လူသစ်/MFP ၊အောက်တိုဘာ-၂၁
စစ်ကိုင်းတိုင်းနဲ့မကွေးတိုင်းက မြို့နယ်တွေမှာ ကင်းထောက်ဒရုန်းတွေအစားထိုး အနေနဲ့ Spy Ballons တွေကို အောက်တိုဘာလ ၁၈ ရက်နေ့ကတည်းက စတင်အသုံးပြုလာတယ်လို့ MFP ရဲ့ စစ်ရေးသတင်းအရင်းအမြစ်တွေက ပြောပါတယ်။
မုံရွာအခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ်ကနေ အရင်လွှတ်တင်နေတဲ့ ကင်းထောက်ဒရုန်းတွေအစား Spy Ballons တွေကို အစားထိုးအသုံးပြု လာတာဖြစ်ပါတယ်။
စစ်ကိုင်းတိုင်းမှာဆိုရင် ချောင်းဦး၊ မုံရွာ၊ ဘုတလင်၊ အရာတော်၊ ဆားလင်းကြီးနဲ့ မကွေးတိုင်းက မြိုင်မြို့နယ်စတဲ့ ဒေသတွေကို Spy Ballons တွေ လွှတ်တင်ကာ ကင်းထောက်တာတွေ
လုပ်ဆောင်နေတာ ဖြစ်ပါတယ်။
လက်ရှိလွှတ်တင်နေတဲ့ Spy Ballons တွေအထဲမှာ အဖြူရောင်နဲ့အနက်ရောင် နှစ်မျိုးတွေ့ရပြီး သူတို့ဟာ ပုံမှန်ဒရုန်းတွေထက် အချိန်ကြာကြာ ပျံသန်းနိုင်သလို လက်နက်ငယ်နဲ့ ပစ်ချနိုင်တဲ့ အမြင့်လောက်သာ ပျံသန်းနိုင်တယ်လို့လည်း ဆိုပါတယ်။
CDM ဗိုလ်ကြီးဇင်ယော်ကတော့ Sky Ballons တွေဟာ CCTV တွေလို မြင်ခြင်တဲ့နေရာကို ကြည့်နေနိုင်တယ်လို့ MFP ကို ပြောပါတယ်။
” Spy Ballons ဆိုတာ CCTV တွေ မိုးပေါ်ကို လွှတ်လိုက်သလိုပဲ၊ စစ်တပ်က လေကြောင်းအရေးသာမှုတွေကို နည်းမျိုးစုံနဲ့ သုံးလာတာတွေ့ရတယ်။ ပုံမှန်အားဖြင့် စစ်လေယာဉ်တွေပျံသန်းတိုင်း ကောင်းကင်ဓာတ်ပုံတွေ ရိုက်လေ့ရှိတယ်။ အခုနောက်ပိုင်း ဒရုန်း၊ ပါရာမိုတာ၊ ဂျိုင်ရိုကော်ပတာ တွေနဲ့ လှည့်တာရှိတယ်။ ဒါတွေကလည်း အချိန်ပြည့်မကြည့်နိုင်ဘူး။ စွမ်းအင်တမျိုးမျိုးကိုလည်း အသုံးချရတယ်၊ လူကနေ ကြီးကြပ်ရတယ်။ ဒီ Ballons ကြတော့ စွမ်းအက်အနည်းဆုံးနဲ့ ကင်မရာတွေအလုပ်လုပ်နေသရွှေ့ အောက်ကလူက အကုန်မြင်နေနိုင်တယ်”
စစ်အုပ်စုနဲ့ သံတမန်ဆက်ဆံရေး အဆင်ပြေကောင်းမွန်နေတဲ့ တရုတ်နဲ့ ရုရှားတို့ရှိပေမဲ့ ဒီနည်းပညာကိုတော့ ရုရှားနိုင်ငံဘက်က ရလာနိုင်တာလို့ သုံးသပ်ကြပါတယ်။
ဒါ့အပြင် Spy Ballons တွေရှိနေတာကြောင့် လူအစုလိုက် အပြုံလိုက် စစ်ကြောင်းထွက်တာမျိုးတွေ၊ လူစုလူဝေးတွေနဲ့ ပွဲလမ်းသဘင်တွေ မလုပ်ပဲ သတိနဲ့နေကြဖို့ လိုတယ်လို့ ဗိုလ်ကြီးဇင်ယော်က တိုက်တွန်းပါတယ်။
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။
 
				 
							
						


