ဆောင်းပါး

  • စစ်ကိုင်းတိုင်းရဲ့ ရွေးကောက်ပွဲ : ကျည်ဆံကြားက မဲပြား

    MFP အဖွဲ့၊ ဒီဇင်ဘာ ၂၇ တော်လှန်ရေးတပ်တွေ အားကောင်းရာ စစ်ကိုင်းတိုင်းရဲ့ ရွေးကောက်ပွဲမျက်နှာစာက အလွန်ရုပ်ပျက်ဆင်းပျက်ဖြစ်နေတဲ့ ကိန်းဂဏန်းအရေအတွက်ကို ပြနေပါတယ်။ တိုင်းတစ်ခုလုံးရဲ့ (၈၀) ရာခိုင်နှုန်းကျော် ရွေးကောက်ပွဲမလုပ်နိုင်ပေမဲ့ ဒါကိုပဲ ပြည်သူ့ဆန္ဒအဖြစ် နိုင့်ထက်စီးနင်း ခေါင်းစဉ်တပ်ခြင်းကို စစ်ကိုင်းတိုင်းမှာ…

    Read More »
  • ရွေးကောက်ပွဲ မဲမပေးတဲ့သူ ဖမ်းလို့ရသလား

    ရေးသူ – ဖိုးချို (MFP)၊ အတွေးအမြင်ဆောင်းပါး၊ အာဏာသိမ်း စစ်အုပ်စုက လုပ်မယ့် ရွေးကောက်ပွဲမှာ မဲမပေးရင် ဘာဖြစ်မှာလဲ၊ အဖမ်းခံရမှာလား ဆိုတဲ့ စကားက ပြည်သူအချင်းချင်းကြား တိုးတိုးတိတ်တိတ် အမေးများနေတဲ့ မေးခွန်းပါ။ ရွေးကောက်ပွဲ မဲမပေးတာက…

    Read More »
  • မကွေးတိုင်းရွေးကောက်ပွဲသတင်းပေးပို့ချက် : မဲပုံးနှင့် စစ်ခေါ်သံ 

    Reddy Simon၊ အီသာရမ် − ဒီဇင်ဘာ ၂၇ တော်လှန်ရေးတပ်တွေ မကြာသေးခင်ကမှ စတင်လိုက်တဲ့ မကွေးတိုင်းက မြို့ (၆) မြို့ကို သိမ်းပိုက်ဖို့ အစီအစဉ်ဟာ စစ်အုပ်စုရွေးကောက်ပွဲကျင်းပမည့်အချိန် တစ်လျှောက်လုံး (ဒီဇင်ဘာနဲ့ ဇန်နဝါရီလ အတွင်း) စစ်တပ်ကို မနားတမ်း ဖိအားပေးဖို့နဲ့ မြို့တွေကို သိမ်းဖို့ထိ ရည်ရွယ်ထားကြောင်း ထုတ်ပြောလာပါတယ်။  ဒီစစ်ရေးလှုပ်ရှားမှုကြောင့် ရွေးကောက်ပွဲကျင်းပဖို့ စီစဉ်ထားတဲ့ မကွေးတိုင်းအတွင်းက ဒေသနှစ်ခု ဖြစ်တဲ့ စလင်းနဲ့ ဆင်ဖြူကျွန်း မှာဒေသခံတွေ နေ့ချင်းပဲ ပြောင်းရွေ့ကုန်ပြီးမြို့ထဲမှာ မဲပေးသူ မရှိနိုင် တော့ဘူးလို့ ဆင်ဖြူကျွန်းမြို့က ပရဟိတအသင်းတခုမှာ လုပ်ကိုင်နေသူကဆိုပါတယ်။ …

