်စုက တွက်ချက်ထားပြီး ဖြစ်ပါတယ်။ အရပ်သားအစိုးရရဲ့ ၂၀၂၀ ခုနှစ်ရွေးကောက်ပွဲကို မန္တလေးတိုင်းဒေသကြီးရဲ့ မြို့နယ် ၂၈ မြို့နယ်မှာ တစ်ရက်တည်း ကျင်းပခဲ့ရာမဲရုံပေါင်း ၅,၄၄၇ ခုရှိပြီး မဲပေးသူပေါင်း ၃ သန်း ၈ သိန်းနဲ့ ၈၀ ရာခိုင်နှုန်း ရှိခဲ့ပါတယ်။ အာဏာသိမ်းစစ်အုပ်စုဟာ ဒီစာရင်းရဲ့ တစ်ဝက်ကိုတောင် လိုက်မီဖို့ မဖြစ်နိုင်တာ ကိန်းဂဏန်းတွေက သက်သေပါပဲ။…

    Read More »
  • ဆောင်းပါး

    ရွှေမန်းယံ နန်းကြိုကြား၊ လက်ခတ်သံများ ညံစေချင်

    ဂျီဂျီ/MFP၊ ဆောင်းပါး  မန္တလေးမြို့နဲ့ မြန်မာပြည်အလယ်ပိုင်းက ကျွမ်းကျင်ရက်ယန်းလုပ်သားများစွာဟာ ယခုနှစ် သြဂုတ်လက စစ်ကိုင်း ငလျင်ကြီးနောက်ပိုင်းမှာ အကြပ်အတည်းတွေကြောင့် လုပ်ငန်းကို စွန့်ခွာသွားကြပါတယ်။ တချိန်က စည်ကားဆူညံဖူးတဲ့ ရိုးရာ အိမ်တွင်းမှုလုပ်ငန်းမှုလုပ်ငန်းတွေဟာ  အသက်မဲ့လို့နေပါတယ်။  မန္တလေးမြို့မှာ ငလျင်ဒဏ်ကြောင့် အဓိကထိခိုက်ရတာကတော့ စီးပွားရေးအရအရေးပါတဲ့ စိုက်ပျိုးရေး၊ မွေးမြူရေး၊ အသေးစားနဲ့ အလတ်စားစီးပွားရေးလုပ်ငန်းတွေမှာဖြစ်ပါတယ်။  မြို့ရဲ့ အမွေအနှစ်ဖြစ်တဲ့ မန္တလေး၊ အမရပူရနဲ့ စစ်ကိုင်းဒေသမှာရှိတဲ့ လက်ရက်ကန်း၊ စက်ရက်ကန်း၊ ပိုးထည်တိုက်၊ ဖိနပ်ချုပ်လုပ်ငန်းနဲ့ အိတ်ချုပ်လုပ်ငန်းတွေဟာလည်း ထိခိုက်ပျက်စီး ခဲ့ရပါတယ်။…

    Read More »
  • သတင်း

    ရွေးကောက်ပွဲအလွန် မန္တလေးတိုင်းဒေသကြီးကို ကြိုးကိုင်ခြယ်လှယ်မည့် ထိပ်ပိုင်း (၆) ဦး

    ဂျီဂျီ/MFP၊ နိုဝင်ဘာ − ၂၉ ကိန်းဂဏန်းတွေကို အရင်ကြည့်ရအောင်။ လာမယ့် ရွေးကောက်ပွဲမှာ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ (USDP)က လူပေါင်း ၁၀၄၂ ယှဉ်ပြိုင်ပါမယ်လို့ ကြေညာခဲ့ပြီးပါပြီ။ ဒီထဲမှာ ၄၈၉ ယောက်ဟာ စစ်တပ်ကနေ ခပ် သွက်သွက်ထွက်လာခဲ့ပြီး…

    Read More »
  • သတင်း

    အင်းဝသား ကဗျာတပ်မှူး ကိုလေးကို နှုတ်ဆက်ခြင်း

    “ကဗျာဆိုတာ အသစ်” လို့ သူက အဓိပ္ပာယ်ဖွင့်ပါတယ်။ ဂျီဂျီ/MFP၊ နိုဝင်ဘာ −၂၃ “အဟောင်းကို ဖက်တွယ်ထားရင် ကျန်ခဲ့မှာပဲ။ အသစ်ကို တီထွင်ဖန်ဆင်းရမယ်” လို့ လက်ခံယူဆထားတဲ့ ကဗျာဆရာကြီး ကိုလေး(အင်းဝဂုဏ်ရည်)ဟာ နိုဝင်ဘာလ ၂၂ ရက်၊…

