စစ်ကိုင်းသတင်းအညာမြေ တော်လှန်ရေး

အမှတ်(၁)ရွှေဘိုတပ်ရင်းက အာဇာနည်နေ့မှာ ကျဆုံးရဲဘော်တွေရဲ့ အုတ်ဂူကို သွားရောက် အလေးပြု၊

ဒေါ်လာ/MFP၊ ဇူလိုင် – ၁၉

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ အမှတ် (၁) ရွှေဘိုတပ်ရင်းက ဒီနေ့ကျရောက်တဲ့ (၇၉)နှစ် မြောက် အာဇာနည်နေ့ အထိမ်းအမှတ်အဖြစ် ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်ကြီးများနှင့်တကွ တပ်ရင်းရဲ့ ကျဆုံးခဲ့တဲ့ အာဇာနည်ရဲဘော်တွေရဲ့ အုတ်ဂူကို သွားရောက်အလေးပြုခဲ့တယ်လို့ သတင်း ရရှိပါတယ်။

“စစ်အာဏာရှင်စနစ် အမြစ်မပြတ်မချင်း တွန်းလှန်သွားပါမည်လို့ ကတိပြုပါတယ်ခမျ” လို့ အမှတ် (၁) ရွှေဘိုတပ်ရင်းက ဖော်ပြပါတယ်။

အာဏာသိမ်း စစ်အုပ်စုရဲ့ လေကြောင်း ဗုံးကြဲ သတ်ဖြတ်မှုတွေကြားက ရွှေဘိုနဲ့ ဝက်လက်နယ် အပါအဝင် စစ်ကိုင်းတိုင်း နေရာအနှံ့မှာ အာဇာနည်နေ့ အခမ်းအနားတွေ ကျင်းပနေတာ ဖြစ်ပါတယ်။

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။

#Mandalay_Free_Press_MFP

#စစ်ကိုင်း #အညာ #အာဇာနည်နေ့ #ရွှေဘိုအမှတ်၁တပ်ရင်း

Related Articles

Back to top button