    Read More »
  • ငလျင်ကဖျက်၊စနစ်ကသတ်နေသည့် မြန်မာ့ရှေးဟောင်းအမွေအနှစ်များ

    ဂျီဂျီ/MFP – ဒီဇင်ဘာ ၂၀ ငလျင်ဗဟိုချက်ပေါ်က မြန်မာ့အမွေအနှစ်တွေ ပုံစံပျက်ယွင်းသွားတာ၊ ဘုန်းဘုန်းလဲ ပြိုကျတာ၊ မွမွကြေ ပျက်စီးတာ၊ ဖျက်ဆီးခံလိုက်ရတာတွေ အားလုံးဟာ တန်ဖိုးသိသူ ပညာရှင်တွေရဲ့ နှလုံးသားကို အင်အားပြင်းပြင်းနဲ့ ထိုးနှက်လိုက်သလို ခံစားရစေခဲ့ပါတယ်။ နှစ် (၁၀၀) ဝန်းကျင်မှာ လှုပ်ခတ်လေ့ရှိတဲ့ မန္တလေးငလျင်ကြီးက ချေမှုန်းလိုက် တဲ့ အဆောက် အအုံတွေထဲမှာ လူနေအိမ်တွေသာမက ကမ္ဘာ့အမွေအနှစ်စာရင်းဝင် နေရာတွေ၊ ကမ္ဘာ့အမွေအနှစ် ပဏာမစာရင်းဝင် မြို့တော်ဟောင်းတွေ၊ ယဉ်ကျေးမှုအမွေအနှစ်ဒေသတွေ၊ သမိုင်းကြောင်း၊ ဗိသုကာနဲ့ အနုလက်ရာ တန်ဖိုးကြီးမားလှတဲ့ ရှေးဟောင်းသမိုင်းဝင် အဆောက်အအုံ၊စေတီပုထိုးတွေလည်း ပါဝင်နေပါတယ်။ မြန်မာနိုင်ငံရဲ့ ယဉ်ကျေးမှုအမွေအနှစ် ဒုတိယအများဆုံးနဲ့ တတိယအများဆုံးရှိတဲ့ မန္တလေးနဲ့ စစ်ကိုင်းတိုင်းဟာငလျင်ဗဟိုချက်ရဲ့ အဓိကနေရာဖြစ်နေတာက မရှောင်လွှဲနိုင်တဲ့ အကြောင်းတရားဖြစ်နေခဲ့ပြန်ပါတယ်။ စစ်ကိုင်းတိုင်း ကျိုက်လတ်ချောင်စေတီ၊ ဓာတ်ပုံ−ဖေ့ဘုတ် မန္တလေးတိုင်းတခုလုံးအတွင်း ယဉ်ကျေးမှုအမွေအနှစ်ဒေသရယ်လို့ သတ်မှတ်ထားတဲ့ နယ်မြေ (၁၀) ခုရှိတဲ့ အထဲက (၈) ခု၊ ရှေးဟောင်းအဆောက်အအုံပေါင်း (၂,၅၆၂) ခုရှိတဲ့အထဲက (၁,၅၂၈) ခု ထိခိုက်ပျက်စီးခဲ့တာကြောင့် ၆၀ ရာခိုင်နှုန်းခန့်ပျက်စီးဆုံးရှုံးခဲ့တယ်လို့ စစ်ကောင်စီက ဆိုပါတယ်။  ဒါက ဒေသတစ်ခုအတွက် အင်မတန်ကြီးမားတဲ့ ယဉ်ကျေးမှုအမွေအနှစ် ဆုံးရှုံးမှုဖြစ်ပါတယ်။  ဒီနယ်မြေ (၁၀)ခုအတွင်းမှာ အထိခိုက်အပျက်စီးမှု…

    Read More »
  • စစ်အုပ်စုရွေးကောက်ပွဲ၊ ထိုင်းရောက်မြန်မာတွေအပေါ်ရိုက်ခတ်မှု၊ 

    မိုးဝေမိုး၊MFP – ဒီဇင်ဘာ ၁၈  ဘန်ကောက်မြို့  မြန်မာသံရုံးရှေ့က လူတန်းရှည်ကြီးထဲ နာရီနဲ့ချီ တန်းစီစောင့်ဆိုင်းနေရင်း လွန်ခဲ့တဲ့ ငါးနှစ်ဝန်းကျင်က အခုလိုအချိန်ကို မစိုး (အမည်လွှဲ)  ပြန်သတိရနေပါတယ်။အဲ့ဒီတုန်းကတော့ ရွေးကောက်ပွဲ အတွက် မဲပေးဖို့ ဒီနေရာမှာ တန်းစီစောင့်ဆိုင်းခဲ့ဖူးပါတယ်။  “အဲ့ဒီတုန်းက ကိုယ့်ကိုယ်ကိုယ်တာဝန်ကျေသလို ခံစားရတယ်။ဂုဏ်ယူစရာလည်း ကောင်းတယ်ထင် တယ်။ အဲ့ချိန်တုန်းက မဲပေးပြီးပြီဆိုပြီး လက်သန်းကိုလေ…