    Read More »
  • ဆောင်းပါး

    စစ်အုပ်စုက တအာင်း/ပလောင် မုန်းတီးရေးမီးမွှေးနေသည်၊( သတင်းသုံးသပ် ဆောင်းပါး)

    မိုးကုတ်/မိုးမိတ် အရှုံးမှာ ကွန်မြူနစ်တပ် (PLA) ဘာကြောင့် နှုတ်ဆိတ်နေသလဲ Reddy Simon/MFP၊ နိုဝင်ဘာ -၂၂ ၁၀၂၇စစ်ဆင်ရေးရဲ့ ဒုတိယလှိုင်းအတွင်း၊ ၂၀၂၄ ခုနှစ်၊ ဇူလိုင်လမှာ တအာင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA)…

    Read More »
  • ဆောင်းပါး

    မိုးကုတ်၏ မျှော်လင့်ချက်ဈာပနနှင့် မေးခွန်း (၆) ခု

    (သုံးသပ်ချက် ဆောင်းပါး) ဇူဇူး/MFP တရုတ်၏အကြပ်ကိုင်မှုဖြင့် အောက်တိုဘာ ၂၉ ရက်နေ့ TNLA ၏ ထုတ်ပြန်ချက်သည် စစ်အုပ်စု၏ လက်အောက်သို့ ဒုတိယအကြိမ် ပြန်လည်ကျရောက်ရမည့် ရတနာမြေ၏ ကံကြမ္မာကို ညွှန်ပြနေသည်။ ဤသည်မှာ နိုင်ငံရေး သဘောတူညီချက်တစ်ခု၏ ဆိုးရွားသော အကျိုးဆက်ဖြစ်သလို တရားမျှတမှုကို ချစ်မြတ်နိုးသည့် မိုးကုတ်လူထုအတွက် “စစ်အာဏာသိမ်းမှု နောက်တစ်ကြိမ် ထပ်ခံရ” သကဲ့သို့ ကြီးမားသည့် စိတ်ဒဏ်ရာတစ်ခုပင်ဖြစ်သည်။ကျွန်ုပ်တို့ မျက်စိရှေ့မှာပင် နိုင်ငံ၏ အဖိုးတန်မြေ မိုးကုတ်၏ မှောင်မိုက်သော အနာဂတ်အတွက် မေးခွန်း (၆) ခု၏ အဖြေလိုနေပါသည်။ ၁။ ဤစိတ်ဒဏ်ရာကို ဘယ်လို ကုစားပေးမည်နည်း။  မြို့သိမ်းတိုက်ပွဲ အပြီး အောင်မြင်စဉ်က ပျော်ရွှင်ခဲ့ကြသည့် ဒေသခံများအဖို့ ယခုအခါ စစ်အုပ်စုပြန်လာမည့် သတင်းသည် “သေမည့်ရက်ကို ထိုင်စောင့်နေရခြင်း” ဟူသော ခံစားချက်ကို ပေးနေသည်ဟု မြို့ခံအမျိုးသမီးတဦးက MFP ကိုမှတ်ချက်ပြုပါသည်။ “မြို့မှာ ကျန်နေတောင် မျှော်လင့်ချက်တွေ၊ ယုံကြည်မှုတွေနဲ့ပဲ ကျန်နေစေချင်တာ။ သေမယ့်ရက် ထိုင်စောင့်နေရတာပါလား ဆိုတဲ့စိတ်နဲ့ မကျန်စေချင်ဘူး။ သတင်းတွေက အဲ့လိုဖြစ်နေတယ်” ဟု သူမက ဆိုပါသည်။ ဆိုရှယ်မီဒီယာ သတင်းများနှင့်ထင်မြင်ယူဆချက်များကို ဖတ်ပြီး စိုးရိမ်ပူပန်မှုတွေ ပိုတိုးလာရကြောင်း သူမက ထပ်ပြောပါသည်။ MFP က စုစည်းထားသည့် စာရင်းများ အရ ပြီးခဲ့သည့် သုံးလအတွင်း (ဩဂုတ်၊ စက်တင်ဘာ၊ အောက်တိုဘာလ) စစ်အုပ်စုရဲ့ဗုံးကြဲမှုကြောင့် မိုးကုတ်မြို့ခံ လူပေါင်း ၇၀ ဝန်းကျင် သေဆုံးခဲ့ရသည်။ ဩဂုတ်လ တစ်လထဲမှာပင် စစ်အုပ်စု၏ လေကြောင်းတိုက်ခိုက်မှုကြောင့် လူပေါင်း ၄၀ ကျော် သေဆုံးခဲ့ရသည်။ စစ်အုပ်စုသည် မြို့အပေါ် အငြိုးအတေးထားပြီး စစ်ရေးပစ်မှတ်မဟုတ်သော လူစည်ကားသည့် မြို့ဧရိယာများကို ရည်ရွယ်ချက်ဖြင့် အကြိမ်ပေါင်းများစွာ ဗုံးကြဲကာ မြို့လူထုကို ညှင်းဆဲခဲ့သည်။ ထိုတိုက်ခိုက်မှုများစွာတွင် ဩဂုတ်လ ၂ ရက်နေ့က မိုးကုတ်အနောက်ပိုင်းသို့ ပေါင် ၂၅၀ ဗုံး (၂) လုံး ကြဲချခဲ့ခြင်းသည် ဒေသခံများကို အလွန်အမင်း ကြောက်လန့်စေခဲ့သည်ဟု မြို့ခံတဦးက ဆိုပါသည်။ ထိုနေ့ မနက် ၇ နာရီခန့်က ဗုံးကြဲတိုက်ခိုက်မှုကြောင့်သံဃာတော်တစ်ပါးနှင့် လူ ၁၂ ဦး သေဆုံးသွား ခဲ့ရသည်။ ထိုဒဏ်ရာများကို ခါးစည်းခံနေသော်လည်း မြို့ခံများသည် မျှော်လင့်ချက်တစ်ခုကို အမြဲ ထွေးပွေ့ ထားခဲ့သည်။လွတ်မြောက်ရေးဆိုသည့် မျှော်လင့်ချက်ဖြစ်သည်။ သို့သော် အမာခံ ဒေသတစ်ခုအဖြစ် ခံယူထားခဲ့သည့် မြို့သည် ပြည်သူများအသက်ပေးခဲ့သည့် ကြားမှ ဒုတိယအကြိမ် ကျဆုံးသွားခဲ့ ပြန်သည်။ ဤသည်မှာ ရုပ်ပိုင်းဆိုင်ရာ ဆုံးရှုံးမှုသာမက၊တော်လှန်ရေးအပေါ် ယုံကြည်မှုနှင့် မျှော်လင့်ချက်များပါ ထိခိုက်ခဲ့ခြင်းဟု ဆိုနိုင်သည်။ ပြီးခဲ့သည့် နိုဝင်ဘာလ ၂ ရက်နေ့က မိုးကုတ်မြို့ လူနေရပ်ကွက်များမှ သံဗုံးတီးသံများ ထွက်ပေါ်လာ ခဲ့သည်။ ထို ထုရိုက်သံများက မြို့ခံများ၏ မကျေနပ်သည့် ဆန္ဒကို ပြနေသည်။ သူတို့၏ စိတ်ဒဏ်ရာ များနှင့် မရေရာသည့် အနာဂတ်အတွက် ညီးတွားသံများလည်း ဖြစ်ပါသည်။မြို့ခံများ၏ ဒီစိတ်ဒဏ်ရာကို ဘယ်လို ကုစားပေးမလဲဆိုသည့် ဒီမေးခွန်းက အရေးကြီးဆုံးပင် ဖြစ်သည်။ ၂။ တော်လှန်ရေးကို ထောက်ခံသူများ၏ လုံခြုံရေးသည် မည်သို့နည်း။  နောက်ထပ် အရေးအကြီးဆုံး မေးခွန်းမှာ မြို့ခံအားလုံး၏ “လုံခြုံရေး အာမခံချက်” ပင်ဖြစ်သည်။ TNLA ၏ အုပ်ချုပ်ရေးတွင်ပါဝင်ခဲ့သူများ၊ စစ်အုပ်စုဆန့်ကျင်ရေး လှုပ်ရှားမှုများကို အားပေးကူညီခဲ့သည့် ဒေသခံများ၊ ထိုသူတို့၏ အသက်အန္တရာယ်သည် ယခုအခါ လားရှိုးသာဓကနှင့် နောင်ချိုသာဓက ဟူသော လမ်းဆုံတွင် ရပ်နေသည်။ လားရှိုးသာဓကတွင် မြို့ကို MNDAA…

