သတင်း

  • “စစ်လက်နက်ကပြောသောသတင်းစကား” မကွေးတိုင်း၏ကပစဖြတ်တောက်ရေးဆော်ဩချက်

    စစ်အုပ်စု၏ လက်နက်စက်ရုံ ကပစ (၄) ခု လျှပ်စစ်ပြတ်တောက်နေပြီးနောက် နိုင်ငံတစ်ဝန်းရှိ ကပစစက်ရုံများကို ဖြတ်တောက်ရေး မကွေးတိုင်းတော်လှန်ရေးတပ်ဖွဲ့တွေ က ဆော်ဩနေပါတယ်။ အီသာရမ် /MFP၊ ဇန်နဝါရီ – ၁၀ နှစ်သစ်ပထမပတ်အတွင်းမှာပဲ စစ်အုပ်စုက လေကြောင်းတိုက်ခိုက်မှုတွေနဲ့ နိုင်ငံတစ်ဝန်းကို နှုတ်ခွန်းဆက်နေပါတယ်။ဇန်နဝါရီလ (၇) ရက်နေ့က ချောင်းဦးမြို့နယ်မှာ ဂျိုင်ရိုကော်ပတာနဲ့ ပေါင် ၁၀၀ ဗုံးသီးကြဲချရာ ကံကောင်းလို့ မပေါက်ကွဲခဲ့ဘဲလူသေဆုံးမှု မရှိခဲ့ပါဘူး။ ဒါပေမဲ့ ဒီဗုံးသီးရဲ့ ထုတ်လုပ်ရက်စွဲက နှစ်ပတ်ခန့်ပဲ ရှိသေးတဲ့ စက်ရုံထုတ် အသစ်စက်စက်ဖြစ်တာကြောင့် တော်လှန်ရေးအဖွဲ့တွေက “ကပစ” တွေ အလုပ်များနေပြီလို့ ယူဆစရာ ရှိလာပါတယ်။ “ကျွန်တော်တို့ဘက်တွေမှာ တိုက်ပွဲဖြစ်တယ်ဆိုရင် ထားပါတော့ ၂၀၂၅ ခုနှစ်လပိုင်းမှာ တိုက်ပွဲဖြစ်တယ်ဆိုရင် သူတို့ထောက်ပံ့တဲ့ လေကြောင်းနဲ့ပဲဖြစ်ဖြစ် တိုက်ပွဲပြီးလို့ ကျည်ဆန်ခွံတွေပဲ ကြည့်လိုက်၊ ၂၀၂၅ ခုနှစ်လပိုင်းကျည်တွေနဲ့ဆိုတော့ ကျွန်တော်တို့သုံးသပ်မိတာက ဒီကောင်တွေမှာလည်း နှင်းကြမ်းထုတ်နေရတဲ့ ပုံစံမျိုးပေါ့ လက်နက်ခဲယမ်းတွေကို။ သူတို့ရဲ့ ထုတ်လုပ်မှုကိုရပ်တန့်နိုင်ရင် သူတို့ရဲ့ Firing Power (ပစ်ခတ်မှုအား) လျော့ကျလာမယ်” လို့ မကွေးဒေသ က တော်လှန်ရေးတပ်ဖွဲ့တာဝန်ရှိသူတစ်ဦးဖြစ်တဲ့ ဆရာကျောင်းMFP ကို ပြောပါတယ်။ မကွေးတိုင်းအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့တွေက ဒီအခြေအနေမှာ ကပစ စက်ရုံတွေကို ဖြတ်တောက်ရေးအင်တိုက်အားတိုက် လုပ်ဆောင်ဖို့ သူက ယခုလို ဆော်ဩပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်မှာရှိတဲ့ ပေါက်မြို့နယ်၊ မြိုင်၊ ပခုက္ကူနဲ့ ဂန့်ဂေါမြို့နယ် တပ်ဖွဲ့တွေဟာ ၎င်းတို့နယ်မြေတွေမှာရှိတဲ့ ကပစစက်ရုံ လေးရုံရဲ့ လျှပ်စစ်မီးတွေ ဖြတ်တောက်ထားပြီးနောက် ဒီစက်ရုံတွေမှာ လုပ်ငန်းမလည်ပတ်နိုင်တော့ဘူးလို့ MFP ကို ပြောပါတယ်။ ၂၀၂၅ဒီဇင်ဘာ ၂၈ ခုနှစ်မှာ ကပစ ၂၁ ၊ ကပစ ၂၂ နှင့် ကပစ ၂၄ တို့ကို သွယ်တန်းထားတဲ့ မီတိုင်း ၁၀၀ ကျော်ကို ဖောက်ခွဲရှင်းလင်းလိုက်တယ်လို့အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန က ထုတ်ပြန်ခဲ့ပါသေးတယ်။  မကွေးတိုင်းအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့တွေဟာ ပြီးခဲ့တဲ့ သုံးနှစ်တာအတွင်း ဒေသတွင်းက ဒီလက်နက်စက်ရုံတွေကိုတိုက်ခိုက်ဖို့၊ လက်နက်ကြီးနဲ့ ပစ်ဖို့ ဖြတ်တောက်ရေး နည်းလမ်းမျိုးစုံ ကြိုးစားခဲ့ကြပါတယ်။ ၂၀၂၄ ဧပြီလနဲ့ ဇူလိုင်လတွေမှာကပစ (၂၄) နဲ့ (၂၁) တို့ကို အနီးကပ် တိုက်ခိုက်ဖို့ ကြိုးစားခဲ့ပေမဲ့ ထိရောက်မှုမရှိခဲ့ပါဘူး။ ဒါ့အပြင် ၂၀၂၄ ခုနှစ် ဒီဇင်ဘာအတွင်းမှာလည်း မကွေးတိုင်းအတွင်းက ကပစ ဓာတ်အားပေးတိုင်တွေကို စစ်အုပ်စုက စစ်ကြောင်းထိုးလာပြီး ပြန်လည်ပြင်ဆင်ခဲ့ပါသေးတယ်။ လက်ရှိမှာ မကွေးတိုင်းအတွင်းက နာမည်ကျော် ကပစ (၂၁)၊ (၂၂) အပြင် နာမည်ကျော် ကပစ ဖြစ်တဲ့ (၂၄) နဲ့အတူ (၂၅) ကိုလျှပ်စစ်မီး ဖြတ်တောက်ထားနိုင်တာကြောင့် သုံးနှစ်အတွင်း အထိရောက်ဆုံး တိုက်ခိုက်မှုလို့ ယူဆနိုင်ပါတယ်။ ကာကွယ်ရေးပစ္စည်းစက်ရုံ(ကပစ) တစ်ခုတွင် စစ်ဆေးနေသော စစ်ခေါင်းဆောင် မင်းအောင်လှိုင် (ပုံဟောင်း)…