    Read More »
  • မဲထောင်ချောက်ထဲက ရှင်သန်ရေး

    Reddy Simon/MFP – ဒီဇင်ဘာ ၁၂  ဈေးချိုတော်မှာ ပြန့်ကျဲသွားခဲ့တဲ့ ရွေးကောက်ပွဲဆန့်ကျင်ရေးစာရွက်တွေကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက နေ့ချင်းပဲသိမ်းဆည်းပြီး ဖျက်ဆီးလိုက်ကြပါတယ်။ ဈေးသည်တွေကို လက် နက် ကြီးငယ် လွယ်ပြီး ကြိမ်းမောင်းနေတဲ့ စစ်သားတွေဟာရွေးကောက်ပွဲကျင်းပမယ့် မြို့နယ်ချမ်းအေးသာစံ မြို့လယ်ခေါင်မှာ ဖြစ်သွားတဲ့ ဒီဆန္ဒပြပွဲအတွက် မခံမရပ်ဖြစ်နေခဲ့ပါတယ်။ ရွေးကောက်ပွဲကို သပိတ်မှောက်ဖို့ဟာ လက်ရှိအချိန်မှာ စစ်အုပ်စု မကြားချင်ဆုံး လှုံ့ဆော်မှုပါ။ ဒါကြောင့် ဒီဇင်ဘာ ၃ ရက်နေ့က ဆန္ဒပြပွဲ ကို စတင်ခဲ့တဲ့ မန္တလေးမြို့က ဒေါက်တာတေဇာဆန်းနဲ့ ဆန္ဒပြလှုပ်ရှားသူ ၁၀ ဦးကို အမှုဖွင့်ခဲ့သလို တိုင်းရဲတပ်ဖွဲ့ကအပူတပြင်း လိုက်ရှာခဲ့ကြပေမယ့် မမိခဲ့ပါဘူး။  ရွေးကောက်ပွဲကိုဆန့်ကျင် သပိတ်မှောက်ကြဖို့ သတင်းစကားကတော့ ဒီဇင်ဘာ ၁၀ ရက်နေ့မှာ တနိုင်ငံလုံး အသံတိတ်သပိတ်အဖြစ်ပုံဖော်နိုင်ခဲ့ပါတယ်။ ရွေးကောက်ပွဲ နီးကပ်လာတာနဲ့အမျှ နိုင်ငံတစ်ဝှမ်း အခြေအနေတွေမှာ အထက်မြန်မာပြည်ရဲ့ ဝင်ပေါက် မန္တလေးမြို့ဟာ တခြားမြို့တွေနဲ့ မတူတဲ့ စစ်တပ်ရဲ့ ဖိအားပေးမှု အများဆုံးနေရာတစ်ခု ဖြစ်လာပါတယ်။ (၁) တော်လှန်ရေးတပ်များနှင့် အနီးဆုံးမြို့(၂) တိုက်ပွဲများနှင့် အနီးဆုံးမြို့ (၃) စစ်ဘေးရှောင်ပြည်သူ အများဆုံးမြို့။  ဒီအခင်းအကျင်း သုံးခုနဲ့ မန္တလေးမြို့ဟာ စစ်အုပ်စုအတွက် သူတို့ရဲ့ တည်ငြိမ်မှုနဲ့ ထိန်းချုပ်နိုင်စွမ်းကို ပြသဖို့ “ပြခန်း” တစ်ခုသဖွယ်ပါပဲ။ ဒီ “ပြခန်း” မှာ ရွေးကောက်ပွဲဇာတ်ထုတ် ကပြချိန် လူမဝင် မစည်ကား ခဲ့ရင် အင်မတန် အရှက်ရဖွယ်ဖြစ်လာမှာကို စစ်အုပ်စုက တွက်ချက်ထားပြီး ဖြစ်ပါတယ်။ အရပ်သားအစိုးရရဲ့ ၂၀၂၀ ခုနှစ်ရွေးကောက်ပွဲကို မန္တလေးတိုင်းဒေသကြီးရဲ့ မြို့နယ် ၂၈ မြို့နယ်မှာ တစ်ရက်တည်း ကျင်းပခဲ့ရာမဲရုံပေါင်း ၅,၄၄၇ ခုရှိပြီး မဲပေးသူပေါင်း ၃ သန်း ၈ သိန်းနဲ့ ၈၀ ရာခိုင်နှုန်း ရှိခဲ့ပါတယ်။ အာဏာသိမ်းစစ်အုပ်စုဟာ ဒီစာရင်းရဲ့ တစ်ဝက်ကိုတောင် လိုက်မီဖို့ မဖြစ်နိုင်တာ ကိန်းဂဏန်းတွေက သက်သေပါပဲ။…