    Read More »
  • ဆောင်းပါး

    လက်သည် 

    ဇူဇူး/MFP၊   နိုဝင်ဘာ – ၁၅ “လက်သည်” ဆိုတဲ့ လူတန်းစားတစ်ရပ်ဟာ မြို့ပြမှာ ပျောက်ကွယ်သွားတာ နှစ်တွေကြာခဲ့ပါပြီ။ ဒါပေမဲ့ ကျေးလက်မှာတော့ကလေးမွေးဖွားဖို့ လက်သည်ကိုပဲ အားကိုးနေရတဲ့ မိခင်လောင်းတွေ ဒီနေ့အထိ ရှိနေဆဲပါ။ လက်သည်ခေါ် ဝမ်းဆွဲသည်တွေဟာ ဆေးရုံဆေးခန်း သွားရောက်ခွင့်မသာတဲ့ မိခင်လောင်းတွေကို အဆင်ပြေပြေ၊ ချောချောမွေ့မွေ့ ကလေးမွေးဖွားနိုင်ဖို့ ကူညီကြသူတွေ ဖြစ်ပါတယ်။ အထူးသဖြင့် အာဏာသိမ်းပြီးနောက်ပိုင်း စစ်ပူနေတဲ့ ဒေသများမှာ သူတို့က ပိုပြီး အရေးပါလာပါတယ်။ မိခင်တွေဟာ ကာလရှည်ကြာအောင် ဆေးရုံ၊ ဆေးခန်း သွားမရတာ၊ ဆေးဝါးမရှိတာတွေကြောင့် အရပ်ထဲက လက်သည်တွေကပဲ အားကိုးစရာ ဖြစ်လာခဲ့ပါတယ်။ ရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုးမိတ်မြို့မှာ နေထိုင်တဲ့ ဒေါ်မြလေးငုံကတော့ လက်သည်လုပ်တာ အနှစ် ၂၀ ကျော် ရှိခဲ့ပါပြီ။ အနီးဝန်းကျင် ကျေးရွာတွေက ကိုယ်ဝန်ဆောင် အမျိုးသမီးတွေဟာ သူတို့ရဲ့ ရင်သွေးတွေ အဆင်ပြေပြေ၊ ချောချောမွေ့မွေ့ မွေးဖွားနိုင်ဖို့ ဒေါ်မြလေးငုံကို အားကိုးအားထား ပြုကြပါတယ်။ သူမ (၈) တန်းအောင်ပြီးတဲ့နောက် အရံသားဖွား သင်တန်းကို တက်ခွင့်ရခဲ့ပေမဲ့လည်း မိသားစု စားဝတ်နေရေး မပြေလည်တာကြောင့် သင်တန်းကို ပြီးဆုံးအောင်အထိ တက်ဖို့ အခွင့်မသာခဲ့ပါဘူး။ ဝါသနာအရင်းခံပြီး လက်သည်အလုပ်ကို လုပ်ကိုင်နေပေမဲ့ တစ်ဖက်မှာလည်း စားဝတ်နေရေးအတွက် ကြုံရာကျပန်း အလုပ်တွေကို လုပ်ရပါသေးတယ်။ သူ့သက်တမ်းတစ်လျှောက်မှာ ဒေါ်မြလေးငုံဟာ ကိုယ်ဝန်ဆောင် အယောက် ၉၀ ကျော်ကို အောင်မြင်စွာ ကလေးမွေးဖွားပေးခဲ့ပြီး ဖြစ်ပါတယ်။ “ရယ်စရာတော့ မဟုတ်ဘူးပေါ့နော်၊ အများဆုံး သူတို့လည်း ကန်တော့နိုင်သလောက် လက်အုပ်ချီပြီးတော့ တစ်သောင်း အဲ့လိုလေးပါပဲ၊” လို့ ဒေါ်မြလေးငုံက သူရတဲ့ အဖိုးအခ မများလှကြောင်း ဆိုပါတယ်။ လက်သည် အလုပ်ဆိုတာ ဥပဒေနဲ့ ကင်းလွတ်၊ မလွတ်ဆိုတာကိုတောင် ပြောဖို့ ခက်ခဲပါတယ်။ ဆေးရုံဆေးခန်း မရှိတာ၊လမ်းပန်းဆက်သွယ်ရေး ခက်ခဲတာ၊ နယ်မြေ မအေးချမ်းတာ၊ ငွေကုန်ကြေးကျ များပြားတာတွေကြောင့် ဆေးရုံဆေးခန်း မသွားလာနိုင်တဲ့ မိခင်လောင်းတွေက ကလေးမီးဖွားရာမှာ လက်သည်ကို အားကိုးကြပေမယ့် အလွဲအချော်ဖြစ်ခဲ့ရင်တော့ မီးဖွားပေးတဲ့ လက်သည်အနေနဲ့ တရားစွဲခံရနိုင်ချေလည်း ရှိပါတယ်။ “အမျိုးသားကတော့ ပြောတယ် မလုပ်နဲ့၊ ဘာလို့လဲဆိုတော့ နင့်လက်ထဲမှာ တကယ်လို့ ကလေး သေသွားရင် ဖြစ်ဖြစ်၊ လူကြီးသေသွားရင် ဖြစ်ဖြစ်၊ သူတို့ဆိုင်ရာပိုင်ရာ ယောက်ျားတွေ ဘာတွေကပေါ့နော့၊ မအေတွေက တရားစွဲမယ်ဆို နင်ခံရမှာ ဆိုတော့ကိုယ်ကလည်း ဘယ်လို ဝါသနာပါမှန်း မသိဘူး တော်တော်ကြီးကို ဝါသနာ ပါတာ ငယ်ကတည်းက၊ လေးတန်းကတည်းကဝါသနာပါတာပေါ့နော်၊” လို့ ဒေါ်မြလေးငုံက ဆိုပါတယ်။ MFP က ဒေါ်မြလေးငုံနဲ့ တွေ့ဆုံစဉ်မှာ သူမနဲ့ပဲ ကလေးမီးဖွားနေကျဖြစ်တဲ့ အသက် ၂၇ နှစ်အရွယ် ကိုယ်ဝန်ဆောင်မိခင် မခင်ယုယုထွေးနဲ့ ဆုံခဲ့ပါတယ်။ သူမရဲ့ တတိယမြောက် ကလေးကို ဒေါ်မြလေးငုံရဲ့ အကူအညီနဲ့ပဲ ဆက်လက် မွေးဖွားဖို့ စီစဉ်ထားသူပါ။ မွေးဖွားခါနီးမှာ သူရဲ့ စိုးရိမ်ပူပန်မှုတွေ ရှိတယ်လို့ မခင်ယုယုထွေးက အခုလို ပြောပါတယ်။ “ကြောက်တာထက်ကို ဟို ငွေရေးကြေးရေးလည်း နည်းနည်း စိုးရိမ်တာပေါ့၊ ပြီးရင်လည်း ကိုယ် မွေးဖွားနိုင်ပါ့မလား ပြန်စဉ်းစားတာပ၊ ဒါမဲ့လည်း အားတော့ တင်းထားပါတယ်၊ အမေကြီးရဲ့ အားပေးဆေးလေးနဲ့ပ၊” လို့ MFP ကို ပြောပါတယ်။ ဒေါ်မြလေးငုံ လုပ်သက်တစ်လျှောက်မှာ ကြုံတွေ့ခဲ့ရတဲ့ ကိုယ်ဝန်သည် အများစုဟာ ငွေကြေးမတတ်နိုင်ဘဲ ဆေးရုံမှာ သွားမွေးနိုင်တဲ့ အခြေအနေမရှိကြသူတွေ ဖြစ်ကြပါတယ်။ “အများစုအားဖြင့်တော့ ပိုက်ဆံကြောင့်ပဲ၊ သူတို့မှာ စိုးရိမ်တယ် စိတ်ပူတယ်။ ကိုယ်သွားတယ်၊ ခုနစ်ရက် ခုနစ်လီလုံး သွားကြည့်ပေးတယ်၊ မီးမထွက်မချင်း။ အန်တီလေး အမေကြီး ရော့ ကော်ဖီတစ်ခွက် သောက်၊ သူတို့ မတိုက်နိုင်ဘူး မတိုက်နိုင်ဘူးဆိုတာလည်း သူတို့ဆီက ကိုယ် သောက်ချင်လို့တော့ မဟုတ်ဘူး၊ သူတို့မှာ မရှိဘူး။ သူတို့သားသမီးတောင် ကျွေးစရာ မရှိဘူးဆိုမှတော့ ကိုယ့်ကို ကျွေးဖို့ရာ အဝေးကြီးလေ၊” လို့ သူမက ဆိုပါတယ်။ ဒေါ်မြလေးငုံ နေထိုင်တဲ့ မိုးမိတ်မြို့မှာ လွန်ခဲ့တဲ့ ၂၀၂၄ ခုနှစ် မြို့သိမ်းတိုက်ပွဲ နှစ်ကြိမ် ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲကာလအတွင်း ဆေးရုံထိခိုက်ပျက်စီးမှုတွေလည်း ရှိခဲ့ပါတယ်။ လက်ရှိမှာ မိုးမိတ်မြို့ကို တအာင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော်PSLF/TNLA က ထိန်းချုပ်ထားပြီး မြို့နယ်ဆေးရုံကို ပြန်လည်ဖွင့်လှစ်ထားပေမယ့်လည်း ကျန်းမာရေး ဝန်ထမ်းတွေတော့လုံလောက်အောင် မရှိသေးဘူးလို့ မြို့ခံတွေက ပြောပါတယ်။ မိုးမိတ်ဒေသက အခြေခံလူတန်းစား ပြည်သူတွေဟာ စားဝတ်နေရေးကိုပဲ ဦးစားပေးနေရတာပါ။ အကျိုးဆက်အနေနဲ့ ဒေသခံအများစုဟာ သားဆက်ခြားနည်းနဲ့ ပတ်သက်တဲ့ အသိပညာတွေ နည်းပါးလာတဲ့အပြင် သန္ဓေတားဆေးတွေကိုလည်းလုံလောက်အောင် သုံးစွဲနိုင်တဲ့ အခြေအနေ မရှိကြဘူးလို့ လက်သည် ဒေါ်မြလေးငုံက ပြောပြပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ထုတ်ပြန်ခဲ့တဲ့ ၂၀၂၀ ခုနှစ် စစ်တမ်းတွေအရ မြန်မာနိုင်ငံဟာ အရှေ့တောင်အာရှဒေသအတွင်း မိခင်သေဆုံးနှုန်း ဒုတိယအမြင့်ဆုံး ဖြစ်ပြီး မီးဖွားမှု အကြိမ် ၁၀၀,၀၀၀ မှာ မိခင် ၂၈၂ ဦး သေဆုံးလေ့ ရှိပါတယ်။ အဲ့ဒီလို မီးဖွားစဉ် မိခင်တွေ သေဆုံးရတဲ့ အဓိက အကြောင်းအရင်းတွေကတော့ မီးဖွားပြီးနောက် သွေးဆင်းမှုများတာ၊ကိုယ်ဝန်ဆောင်ချိန် သွေးတိုးရောဂါဖြစ်တာ၊ မီးဖွားစဉ် ဒါမှမဟုတ် မီးဖွားပြီးနောက် ရောဂါပိုးဝင်တာ၊ ကိုယ်ဝန်ဆောင်စဉ်အရေးပေါ်အခြေအနေ ကြုံရတာ၊ ဒါ့အပြင် ဆေးရုံဆေးခန်းနဲ့ ဆေးဝါး မရရှိတာလိုမျိုး ကျန်းမာရေးဝန်ဆောင်မှု လက်လှမ်းမမီတာ၊ ကျွမ်းကျင်တဲ့ ကျန်းမာရေးဝန်ထမ်း မလုံလောက်တာ၊ ကျန်းမာရေး ပညာပေးမှု မလုံလောက်တာ စတာတွေကြောင့် ဖြစ်တယ်လို့ WHO က ဆိုပါတယ်။ ဒေါ်မြလေးငုံဟာ သူမအသက် ၂၇ နှစ်အရွယ်မှာ သားဖွားပေးမယ့်သူ မရှိဘဲ အခက်အခဲဖြစ်နေတဲ့ ကိုယ်ဝန်သည် တစ်ဦးကိုပထမဆုံး ကူညီမီးဖွားပေးခဲ့ရာကနေ လက်သည်ဘဝ စတင်ခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ ငွေကြေးမပြည့်စုံတဲ့ ကိုယ်ဝန်သည်တွေအတွက် လက်သည်အလုပ်ကို ယနေ့အချိန်ထိ ကူညီ လုပ်ကိုင်နေပါတယ်။ ခက်ခဲနေတဲ့ မိခင်လောင်းတွေကို အောင်အောင်မြင်မြင် မွေးဖွားနိုင်ဖို့ ကူညီနေရခြင်းကပဲ ဒေါ်မြလေးငုံအတွက်တော့ လက်သည်အဖြစ် ဆက်လက်လုပ်ကိုင်ဖို့တွန်းအားတစ်ခု ဖြစ်စေခဲ့ပါတယ်။ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးတဲ့နောက် မြန်မာနိုင်ငံမှာ ဖြစ်ပေါ်လာတဲ့ ပြည်တွင်း ပဋိပက္ခတွေ၊ တိုက်ပွဲတွေနဲ့အတူကျန်းမာရေးစောင့်ရှောက်မှုတွေကလည်း ပြည်သူတွေအတွက် ပိုအလှမ်းဝေးလာပါတယ်။ အထူးသဖြင့် အမျိုးသမီးများ၊မိခင်လောင်းများအတွက် စိန်ခေါ်မှု လွန်စွာ ကြီးမားပါတယ်။ အကျိုးဆက်အနေနဲ့ ဒေါ်မြလေးငုံလို လက်သည်တွေကိုအားကိုးအားထားပြုနေရတဲ့ မိခင်လောင်းတွေကရော ဘယ်လောက်တောင် ပိုများလာပါသလဲ။…