    Read More »
  • ရွေးကောက်ပွဲလုပ်မဲ့ ချောင်းဦးနယ်မှာ စစ်အုပ်စု လေကြောင်းကဗုံးကြဲလို့ ကလေးငယ်တွေအပါဝင် သုံးဦးသေဆုံး၊ချောင်းဦးနယ်ထဲမှာ စစ်အုပ်စုက တစ်နေကုန် လေကြောင်းကနေ ဗုံးကြဲနေ

    MN/MFP ၊ ဇန်နဝါရီ – ၁၀ စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ ချောင်းဦးမြို့နယ်မှာ ဒီကနေ့ ဇန်နဝါရီ ၁၀ ရက် မနက်ပိုင်းက စစ်အုပ်စု စက်တပ်လေထီး ပါရာမိုတာနဲ့ လေကြောင်းက ဗုံးကြဲခဲ့တာကြောင့် ကလေးငယ်နှစ်ဦးနဲ့ အမျိုးသားတစ်ဦး…

    Read More »
  • ကသာမှာ တိုက်ပွဲဆက်ငြိမ်နေပြီး စားသောက်ကုန်တချို့ပြတ်လပ်၊

    နွေဦး/MFP၊ ဇန်နဝါရီ – ၁၀ စစ်ကိုင်းတိုင်းအထက်ပိုင်း ကသာမြို့နယ်မှာ စစ်အုပ်စုတပ်နဲ့တော်လှန်ရေးတပ်ပေါင်းစုအကြား နှစ်ဘက်တိုက်ပွဲငြိမ်သက်နေသလို မြို့အတွင်းမှာ ဈေးအရောင်းအဝယ်တချို့ ပြန်ထွက်လာကြပြီး စားသောက်ကုန်ချို့လည်း ပြတ်လပ်နေတယ်လို့ ကသာမြို့ခံတွေက ပြောပါတယ်။ ကသာမြို့ပေါ်က ကုန်ပစ္စည်းရောင်းချတဲ့ ဆိုင်တချို့ ပြန်လည်ဖွင့်လှစ်လာသလို ဘူတာဈေးမှာလည်း…

    Read More »
  • မန္တလေးမြို့ခံတွေ ငလျင်ထင်ခဲ့တဲ့ မင်းကွန်း စာသင်ကျောင်း ဗုံးကြဲခံရမှု ကျောင်းဆောင်တွေ ပျက်စီး၊

    ဒေါ်လာ/MFP၊ ဇန်နဝါရီ – ၁၀ မန္တလေးမြို့ပေါ်နေသူတွေ ပေါက်ကွဲသံကြားရပြီး ငလျင်လှုပ်တယ်ထင်ကာ ထိတ်လန့်ခဲ့ရတဲ့ အာဏာသိမ်း စစ်အုပ်စုရဲ့ လေကြောင်း ဗုံးကြဲမှုကြောင့်  စစ်ကိုင်းမြို့နယ်၊ မင်းကွန်းဒေသ၊ ထုံးဘိုကျေးရွာရှိ စာသင်ကျောင်းဆောင်တွေ ထိခိုက်ပျက်စီးခဲ့တယ်လို့ သတင်းရရှိပါတယ်။ ဇန်နဝါရီ ၉ရက်…

    Read More »
  • ခင်ဦးနယ်က မန္တလေးစစ်ရှောင်တွေ ခိုလှုံနေတဲ့ ကျေးရွာတွေကို စစ်အုပ်စုက ဂျက်ဖိုက်တာ သုံးစင်းနဲ့ ဗုံးကြဲတိုက်ခိုက်တာကြောင့် အများအပြား ဒဏ်ရာရ၊

    နွေဦး/MFP၊ ဇန်နဝါရီ – ၁၀ စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်အရှေ့ခြမ်း မှာရှိတဲ့ ကျေးရွာတွေမှာရှိနေတဲ့ စစ်ဘေးရှောင်တွေနေထိုင်ရာအနီးကို ဇန်နဝါရီလ  ၁၀ရက် ဒီနေ့မနက် ၁၀ နာရီဝန်းကျင်မှာ ဂျက်ဖိုက်တာသုံးစင်းနဲ့ စစ်အုပ်စုတပ် ဗုံးကြဲတိုက်ခိုက်နေတယ်လို့ သတင်းအရင်းအမြစ်တွေက ပြောပါတယ်။ ဗုံးကြဲတိုက်ခိုက်ခံရတဲ့…

    Read More »
  • စစ်ကိုင်းတိုင်းထဲ စစ်အုပ်စုက မနက်ဖန် ရွေးကောက်ပွဲ မဖြစ်မနေ လုပ်ဖို့ ကြိုးစားနေ၊