    Read More »
  • ရွှေမန်းယံ နန်းကြိုကြား၊ လက်ခတ်သံများ ညံစေချင်

    ဂျီဂျီ/MFP၊ ဆောင်းပါး  မန္တလေးမြို့နဲ့ မြန်မာပြည်အလယ်ပိုင်းက ကျွမ်းကျင်ရက်ယန်းလုပ်သားများစွာဟာ ယခုနှစ် သြဂုတ်လက စစ်ကိုင်း ငလျင်ကြီးနောက်ပိုင်းမှာ အကြပ်အတည်းတွေကြောင့် လုပ်ငန်းကို စွန့်ခွာသွားကြပါတယ်။ တချိန်က စည်ကားဆူညံဖူးတဲ့ ရိုးရာ အိမ်တွင်းမှုလုပ်ငန်းမှုလုပ်ငန်းတွေဟာ  အသက်မဲ့လို့နေပါတယ်။  မန္တလေးမြို့မှာ ငလျင်ဒဏ်ကြောင့် အဓိကထိခိုက်ရတာကတော့ စီးပွားရေးအရအရေးပါတဲ့ စိုက်ပျိုးရေး၊ မွေးမြူရေး၊ အသေးစားနဲ့ အလတ်စားစီးပွားရေးလုပ်ငန်းတွေမှာဖြစ်ပါတယ်။  မြို့ရဲ့ အမွေအနှစ်ဖြစ်တဲ့ မန္တလေး၊ အမရပူရနဲ့ စစ်ကိုင်းဒေသမှာရှိတဲ့ လက်ရက်ကန်း၊ စက်ရက်ကန်း၊ ပိုးထည်တိုက်၊ ဖိနပ်ချုပ်လုပ်ငန်းနဲ့ အိတ်ချုပ်လုပ်ငန်းတွေဟာလည်း ထိခိုက်ပျက်စီး ခဲ့ရပါတယ်။…

    Read More »
  • အင်းဝသား ကဗျာတပ်မှူး ကိုလေးကို နှုတ်ဆက်ခြင်း

    “ကဗျာဆိုတာ အသစ်” လို့ သူက အဓိပ္ပာယ်ဖွင့်ပါတယ်။ ဂျီဂျီ/MFP၊ နိုဝင်ဘာ −၂၃ “အဟောင်းကို ဖက်တွယ်ထားရင် ကျန်ခဲ့မှာပဲ။ အသစ်ကို တီထွင်ဖန်ဆင်းရမယ်” လို့ လက်ခံယူဆထားတဲ့ ကဗျာဆရာကြီး ကိုလေး(အင်းဝဂုဏ်ရည်)ဟာ နိုဝင်ဘာလ ၂၂ ရက်၊…

    Read More »
  • စစ်အုပ်စုက တအာင်း/ပလောင် မုန်းတီးရေးမီးမွှေးနေသည်၊( သတင်းသုံးသပ် ဆောင်းပါး)