    Read More »
  • ဆောင်းပါး

    မိုးမိတ်မြို့အပေါ် စစ်အုပ်စု ဘယ်လောက်အထိ ရက်စက်ခဲ့လဲ

    ဇူဇူး၊ MFP / နိုဝင်ဘာ ၁၁ ➤ အချိန်ကာလ၊  လွန်ခဲ့တဲ့ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ၊ ပထမအကြိမ် မြို့သိမ်းတိုက်ပွဲအတွင်း ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ဦးဆောင်တဲ့ တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တွေက မိုးမိတ်မြို့ကို ထိုးစစ်ဆင်လာချိန် အာဏာသိမ်း စစ်အုပ်စုက မြို့အတွင်းကနေ အပြင်းအထန် ခုခံခဲ့ပါတယ်။ ➤ နောက်ခံအကြောင်းအရာ၊ KIA ဦးဆောင်တဲ့ တော်လှန်ရေးတပ်နဲ့ စစ်အုပ်စု တပ်ဖွဲ့နှစ်ခုကြားမှာ ရှိတဲ့၊ မိုးမိတ်မြို့အစွန်က ကျေးရွာတွေ စစ်တလင်း ဖြစ်ခဲ့ပြီး အများစုက စစ်ဘေးရှောင် ထွက်ပြေးနိုင်ခဲ့ကြပါတယ်။ ဒါပေမယ့် တချို့မိသားစုတွေ စစ်မရှောင်သာဘဲ ရွာထဲမှာ ပိတ်မိနေလို့ ပုန်းအောင်းပြီး စစ်ပွဲငြိမ်သက်တာကို စောင့်ခဲ့ကြရပါတယ်။ တိုက်ပွဲကြား…

