Video

စိန်ခေါ်မှုတွေကို စိန်ခေါ်နေတဲ့ အမျိုးသမီးလုပ်ငန်းရှင်တွေ

ပြီးခဲ့တဲ့ နှစ်အနည်းငယ်အတွင်း မူဝါဒအပြောင်းအလဲတွေ၊ ကုန်ကျစရိတ်မြင့်တက်မှု၊ ငွေကြေးစီးဆင်းမှု အခက်အခဲတွေနဲ့ မတည်ငြိမ်တဲ့ စီးပွားရေးအခြေအနေတွေကြားမှာ အမျိုးသမီးလုပ်ငန်းရှင်တွေနဲ့ စီမံခန့်ခွဲသူတွေဟာ သူတို့ရဲ့ လုပ်ငန်းတွေ ဆက်လက်ရပ်တည်နိုင်ဖို့ နည်းလမ်းသစ်တွေ ရှာဖွေ နေရပါတယ်။

အပြောင်းအလဲတွေကြားက အခွင့်အလမ်းတွေကို ဘယ်လို ဖော်ထုတ်မလဲ။ အကန့်အသတ်ရှိတဲ့ ငွေကြေးနဲ့ အရင်းအမြစ်တွေကို ဘယ်လို ထိရောက်အောင် စီမံမလဲ။ မမျှော်လင့်ထားတဲ့ အခြေအနေတွေအတွက် ကြိုတင်ပြင်ဆင်ထားတဲ့ အစားထိုးအစီအစဉ်တွေကိုရော ဘယ်လို တည်ဆောက်ထားသင့်ပါသလဲ။

ပြည်တွင်း၊ ပြည်ပ စီးပွားရေးနယ်ပယ်တွေမှာ လက်တွေ့လုပ်ကိုင်နေကြတဲ့ အမျိုးသမီးခေါင်းဆောင်တွေရဲ့ အတွေ့အကြုံ၊ စိန်ခေါ်မှုနဲ့ ရင်ဆိုင်ဖြေရှင်းနည်းတွေကို DVB Women’s Voice နဲ့အတူ မိတ်ဖက်မီဒီယာတွေမှာပါ တင်ဆက်သွားမယ့် “စိန်ခေါ်မှုတွေကို စိန်ခေါ်နေတဲ့ အမျိုးသမီးလုပ်ငန်းရှင်တွေ” အစီအစဉ်မှာ ကြည့်ရှုနိုင်ပါတယ်။

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့၊ ဝက်ဘ်ဆိုက်နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။

#Mandalay_Free_Press_MFP

#DVBWomenvoice

Related Articles

Back to top button