    မိုးကုတ်/မိုးမိတ် အရှုံးမှာ ကွန်မြူနစ်တပ် (PLA) ဘာကြောင့် နှုတ်ဆိတ်နေသလဲ Reddy Simon/MFP၊ နိုဝင်ဘာ -၂၂ ၁၀၂၇စစ်ဆင်ရေးရဲ့ ဒုတိယလှိုင်းအတွင်း၊ ၂၀၂၄ ခုနှစ်၊ ဇူလိုင်လမှာ တအာင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA)…

    Read More »
  • မိုးကုတ်၏ မျှော်လင့်ချက်ဈာပနနှင့် မေးခွန်း (၆) ခု

    (သုံးသပ်ချက် ဆောင်းပါး) ဇူဇူး/MFP တရုတ်၏အကြပ်ကိုင်မှုဖြင့် အောက်တိုဘာ ၂၉ ရက်နေ့ TNLA ၏ ထုတ်ပြန်ချက်သည် စစ်အုပ်စု၏ လက်အောက်သို့ ဒုတိယအကြိမ် ပြန်လည်ကျရောက်ရမည့် ရတနာမြေ၏ ကံကြမ္မာကို ညွှန်ပြနေသည်။ ဤသည်မှာ နိုင်ငံရေး သဘောတူညီချက်တစ်ခု၏ ဆိုးရွားသော အကျိုးဆက်ဖြစ်သလို တရားမျှတမှုကို ချစ်မြတ်နိုးသည့် မိုးကုတ်လူထုအတွက် “စစ်အာဏာသိမ်းမှု နောက်တစ်ကြိမ် ထပ်ခံရ” သကဲ့သို့ ကြီးမားသည့် စိတ်ဒဏ်ရာတစ်ခုပင်ဖြစ်သည်။ကျွန်ုပ်တို့ မျက်စိရှေ့မှာပင် နိုင်ငံ၏ အဖိုးတန်မြေ မိုးကုတ်၏ မှောင်မိုက်သော အနာဂတ်အတွက် မေးခွန်း (၆) ခု၏ အဖြေလိုနေပါသည်။ ၁။ ဤစိတ်ဒဏ်ရာကို ဘယ်လို ကုစားပေးမည်နည်း။  မြို့သိမ်းတိုက်ပွဲ အပြီး အောင်မြင်စဉ်က ပျော်ရွှင်ခဲ့ကြသည့် ဒေသခံများအဖို့ ယခုအခါ စစ်အုပ်စုပြန်လာမည့် သတင်းသည် “သေမည့်ရက်ကို ထိုင်စောင့်နေရခြင်း” ဟူသော ခံစားချက်ကို ပေးနေသည်ဟု မြို့ခံအမျိုးသမီးတဦးက MFP ကိုမှတ်ချက်ပြုပါသည်။ “မြို့မှာ ကျန်နေတောင် မျှော်လင့်ချက်တွေ၊ ယုံကြည်မှုတွေနဲ့ပဲ ကျန်နေစေချင်တာ။ သေမယ့်ရက် ထိုင်စောင့်နေရတာပါလား ဆိုတဲ့စိတ်နဲ့ မကျန်စေချင်ဘူး။ သတင်းတွေက အဲ့လိုဖြစ်နေတယ်” ဟု သူမက ဆိုပါသည်။ ဆိုရှယ်မီဒီယာ သတင်းများနှင့်ထင်မြင်ယူဆချက်များကို ဖတ်ပြီး စိုးရိမ်ပူပန်မှုတွေ ပိုတိုးလာရကြောင်း သူမက ထပ်ပြောပါသည်။ MFP က စုစည်းထားသည့် စာရင်းများ အရ ပြီးခဲ့သည့် သုံးလအတွင်း (ဩဂုတ်၊ စက်တင်ဘာ၊ အောက်တိုဘာလ) စစ်အုပ်စုရဲ့ဗုံးကြဲမှုကြောင့် မိုးကုတ်မြို့ခံ လူပေါင်း ၇၀ ဝန်းကျင် သေဆုံးခဲ့ရသည်။ ဩဂုတ်လ တစ်လထဲမှာပင် စစ်အုပ်စု၏ လေကြောင်းတိုက်ခိုက်မှုကြောင့် လူပေါင်း ၄၀ ကျော် သေဆုံးခဲ့ရသည်။ စစ်အုပ်စုသည် မြို့အပေါ် အငြိုးအတေးထားပြီး စစ်ရေးပစ်မှတ်မဟုတ်သော လူစည်ကားသည့် မြို့ဧရိယာများကို ရည်ရွယ်ချက်ဖြင့် အကြိမ်ပေါင်းများစွာ ဗုံးကြဲကာ မြို့လူထုကို ညှင်းဆဲခဲ့သည်။ ထိုတိုက်ခိုက်မှုများစွာတွင် ဩဂုတ်လ ၂ ရက်နေ့က မိုးကုတ်အနောက်ပိုင်းသို့ ပေါင် ၂၅၀ ဗုံး (၂) လုံး ကြဲချခဲ့ခြင်းသည် ဒေသခံများကို အလွန်အမင်း ကြောက်လန့်စေခဲ့သည်ဟု မြို့ခံတဦးက ဆိုပါသည်။ ထိုနေ့ မနက် ၇ နာရီခန့်က ဗုံးကြဲတိုက်ခိုက်မှုကြောင့်သံဃာတော်တစ်ပါးနှင့် လူ ၁၂ ဦး သေဆုံးသွား ခဲ့ရသည်။ ထိုဒဏ်ရာများကို ခါးစည်းခံနေသော်လည်း မြို့ခံများသည် မျှော်လင့်ချက်တစ်ခုကို အမြဲ ထွေးပွေ့ ထားခဲ့သည်။လွတ်မြောက်ရေးဆိုသည့် မျှော်လင့်ချက်ဖြစ်သည်။ သို့သော် အမာခံ ဒေသတစ်ခုအဖြစ် ခံယူထားခဲ့သည့် မြို့သည် ပြည်သူများအသက်ပေးခဲ့သည့် ကြားမှ ဒုတိယအကြိမ် ကျဆုံးသွားခဲ့ ပြန်သည်။ ဤသည်မှာ ရုပ်ပိုင်းဆိုင်ရာ ဆုံးရှုံးမှုသာမက၊တော်လှန်ရေးအပေါ် ယုံကြည်မှုနှင့် မျှော်လင့်ချက်များပါ ထိခိုက်ခဲ့ခြင်းဟု ဆိုနိုင်သည်။ ပြီးခဲ့သည့် နိုဝင်ဘာလ ၂ ရက်နေ့က မိုးကုတ်မြို့ လူနေရပ်ကွက်များမှ သံဗုံးတီးသံများ ထွက်ပေါ်လာ ခဲ့သည်။ ထို ထုရိုက်သံများက မြို့ခံများ၏ မကျေနပ်သည့် ဆန္ဒကို ပြနေသည်။ သူတို့၏ စိတ်ဒဏ်ရာ များနှင့် မရေရာသည့် အနာဂတ်အတွက် ညီးတွားသံများလည်း ဖြစ်ပါသည်။မြို့ခံများ၏ ဒီစိတ်ဒဏ်ရာကို ဘယ်လို ကုစားပေးမလဲဆိုသည့် ဒီမေးခွန်းက အရေးကြီးဆုံးပင် ဖြစ်သည်။ ၂။ တော်လှန်ရေးကို ထောက်ခံသူများ၏ လုံခြုံရေးသည် မည်သို့နည်း။  နောက်ထပ် အရေးအကြီးဆုံး မေးခွန်းမှာ မြို့ခံအားလုံး၏ “လုံခြုံရေး အာမခံချက်” ပင်ဖြစ်သည်။ TNLA ၏ အုပ်ချုပ်ရေးတွင်ပါဝင်ခဲ့သူများ၊ စစ်အုပ်စုဆန့်ကျင်ရေး လှုပ်ရှားမှုများကို အားပေးကူညီခဲ့သည့် ဒေသခံများ၊ ထိုသူတို့၏ အသက်အန္တရာယ်သည် ယခုအခါ လားရှိုးသာဓကနှင့် နောင်ချိုသာဓက ဟူသော လမ်းဆုံတွင် ရပ်နေသည်။ လားရှိုးသာဓကတွင် မြို့ကို MNDAA…

    Read More »
Back to top button