    Read More »
  • ဆောင်းပါး

    မယ်ထွေးအသားခါးလှတယ်

    ထင်လင်း/MFP၊ အောက်တိုဘာ – ၃၁ ရန်ကုန်မှသည် မန္တလေး-အညာ မိုင်ရာချီတဲ့ ခရီးလမ်းကို ကားအဆင့်ဆင့်စီး၊ ဂိတ်အဆင့်ဆင့်ဖြတ်လို့ ခရီးဆက်လာသူကအသက်နှစ်ဆယ်ကျော်အရွယ်အမျိုးသမီးငယ် မစုမွန် (အမည်လွှဲ)ပါ။ ယခုနှစ် ၂၀၂၅ ၊ ဇန်နဝါရီလနှောင်းပိုင်းမှာစခဲ့တဲ့ ဒီခရီးမှာ သူနဲ့ ရည်ရွယ်ချက်တူတဲ့ အမျိုးသမီးအဖော်သုံးယောက်ပါဝင်ပါသေးတယ်။ နွမ်းပါးတဲ့ ရန်ကုန်မြို့ရဲ့ ဆင်ခြေဖုံးအရပ်တစ်ခုကနေ ထွက်လာတဲ့ မစုမွန်ရဲ့ ဦးတည်ရာပန်းတိုင်က မူဆယ်မြို့ဖြစ်ပါတယ်။ မူဆယ်ကနေတစ်ဆင့် သူမဆက်သွားလိုတဲ့ နောက်ဆုံးရည်ရွယ်ချက်က တရုတ်အမျိုးသား တစ်ဦး ထံကနေ ငွေကြေးရယူကာလက်ထပ်ပေါင်းသင်းဖို့ပါပဲ။ “တရုတ်မယား သွားလုပ်မလို့” ဆိုတဲ့ စကားလုံးကို သူမက ရဲရဲတင်းတင်းပဲ ဖွင့်ဟပါတယ်။ အညာဒေသက တော်လှန်ရေးတပ်ဖွဲ့ တစ်ခုရဲ့စစ်ဆေးရေးဂိတ်ရောက်လို့ စစ်ဆေးကြတဲ့အခါမှာ သူမက အခုလိုပဲ ဖြေခဲ့တာပါ။ တရုတ်အမျိုးသားတစ်ဦးကို အချိန် သုံးလသာ လက်ထပ်ပေါင်းသင်းရုံနဲ့ မြန်မာကျပ်ငွေ သိန်း ၁၀၀ ကနေ သိန်း ၂၀၀ အထိ ရမယ်လို့ သိထားရကြောင်း မစုမွန်ကို MFP က သွားရောက်မေးမြန်းချိန်မှာ ပြောပါတယ်။ “(သိန်း) နှစ်ရာရချင်ရမယ်၊ တစ်ရာရမယ်၊ အများဆုံးပြောတာတော့ တစ်ရာ၊ မြန်မာငွေ သိန်းတစ်ရာ ရမယ်၊ အဲတော့ သုံးလပြတ်၊ အဲဒါဆိုတော့ ဘယ်သူမဆိုကတော့ လုပ်ချင်ကြမှာပဲလေ၊ သုံးလပြည့် လို့ရှိရင် နင်တို့နေရာပြန်လာလို့ရတယ်ဆိုတဲ့ ပုံစံနဲ့သူတို့ခေါ်တဲ့အတွက် ညီမတို့မှာ မရှိတဲ့လူဆိုတော့ပေါ့နော်၊ မရှိတာလည်း ပါတယ်၊ တစ်ဖက်မှာလည်း စစ်မှုထမ်း ရမှာကို လည်း ကြောက်တာလည်းပါသလို အဲဒါနဲ့ အဲဒီနေရာကို ရွေးချယ်လိုက်တာပေါ့နော်” လို့ သူမက MFP ကို ပွင့်လင်းစွာဆိုပါတယ်။ မိခင်မရှိတော့တဲ့ မစုမွန်တို့ မောင်နှမ ၆ ယောက်မှာမစုမွန်ဟာ အကြီးဆုံးသမီးပါ။ မစုမွန်က အထည်ချုပ်စက်ရုံ တစ်ခု မှာ တစ်လ လုပ်အားခ ငွေကျပ်နှစ်သိန်းကနေ သုံးသိန်း ခန့်နဲ့ မိုးလင်းမိုးချုပ် အလုပ်လုပ်ရပါတယ်။ ကျပန်းလုပ်သားဖခင်ရဲ့ တစ်ရက်ဝင်ငွေ ကျပ်နှစ်သောင်းလောက်နဲ့ သူမရဲ့ဝင်ငွေဟာ ဒီအိမ်ထောင်စုအတွက် ဘယ်လိုမှ မလောက်ငှဘူးလို့ သူမက ပြောပါတယ်။ ဒီလို စားဝတ်နေရေး အကျပ်အတည်း အပြင် မစုမွန်အတွက် နောက်ထပ်ပြဿနာတစ်ခုကတော့ အသက် ၁၈ နှစ်ပြည့်ပြီးတဲ့အမျိုးသမီးတွေကိုအာဏာသိမ်းစစ်အုပ်စုက အတင်းအဓမ္မ စစ်မှုထမ်း ခေါ်ယူနေခြင်းပါ။ ဒီလို ပူပန်မှုတွေ များစွာထဲမှာ လွတ်မြောက်လမ်းရှာဖို့ မစုမွန်ကြံစည်ခဲ့တာကတော့ တရုတ်မယားလုပ်ဖို့ဖြစ်တယ်လို့ သူမက MFP ကို ရင်ဖွင့်ပါတယ်။ မစုမွန်တစ်ယောက် ပွဲစားအမျိုးသမီး တစ်ဦးနဲ့ အွန်လိုင်းကတဆင့် ချိတ်ဆက်မှုရပြီး တစ်လလောက်…

    Read More »
Back to top button