    တိုက်ပွဲရှိတဲ့ မြို့နယ်တွေကို ဗုံးကြဲ၊ စစ်ကြောင်းထိုး၊ ပိတ်ဆို့ကာ မြို့ပေါ်နေသူတွေ မဲပေးဖို့ ခြိမ်းခြောက်၊ ၁၁မြို့နယ်မှာ လေးမြို့နယ် ယှဉ်ပြိုင်သူ မရှိလို့ စစ်အုပ်စုက အနိုင်ရပြီးဖြစ်၊ MN/MFP ၊ ဇန်နဝါရီ – ၁၀ စစ်ကိုင်းတိုင်းထဲ…

    Read More »
  • ယင်းမာပင်မှာ စစ်အုပ်စုက ပါရာမော်တာနဲ့ ရွာပေါ် ဗုံးပတ်ကြဲ၊ ပြည်သူလေးဦး သေဆုံးကာ လေးဦး ဒဏ်ရာရ၊

    နွားရှစ်ကောင်၊ မြင်းတစ်ကောင် သေဆုံးကာ ထွေလာဂျီ၊ ကားနဲ့ အိုးအိမ်တွေ ပျက်စီး၊ သုထက်/MFP၊ ဇန်နဝါရီ – ၁၀ စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ မြောက်ယမားချောင်းဘေးရှိ ပြန်လှည့်ကျေးရွာကို အာဏာသိမ်း စစ်အုပ်စုက မနေ့က ညနေပိုင်း စက်တပ်လေထီး…

    Read More »
  • စစ်ကိုင်း မင်းကွန်းဘက် စစ်အုပ်စုက ဗုံးကြဲတာကို ငလျင်ထင်ကာ မန္တလေးမြို့ခံတချို့ ထပြေး၊

    ဒေါ်လာ/MFP၊ ဇန်နဝါရီ – ၉ မန္တလေးမြို့ရဲ့ မြစ်တဖက်ခြမ်း၊ စစ်ကိုင်းမြို့နယ်၊ မင်းကွန်းဒေသကို အာဏာသိမ်း စစ်အုပ်စုက တိုက်လေယာဉ်နဲ့ ဗုံးကြဲရာ မန္တလေးမြို့ပေါ်နေသူတွေပါ ကျယ်လောင်တဲ့ ပေါက်ကွဲသံကြားရပြီးနောက် ငလျင်လှုပ်တယ်ထင်ကာ တချို့က ထပြေးကြရတယ်လို့ သတင်းရရှိပါတယ်။ ဇန်နဝါရီ…

    Read More »
  • ပုလဲမှာ ဗိုလ်နဂါး ဦးဆောင်တဲ့ BNRA ရဲ့ ဂိတ်နှစ်ဂိတ်ကို NUG က စီးနင်းကာ လက်နက် ၁၀ လက် သိမ်းယူ၊

    တော်လှန်ရေးကို ဖြောင့်ဖြောင့်မှန်မှန် လုပ်ရင် မချေမှုန်းဘူးလို့ NUG ပအဖ ပြော၊ နန်းယု/MFP၊ ဇန်နဝါရီ – ၉ စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်မှာ ရှိတဲ့ ဗိုလ်နဂါးဦးဆောင်တဲ့ ဗမာအမျိုးသား တော်လှန်ရေးတပ်မတော် – BNRA ရဲ့…

    Read More »
  • ဝက်လက်နဲ့ ကသာမှာ အအေးဒဏ်ကြောင့် စစ်ရှောင် အဖိုးအဖွားတွေ အအေးမိ သေဆုံး၊ လေဖြတ်၊

    သေဆုံးသူ ငါးဦး ရှိပြီး လေဖြတ်သူ ၁၀ ဦးကျော်၊ ရွှေဥ /MFP၊ ဇန်နဝါရီ – ၉ စစ်ကိုင်းတိုင်း၊ ဝက်လက်နဲ့ ကသာမြို့နယ်တွေမှာ စစ်အုပ်စု ရန်ကြောင့် တောတောင်အတွင်း ထွက်ပြေး တိမ်းရှောင်နေကြရတဲ့ စစ်ဘေးရှောင်ပြည်သူ…

    Read More »
Back to top button